ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ရိုဟင်ဂျာများအတွက် WFP က လူသားစာနာအကူအညီ ကန်ဒေါ်လာ သန်း ၃၀ ရှာဖွေ
မြန်မာနိုင်ငံအတွင်းနဲ့ ပြင်ပမှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အမေရိကန်ဒေါ်လာ သန်း ၃၀ ရှာဖွေနေတဲ့အကြောင်း NHK သတင်းမှာ ဩဂုတ် ၂၅ ရက်က ဖော်ပြပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ် ဒန်းဖို့ဒ်က “ရိုဟင်ဂျာတွေရဲ့ အခြေအနေက ဆိုးရွားတယ်” လို့ ပြောထားသလို WFP အနေနဲ့ လာမယ့် ၆ လတာအတွင်း ရခိုင်ပြည်နယ်က ပြည်သူတွေကို ထောက်ပံ့ပေးဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်တယ်လို့ သူကဆိုပါတယ်။
“ထောက်ပံ့ကြေးငွေ အဲဒီ(ပမာဏ) လောက် မရရင် လူတွေဟာ ငတ်ပြတ် ဆာလောင်လာကြမယ်။ အာဟာရချို့တဲ့မှုတွေ တိုးလာမယ်။”
ဒါ့အပြင် သူက ပဋိပက္ခအဆုံးသတ်ရေးက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာရေး အဓိကသော့ချက်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သလို ခိုင်မာအားကောင်းတဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကတဆင့် တိုက်ပွဲတွေကို အဆုံးသတ်ဖို့ လိုအပ်ကြောင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အဆင်ပြေ ချောမွေ့စေရေး အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ရှေ့ဆက် ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ အာဆာ အကြမ်းဖက်အဖွဲ့တွေက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ မြန်မာစစ်တပ်က နယ်မြေရှင်းလင်း စစ်ဆင်ရာမှာ ရိုဟင်ဂျာ ၈၀၀,၀၀၀ နီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတာဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေကြောင့် ထပ်ပြီး ထွက်ပြေးလာသူတွေနဲ့ ပေါင်းရင် သန်းနဲ့ချီ ရှိနေပြီလို့လည်း သိရပါတယ်။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်ကတော့ “မြန်မာနိုင်ငံအတွင်းနဲ့ ပြင်ပက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေဟာ ဆိုးသထက် ဆိုးလာနေတယ်” လို့ ပြောထားသလို ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ တခြားအရပ်သားတွေဟာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေအကြား ပိတ်မိနေပြီး အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ရိုဟင်ဂျာတွေ ပိုပြီး များလာနေတယ်လို့ မစ္စတာ ဒူဂျာရစ်က ဖြည့်စွက် ပြောကြားထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၅ သန်းလောက်ဟာ ဆာလောင်ငတ်မွတ်မှုဒဏ်ကို ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။
ဒီအခြေအနေဟာ ပြီးခဲ့တဲ့နှစ်ကထက် လူဦးရေ ၁၃ ဒသမ ၃ သန်း တိုးလာတာဖြစ်ပြီးတော့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အဆိုးရွားဆုံး ရင်ဆိုင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
DVB News
