၃၀ ကြိမ်မြောက် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) အစည်းအဝေး
လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (ND-Burma) ၏ ၃၀ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၆ ခုနှစ် မေလ၊ ၂၇ရက်နေ့မှ ၃၀အထိ ပြုလုပ်ကျင်းပခဲ့ရာ အဖွ့ဲဝင် အဖွဲ့အစည်းနှင့် ဆက်စပ်အဖွဲ့အစည်း စုုစုုပေါင်း ၁၄ဖွဲ့တိုု့မှ၊ ကိုုယ်စားလှယ် ၂၇ဦး တက်ရောက်ခဲ့ကြပါသည်။ ကွန်ရက်အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကွန်ရက်ကို စနစ်တကျ ပြန်လည်သုံးသပ်ရန်၊ အနာဂါတ်တွင် ကြုံတွေ့လာနိုုင်ရသည့် အခွင့်အလမ်းများ စိန်ခေါ်မှုများအား သုံးသပ်ပြီး အဖွ့ဲအစည်းရှေ့လုပ်ငန်းစဉ်များကိုု မဟာဗျူဟာကျကျ ချမှတ်နိုုင်ရန်၊ ဖြစ်ပါသည်။ အစည်းအဝေးထဲတွင် အဖွဲ့အစည်းမှ ၁၀လတာ ကွန်ရက်နှင့်ဆက်စပ်သည့် လှုပ်ရှားမှုအစီရင်ခံစာ၊ ၁၀လတာ ကာလတွင် အားကောင်းချက်၊ အောင်မြင်မှု၊ အနည်းချက်၊ အခက်ခဲ၊ အခွင့်အလမ်းနှင့် စိန်ခေါ်ချက် စသည့်တို့ကို ပြန်လည်သုံးသပ်ခြင်း များပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ကွန်ရက်၏ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ရေရှည်၊ […]
