ကိုဘိုကြည်နှင့် AAPP ၏ ကြိုးပမ်းအား ထုတ်မှုများအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါသည်။

ND-Burma ၏ အဖွဲ့ဝင်အဖွဲ့အစည်း တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူးနှင့် ပူးတွဲတည်ထောင်သူ ကိုဘိုကြည်သည် ၂၀၂၆ ခုနှစ် Ramon Magsaysay Award ကို လက်ခံရရှိခဲ့သည့်အတွက် ND-Burma မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ဝမ်းမြောက်ကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများအတွက် မဆုတ်မနစ် ကာကွယ်စောင့် ရှောက်ပေးခဲ့သည့် ကိုဘိုကြည်၏ ကြိုးပမ်းအားထုတ်မှုများကို ND-Burma မှ လေးစား ဂုဏ်ပြုပါ သည်။ မိမိတို့၏ ယုံကြည်ချက်များကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် မည်သူမျှ အကျဉ်းချ ခံရခြင်း မရှိသင့်ပါ။ မိသားစုများသည် မိမိတို့၏ ချစ်ခင်ရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို သိရှိခွင့်ရှိပါသည်။ ထို့အပြင် ထိန်းသိမ်းခံရစဉ်အတွင်း အနိုင်ကျင့်နှိပ်စက်မှုများ ခံစားခဲ့ရသူများ သည်လည်း တရားမျှတမှု ရရှိခွင့်ရှိပါသည်။
ကိုဘိုကြည်နှင့် AAPP ၏ ကြိုးပမ်းအား ထုတ်မှုများအတွက် ND-Burma အနေဖြင့် အလေးအနက် လေးစားတန်ဖိုးထားပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန် လည်လွှတ်ပေးရန် တောင်းဆိုမှုတွင်လည်း အတူတကွ ရပ်တည်ပါသည်။








