ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် အဖွဲ့ ၂၀၀ ကျော် တိုက်တွန်း
အာဏာသိမ်းစစ်တပ်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့အပေါ် နိုင်ငံတကာအစိုးရတွေအနေနဲ့ ထိရောက်တဲ့ အရေးယူပေးဖို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၂၀၉ ဖွဲ့က ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှု ခံယူနေကြတဲ့ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရပြီး ၇၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒီဗုံးကြဲတိုက်ခိုက်မှုအပြင် ဒီဇင်ဘာ ၁၁ ရက်ကလည်း ကျောက်ဖြူမြို့နယ် င/လုံးစု ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုမှာ ကျူးလွန်နေတယ်လို့ အဖွဲ့အစည်းတွေရဲ့ ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလိုမျိုး စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအပေါ် အပြစ်ပေးအရေးယူမှု၊ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလာအောင် အာဆီယံ (ASEAN)၊ ဥရောပသမဂ္ဂ (EU) နဲ့ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ ရှုတ်ချကန့်ကွက်ကြောင်း စာထုတ်ပြန်ရုံထက် ထိရောက်တဲ့ အပြစ်ပေးဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံတကာက လေယာဉ်ဆီတွေ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းတာ ဒါမှမဟုတ် ဖြန့်ဖြူးနေတာတွေကို ချက်ချင်း ပိတ်ဆို့ဖြတ်တောက်ပေးဖို့၊ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်မှာ ပါဝင်နေတဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာကုမ္ပဏီတွေ၊ ကော်ပိုရိတ်တွေ အားလုံးကို ထိရောက်စွာ ဒဏ်ခတ် ပိတ်ဆို့အရေးယူဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာအစိုးရတွေ အထူးသဖြင့် ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးမှာ ပါဝင်နေတဲ့ ဆီတင်သင်္ဘောတွေနဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ဆိပ်ကမ်းများ၊ ဆီသိုလှောင်ကန်များနဲ့ ပိုက်လိုင်းများ အတွက် ရေကြောင်းအာမခံဝန်ဆောင်မှု ပေးနေတာတွေကို ပိတ်ဆို့ တားဆီးရမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
နောက်ပြီး စစ်အုပ်စုက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် ကျူးလွန်တိုက်ခိုက်နိုင်တာဟာ ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စတဲ့ နိုင်ငံတွေကနေ လက်နက်ကိရိယာတွေ ဝယ်ယူနေတာကြောင့်ဖြစ်သလို ဒီလို ဝယ်ယူနိုင်ဖို့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက လစဉ် ဓာတ်ငွေ့ ဝင်ငွေတွေအဖြစ် စစ်အုပ်စုကို ဒေါ်လာသန်းနဲ့ချီ ငွေပေးနေတာ ဖြစ်တဲ့အတွက် ဒါတွေ ရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုမျိုး ပြည်သူ့ဘဏ္ဍာ ရေနံဓာတ်ငွေ့အခွန်ငွေတွေကို တရားမဝင် စစ်အုပ်စုက ထုတ်ယူသုံးစွဲခွင့်မရှိတဲ့ အက်စ်ခရိုး အကောင့်မှာ သိမ်းဆည်းဖို့ကိုလည်း အကြံပြုထားပါသေးတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲကို သေနတ်ထောက် ခြိမ်းခြောက်ဖမ်းဆီးကာ အတင်းအဓမ္မ ပြုလုပ်ဖို့ ကြိုးစားနေပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေဖို့နဲ့ အရပ်သားပစ်မှတ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာအစိုးရတွေ အားလုံးအနေနဲ့ တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒီလိုမျိုး စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ထိရာက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း ၂၀၉ ဖွဲ့မှာ Justice For Myanmar အပါအဝင် Burma Campaign UK၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ Arakan CSO Network၊ Progressive Voice of Myanmar စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။
DVB
မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှု စုံစမ်းစစ်ဆေးရန် ကုလတောင်းဆို
မြန်မာစစ်ကော်မရှင်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ဆေးရုံအား ဒီဇင်ဘာလ ၁၀ရက်နေ့ညက လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက ဒီဇင်ဘာ ၁၁ ရက်တွင် တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာ တာ့ခ်က “ရခိုင်ဆေးရုံကို တိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်များစွာ သေဆုံးဒဏ်ရာရခဲ့တဲ့အတွက် ကျွန်တော် အထူးတုန်လှုပ်မိပြီး ပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချပါတယ်” ဟု X (ယခင် Twitter) တွင် ရေးသားသည်။
“ဒီလိုတိုက်ခိုက်မှုမျိုးတွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ကျွန်တော် တောင်းဆိုပါတယ်။ တိုက်ပွဲတွေကို အခုချက်ချင်း ရပ်တန့်ရပါမယ်” ဟု ၎င်းက ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ရုံး၏ ပြောရေးဆိုခွင့်ရှိသူအရာရှိက မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ ကျူးလွန်နေသည့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသည့် အခြေအနေများကြောင့် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်သည့် နိုင်ငံတကာတရားရုံးများနှင့် ကမ္ဘာ့အဖွဲ့များ၏ စီရင်ပိုင်ခွင့်အပါအဝင် အရေးယူနိုင်သည့်အခြားနည်းလမ်းများလည်း ရှိကြောင်းဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုစ် အက်ဟာနွန် ဂက်ဘရီယေဆပ်လည်း အရေးပေါ်ဝန်ဆောင်မှု၊ သားဖွားနှင့် ခွဲစိတ်ကုသမှုများ ပေးနေသည့် ဒေသ၏ အဓိက ကျန်းမာရေးစောင့်ရှောက်မှုဌာနဖြစ်သော ဆေးရုံကို တိုက်ခိုက်မှုအတွက် “တုန်လှုပ်မိကြောင်း” ပြောသည်။
“ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေနဲ့ မိသားစုဝင်တွေ အပါအဝင် သေဆုံးသူ ၃၃ ဦး ထက်မနည်းရှိခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆေးရုံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး ခွဲစိတ်ခန်းတွေနဲ့ အဓိက လူနာဆောင်တွေ လုံးဝပျက်စီးသွားခဲ့ပါတယ်” ဟု WHO အကြီးအကဲက X တွင် ရေးသားသည်။
“ဒါဟာ ဒီနှစ်အတွင်း WHO မြန်မာရုံးက အတည်ပြုခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေ အပေါ် တိုက်ခိုက်မှု ၆၇ ကြိမ်မြောက် ဖြစ်ပါတယ်။ ဒါလိုလုပ်တာဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်” ဟု လည်းဆိုသည်။
ဥရောပသမဂ္ဂ (EU) ကလည်း မြောက်ဦးမြို့ဆေးရုံကို မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ အနီတာ ဟစ်ပါကလည်း “မြန်မာစစ်အစိုးရက ရခိုင်ဆေးရုံကို တိုက်ခိုက်ခြင်းဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်။ အရပ်သားတွေ၊ ဒဏ်ရာရသူတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို အခြေအနေအားလုံးမှာ ကာကွယ်ပေးရပါမယ်” ဟု ပြောသည်။
“ဥရောပသမဂ္ဂ အနေနဲ့ ကာယကံရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့အတူ ဝမ်းနည်းကြောင်း ဖော်ပြပါတယ်” ဟုလည်းဟစ်ပါက လူမှုကွန်ရက် X တွင် ရေးသားထားသည်။
Myanmar Now
လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို ဗုံးကြဲ၊ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရ
စစ်ကော်မရှင်လေယာဉ်က ကြဲချသော ဗုံးများသည် ခရိုင်အဆင့် ဆေးရုံကြီးပေါ် ညအချိန် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကလေးသူငယ်များ၊ လူနာများ အပါအဝင် အများအပြားသေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီ ရှိနေသည်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်၊ ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးရှိ ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ကလေးများ၊ လူနာများအပါအဝင် လူ ၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့သည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက်အထိ ရရှိသည့် စာရင်းများအရ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာရသူ ၇၆ ဦးတွင် ၂၇ ဦး ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သည်ဟု ဒေသခံများထံက သိရသည်။
