ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လုံခြုံရေးတပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင် ၇ ယောက်ကို အီးယူ အရေးယူ
မြန်မာစစ်ဘက်နဲ့ ရဲဘက် အရာရှိ ၇ ယောက် အပေါ် ဥရောပ သမဂ္ဂ အီးယူက ပိတ်ပင် ကန့်သတ်တဲ့ အရေးယူမှုတွေကို ဇွန်လ ၂ ၅ ရက် ဒီကနေ့ တရားဝင် ချမှတ် လိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သလို၊ နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေကိုလည်း လိုအပ်နေတဲ့ အရပ်သားတွေဆီ မရောက်အောင် ဟန့်တားခဲ့ကြောင်း အီးယူက တွေ့ရှိ ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ပြုလုပ်လို့ မရနိုင်အောင် နှောင့်ယှက် ဟန့်တားမှုတွေ အတွက်လည်း အဲဒီ တပ်ဖွဲ့တွေမှာ တာဝန် ရှိတယ်လို့ အီးယူရဲ့ ဆုံးဖြတ်ချက်ထဲ တွေ့ရပါတယ်။
အီးယူက အရေးယူလိုက်သူတွေထဲ အမှတ် ၃ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်စိုး အပါအဝင် စစ်ဘက် ခေါင်းဆောင် ၅ ယောက် ပါဝင်သလို၊ ရဲမှူးချုပ် ဖြစ်ခဲ့တဲ့ သူရစန်းလွင်နဲ့ နောက် ရဲ အဆင့်မြင့် အရာရှိ တစ်ဦး ပါဝင်ပါတယ်။
အဲဒီ ၇ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာမျိုး၊ ဥရောပ သမဂ္ဂဝင် နိုင်ငံတွေဆီ ခရီးသွားလာခွင့် ပိတ်တာမျိုးတွေ ပြုလုပ်ဖို့ အီးယူက ဆုံးဖြတ်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းနဲ့ ခဲယမ်းမီးခြောက်တွေ၊ စစ်သုံးယာဉ်တွေ အပါအဝင် ပြည်တွင်း ဖိနှိပ်မှုတွေမှာ အသုံးချလို့ ရနိုင်တဲ့ ဘယ်လို ပစ္စည်းမျိုး၊ နည်းပညာမျိုးကိုမှ ရောင်းချတာ၊ ထောက်ပံ့တာ၊ ကြားဝင် ဆောင်ရွက်ပေးတာမျိုး မလုပ်ဖို့ အီးယူက ဆုံးဖြတ် ထားခဲ့ပြီး အခုလို ပုဂ္ဂိုလ် တစ်ဦးချင်းစီကိုပါ ထည့်သွင်းလာတာ ဖြစ်ပါတယ်။
အီးယူရဲ့ အရေးယူ ပိတ်ပင်မှုထဲ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အနေနဲ့ ထည့်သွင်း ခံရသူ ၇ ဦး ကတော့
၁။ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော
သူဟာ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ၂ဝ၁၅ ဩဂုတ်ကနေ ၂ဝ၁၇ အကုန်အထိ ကြီးကြပ်ခဲ့ရသူ ဖြစ်လို့ အဲဒီ ကာလ အပိုင်းအခြား အတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေ အတွက် တာဝန် ရှိတယ်လို့ အီးယူက ယူဆတာ ဖြစ်ပါတယ်။
၂။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး
၃။ ခြေမြန်တပ်မ ၉၉ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး
၄။ ခြေမြန်တပ်မ ၃၃ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်
၅။ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် ခင်မောင်စိုး
၆။ နယ်ခြားစောင့် တပ်ဖွဲ့မှူး ရဲမှူးချုပ် သူရ စန်းလွင်
၇။ အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့မှူး သန့်ဇင်ဦး တို့ ဖြစ်ပါတယ်။
BBC Burmese
ညှဥး်ပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့
ညှဥး်ပန်းနှပိစ်က်မမျှာုးပပျောက်ရေးနှင့် အသက်ရငှကျန်ရစ်သမျာူး၏ လိအုပ်ချက်များအတွက် ဆောင်ရွက်ပေးခြင်းသည် ဒီမကရေစီနငြှ့်ငိမး်ချမ်းရေး တည်ဆောက်မအှုတွက် အဓိကကျသည်လ့ပုင်န်း ဖြစ်သည်။
ုအမျိုးသမီးများအဖွဲချု့ပ် မြန်မာနိငုငံ် (WLB)၊ လူအခွငအ့်ရေးမှတတမ်းကွနရ်က်(မြန်မာနိငုင်)ံ (ND-Burma)၊နိုင်ငံရေးအကျဉ်းသားများ ကူညေီစာငေ့်ရှာက်ရေးအသင်း အာရှတရားမျှတမှုနငှ့် အခွငအ့်ရေးဆိငုရာ်အဖွဲ့ (AJAR)