ဒီပဲယင်း မူးကမ်းရွာကို စစ်တပ်ဗုံးကြဲ၊ ၇ ဦးသေဆုံးပြီး ၁၈ ဦးခန့် ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်း မူးကမ်းရွာ မိုးကောင်းဘုန်းကြီးကျောင်း အနီးဝန်းကျင်ကို စစ်တပ်က ဒီနေ့ ဩဂုတ် ၁၈ ရက် နေ့လယ် ၁ နာရီခွဲကျော်မှာ ဗုံးကြဲလို့ ဒေသခံ ၇ ယောက်သေပြီး ၁၈ ယောက်ဝန်းကျင် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်ဟာ ဂျက်ဖိုက်တာတစီးနဲ့ လာရောက်ဗုံးကြဲတာဖြစ်ပြီး ဦးပဥ္စဇင်းတပါး အပါအဝင် ၆ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဗုံးကြဲတယ်၊ စက်လတ်နဲ့ ပစ်သွားတယ်၊ လူတွေသေတယ်၊ ဦးပဥ္စင်းတပါး ပါတယ်။ လူတွေဒဏ်ရာရကြတယ်။ ထိတဲ့သူတွေကတော့ လိုက်ရေတွက်လို့မရဘူး။ သေတာက ၇ ဦး၊ ပွဲချင်းပြီးပဲ။ ဒဏ်ရာရသူတွေကို ဆေးခန်းတွေ ပတ်ပို့ထားရတယ်” လို့ DVB ကို ပြောပါတယ်။
ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီပဲယင်းနယ် အရှေ့တောင်ခြမ်းဘက်ကို တံတားဦးတက် ဂျက်တိုက်လေယာဉ်တစင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ခရိုင်ပအဖ အစည်းအဝေးက ဘုန်းကြီးကျောင်းမှာ ရှိနေတာလို့ ပြောတယ်။ အစည်းအဝေးက မလုပ်ရသေးဘူး။ အဲဒီအချိန် ကြဲခံရတာ။ သတင်းပေါက်ကြားတာလို့လည်း ပြောတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ တော်လှန်ရေးရဲဘော်တယောက်လည်း ပါဝင်နေပြီး ပြင်းထန်ဒဏ်ရာနဲ့ ထပ်မံသေဆုံးသူ ၄ ယောက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
DVB News
မော်ချီးကို ဗုံးထပ်ကြဲသဖြင့် ကလေးငယ် ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံး
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် ကလေးငယ် ၅ ယောက်အပါအဝင် အရပ်သားပြည်သူ ၂၂ ယောက် သေဆုံးပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံပျက်စီးခဲ့ရသလို နေ့လယ် ၁၂ နာရီကျော်မှာ ဗုံးထပ်ကြဲတာကြောင့် ပြည်သူ ၂၂ ယောက် ထိခိုက်သေဆုံးခဲ့ရပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ဦးဗညားက “လူအသေအပျောက်က တော်တော်များတယ်။ နောက်ထပ်ရလာတဲ့စာရင်းအရ အားလုံးပေါင်း ၂၂ ဦး ဖြစ်သွားတာပေါ့ သေဆုံးစာရင်းက။ ထိခိုက်ဒဏ်ရာရတာက ၁၇ ဦးထက်မနည်းဘူး။ အိမ်ခြေကတော့ ၄၊ ၅၊ ၁၀ လုံး ပျက်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ တရက်တည်းမှာ လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲတာကြောင့် ထိခိုက်သေဆုံးမှုများသလို အိုးအိမ်နဲ့ ဆေးရုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရတာပါ။
ဦးဗညားက “အခုက အလုပ်ဆင်းချိန်မဟုတ်တော့ လူတွေအိမ်မှာ နားနားနေနေ နေကြတာပေါ့နော်။ အဲဒီနေရာကလည်း လူနေထူထပ်တော့ အားလုံးတပြိုင်နက်တည်း ထိသွားတာမျိုးပေါ့” လို့ ပြောပါတယ်။
စစ်တပ်က မော်ချီးဒေသကို အခုတခေါက်အပါအဝင် လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ အယောက် ၅၀ ကျော်သေဆုံးပြီး အယောက် ၈ဝ ကျော် ထိခိုက်ဒဏ်ရာရသလို နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာလည်း ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာတဝိုက်ကို Y 12 လေယာဉ်နဲ့ ဗုံး အလုံး ၅၀ ကြဲချခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်တပ်ဟာ ကရင်နီပြည်နယ်က မော်ချီး၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို သြဂုတ်လထဲမှာ ဆက်တိုက်ပြုလုပ်နေပါတယ်။