ဗုံးကြဲခံရသည့် မြောက်ဦးဆေးရုံသည် AA ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ်နေသည့် ခရိုင်အဆင့် ဆေးရုံကြီးဖြစ်ရာ AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် ၁၄ မြို့နယ်မှ ဒေသခံများ အားကိုးအားထားပြု နေရသည့် ဆေးရုံကြီးတစ်ခုလည်းဖြစ်သည်။
“မနေ့ည ၉ နာရီအချိန်မှာ တိုက်လေယာဥ် နှစ်စီးနဲ့ မြောက်ဦးမြို့ဆေးရုံကြီးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ဆေးရုံတက်နေတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ လူနာတွေ အများအပြား သေဆုံးကြတာ ဖြစ်ပါတယ်” ဟု အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဒီဇင်ဘာလ ၁၁ ရက် နံနက်တွင် Myanmar Now ကို ပြောသည်။
သေဆုံးသူများထဲတွင် ကလေးငယ်များ၊ မွေးလူနာများနှင့် ရိုဟင်ဂျာအမျိုးသမီးငယ်များလည်း ပါဝင်သည်၊ ဒဏ်ရာရသူများတွင် အပြင်းစားဒဏ်ရာရရှိသူ ၂၇ ဦးနှင့် အလတ်စား ဒဏ်ရာရရှိသူ ၄၉ ဦး ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဗုံးနှစ်ကြိမ် ကြဲချခဲ့တယ်။ ကျွန်မတို့လည်း ဗုံးကြဲပြီးမှ မီးခိုးထွက်လို့ မြင်ရတာ။ နောက်တစ်ကြိမ် လာကြဲမှာ ကြိုစိုးရိမ်လို့ ပုန်းခိုကျင်းဝင်ပြီး ပုန်းနေရတယ်” ဟု ၎င်းကပြောသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဗုံးကြဲခံရသော ဆေးရုံ တစ်ခုလုံးနီးပါးသည်လည်း ဆိုးဆိုးရွားရွား ပျက်စီးသွားသည်ဟု သိရသည်။
ဆေးရုံဗုံးကြဲခံရမှုကြောင့် သေဆုံးသည့်ရုပ်အလောင်း ဓာတ်ပုံအများအပြားကိုလည်း Myanmar Now က ရရှိထားသည်။ ပေါက်ကွဲမှုကြောင့် လူအများအပြား ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ကိုယ်လက်အင်္ဂါများတွင် သွေးထွက်သံယိုဒဏ်ရာဖြင့် သေဆုံးခဲ့ကြသည်ကို တွေ့ရသည်။
လေယာဉ်ပေါ်မှ ကြဲချခဲ့သော ဗုံးတစ်လုံးသည် လူနာဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး၊ နောက်ထပ် ဗုံး တစ်လုံးသည် ဆေးရုံရှေ့ကွင်းပြင်အစပ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် မြောက်ဦးမြို့ခံ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
“ဒီမနက်ပိုင်းအထိ ၃၃ လောင်းအထိ ကျွန်တော်တို့ ကောက်ယူရထားတာရှိတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးနေကြတဲ့ အခင်းအကျင်းမျိုးဆိုတော့ အလောင်းပိုင်ရှင်တွေ ဘယ်သူဘယ်ဝါဆိုတာ ပြောရခက်သေးတယ်။ အလောင်းတွေထဲမှာ သုံးနှစ်အရွယ် ကလေးလေးတစ်ယောက်တွေ့တယ်။ မွတ်ဆလင်အမျိုးသားတွေလည်း ပါတာတွေ့တယ်” ဟု ဦးဝေဟင်အောင်က ဆိုသည်။
ရန်ကုန်အခြေစိုက် ဗြိတိန်၊ ဩစတြေးလျနှင့် ကနေဒါအပါအဝင် နိုင်ငံတကာသံရုံးများက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်ရှိနေမှုအား စိုးရိမ်ကြောင်းနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် လိုကြောင်း ထုတ်ပြန်သည့်နေ့တွင်ပင် လူအစုလိုက်အပြုံလိုက် သေဆုံးသည့် ဗုံးကြဲမှုတစ်ခုကို စစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားသည့် ယခုတိုက်ခိုက်မှုသည် အာဏာသိမ်း စစ်တပ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်ပြီး ထိထိရောက်ရောက် လက်တုံ့ပြန်သွားမည်ဟု ဦးခိုင်သုခက ပြောသည်။
စစ်ကော်မရှင်က ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့ နံနက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးဘဲ စစ်တပ်ဝါဒဖြန့်သူများက AA ဆေးရုံ ဗုံးကြဲခံရပြီး AA တပ်ဖွဲ့ဝင်များ သေဆုံးနေကြောင်း ရေးသားဖော်ပြနေကြသည်။
စစ်ဗိုလ်ချုပ်ကြီးများကမူ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားနှင့် တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ အဆိုပါ ဗုံးကြဲမှုမတိုင်ခင်တွင် ကျင်းပခဲ့ကြသည်။
