လွန်းညစံပြကျေးရွာက ဒေသခံလယ်သမားများ တရားစွဲခံရ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာက ဒေသခံလယ်သမားတွေကို ခရိုင်ကျေးလက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက တရားစွဲဆိုထားပါတယ်။ ပြည်သူသွားလာရာလမ်းပေါ် ခရီးသွားမှုနဲ့ ပစ္စည်းသယ်ဆောင်မှုအတွက် မသွားလာအောင် ပြုလုပ်မှုနဲ့ ခရိုင်ကျေးလက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်မင်းဦးက တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့ရာ အိန္ဒုနယ်မြေရဲစခန်းက (ပ)၆၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၃၁ နဲ့ ဒေသခံလယ်သမားတွေကို အမှုဖွင့်လှစ်ခဲ့တာလို့ ရဲအုပ် မင်းအောင်ထွန်းက ပြောပါတယ်။ ဒေသခံလယ်သမားတွေဘက်ကတော့ လယ်ယာသုံးလမ်းကို တရုတ်ကုမ္ပဏီပိုင် ကျောက်သယ်ယာဉ်ကြီးတွေ ဖြတ်သန်း သွားလာနိုင်ဖို့ လမ်းမြေသား မြှင့်တင်ဆောင်ရွက်ထားတဲ့အတွက် စိုက်ပျိုးရာသီအမီ လယ်ယာသုံးစက်တွေ အသုံးပြု သွားလာနိုင်အောင် ဒေသခံလယ်သမားတွေ စုပေါင်းပြီး ပြန်လည်ပြုပြင်ခဲ့တဲ့အတွက် အမှုဖွင့် တရားစွဲဆိုခံခဲ့ရတာလို့ ပြောပါတယ်။ လွန်းညစံပြကျေးရွာကလယ်သမား ဦးစောငြိမ်းဖြူက “နိုင်ငံတော်ဘတ်ဂျက် ကုန်ကျစရိတ်နဲ့ လုပ်ထားတဲ့လမ်း မဟုတ်ဘူး။ ကျနော်တို့ လယ်ယာသုံးလမ်းကို လယ်သမားတွေ […]
