ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအား သုသာန်သို့ ခေါ်ဆောင်သတ်ဖြတ်ခဲ့ဟု တပ်မတော်ထုတ်ပြန်
ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား အင်းဒင်ကျေးရွာသုသာန်ကို ခေါ်ဆောင် သတ်ဖြတ်ခဲ့တာ စစ်ဆေးတွေ့ရှိရတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်ကို ဒီဇင်ဘာ ၁၀ ရက်က သတင်းထုတ်လိုက်တာပါ။ စစ်ဆေးတွေ့ရှိချက်အရ အင်းဒင်ရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁ ရက်က နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်အင်အား ၂၀ဝ ဦးခန့်က တုတ်၊ ဓားတွေနဲ့ တိုက်ခိုက်ခဲ့လို့ သေနတ်မိုးပေါ်ထောင်ဖောက် သတိပေး တားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းတို့ကို စာသင်ကျောင်းမှာ ချုပ်နှောင်ထားစဉ် စစ်ဆေးမေးမြန်းချက်တွေအရ မော်လဝီဆရာတွေက အကြမ်းဖက်လုပ်ငန်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ စည်းရုံးခံထားရသူတွေ ဖြစ်ကြောင်း […]
