Entries by ndb14

ရွာသားတွေကို စစ်တပ်က အနိုင်ကျင့်

(RFA) စစ်ကိုင်းတိုင်း ကသာမြို့နယ် လေဘိုရွာမှာ ရွာသားတွေရဲ့ ရွှေကျင်လုပ်ငန်းသုံး စက်တွေကို စစ်အစိုးရတပ် တခုက ဝင်ရောက်သိမ်းဆည်းပြီး တဲတွေလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

လုယက်မှုနဲ့ မသင်္ကာသူ ကို ရဲ က နှိပ်စက်

(BBC) ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းရဲ က ဒဂုံအရှေ့ပိုင်း၆၁ ရပ်ကွက်နေ မျိုးမြင့်ဦး ဆိုတဲ့ လူငယ်တဦး ကို လုယက်မှု မသင်္ကာမှု နဲ့ ဖမ်းဆီးရာမှာ ဒေသခံ အာဏာပိုင် မပါပဲ ဖမ်းဆီး သလို စစ်ဆေးရာမှာလည်း၊ အမှုပေါ်အောင် ဆိုပြီး မတရားနှိပ်စက်တဲ့ အကြောင်း၊ မိခင် ဖြစ်သူက ဘီဘီစီ ကို ပြောပြပါတယ်။

ကလေးစစ်သား ပျောက်ဆုံးနေ

(BBC) မန္တလေးတိုင်း၊ အမရပူရ မြို့နယ်၊ ဆင်ရွာမြင်းမူး အရပ်က မောင်ကျော်ရဲအောင် ဆိုတဲ့ အသက်မပြည့်သေးတဲ့ ကလေးကို ဇန္နဝါရီလ ၁၉ ရက်နေ့ က ခလရ ၁၄ က တပ်ကြပ်တဦးက တပ်ပြေးဆိုပြီး ဖမ်းဆီးသွားပါတယ်။

အရှေ့အာရှ အစိုးရတွေ ပြင်ပဖိအားပေးမှု လက်မခံ၊ HRW ဝေဖန်

(VOA) အာရှအစိုးရ အတော်များများဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်ဖို့ ပြင်ပက ဖိအားပေးတာမျိုးတွေကို လက်မခံကြဘူးလို့ နောက်ဆုံးထုတ်ဝေတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

နယ်စပ်တိုက်ပွဲများမှာ အကျဉ်းသား ပေါ်တာများကို စစ်တပ်က ပစ်သတ်

(ဒီဗွီဘီ) – နယ်စပ်ဒေသ တိုက်ပွဲတွေ အတွင်း နအဖတပ်သားတွေက အထိမ်းသမား ပေါ် တာတွေကို သတ်ပစ်နေတာတွေ ရှိသလို လူသား မိုင်းရှင်း ကရိယာတွေအဖြစ် အသုံးပြုနေပါတယ်။

အလုပ်သမား အခွင့်အရေး ပြဋ္ဌာန်းချက် ILO သတိထားကြိုဆို

(VOA) မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေကို ဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ဆိုတဲ့ ကိစ္စဟာ အားရစရာကောင်းတယ် ဆိုပေမဲ့ ကလေးတွေကို အရပ်ဘက်နဲ့ စစ်တပ်အတွင်းမှာ အဓမ္မသွင်းပြီး သုံးစွဲနေတာကတော့ စိုးရိမ်နေရတဲ့ကိစ္စ ဖြစ်နေတုန်းပဲလို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရွန် ကော်ဘင် (Ron Corben) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

, ,

လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ (အစီရင်ခံစာ အကျဉ်းချုပ်)

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ဝေခဲ့သည့် လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ – ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ အစီရင်ခံစာ အား အကျဉ်းချုပ် ထုတ်ဝေသည့် စာစောင် ဖြစ်ပါသည်။ Download

မြန်မာနိုင်ငံ လွတ်လပ်ခွင့် အခြေအနေ Freedom House အစီရင်ခံစာမှာဖော်ပြ

၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာတလွှား ဒီမိုကရေစီစနစ်နဲ့ တန်ဖိုးတွေ ကျဆင်းခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ သိသိသာသာ ဆုတ်ယုတ်သွားခဲ့ကြောင်း

ကရင်ပြည်နယ် တိုက်ပွဲများမှာ ကလေးစစ်သားတွေ မြန်မာစစ်တပ် အသုံးပြု

ကရင်ပြည်နယ် ဝေါလေ၊ ဖလူး ဒေသ တိုက်ပွဲတွေမှာ အခြေစိုက်တဲ့ စစ်အစိုးရတပ်တွေမှာ ကလေးစစ်သားတွေ များကြောင်း ကရင်အမျိုးသား အစည်းအရုံး၊

သိမ်းဆည်းလယ်မြေ လျော်ကြေးရဖို့ လယ်သမား ၃၀၀ ကျော် တောင်းဆို

ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်က လယ်သိမ်းခံ လယ်သမား အယောက် သုံးရာကျော်ဟာ နစ်နာချက်တွေ ဖြေရှင်းပေးဖို့အတွက် တဦးချင်း