ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ သုံးရာကျော် အထိ ရှိလာ
RFA ရဲ့ စက်တင်ဘာလ ၁၉ ရက် ညနေအထိရရှိတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။ ရေဘေးကြေင့် လူဦးရေ နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။ ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့တဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက ၅၆ မြို့နယ်မှာ ရေကြီးရေလျံမှုနဲ့ မြေပြိုမှုတွေဖြစ်ခဲ့တာပါ။ ရှမ်းပြည်နယ် ကလောမြို့မှာ တစ်ရာ၊ ရမည်းသင်းမှာ ၇၁ ဦး၊ နေပြည်တော်မှာ ၄၇ ဦး၊ ရှမ်းနဲ့ ကယားအစပ်မှာ ၂၄ ဦး၊ တာချီလိတ်မှာ ၁၅ ဦး၊ ညောင်ရွှေမှာ ကိုးဦး၊ တောင်ငူမှာ […]