(AAPP)၊ ဝိမတုအ္တိ မျိုးသမီးအဖွဲ့ (VWO)နှင့် တိမှု့ ညှဥး်ပန်းနှပိစ်က်မမျှာုး အဆံးုသတ်ရန်နငှ့် အသက်ရှ သ် လတ မြာက်လာသူ ျားအတွက ပြန်လည်ထေူထာင်ရေးလုပုင်န်းများလုပေ်ုဆာင်ရန် ပန်ကြားလိုက်သည်။
အပြည့်အစုံရယူရန်
ICC ကို ဘယ်လိုတုံ့ပြန်ဖြေရှင်းသင့်သလဲ
ရခိုင်ပြည်နယ် မောင်တောဒေသက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြရတာနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးက လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးဖို့ သတ်မှတ်လိုက်ပါတယ်။
ICC ကို ဘယ်လိုတုံ့ပြန်ဖြေရှင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာသူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။
RFA Burmese
AAPP Counseling Program ၏ facebook လူမှုကွန်ယက် စာမျက်နှာကို စတင်တည်ထောင်ဖွင့်လှစ်လိုက်ပါပြီ။
ရက်စွဲ။ ။ ၁၇ ဇွန် ၂၀၁၈။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော AAPP Counseling Program ၏ facebook လူမှုကွန်ယက် စာမျက်နှာကို စတင်တည်ထောင်ဖွင့်လှစ်လိုက်ပါပြီ။
မိသားစုအရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အကြောင်းအမျိုးမျိုးကြောင့် သင်စိတ်ဓါတ်ကျနေပါသလား (သို့) စိတ်ဖိစီးနေပါသလား။ ဒါတွေကို လျော့ပါးစေနိုင်ဖို့အတွက် AAPP Counseling Program က ကူညီပေးနိုင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းအများစုပါဝင်လုပ်ဆောင်နေသောထိုအစီအစဉ်ကို ၂၀၁၁ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်ကစလို့ မြန်မာနိုင်ငံတွင်းမှာ စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။ နည်းပညာကို အမေရိကန်နိုင်ငံ Johns Hopkins Bloomberg School of Public Health က ပါမောက္ခတွေက သင်ကြားပေးခဲ့တာဖြစ်ပြီး သူတို့ရဲ့ လမ်းညွှန်မှုတွေနဲ့ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ယခု ၂၀၁၈ ခုနှစ်တွင်အစီအစဉ်တာဝန်ခံ ၁ ယောက်၊ သင်တန်းနည်းပြ ၂ ယောက်၊ စူပါဗိုက်ဆာ ၄ ယောက်၊ ကောင်စယ်လာ ၁၈ ယောက် တို့သည် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ တို့တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မိသားစုဝင်များ၊ လူကုန်ကူးခံရသူများ၊ စစ်ပြေး ဒုက္ခသည်များ၊ ကလေး စစ်သားဟောင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများ၊ အကျဉ်းသားဟောင်းများ၊ HIV ဝေဒနာသည်များ၊ ပြည်တွင်းနေရပ်စွန့်ခွါ တိမ်းရှောင်သူများ (IDPs)၊ LGBTIQA များ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ ဆင်းရဲမွဲတေမှု၏ သားကောင်များ၊ ညှဉ်းပမ်းနှိပ်စက် ခံရသူများ၊ အဓမ္မပြုကျင့်ခံရသူများ၊ အိမ်တွင်းအကြမ်းဖက်မှုခံရသူများ၊ အငြိမ်းစား သက်ကြီးရွယ်အိုများ စသည့် လူဦးရေ ၂၂၀ဝ ကျော် ကိုလူထုအခြေပြုကောင်စဲလင်း ဝန်ဆောင်မှု ပေးပြီးဖြစ်သည်။
ထို့ပြင် AAPP ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်ကို မြန်မာနိုင်ငံအစိုးရ ဝန်ကြီးဌာနဖြစ်သော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် တွေ့ဆုံ၍ AAPP အနေဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်မှုများကိုဆွေးနွေးခဲ့ပြီး ၂၀၁၇ခုနှစ်ဆန်းမှ စတင်၍ ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီးများသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတို့နှင့် ကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းများမှ သင်တန်းသူ၊ သင်တန်းသားများမှ လိုအပ်နေသူများကို စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေး ကောင်စဲလင်းပေးခြင်းကို ဆောင်ရွက်လျှက်ရှိပါသည်။