DVB News
လူ ၂၅ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ မော်ချီး ဗုံးကြဲတိုက်ခိုက်ခံရမှု
h
ကရင်နီ(ကယား)ပြည်၊ ဖားဆောင်းမြို့နယ်က သတ္တုတွင်းတွေရှိရာ ဖားဆောင်းဒေသကို စစ်တပ်က ဩဂုတ်လ ၁၇ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၂၅ယောက် သေဆုံးပြီး၊ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC)က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁၇ရက် မနက်ပိုင်းမှာ မော်ချီးဒေသ လိုခါးလိုကျေးရွာမှာရှိတဲ့ ဆေးရုံနဲ့ နေ့လည်ပိုင်းပိုင်းမှာတော့ ၁၆ကုန်းရပ်ကွက်က လူစည်ကားရာနေရာကို စစ်တပ်က ဆက်လက်ဗုံးကြဲခဲ့တာကြောင့် ခုလို အစုလိုက်အပြုံလိုက် လူသေဆုံးခဲ့တာပါ။
ဒါဟာ ကရင်နီပြည်မှာ လူသေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ရွေးကောက်ပွဲစတင်ကျင်းပမယ်လို့ ကြေငြာထားတဲ့ စစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ နေ့ကော၊ ညပါ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာပါတယ်။
ကိုလှိုင်း/ Myanmar Now
မွန်တွင် လက်သည်မပေါ်သင့် သတ်ဖြတ်မှုကြောင့် ဒေသခံ (၁၆) ဦး ထက်မနည်း သေဆုံးခဲ့ရ
၂၀၂၅ မတ်လမှ ဩဂုတ်လပထမအပတ်အထိ မွန်ပြည်နယ်တွင် လက်သည်မပေါ်သည့် သတ်ဖြတ်မှုပေါင်း (၁၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါသတ်ဖြတ်မှုများအတွင်း ဒေသခံပြည်သူ (၁၆) ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အချက်အလက်များအရ သိရှိရသည်။
လက်သည်မပေါ်သည့် သတ်ဖြတ်မှုများသည် မုဒုံမြို့နယ်တွင် (၄) ကြိမ်၊ သံဖြူဇရပ်မြို့နယ်တွင် (၂) ကြိမ်၊ သထုံမြို့နယ်တွင် (၂) ကြိမ်၊ ဘီးလင်းမြို့နယ်တွင် (၁) ကြိမ်၊ ကျိုက်ထိုမြို့နယ်တွင် (၁) ကြိမ်၊ မော်လမြိုင်မြို့နယ်တွင် (၁) ကြိမ်နှင့် ရေးမြို့နယ်တွင် (၁) ကြိမ် စုစုပေါင်း (၁၂) ကြိမ် ဖြစ်ပွားခဲ့သည်။
လက်သည်မပေါ်သည့် သတ်ဖြတ်မှုများကြောင့် မုဒုံမြို့နယ်မှ အမျိုးသား (၆) ဦး၊ သံဖြူဇရပ်မြို့နယ်မှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး၊ သထုံမြို့နယ်မှ အမျိုးသား (၃) ဦး၊ ဘီးလင်းမြို့နယ်မှ အမျိုးသမီး (၁) ဦး၊ ကျိုက်ထိုမြို့နယ်မှ အမျိုးသား (၁) ဦး၊ မော်လမြိုင်မြို့နယ်မှ အမျိုးသား (၁) ဦးနှင့် ရေးမြို့နယ်မှ အမျိုးသား (၁) ဦး စုစုပေါင်း (၁၆) ဦး သေဆုံးခဲ့ရသည်။
ဩဂုတ်လ (၆) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာနေ လင်မယား (၂) ဦးသည် နဖူးတွင် သေနတ်ဒဏ်ရာဖြင့် ထင်းရှူးနှင့် လင်မသာကျေးရွာကြားတွင် သေဆုံးနေသည်ကို ရွာသားများက တွေ့ရှိခဲ့သည်။
