ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

“မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား တရားမ ျှတမှုရရှိစေရေးအတွက် အကူအညီပေးရန် အဆင်သင့်ရှိခြင်း”
၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့
နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် ND-Burma ၏ ထုတ်ပြန်ချက်။
“မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား တရားမ ျှတမှုရရှိစေရေးအတွက် အကူအညီပေးရန် အဆင်သင့်ရှိခြင်း”
ND-Burma အနေဖြင့် ၂၀ဝ၄ ခုနှစ်မှ စတင်မှတ်တမ်းတင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အချက်အ လက် ၆၀ဝ၀ ထောင်ကျော်သည် တရားမ ျှတမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ပြုနိုင်သည်။
လွန်ခဲ့သော ၁၃ နှစ်က ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း ၉ ဖွဲ့ တွေ့ဆုံကြပြီးနောက် လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (HRDCC) အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ယခုအခါ တွင်မူ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုအချိန် ကမြန်မာနိုင်ငံသည် ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်အောက်တွင် ရောက်ရှိနေပြီး ဒေါ်အောင်ဆန်း စုကြည်မှာလည်း နေအိမ်အကျယ်ချုပ်အဖြစ် ၁၀ နှစ်ထဲ ရောက်ရှိနေချိန်ဖြစ်သည်။ ထောင်နှင့် ချီသည့် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းခံရေပြီး စစ်တပ်၏ ဆယ်စုနှစ်နှင့်ချီသည့် တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုများလည်း ဆက်လက်ကျူးလွန်နေချိန်ဖြစ်သည်။
၂၀ဝ၄ ခုနှစ်တွင် အဖွဲ့အစည်း ၉ ဖွဲ့မှ ကိုယ်စားလှယ်များသည် အခက်အခဲများအကြားမှ တွေ့ဆုံခဲ့ကြပြီး ၄င်းတို့ ကိုယ်တိုင်၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့် ရပ်ရွာအသိုင်းအဝိုင်းများကြုံတွေ့နေရသည့် အဖြစ်အပျက် များမှာ အခြေခံကြသည့် မှားယွင်းမှုများဖြစ်ပြီး ပြောင်းလဲပစ်ရန်ကြိုးပမ်းခဲ့ကြသည်။ အစည်းအဝေး တက်ရောက် သည့် ကိုယ်စားလှယ်များမှာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် တချို့မှာ နိုင်ငံရေး အကျဉ်းသား ဟောင်းများဖြစ်ကြပြီး နိုင်ငံတကာမှ ဝိုင်းပယ်ထားသည့်၊ ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် အခြေခံအခွင့်အရေးများ နှင့် လွတ်လပ်မှုများရှိသည်ကို မသိသေးသည့် စစ်အာဏာရှင်စနစ်အောက်တွင် ၄င်းတို့၏ ဘဝများကို ပေးအပ် ကာ လှုပ်ရှားဆောင်ရွက်နေကြသူများဖြစ်သည်။
ယခုအခါတွင် အခြေအနေများမှာ ၂၀ဝ၄ ခုနှစ်ကထက် များစွာပြောင်းလဲနေပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ မိတ်ဆွေ တချိန်က နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်အတူ တိုင်းပြည်ကို ဦးဆောင်နေပြီဖြစ် သည်။ နိုင်ငံရေးအကျဉ်းသား အများအပြားအား လွှတ်ပေးခဲ့သည်။
