Torture Inhumane Degrading Treatment

(က) နိုင်ငံတကာဥပဒေအရ ညှဉ်းပမ်း နှိပ်စက်မှုတွင် မည်သည့် အင်္ဂါရပ်များ ပါဝင်သနည်း။

ညှဉ်းပမ်းနှိပ်စက်မှုကို လူ့အခွင့်အရေးချိုးဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန်အတွက် အောက် ဖေါ်ပြပါ အင်္ဂါရပ်လေးခု ထင်ရှားကြောင်း ဖော်ပြရပါမည်။

၁။ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြင်းထန်စွာ နာကျင် စေခြင်း၊ သို့မဟုတ် ခံစားရစေခြင်း။

၂။ ရည်ရွယ်ချက်ဖြင့် အနာတရ ဖြစ်စေခြင်း

၃။ ရည်ရွယ်ချက် အကြောင်းတခုခု ရှိခြင်း။

၄။ အစိုးရ၏ လုပ်ဆောင်ချက် တို့ဖြစ်သည်။