နန်းမိုဟွမ်ကို တီအန်အယ်လ်အေက ထောင်ဒဏ် ၃ နှစ်ချမှတ်
တာဝန်ဝတ္တရားဆောင်ရွက်နေချိန် အလိုအလျှောက် အပြင်းအထန်နာကျင်စေမှုနဲ့ နန်းမိုဟွမ်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ နဲ့ PSLF/TNLA ဗဟိုတရားရုံးက အောက်တိုဘာ ၅ ရက်နေ့က ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ နန်းမိုဟွမ်ဟာ အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန်ထိခိုက်သေဆုံတဲ့အထိ ဝတ္တရားနှောင့်ယှက်ခဲ့မှုရှိကြောင်း အမှုဖွင့်တိုင်ကြားချက်ကြောင့် ဖမ်းဆီးအရေးယူခဲ့တာလို့ တီအန်အယ်လ်အေက ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောပါတယ်။ “ပြီးခဲ့တဲ့ ၅ ရက်နေ့က ပုဒ်မ ၃၃၃ နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဖြစ်တယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ ကျနော်မသိဘူး။ ” နန်းမိုဟွမ်ကို မိသားစုဝင်နဲ့အများပြည်သူရှေ့မှာ စီရင်ချက်ချမှတ်မယ်လို့ တီအန်အယ်အေ က ထုတ်ပြန်ထားပေမယ့် အခုလို ထောင်ဒဏ်စီရင်လိုက်တာကို ဘာမှမသိရသေးကြောင်း နန်းမိုဟွမ်ရဲ့ ခင်ပွန်း စိုင်းစောဆွေက ပြောပါတယ်။ “အခုလောလောဆယ်တော့ ကျနော်ဘာမှမသိရသေးဘူး။ […]