ယခုတချိန်တွင်မူ သတင်းအမှန်များတင်ပြရန် ကြိုးပမ်းသည့် သတင်းသမားများနှင့်အတူ မြန်မာပြည်ရှိ အကျဉ်းထောင်များမှာလည်း နိုင်ငံရေး အကျဉ်းသားများဖြင့် ထပ်မံများပြားလာသည်။ အရပ်သားအစိုးရ တက်လာကတည်းက မှတ်တမ်းတင်ခဲ့သည့် ND-Burma ၏ မှတ်တမ်းများအရ တပ်မတော်၏ တိုင်းရင်းသား ပြည်သူများအပေါ် အကြမ်းဖက်၊ ကျူးလွန်မှုများမှာလည်း ရပ်စဲသွားခြင်းမရှိသေးပေ။ တပ်မတော်၏ ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်ထိုးစစ်များကြောင့် နိုင်ငံတကာ၏ ပြစ်တင်၊ ရှုံ့ချမှုများ ပြန်လည်ကြုံတွေ့နေရသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံအတွက် ၂၀ဝ၄ ခုနှစ်အစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက် မှုများအတွက် အပြစ်ရှိသူများအား အရေးယူရန် ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရ သူများ အဆုံးတနေ့တွင် တရားမ ျှတမှုကို ရရှိစေရန်အတွက် ND-Burma အနေဖြင့် သက်သေအထောက် အ ထားများကို စတင်စုဆောင်းခဲ့သည်။ မိမိတို့တွင် ယခုအခါ အချက်အလက်ပေါင်း ၆၀ဝ၀ ကျော် ထည့်သွင်းနိုင်ခဲ့ ပြီဖြစ်သည်။ အခြားသော အရပ်ဖက်အဖွဲ့အစည်းများရှိ မိတ်ဆွေများ၊ လုပ်ဖော်ကိုက်ဖက်များထံတွင်လည်း ထောင်နှင့်ချီသည့် အချက်အလက်များ ရှိသည်။
လူ့အခွင့်အရေးသည် နိုင်ငံတကာနှင့် သက်ဆိုင်ပြီး ချိုးဖောက်ခံရပါက ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်စေသည်။ ကချင်ပြည်နယ်ရှိ အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရ၍ ခံစားရမှုသည် ဆီးရီးယားရှိ (သို့မဟုတ်) ဆွီဒင်ရှိ အမျိုးသမီးတဦး အားဓမ္မပြုကျင့်ခံရမှုထက် နာကျင်၊ ခံစားရမှု လျော့နည်းမည်မဟုတ်ပေ။ ထိုသို့မဟုတ်ကြောင်းကို ၄င်းတို့အခွင့်အရေး မည်သည့်အခါမ ျှမချိုးဖောက်ခံရဟု ကျိန်းသေပြီး သက်တောင့် သက်သာအ နေအထားတွင် ရှိသူတို့ကသာ ငြင်းဆိုပေလိမ့်မည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်စဲချိန်တန်ပြီဖြစ်ပြီး အပြစ်ရှိသော်လည်း အပြစ်ပေးအရေးယူ ခံရခြင်းမှ ကင်းလွတ်နေမှုများ အဆုံးသတ်စေရန်နှင့် တရားမ ျှတမှုအတွက် အကူအညီပေးရန် အချိန်ဖြစ်သည်။၂၀၁၇ ခုနှစ်တွင်ရှိသည့် ND-Burma အဖွဲ့ဝင် ၁၃ ဖွဲ့တို့သည် တိုင်းရင်းသားဒေသအသီးသီး၊ အမျိုးသမီးနှင့် LGBT အဖွဲ့အစည်းများမှဖြစ်ကြသည်။ နစ်နာခဲ့သူများအတွက် တရားမ ျှတမှုရရှိစေရန် ၂၀ဝ၄ ခုနှစ်မှစပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို စတင်မှတ်တမ်းတင်သည်။
အဖွဲ့ဝင်များ…
၁။ နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ
၂။ ကချင်ဖွံ့ဖြိုးရေးကွန်ရက်
