ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မြန်မာဒုက္ခသည်တွေရဲ့ ပြောစကား
ဆူဒန်ကနေ ယူကရိန်း၊ အရှေ့အလယ်ပိုင်းကနေ မြန်မာနဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွေသာမက တခြားဒေသတွေမှာပါ ပဋိပက္ခ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လူဦးရေအများအပြား စံချိန်တင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကြီးမားတဲ့ လူသားဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်း ၁၂၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး မြန်မာနိုင်ငံမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းကျော် ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ လူပေါင်း တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တစ်ဦး (ဝိုင်းမော်မြို့နယ်)။ ။ “အခုစစ်ရှောင်လာတာဆိုလို့ ကျွန်မတို့က ဆယ်စုနှစ်လောက်တော့ ရှိလာပြီပေါ့နော်။ ၂၀၁၁ ခုနှစ်ကစတာ အခုက ၂၀၂၄ […]
