ကချင်တစ်ပြည်နယ်လုံး ဖုန်းနဲ့ အင်တာနက် ပြတ်တောက်နေ
မြို့နယ်ပေါင်း ၁၈ ခု၊ လူဦးရေ တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက် မနေ့မနက် ဆယ်နာရီခန့်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေပါတယ်။ ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေတာလို့ ကချင်ပြည်နယ်ပြင်ပကို ရောက်ရှိနေတဲ့ ဟိုပင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ “အင်တာနက်လှိုင်းက မနေ့က ဆယ်နာရီလောက်ကနေ ပြတ်တောက်သွားတယ်။ ပြီးရင် အင်တာနက်လိုင်းတွေတင်မကဘူး၊ ဖုန်းလိုင်းတွေလည်း မရတော့ဘူး။ လောလောဆယ်တော့ ကချင်တစ်ပြည်နယ်လုံး မရဘူးလို့သိထားတယ်။ တစ်ပြည်နယ်လုံးဆိုတဲ့နေရာ Starlink သုံးနိုင်တဲ့နေရာတွေနဲ့ နယ်စပ်ဒေသဘက် တရုတ်ဘက်ခြမ်းက အင်တာနက်မှီခိုနေတဲ့သူတွေတော့ အင်တာနက်လိုင်း ရတာပေါ့နော်။ လောလောဆယ်တော့ အဲဒီလိုမျိုးရှိတယ်” ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေတာ အချိန်နှစ်ရက်အထိ ကြာလာပြီဖြစ်လို့ မိသားစုအတွက် စိုးရိမ်မိတယ်လို့ ရန်ကုန်မြို့ကိုရောက်နေတဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက RFA ကို […]
