၀ါးခယ်မမြို့နယ် ငှက်ပျောချောင်း တိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက် အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရသည့် အမျိုးသားတစ်ဦး၏ အမှုကို မိသားစုဝင်၏ တိုင်ကြားမှုကြောင့် လူ့အခွင့်အရေး ကော်မရှင် ကနဦး စတင်စစ်ဆေ
၀ါးခယ်မမြို့နယ် ငှက်ပျောချောင်းတိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏အမှုကို သေဆုံးသူ၏ မိသားစုဝင်က ရန်ကုန်မြို့သို့ လာရောက် တိုင်ကြားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဧပြီ ၆ ရက်တွင် ကနဦး စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ သိရသည်။သေဆုံးသူမှာ ဦးကျော်အေးဆိုသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ် ဆူးတွင်းကျေးရွာအုပ်စုတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းအား ရပ်ကွက်အေးချမ်းမှုကို ထိခိုက်အောင် ပြုမူသည်ဟုဆိုကာ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ၀ါးခယ်မမြို့နယ် ငှက်ပျောချောင်းတိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့နောက် မတ် ၂၇ ရက်တွင် သေဆုံးသွားပြီဟု သတင်းရရှိသဖြင့် အလောင်းကို […]
