လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇွန်လ(၁၅)ရက်မှ (၂၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွန်လ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်း ဒေသကြီး၊ အိုးဘိုထောင်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောထောင်တို့မှ နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်း ရွေ့ခဲ့ ကြသည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးအကျဉ်းထောင်တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း များသည် နိုင်ငံရေး အကျဉ်းသူများကို ဖမ်းဆီးညှင်းပန်းနှိပ်စက်ခဲ့ခြင်းကြောင်း (၈၀) ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော […]