၃။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့
၄။ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ
၅။ တအာန်းအမျိုးသမီးအဖွဲ့
၆။ တအာန်းကျောင်းသားနှင့် လူငယ်အစည်းအရုံး
၇။ ထားဝယ်အမျိုးသမီးအစည်းအရုံး
ဆက်စပ် အဖွဲ့ဝင်များ
၁။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ် ကွန်ဂရက်
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့
၃။ EarthRights International
၄။ ညီမ ျှခြင်းမြန်မာလားဟူအမျိုးသမီးအဖွဲ့
1. ၅။ လားဟူအမျိုးသမီးအဖွဲ့
၆။ ပအို့ဝ်လူငယ်အစည်းအရုံး
Download Word File
မြန်မာ့တပ်မတော်မှ တအောင်း(ပလောင်) အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့် ရန် နှောင့်ယှက် စော်ကားခဲ့သည့်အပေါ် မိမိတို့ တအောင်းကျောင်သားနှင့် လူငယ်များအဖွဲ့နှင့် တအောင်းအမျိုးသမီးအဖွဲ့အစည်း၏ထုတ်ပြန်ချက်
အခြေခံလူ့အခွင့်အရေးနှင့် မှတ်တမ်းတင်ခြင်းသင်တန်း
လူ့အခွင့်အရေးမှတ်တမ်းတင်ကွန်ရက် ND-Burma မှ ကျင်းပပြုလုပ်သည့် အခြေခံလူ့အခွင့်အရေးနှင့် မှတ်တမ်းတင်ခြင်းသင်တန်း ကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖွင့်လှစ်ပို့ချလ ျှက်ရှိပါသည်။ သင်တန်းကို ND-Burma ကွန်ရက်အဖွဲ့အစည်းများမှ သင်တန်းသူ သင်တန်းသားများ ၂၀ ကျော်တက်ရောက်ခဲ့သည်။
[metaslider id=2979]
အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု သင်တန်းကို ထားဝယ်မြို့တွင်ပို့ချ
ထားဝယ်မြို့ ဘိုးဘွားရိပ်သာရှိ လောကအလင်းရုံးခန်းတွင် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု သင်တန်းကို မြန်မာနိုင်ငံလူ့အခွင့်အရေးမှတ်တမ်းတင်ကွန်ရက်နှင့် ထားဝယ်အမျိုးသမီးသမဂ္ဂတို့ ပူးပေါင်းကာ နိုဝင်ဘာ ၈-၁၃ ရက်နေ့အထိ ပြုလုပ်လျက်ရှိသည်။
[metaslider id=2973]
မန်ခေါက်ကျေးရွာ ကျောင်းအုပ်ဆရာမကြီးအား တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်သား ၂ ဦးမှ အဓမ္မပြုကျင့်မှုအပေါ် သတင်းထုတ်ပြန်ချက်
လတ်တလောဖြစ်ပွားခဲ့သော ဖားကန့်မြို့ရှိ အသရဖျေက်မှုစွဲချက်ကို ကြညြ့်ခင်းအားဖြင့် မြန်မာစစ်တပ်သည် လူထုအစိုးရ ထိန်းချုပ်မှုအအောက်သို့ ထားရှိရန် အရေးတကြီးလိုအပေ်ကြာင်း မီးမောင်းထိုးပြလိုက်သည်။
လတ်တလောဖြစ်ပွားခဲ့သော ဖားကန့်မြို့ရှိ အသရဖျေက်မှုစွဲချက်ကို ကြညြ့်ခင်းအားဖြင့် မြန်မာစစ်တပ်သည် လူထုအစိုးရ ထိန်းချုပ်မှုအအောက်သို့ ထားရှိရန် အရေးတကြီးလိုအပေ်ကြာင်း မီးမောင်းထိုးပြလိုက်သည်။
၂၀၁၇ ခုနှစ် ဇန်လွ ၂၆ ရက်နေ့ ဖားကန့်မြို့မ တရားသူကြီးစိုးလင်းအောင်မှ ဒသေလူထုခေါင်းဆောင်တစ်ဦးဖြစ်သူ ဒရှိန်လောနွ်းအား မြန်မာစစ်တပ်အား အသရဖျေက်မှုအတကွ် ပစ်မှုဆိုင်ရာဥပဒပေုဒ်မ ၅၀ဝ အရ အမှုရင်ဆိုင်ရန် အမိန့်ဆင့်ခေါ်ခဲ့သည်။
အပြည့်အစုံရယူရန်