“အပစ်ခံရတဲ့နေ့က သူတို့နှစ်ယောက် ဆိုင်ကယ်စီးလာတယ်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ရပ်ခိုင်းပြီး အဲ့နေရာမှာပဲ ပစ်သတ်လိုက်တယ်။ ဆိုင်ကယ်ကိုလည်း ယူသွားတယ်လို့ ကြားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသည့်လင်မယားနှစ်ဦးသည် လောင်းကစားဝိုင်းများကို ဦးဆောင်ဖွင့်လှစ်နေသည့်အပြင် စစ်တပ်သတင်းပေးအဖြစ်လည်း လုပ်ကိုင်နေကြောင်း ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုချက် မရှိချေ။
“YPDF MSRF နဲ့ KNLA တို့နဲ့ ပူးပေါင်းနေတဲ့ RMA က လုပ်တာ မဟုတ်ဘူးဆိုတာ သေချာတယ်။ အခင်းဖြစ်တဲ့နေရာကိုလည်း ကျွန်တော်တို့ ဆင်းပြီး စစ်ဆေးခဲ့သေးတယ်” ဟု YPDF တပ်ရင်းမှူး ဗိုလ်ရန်နိုင်က ပြောသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းလာသည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့အသစ်များ ပေါ်ပေါက်လာကာ ဥပဒေပြင်ပသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားလာသည်။ သတ်ဖြတ်မှုပြီးနောက် ကျူးလွန်သူများကို သိရှိအရေးယူနိုင်ခြင်း မရှိဘဲ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား အပြန်အလှန်စွပ်စွဲပုတ်ခတ်ခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိသည်။
Human Rights Foundation of MonLand
ရခိုင်ပြည်နယ် စားနပ်ရိက္ခာလိုအပ်ချက် ကပ်ဆိုးအဖြစ် ပြောင်းလဲနိုင်ဟု WFP သတိပေး
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ၊ ပိတ်ဆို့တားဆီးမှုတွေနဲ့ ရန်ပုံငွေ မလုံလောက်မှုတွေကြောင့် ဆာလောင်မွတ်သိပ်မှုတွေနဲ့ အာဟာရချို့တဲ့မှုတွေ တိုးလာနေပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
WFP ရဲ့ စစ်တမ်းတွေအရ ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာတောင် ပြည့်စုံအောင် မစားနိုင်တဲ့ မိသားစုဦးရေဟာ ၂၀၂၄ ဒီဇင်ဘာလတုန်းက ၃၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုဆိုရင် ၅၇ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ သိရပါတယ်။
ဒီအခြေအနေဟာ အလွန်ကို စိုးရိမ်စရာကောင်းနေသလို လက်ရှိ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းမှာဆိုရင် အခြေအနေ ပိုဆိုးနိုင်တယ်လို့ ခန့်မှန်းကြောင်း WFP က ထုတ်ပြန်ပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က “လူတွေဟာ ပဋိပက္ခကြားမှာ ပိတ်မိနေပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာမစားနိုင်တော့ဘူး။ လူသားချင်းစာနာမှု အကူအညီတွေလည်း မရကြဘူး။ ဒါကြောင့် အကြွေးယူတာ၊ တောင်းရမ်းစားသောက်တာ၊ လူကုန်ကူးခံရတာတွေအထိ ဖြစ်လာနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းကလည်း ရန်ပုံငွေမလုံလောက်မှုကြောင့် WFP က မြန်မာတနိုင်ငံလုံးက လူတသန်းကျော်အတွက် အကူအညီတွေကို ရပ်နားခဲ့ရပါတယ်။
လာမယ့် ၆ လအတွင်းမှာတော့ ရခိုင်ပြည်နယ်က လူပေါင်း ၂၇၀,၀၀၀ ကို ကူညီနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Dunford က ဒီအကျပ်အတည်းကို ချက်ချင်းမဖြေရှင်းနိုင်ရင် ကြီးမားတဲ့ကပ်ဆိုးတခု ဖြစ်လာနိုင်တယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။
DVB News