ဘဝ မကူးသည့်နေ့ မရှိခဲ့သော ဘဝသစ် အကျဉ်းစခန်းများ
By ဆွေဝင်း ၁၉၈၈ မှ ၂ဝ၁ဝ ကာလ စစ်အုပ်ချုပ်ရေး ကာလအတွင်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို အားလုံး အနည်းနှင့် အများဆိုသလို သိရှိကြသည်။ သို့သော် ထိုကာလ၏ အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတခုမှာ ထောင်နှင့်ချီသော အကျဉ်းသားတို့ ရဲဘက်စခန်းများတွင် သေဆုံးမှုဖြစ်သည်။ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာချို့တဲ့ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အကျဉ်းသားအများအပြား စစ်အုပ်ချုပ်ရေးကာလအတွင်း သေဆုံးခဲ့ကြသည်ဟူသော သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ခိုင်မာသော အထောက်အထားများ ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိပေ။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း Myanmar Now က ထိုကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းမှှုများ ပြုလုပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ အငြိမ်းစားနှင့် တာဝန်ယူဆဲ အရာရှိကြီးများ၊ ရွာလူကြီးများ၊ အုပ်ချုပ်ရေးမှူးဟောင်းများ၊ ရဲဘက်စခန်းများမှ လွတ်မြောက်ခဲ့သော အကျဉ်းသားအချို့နှင့် […]
