ဖမ်းဆီးခံ အရပ်သားတွေ ပြန်လွှတ်ပေးလိုက်ကြောင်း KIA ပြော
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ကြံခုတ် လုပ်သား ၇၀ ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ တနင်္လာနေ့က တပ်မတော်နဲ့ တိုက်ပွဲတကြိမ် ထပ်မံဖြစ်ပွားကြောင်း ကချင် လွတ်လပ်ရေးတပ်ဖွဲ့ KIA က ပြောပါတယ်။ သီပေါမြို့နယ်မှာတော့ တပ်မတော်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP အကြားတိုက်ပွဲတွေကြောင့် ဒေသခံ ၆၀ဝ လောက်ဟာ ကျေးသီးမြို့ကို တိမ်းရှောင်နေရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေတွေကို VOA မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ အခုလို သတင်းပေးပို့ထားပါတယ်။ ဟုတ်ကဲ့။ ကြံခုတ်လုပ်သား ၇၀လောက်ဟာ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာကနေ ဒီလ ၄ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာ သူတို့ကို […]
