Entries by ndb14

,

ဥပက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ

၁၉၇၀ – ၂၀၁၇ ခုနှစ်အကြား လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နစ်နာခံစားရ သူများမှ တရားမျှတမှုအတွက် ၎င်းတို့၏လိုအင်ဆန္ဒများကို အကျဉ်းချုပ် ဖေါ်ပြထား သည်။

လူ့အခွင့်အရေးရှေ့နေနဲ့ဝန်းရံသူတို့ကိုထောင်ချတဲ့အပေါ် ဆန္ဒထုတ်ဖော်

အောက်တိုဘာ- ၁၂၊ ၂၀၁၈ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း ကိုသန်းထိုက်တို့ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်တဲ့အပေါ် မကျေနပ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့ ညနေပိုင်းက မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ သုံးနှစ်ကျော်ကြာ အမှုဖွင့်ခံထားရတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်၊ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီဝင်ဟောင်း ကိုသန်းထိုက်တို့ဟာ ပဲခူးတိုင်း၊ မင်းလှမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တရားရုံး မထီမဲ့မြင် ပြုမှု ဥပဒေပုဒ်မ ၂၂၈ နဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီလို ပြစ်ဒဏ်ချမှတ်မှုဟာ လူ့အခွင့်အရေး ရှေ့နေတစ်ဦး၊ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးတို့ကို မတရားအမှုဆင် […]

ကုလအထူးကိုယ်စားလှယ်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်အရေးဆွေးနွေး

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြပါတယ်။ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာတော့ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံနိုင်ရေး၊ အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ငန်းတွေ အပါအဝင် ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားတာပါ။ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီချက်အရ နေရပ်ပြန် ရေး အစီအစဉ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရာမှာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။ […]

နန်းမိုဟွမ်ကို တီအန်အယ်လ်အေက ထောင်ဒဏ် ၃ နှစ်ချမှတ်

တာဝန်ဝတ္တရားဆောင်ရွက်နေချိန် အလိုအလျှောက် အပြင်းအထန်နာကျင်စေမှုနဲ့ နန်းမိုဟွမ်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ နဲ့ PSLF/TNLA ဗဟိုတရားရုံးက အောက်တိုဘာ ၅ ရက်နေ့က ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ နန်းမိုဟွမ်ဟာ အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန်ထိခိုက်သေဆုံတဲ့အထိ ဝတ္တရားနှောင့်ယှက်ခဲ့မှုရှိကြောင်း အမှုဖွင့်တိုင်ကြားချက်ကြောင့် ဖမ်းဆီးအရေးယူခဲ့တာလို့ တီအန်အယ်လ်အေက ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောပါတယ်။ “ပြီးခဲ့တဲ့ ၅ ရက်နေ့က ပုဒ်မ ၃၃၃ နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဖြစ်တယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ ကျနော်မသိဘူး။ ” နန်းမိုဟွမ်ကို မိသားစုဝင်နဲ့အများပြည်သူရှေ့မှာ စီရင်ချက်ချမှတ်မယ်လို့ တီအန်အယ်အေ က ထုတ်ပြန်ထားပေမယ့် အခုလို ထောင်ဒဏ်စီရင်လိုက်တာကို ဘာမှမသိရသေးကြောင်း နန်းမိုဟွမ်ရဲ့ ခင်ပွန်း စိုင်းစောဆွေက ပြောပါတယ်။ “အခုလောလောဆယ်တော့ ကျနော်ဘာမှမသိရသေးဘူး။ […]

