စစ်တပ်ညှဉ်းပန်းနှိပ်စက်တဲ့ ဗီဒီယိုတွေ ရရှိထားကြောင်း Fortify Rights ထုတ်ပြန်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားသူတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေတဲ့ ဗီဒီယိုတွေကို သက်သေအဖြစ် လက်ခံရရှိထားကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ မန္တလေးတိုင်းအတွင်း စစ်ကြောရေးစခန်းတစ်ခုမှာ အဖမ်းခံထားရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှိပ်စက်နေတဲ့ မြင်ကွင်းတွေကို လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ဆယ်ခုကို ၂ဝ၂၃ ခုနှစ် မတ်လအတွင်း လက်ခံရရှိခဲ့တာလို့ ဆိုပါတယ်။ ဒီဗီဒီယိုတွေထဲမှာ အမျိုးသမီး နှစ်ဦး အပါအဝင် ဖမ်းဆီးစစ်ဆေးခံရသူ ၄၈ ဦးလောက် ပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ကို အသက်သေဆုံးတဲ့အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်တာ၊ လျှပ်စစ်ရှော့တိုက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်တာ စတဲ့ ညှဉ်းပန်းမှုမျိုးစုံနဲ့ နှိပ်စက်နေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုလူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ၂ဝ၂၁ ခုနှစ် အောက်တိုဘာနဲ့ […]