မြောက်ဦးမြို့သည် ရခိုင်ဘုရင်များနောက်ဆုံးနန်းစိုက်ခဲ့သည့် ရှေးဟောင်းမြို့ဖြစ်သည်။ ထိုမြို့တွင် ဘုရား၊ ပုထိုးများစွာရှိပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (ယူနက်စကို) ဝင်ရောက်ရန် ကြိုးပမ်းလျက် ရှိသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို ယခုနှစ်သြဂုတ်လ ၂၅ ရက်နေ့ ၊ည ၁၁ နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲ၍ ဒေသခံ ၁၂ ဦးသေဆုံးကာ ၂၁ ဦးဒဏ်ရာရရှိ ခဲ့မှု ဖြစ်ပွားထားသည်။
၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးမြို့အနီးရှိ ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး လေးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိခဲ့သည်။
ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ရခိုင်ပြည်နယ် မြောက်ဘက်တွင်ရှိသည့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် သာသနိကအဆောက်အအုံ အချို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ (ခရစ္စမတ်နေ့) နံနက် ၅ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး ယဉ်ကျေးမှုပြတိုက်နှင့် ကျောက်စာချပ်များ၊ အဆောက်အအုံများပျက်စီးခဲ့သည်။
မြို့နယ်ပေါင်း ၁၇မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်မှလွဲ၍ ကျန် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်၊ ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။
ထိုအခြေအနေတွင် စစ်တပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးမှုများ ဆက်လက်မြင့်တက်နေသည်။
အထူးသဖြင့် စစ်တပ်သည် ရှမ်းမြောက်ဒေသရှိ တအာင်း(TNLA)နှင့် အပစ်အခတ်ရပ်စဲပြီးနောက် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏လက်ချက်ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၂၀၂၅ ၊စက်တင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။
စက်တင်ဘာလ ၂ ရက်နေ့က ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို ဗုံးကြဲမှုသည်အထက်တန်း ကျောင်းသားအများစု အပါအဝင် ၁၈ ဦး သေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာ ရသွားသဖြင့် ထိခိုက်သေဆုံးမှုများသော ဖြစ်ရပ် ဖြစ်ခဲ့သည်။
စစ်ကော်မရှင်သည် အရပ်သားပစ်မှတ်များဖြစ်သော ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ရခိုင်တွင်သာမက နိုင်ငံအနှံ့ ကျူးလွန်နေသည်။
လေးနှစ်တာကာလအတွင်း စစ်ကော်မရှင်က ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၆၀၀ ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း ၃၆၅ ခု ထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေး ဝန်ထမ်းပေါင်း ၁၃၇ ဦးကို သတ်ဖြတ်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
Myanmar Now News
မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသူ ၃၀ ကျော်ထိမြင့်တက်၊ ၇၀ ကျော်ဒဏ်ရာရ
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဆေးရုံကို စစ်ကောင်စီတပ်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီကျော်က ဗုံးကြဲခဲ့တဲ့အတွက် ၃၃ ယောက်သေဆုံးပြီး ၇၆ ယောက် ဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်သလို ဒေသတွင်း မီဒီယာတွေကလည်း ဖော်ပြကြပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ၂၇ ယောက်က ဒဏ်ရာပြင်းထန်ပြီး ၄၉ ယောက်ကတော့ အသေးစား ဒဏ်ရာရတာလို့ စာရင်းတွေအရ သိရပါတယ်။ သေဆုံးတဲ့ဦးရေ ပိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က မနေ့က မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် ကလေးသူငယ်တွေ အပါအဝင် ၇ ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။
DVB News
လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို ဗုံးကြဲ၊ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရ
စစ်ကော်မရှင်လေယာဉ်က ကြဲချသော ဗုံးများသည် ခရိုင်အဆင့် ဆေးရုံကြီးပေါ် ညအချိန် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကလေးသူငယ်များ၊ လူနာများ အပါအဝင် အများအပြားသေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီ ရှိနေသည်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်၊ ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးရှိ ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ကလေးများ၊ လူနာများအပါအဝင် လူ ၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့သည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက်အထိ ရရှိသည့် စာရင်းများအရ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာရသူ ၇၆ ဦးတွင် ၂၇ ဦး ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သည်ဟု ဒေသခံများထံက သိရသည်။
ဗုံးကြဲခံရသည့် မြောက်ဦးဆေးရုံသည် AA ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ်နေသည့် ခရိုင်အဆင့် ဆေးရုံကြီးဖြစ်ရာ AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် ၁၄ မြို့နယ်မှ ဒေသခံများ အားကိုးအားထားပြု နေရသည့် ဆေးရုံကြီးတစ်ခုလည်းဖြစ်သည်။
“မနေ့ည ၉ နာရီအချိန်မှာ တိုက်လေယာဥ် နှစ်စီးနဲ့ မြောက်ဦးမြို့ဆေးရုံကြီးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ဆေးရုံတက်နေတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ လူနာတွေ အများအပြား သေဆုံးကြတာ ဖြစ်ပါတယ်” ဟု အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဒီဇင်ဘာလ ၁၁ ရက် နံနက်တွင် Myanmar Now ကို ပြောသည်။
သေဆုံးသူများထဲတွင် ကလေးငယ်များ၊ မွေးလူနာများနှင့် ရိုဟင်ဂျာအမျိုးသမီးငယ်များလည်း ပါဝင်သည်၊ ဒဏ်ရာရသူများတွင် အပြင်းစားဒဏ်ရာရရှိသူ ၂၇ ဦးနှင့် အလတ်စား ဒဏ်ရာရရှိသူ ၄၉ ဦး ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဗုံးနှစ်ကြိမ် ကြဲချခဲ့တယ်။ ကျွန်မတို့လည်း ဗုံးကြဲပြီးမှ မီးခိုးထွက်လို့ မြင်ရတာ။ နောက်တစ်ကြိမ် လာကြဲမှာ ကြိုစိုးရိမ်လို့ ပုန်းခိုကျင်းဝင်ပြီး ပုန်းနေရတယ်” ဟု ၎င်းကပြောသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဗုံးကြဲခံရသော ဆေးရုံ တစ်ခုလုံးနီးပါးသည်လည်း ဆိုးဆိုးရွားရွား ပျက်စီးသွားသည်ဟု သိရသည်။
ဆေးရုံဗုံးကြဲခံရမှုကြောင့် သေဆုံးသည့်ရုပ်အလောင်း ဓာတ်ပုံအများအပြားကိုလည်း Myanmar Now က ရရှိထားသည်။ ပေါက်ကွဲမှုကြောင့် လူအများအပြား ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ကိုယ်လက်အင်္ဂါများတွင် သွေးထွက်သံယိုဒဏ်ရာဖြင့် သေဆုံးခဲ့ကြသည်ကို တွေ့ရသည်။
လေယာဉ်ပေါ်မှ ကြဲချခဲ့သော ဗုံးတစ်လုံးသည် လူနာဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး၊ နောက်ထပ် ဗုံး တစ်လုံးသည် ဆေးရုံရှေ့ကွင်းပြင်အစပ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် မြောက်ဦးမြို့ခံ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
“ဒီမနက်ပိုင်းအထိ ၃၃ လောင်းအထိ ကျွန်တော်တို့ ကောက်ယူရထားတာရှိတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးနေကြတဲ့ အခင်းအကျင်းမျိုးဆိုတော့ အလောင်းပိုင်ရှင်တွေ ဘယ်သူဘယ်ဝါဆိုတာ ပြောရခက်သေးတယ်။ အလောင်းတွေထဲမှာ သုံးနှစ်အရွယ် ကလေးလေးတစ်ယောက်တွေ့တယ်။ မွတ်ဆလင်အမျိုးသားတွေလည်း ပါတာတွေ့တယ်” ဟု ဦးဝေဟင်အောင်က ဆိုသည်။
