မင်းကင်းမှာ မင်္ဂလာဆောင် ဗုံးကြဲခံရမှု သေဆုံးသူ ၂၈ ဦးအထိရှိလာ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာမှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေတဲ့အချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အတွင်း ကလေးငယ်တွေ အပါအဝင် သေဆုံးသူ ၂၈ ဦးအထိရှိလာပြီလို့ ဒေသခံတွေက RFA ကို ဇွန်လ ၄ ရက် ဒီနေ့မနက်မှာ ပြောပါတယ်။ ဇွန်လ ၃ ရက်မနေ့က နေ့လယ်အထိ သေဆုံးသူ ၂၁ ဦးသာရှိရာကနေ ဒဏ်ရာရထားသူတွေ ထပ်မံသေဆုံးတာကြောင့် အရေအတွက်တွေ ထပ်တိုးလာတာဖြစ်ပြီး ဒီအထဲမှာ အသက် တစ်နှစ်ခွဲနဲ့ ရှစ်နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာပြင်းထန်သူတွေ အချိန်မီဆေးကုသခွင့်မရလို့ ထပ်မံနေဆုံးတာဖြစ်ပြီး လက်ရှိမှာလည်း ဒဏ်ရာရထားသူ ၄၁ ဦးရှိတယ်လို့ ဒီဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးဌေးက RFA ကို ပြောပါတယ်။ […]
