မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆွေးနွေးမည်
စက်တင်ဘာ ၉ ရက်နေ့ကနေ အောက်တိုဘာ ၁၁ ရက်ထိ ကျင်းပမယ့် ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စက်တင်ဘာ ၄ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ အပြန်အလှန် ဆွေးနွေးပွဲပေါင်း ၃၀ ရှိပြီး မြန်မာ့အရေးက လေးကြိမ်ပါဝင်ပါတယ်။ ပုံမှန်အစည်းအဝေး စတင်တဲ့ စက်တင်ဘာ ၉ ရက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) နဲ့ ဆွေးနွေးပြီး စက်တင်ဘာ ၂၃ ရက်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ အပြန်အလှန် ဆွေးနွေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ […]