ရန်ကုန်အခြေစိုက် ဗြိတိန်၊ ဩစတြေးလျနှင့် ကနေဒါအပါအဝင် နိုင်ငံတကာသံရုံးများက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်ရှိနေမှုအား စိုးရိမ်ကြောင်းနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် လိုကြောင်း ထုတ်ပြန်သည့်နေ့တွင်ပင် လူအစုလိုက်အပြုံလိုက် သေဆုံးသည့် ဗုံးကြဲမှုတစ်ခုကို စစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားသည့် ယခုတိုက်ခိုက်မှုသည် အာဏာသိမ်း စစ်တပ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်ပြီး ထိထိရောက်ရောက် လက်တုံ့ပြန်သွားမည်ဟု ဦးခိုင်သုခက ပြောသည်။
စစ်ကော်မရှင်က ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့ နံနက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးဘဲ စစ်တပ်ဝါဒဖြန့်သူများက AA ဆေးရုံ ဗုံးကြဲခံရပြီး AA တပ်ဖွဲ့ဝင်များ သေဆုံးနေကြောင်း ရေးသားဖော်ပြနေကြသည်။
စစ်ဗိုလ်ချုပ်ကြီးများကမူ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားနှင့် တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ အဆိုပါ ဗုံးကြဲမှုမတိုင်ခင်တွင် ကျင်းပခဲ့ကြသည်။
မြောက်ဦးမြို့သည် ရခိုင်ဘုရင်များနောက်ဆုံးနန်းစိုက်ခဲ့သည့် ရှေးဟောင်းမြို့ဖြစ်သည်။ ထိုမြို့တွင် ဘုရား၊ ပုထိုးများစွာရှိပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (ယူနက်စကို) ဝင်ရောက်ရန် ကြိုးပမ်းလျက် ရှိသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို ယခုနှစ်သြဂုတ်လ ၂၅ ရက်နေ့ ၊ည ၁၁ နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲ၍ ဒေသခံ ၁၂ ဦးသေဆုံးကာ ၂၁ ဦးဒဏ်ရာရရှိ ခဲ့မှု ဖြစ်ပွားထားသည်။
၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးမြို့အနီးရှိ ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး လေးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိခဲ့သည်။
ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ရခိုင်ပြည်နယ် မြောက်ဘက်တွင်ရှိသည့် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် သာသနိကအဆောက်အအုံ အချို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ (ခရစ္စမတ်နေ့) နံနက် ၅ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး ယဉ်ကျေးမှုပြတိုက်နှင့် ကျောက်စာချပ်များ၊ အဆောက်အအုံများပျက်စီးခဲ့သည်။
မြို့နယ်ပေါင်း ၁၇မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်မှလွဲ၍ ကျန် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်၊ ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။
ထိုအခြေအနေတွင် စစ်တပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးမှုများ ဆက်လက်မြင့်တက်နေသည်။
အထူးသဖြင့် စစ်တပ်သည် ရှမ်းမြောက်ဒေသရှိ တအာင်း(TNLA)နှင့် အပစ်အခတ်ရပ်စဲပြီးနောက် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏လက်ချက်ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၂၀၂၅ ၊စက်တင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။
စက်တင်ဘာလ ၂ ရက်နေ့က ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို ဗုံးကြဲမှုသည်အထက်တန်း ကျောင်းသားအများစု အပါအဝင် ၁၈ ဦး သေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာ ရသွားသဖြင့် ထိခိုက်သေဆုံးမှုများသော ဖြစ်ရပ် ဖြစ်ခဲ့သည်။
စစ်ကော်မရှင်သည် အရပ်သားပစ်မှတ်များဖြစ်သော ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ရခိုင်တွင်သာမက နိုင်ငံအနှံ့ ကျူးလွန်နေသည်။
လေးနှစ်တာကာလအတွင်း စစ်ကော်မရှင်က ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၆၀၀ ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း ၃၆၅ ခု ထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေး ဝန်ထမ်းပေါင်း ၁၃၇ ဦးကို သတ်ဖြတ်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပုံစာ-မြောက်ဦးဆေးရုံဗုံးကြဲခံရပြီးနောက် အပျက်အစီးများကို ယနေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- One Nation News/Arakan Princess Media)
