AAPPB: NLD အစိုးရလက်ထက် ဖေဖေါ်ဝါရီလတလအတွင်း အရပ်သား ၃၆ ဦး ဖမ်းဆီးခံရ
စစ်ရေးပဋိပက္ခတင်းမာမှုတွေ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ တစ်လအတွင်းမှာကို အနည်းဆုံး အရပ်သား၃၆ဦး ဖမ်းဆီးခံခဲ့ရသလို နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တရားရင်ဆိုင် ဖမ်းဆီးထိန်းသိမ်းခံနေရသူပေါင်း ၂၄၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ အငြင်းပွားဖွယ်ဥပဒေတွေနဲ့ အမှုဖွင့်တရားစွဲဆိုခံရသူတွေများလာသလို အကျဉ်းထောင်တွေထဲ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းတာနဲ့ အကျဉ်းထောင ်အကျဉ်းသားမမျှတမှုတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေရဲ့ ကျန်းမာရေးက စိုးရိမ်စရာအနေအထားရှိနေတယ်လို့လည်း ဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အချိန်မှာပဲ ကချင်တပ်ဘက်က လီဆူတိုင်းရင်းသား ၂၈ဦးကို ဖမ်းဆီးခဲ့သလို အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နယ်မြေမတည်ငြိမ်မအေးချမ်းနိုင်သေးပဲ လုံခြုံရေးစိုးရိမ်စရာဖြစ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ က အစိုးရရုံး လွှတ်တော်နဲ့ အစိုးရအဖွဲ့ဝင်နေအိမ် ဗုံးပေါက်ကွဲမှုတွေကြောင့်လည်း လုံခြုံရေးတာဝန်ရှိသူတွေဘက်က သံသယရှိသူတွေကို […]
