နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး ရွာငါးရွာထက်မနည်း မီးရှို့ခံရ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အင်အားသုံးရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းသုံးခုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဇွန်လ ၈ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွာငါးရွာထက်မနည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။ နွားထိုးကြီးမြို့နယ်ထဲက မကျီးကန်၊ ဆူးဖြူကုန်း၊ ဖောင်ကျင်း (ဖောင်းချဉ်)(မြောက်)၊ ဖောင်ကျင်း (ဖောင်းချဉ်)(တောင်)၊ နဘူးတော၊ ဘုတ်ကုန်း စတဲ့ရွာတွေက နေအိမ်တွေ မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ အခု မီးရှို့ခံရတဲ့ ရွာတွေဟာ အိမ်ခြေငါးရာကနေ ခုနစ်ရာဝန်းကျင်ရှိတဲ့ ရွာကြီးတွေဖြစ်ပြီး စစ်ကြောင်းတွေ ဒီနေ့အထိ ရှိနေတာကြောင့် မီးလောင်သွားတဲ့ နေအိမ်အရေအတွက် အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဘုတ်ကုန်းရွာကို မီးရှို့နေတယ်လို့ လုံခြုံရေးအရ […]