Myanmar Now
တိုက်နယ်ဆေးရုံကို စစ်တပ် ဗုံးကြဲ၊ လူနာ ၇ ဦးနှင့် ဆေးရုံဝန်ထမ်း ၁ ဦးသေဆုံး
စစ်တပ်သည် ယနေ့ (နိုဝင်ဘာ ၁၁) ရက် နံနက်ပိုင်းက စက်တပ်လေထီးဖြင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှ ဝင်းမနားတိုက်နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာခုနစ်ဦးနှင့် ဆေးရုံဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ထံမှသိရသည်။
၁၆ ခုတင်ဆံ့ ဝင်းမနားတိုက်နယ်ဆေးရုံသည် စစ်တပ်ထိန်းချုပ်ရာ ကနီမြို့မှ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ၁၂ မိုင်ခန့်အကွာ ဝင်းမနားရွာတွင် တည်ရှိသည်။ အဆိုပါဆေးရုံသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် လည်ပတ်နေသည့် ဆေးရုံလည်းဖြစ်သည်။
စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံကို ဦးတည်တိုက်ခိုက်ခဲ့ပြီး ဆေးကုသမှုခံယူနေသည့် လူနာများ သေဆုံးခဲ့ရသည်ဟု NUG ၏ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။
NUG ဘက်က Myanmar Now သို့ပေးပို့သည့် ဓာတ်ပုံတစ်ခုတွင် ပလတ်စတစ်ဖြင့်ပတ်ထားသည့် ရုပ်အလောင်း ရှစ်ခုကိုတွေ့ရသည်။
နောက်ထပ်ထိခိုက်ဒဏ်ရာရသူများ ရှိ မရှိနှင့် သေဆုံးသူများ၏အချက်အလက်ကို အသေးစိတ်မသိရသေးပါ။
ထို့အတူတိုက်ခိုက်ခံခဲ့ရသည့် ဆေးရုံ၏နောက်ဆုံးအခြေအနေကိုလည်း Myanmar Now က ဆက်လက်စုံစမ်းနေသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာနှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် ကနီမြို့နယ်တွင် မြေပြင်စစ်ကြောင်းမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။
ကနီမြို့ကို ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ် တပ်စွဲရာ နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်က လေကြောင်းပစ်ကူအပြင် အင်အားဖြည့်တင်းမှုတို့ကြောင့် မြို့ကို အပြီးသတ် မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရသည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များကို စစ်တပ်ကထိန်းချုပ်ထားသော်လည်း ကျေးလက်ဒေသ အများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်အရ စစ်တပ်က ဆေးရုံဆေးခန်းများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအား ယခုနှစ် ၂၀၂၅ ခုနှစ်တွင် တိုးမြှင့်ပြုလုပ်နေသည်။ အထူးသဖြင့် စစ်ကိုင်းငလျင်အပြီးတွင် စစ်တပ်၏လေကြောင်း တိုက်ခိုက်မှု ပိုမိုများပြားလာခဲ့ပြီး ဧပြီလမှ ဇူလိုင်လအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကရင်နီ စသည်တို့မှ ဆေးရုံဆေးခန်းများကို လေကြောင်းတိုက်ခိုက်မှု ၃၀ ရှိသည်။
ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းကလည်း ကန့်ဘလူမြို့နယ် ချာဂျင်ဆေးရုံအားလေကြောင်းမှတိုက်ခိုက်ခဲ့ ရာ ကလေးတစ်ဦး၊ သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် ငါးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လူနာဆောင်၊ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဆေးဝါးနှင့်ဆေးရုံသုံးပစ္စည်းများ၊ ဝန်ထမ်းနားနေဆောင်အပါအဝင် ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
စစ်တပ်က စစ်ရေးအရှိန်မြှင့်နေသည့် စစ်ကိုင်းတိုင်းမှ ဒီပဲယင်းနှင့် ပုလဲတို့တွင် ယမန်နေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့)က စစ်တပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်က ဒီပဲယင်းမြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဆပ်ပြာကျင်းရွာနှင့် အနီးရှိ ကျွန်းတောလေးရွာကို တိုက်လေယာဉ်များဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ ၁၃ ဦး ထိခိုက်ဒဏ်ရာရသည့်အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒီပဲယင်းမြို့နယ် တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ အကြိမ်ရေကတော့ တော်တော်လေးများတယ်။ သုံးစီးဆက်တိုက်လာပစ်တာ။ မိတ္ထီလာကတက်တဲ့ တစ်စီးက ပထမဆုံးလာပစ်တယ်။ အဲ့ဒါပြီးတော့ တောက်လျှောက်ပါပဲ။ အရာတော်လောက်ပဲ ရောက်သေးတယ်။ နောက်တစ်စီးက ပစ်နေပြီ” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကပြောသည်။
