နှစ်(၇၀)ပြည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လတ်တလော ဖမ်းဆီး၊ ထောင်ချ နေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်
ရက်စွဲ။ ။ ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ် ၁) နိုဝင်ဘာလ ၃၀ ရက်နေ့၊၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး၊ မြောက်ပိုင်း (ABSDF-NB) ဒုတိယ ဥက္ကဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးနှင့် အရပ်သား ယာဉ်မောင်း ဦးသန်းထိုက်အောင် တို့အား မိုးညှင်းမြို့ ရွာသစ်ကုန်း ကျေးရွာရှိ နေအိမ်တအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ည်။ ထို့နောက် မိုးညှင်းမြို့ အခြေစိုက် ခြေလျှင်တပ်ရင်း ခလရ ၁၅၊ ဗိုလ်ကြီး သီဟစိုး မှ မိုးညှင်းမြို့မ ရဲစခန်း စခန်းမှုးထံသို့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ KIA နယ်မြေအတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်နေထိုင်ခဲ့သဖြင့် မတရားသင်း အက်ဥပဒေ ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့ပါသည်။၂) ၂၀၁၈ ခု၊ ဒီဇင်ဘာလ […]