TNLA ဖမ်းဆီးခံရှမ်းအမျိုးသမီးလွတ်မြောက်ရေး‘ဝ’ ဌာနချုပ်တွင်ဆွေးနွေးမည်

နန်းမိုဟွမ်သည် ငွေဒဏ်နှင့်အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် မှ အမြင့်ဆုံး၁၀နှစ်ထိချမှတ်နိုင်သည့် TNLA ဥပဒေဖြင့်တရားရင်ဆိုင်နေရသည်။ ထိုက်နန္ဒာဝင်း/Myanmar Now (ရန်ကုန်) – တအာင်း/ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နှစ်လနီးပါးကြာ ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီးပြန်လည်လွတ်မြောက်ရေးအတွက် ‘ဝ’ ဌာနချုပ်တွင် လာရောက်ဆွေးနွေးရန် တိုင်းရင်းသားလက်နှက်ကိုင်များ စုဖွဲ့ထားသည့် FPNCC ကမိသားစုထံယမန်နေ့ကအကြောင်းကြားလိုက်သည်။ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ကမ်းလှမ်းမှုကို ရရှိခဲ့ပြီးနောက်သြဂုတ်လ၁၇ ကတည်းကဖမ်းဆီး ခံထားရသည့် အသက် ၃၇နှစ်အရွယ် နန်းမိုဟွမ်၏မိသားစုဝင်များသည် မြန်မာ -တရုတ် မယ်စပ်ရှိ ‘ဝ’ ဌာနချုပ် ပန်ခမ်း(ပန်ဆန်း)ကိုသွားရောက်ရန် ပြင်ဆင်လျှက်ရှိသည်။ “အရမ်းပျော်တယ်။အရင်က မျှော်လင့်မထားပေမယ့် အခုတော့ လွတ်တော့မယ်လို့လည်း မျှော်လင့်တယ်။ သူ့ကလေးတွေကလည်း အရမ်းမျှော်နေတော့ FPNCC ကို အထူးကို ကျေးဇူးတင်တယ်” ဟု […]

,

လားရှိုးမူဆယ် လမ်းမကြီးပေါ်တွင် TNLA တပ်ဖွဲ့ဝင်များ အခွန်ကောက်ခံနေ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြိုနယ်နှင့် ၃၈ မိုင်ခန့် မန်ပြိန်းရွာ လားရှိုးမူဆယ် လမ်းမကြီးပေါ်တွင် အခွန်ကောက်ခံနေသော TNLA တပ်ဖွဲ့ဝင်များ Sources by : Ko Than Soe

နန်းမိုဟွမ်အား တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ဖမ်းဆီးထားခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။ ။ စက်တင်ဘာလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်​ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့၌ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်၍ ထိန်းသိမ်းထားသည်မှာ တစ်လ ကျော်မျှ ကြာမြင့်လာပြီဖြစ်သည်။ နန်းမိုဟွမ်သည် TNLA အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့သည့်အတွက် အရေးယူပေးရန် TNLA ဗဟို တရားရုံးကို အမှုဖွင့်တိုင်ကြားလာခြင်းကြောင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု TNLA ၏ ကြေညာချက်တွင် ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။ တဆက်တည်းမှာပင် TNLA ဥပဒေအရ အများပြည်သူရှေ့မှောက်၌ အပြစ်ပေး အရေးယူဆောင်ရွက်မည်ဟု ဖော်ပြထားသည်။ ထိုသို့ဖော်ပြထားချက်အပေါ် မိမိတို့အနေဖြင့် အထူး […]

မြန်မာ။ ။ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ မြန်မာ့တပ်မတော်၏ ကြီးမားဆိုးရွားသော ချိုးဖောက်မှု အမြောက်အမြားကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်းက အပြီးသတ်အစီရင်ခံစာအပြည့်အစုံ မှတဆင့် ထုတ်ပြန်။

ဂျီနီဗာမြို့၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်။ ။ မြန်မာနိုင်ငံရှိ ပြည်နယ် (၃)ခုအား (၁၅)လ တာကြာအောင် စုံစမ်းစစ်ဆေးပြီး သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်းက ၎င်းတို့အဖွဲ့၏ စာမျက်နှာ (၄၄၀)ကျော်ရှည်သော မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံမှတဆင့် တွေ့ရှိချက်များကို အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ အပါအဝင်၊ မြန်မာနိုင်ငံ အစိုးရသို့လည်း ၎င်းအစီရင်ခံစာက အကြံပြုချက်များ ဒါဇင်ကျော်ကို တင်ပြခဲ့သည်။ မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ ထိပ်သီး စစ်တပ်အရာရှိများအား ဂျန်နိုဆိုက် (ခေါ် ) မျိုးနွယ်စုတစ်စုအား မျိုးဖြုတ်ခြင်း၊ လူသားတမျိုးနွယ်လုံး အပေါ် သက်ရောက်သည့် ရာဇဝတ်မှုများ နှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရန် […]