ထို့နောက် ညနေ ၆ နာရီဝန်းကျင်တွင် တိုက်လေယာဉ်တစ်စီးက ထပ်မံပစ်ခတ်ခဲ့ရာ ဆပ်ပြာကျင်းရွာမှ လူနေအိမ် သုံးလုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများသည် အရပ်သားပြည်သူများဖြစ်ပြီး ဆပ်ပြာကျင်းရွာမှ ၁၀ ဦးနှင့် ကျွန်းတောလေးရွာမှ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အခြေစိုက်လှုပ်ရှားသည့် Local Mobile Team အဖွဲ့တာဝန်ခံ ကိုကောင်းကင်ကြီးက ပြောသည်။
“ ဆပ်ပြာကျင်းရွာမှာဆိုရင် တစ်ရွာလုံးနီးပါးကြဲတယ်။ ပိုက်စိပ်တိုက်ပြီးကြဲတယ်။ ပေါင် ၅၀၀ ဗုံးသီးပါတယ်။ မော်တာစက်နဲ့ဆွဲတယ်။ ဗုံးသီး အရေအတွက်က လက်ရှိတွေ့ရတဲ့အနေထားအရ အလုံး ၂၀ အထက်မှာပဲရှိမယ် ကြဲသွားတာက”ဟု ကိုကောင်းကင်ကြီးကပြောသည်။
ဆပ်ပြာကျင်းရွာသည် လက်နက်ကိုင်တော်လှန်ရေးအစ တူမီးတိုက်ပွဲကတည်းကပင် တက်တက်ကြွကြွ ပါဝင်ခဲ့သည့် ကျေးရွာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လက ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။
ယခုနှစ် မေလက စာသင်ကျောင်းကိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ကျောင်းသူ နှင့် ဆရာမများ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် အိုးတိန်တွင်းရွာနှင့်ဆပ်ပြာကျင်းရွာသည် နှစ်မိုင်ခန့်သာ ကွာဝေးသည်။
ယမန်နေ့ ည ၈ နာရီခွဲဝန်းကျင်ကလည်း ပုလဲမြို့နယ်၊ ပိတောက်ကုန်းရွာကို လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရွာအနီးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည့် ဒီပဲယင်း၊ ပုလဲနှင့် ကနီမြို့နယ်တို့သည် တော်လှန်ရေး အင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းသည့် ဒေသများဖြစ်သော်လည်း လတ်တလောတွင် စစ်တပ်က မြေပြင်စစ်ကြောင်း ထိုးနေခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများကဆိုသည်။
နမခ နှင့်မိုင် ၄၀ ကျော်သာကွာဝေးသည့် ဒီပဲယင်းမြို့ကိုလည်း တော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တိုက်ခိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း နမခ မှ တဆင့် လေကြောင်းမှ စစ်ကူအင်အားဖြည့်တင်းပြီး တိုက်ခိုက်မှုများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ဒီပဲယင်းမြို့ပေါ်နှင့် စိုင်ပြင်မြို့တွင် စစ်တပ်ကအထိုင်ချပြီး ဒီပဲယင်းမြို့ပေါ်တပ်စွဲထားသည့် စစ်တပ်ကို ပြီးခဲ့သည့်ရက်က လေကြောင်းမှတဆင့် ရိက္ခာများချပေးခဲ့ကြောင်းသိရသည်။
မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းနယ်စပ်ရှိ ပုလဲမြို့နယ်သည် နမခ အနောက်ဘက် မိုင် ၄၀ ခန့်သာ ဝေးပြီး စစ်တပ်က
မြို့ပေါ်ရပ်ကွက်များနှင့် ဇီးဖြူကုန်း၊ အင်မထီး၊ ကန့်ဒေါင့်တို့တွင် ခြေကုပ်ယူထားသည်။ စစ်တပ်အထိုင်ချရာ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ဦးဆောင်တိုက်ခိုက်ပြီး စခန်းသိမ်းပိုက်နိုင် ခဲ့သော်လည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ကန့်ဒေါင့်စခန်းကို စစ်တပ်က ပြန်ရပြီးနောက် ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ လက်ပကန်၊ နှောကန်၊ မင်းတိုင်ပင်ရွာတို့တွင် အင်အားတိုးချထားကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများထံက သိရသည်။
တရုတ်၏ကြားဝင်ဖိအားပေးမှုဖြင့် ကိုးကန့်တပ် (MNDAA), တအာင်းတပ် (TNLA) တို့နှင့် စစ်တပ်က အပစ်ရပ်နိုင်ခဲ့ပြီး ရှမ်းမြောက်တိုက်ပွဲများငြိမ်သက်သွားချိန်တွင် တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ချင်း တို့တွင် စစ်တပ်က ထိုးစစ်အရှိန်မြှင့်နေသည်။
Myanmar Now