မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ သြဂုတ်လ၂၈ ရက် တံခါးဖွင့်ဆွေးနွေးမည်
အလှည့်ကျဥက္ကဌ အဖြစ် ဗြိတိန်က စတင်တာဝန်ယူတဲ့ သြဂုတ်လမှာ လာမယ့် ၂၈ ရက်နေ့ရောက်ရင် မြန်မာ့အရေးကို တံခါးဖွင့်ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလှည့်ကျဥက္ကဌ အဖြစ် စတင်တာဝန်ယူတဲ့ ဗြိတိန် နိုင်ငံက သံအမတ်ကြီး Karen Pierce ရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေကို ဒေါ်ခင်မျိုးသက်က ကောက်နှုတ်တင်ပြပေးမှာပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွီဒင် အလှည့်ကျဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ချိန်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခု ဗြိတိန် အလှည့်ကျဥက္ကဌ တာဝန်ယူချိန်မှာတော့ သြဂုတ်လ ၂၈ ရက်နေ့မှာ တံခါးဖွင့်ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း အလှည့်ကျ ဥက္ကဌ အဖြစ် သြဂုတ်လ […]
