မြောက်ဦးနှင့် တနင်္သာရီကို လေကြောင်းကတိုက်ခိုက်၊ အရပ်သား ၆ ဦးသေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ကို ဩဂုတ် ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ယောက်သေ၊ ၇ ယောက် ထက်မနည်း ဒဏ်ရာရပြီး တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က တိုက်လေယာဉ်ကကြဲတဲ့ဗုံးဟာ မြောက်ဦးဟိုတယ်နဲ့ နဝရတ်ဟိုတယ်ကြားက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာ ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို မြိုခံတယောက်က ပြောသည်။ “လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာက မြို့အလယ်နေရာဖြစ်တယ်။ ဘာစစ်ဘက်ဆိုင်ရာမှလည်း မရှိဘူး။ ဒီအတိုင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လူစည်ကားတဲ့နေရာကို ပစ်သွားတာ။ ကားလမ်းမပေါ်မှာသွားနေတဲ့ အိန္ဒိယ သုံးဘီးတစီးပြိုသွားပြီးတော့ သုံးဘီးမောင်းသူနဲ့ ခရီးသည် ၂ […]