ဒီအစီအစဉ်ဟာ _
သင့်ကို အနှောက်အယှက်ပေးနေတဲ့ အတွေးတွေ၊ ခံစားချက်တွေကို သက်သာလျော့ပါးစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
သင့်မိသားစုအတွင်းအဆင်မပြေဖြစ်မှုတွေ၊ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေဖြစ်မှုတွေ ကိုလည်း ပိုမိုကောင်းမွန်လာစေဖို့ အတွက် ကူညီပေးနိုင်ပါတယ်။
သင့်ရဲ့ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်ပြီး မလုပ်နိုင်တဲ့ကိစ္စတွေ၊ လုပ်ငန်း ခွင်အဆင်မပြေဖြစ်မှုတွေကိုလည်း အတူပူးပေါင်းဖြေရှင်းတဲ့နည်းနဲ့ အကူအညီတွေ ရရှိမှာ ဖြစ်ပါတယ်။
လတ်တလောဖြစ်နေတဲ့အခက်အခဲပြဿနာတွေ၊ မျှော်လင့်ချက်မဲ့နေတာတွေကို သက်သာလျော့ပါးသွား အောင်၊ ဖြေရှင်းနိုင်အောင် အကူအညီပေးမှာ ဖြစ်ပါတယ်။
သင့်မှာ(သို့) သင့်မိသားစုမှာ အရက်အလွန်အကျွံ သုံးစွဲမှုကြောင့် လက်ရှိလူနေမှုဘဝကို ထိခိုက်နေပါ သလား။ သင့်အနေနဲ့အရက်သောက်သုံးမှုကို ပြောင်းလဲချင်စိတ်ရှိတယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းညွှန်ကူညီပေးသွားမှာပါ။
မှတ်ချက်။ ။ကာယကံရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ၊ အကြောင်းအရာတွေအားလုံးကို ပေါက်ကြားမှုမရှိအောင် အထူးလျှို့ဝှက်ပေးထားမှာ ဖြစ်ပါတယ်။
AAPP Counseling Program ရဲ့ ကောင်းစဲလင်းဝန်ဆောင်မှုကို ရယူချင်သူတွေအတွက် AAPP ရဲ့ ကောင်စယ်လာတွေဟာ အိမ်တိုင်ယာရောက် ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ပေးသလို AAPP ရုံးက ကောင်စဲလင်းဌာနကိုလည်း လာရောက်နိုင်ပါတယ်။ မိမိတို့နဲ့ အဆင်ပြေသလို ရွေးချယ်နိုင်ပါတယ်။
ထပ်မံပြီး သိလိုတာရှိခဲ့ရင်တော့ AAPP ရုံးတည်ရှိတဲ့
အမှတ် ၇၅၊ ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံ ကို ဖြစ်ဖြစ်
ဦးကျော်စိုးဝင်း ၊ ဖုန်းနံပါတ် 09 77433 6760
ဒေါ်ခင်ငြိမ်းချမ်းစိုး၊ ဖုန်းနံပါတ် 09 78888 1990
ဦးထင်အောင်၊ ဖုန်းနံပါတ် 09 42248 8831
ဒေါ်သန်းသန်းဌေး 0931284464 တို့ကိုဖြစ်ဖြစ်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
AAPP Counseling Program
ကချင်ပြည်နယ်က တိုက်ပွဲပြဿနာ
အရပ်သားတွေအပေါ်မှာတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ တပ်မတော်အတွက် နောက်ထပ် စွပ်စွဲ ချက်တွေ ထပ်ထွက်လာနေပါတယ်။ မြန်မာပြည်မြောက်ပိုင်းက ကချင်ပြည်နယ်ဘက်မှာ ဒီလိုအဖြစ်မျိုးတွေ ကြုံနေရတာကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။ တပ်မတော်ဘက်ကတော့လက်နက်ကိုင် အဖွဲ့တွေကို သာ တိုက်ခိုက်နေတာဖြစ်တယ်လို့ပြောပါတယ်။
ကိုလပြည့်ကိုက ပြောပြထားပါတယ်။
မြန်မာ့တပ်မတော်သည် ကချင် စစ်ဘေးရှောင် ဒုက္ခသည်များအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်။ ဒုက္ခသည်များနှင့် တွေ့ဆုံမှုများကို တားဆီးထားခြင်း၊ လူသားဒိုင်းနှင့် မိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခြင်း၊ လက်နက်ကြီးများပစ်ခတ်မှုနှင့် လုယက်မှုများ
၂၀၁၈ ခုနှစ် မေလ ၁၅ ရက်
ကချင် အမျိုးသမီးများအစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) မှ အရေးပေါ် အခြေအနေထုတ်ပြန်ချက်။
မြန်မာ့တပ်မတော်သည် ကချင် စစ်ဘေးရှောင် ဒုက္ခသည်များအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်။ ဒုက္ခသည်များနှင့် တွေ့ဆုံမှုများကို တားဆီးထားခြင်း၊ လူသားဒိုင်းနှင့် မိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခြင်း၊ လက်နက်ကြီးများပစ်ခတ်မှုနှင့် လုယက်မှုများ
မြန်မာ့တပ်မတော် တပ်မှူးများက သူတို့ အနေဖြင့် သူတို့၏ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) အပေါ်ပြုလုပ်ခဲ့သော မကြာသေးမီက ထိုးစစ်အတွင်း အရပ်သားများကို ပစ်မှတ်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်များနှင့် ခြားနားစွာပင် ကချင် အမျိုးသမီးများအစည်းအရုံး – ထိုင်းနိုင်ငံမှ စစ်ရှောင် ဒုက္ခသည်များနှင့် မေးမြန်းချက်များက ၂၀၁၈ ခု ဧပြီလအတွင်းတွင် ကချင်ပြည်နယ် မြို့နယ် သုံးခုတွင် မြန်မာ့ တပ်မတော်က ရွာသားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။ ယင်းသုံးမြို့နယ်မှာ ဖားကန့်၊ တနိုင်းနှင့် အင်ဂျန်းယန် မြို့နယ်များ ဖြစ်သည်။ ယင်းကျူးလွန်မှုများတွင် ဒုက္ခသည်များကို ခိုလှုံမှု မရနိုင်ရန် တားဆီးခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များကို စစ်ဆင်ရေးတွင် လူသားဒိုင်းနှင့် မိုင်းရှင်းကိရိယာများအဖြစ် အသုံးပြုခြင်းနှင့် အရပ်သား ဧရိယာများကို ခွဲခြား ကန့်သတ်မှု မရှိပဲ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲခြင်း၊ ပစ္စည်းများ လုယူခြင်းနှင့် ဖျက်စီးခြင်းတို့ ပါဝင်သည်။
မေလ ၆ ရက် နှင့် ၇ ရက်နေ့များတွင် ဖားကန့်မြို့နယ် လိုင်နောင်ခူး ကျေးရွာမှ ကယ်ဆယ်ခဲ့သည့် ဒုက္ခသည်များက အလွန်ထိန့်လန့်ဖွယ် ကောင်းသော အတွေ့အကြုံများကို ပြောပြခဲ့သည်။ ကလေး ၆၄ ဦး အပါအဝင် ဒုက္ခသည် ၁၅၂ ဦးတို့သည် တောများကို ဖြတ်၍ ထွက်ပြေးလာစဉ် မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း ၄၂၄ က သူတို့ကို တားဆီးခဲ့ပြီး နောက်ပိုင်းတွင် လူသားဒိုင်း နှင့် မိုင်းရှင်းကိရိယာများ အဖြစ် အသုံးပြုခဲ့ကြောင်း ပြောပြကြသည်။ ဒုက္ခသည်များကို တလိုင်းတည်း လျောက်စေပြီး စစ်ကြောင်းမှကြားညှပ်လျောက်လာရာ ရှေ့တွင်လျောက်စေသော ရွာသားတစ်ဦး မှိုင်းထိခံခဲ့ရသည်။
စစ်တပ် အခြေစိုက် စခန်း အနီးတွင် လေးရက်ကြာ အတင်းအဓမ္မနေစေပြီးနောက်တွင် သူတို့အား မူရင်းရွာကို ပြန်မောင်းထုတ်ခဲ့သည်။ သူတို့သည် ရွာ ဘုရားကျောင်းတွင် ယာယီ စခန်း ဖွင့်၍ ၁၇ ရက်ကြာ နေခဲ့ကြရသည်။ ထိုကာလအတွင်း စစ်သားများသည် ရွာသားများ၏ အိမ်များတွင် နေထိုင်ကြပြီး အစားအစာများနှင့် ပစ္စည်းများကို လုယူခြင်း၊ KIA ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ရွာသားများ၏ အဝတ်အစားများကို ဝတ်ဆင်ခြင်းများ ပြုလုပ်ကြသည်။ သူတို့အား ပြန်မလွှတ်မီတွင် စစ်ရှောင်ဒုက္ခသည်များကို မြန်မာ့တပ်မတော်က စစ်ရှောင်ဒုက္ခသည် စခန်းများတွင် နေထိုင်မှုမပြုကြ ရန် ပြောကြားခဲ့သည်။
ဧပြီ ၁၁ ရက်နေ့တွင် အနောက်ဖက် ကီလို မီတာ ၂၀ဝ ခန့်အကွာအဝေးတွင်ရှိသော တနိုင်းဒေသဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ၁၀၅ မမ အမြောက်များနှင့် အရပ်သား စစ်သား ခွဲခြားခြင်း မရှိပဲ ပြစ်ခတ်ပြီးနောက် လေယာဉ် နှစ်စီးဖြင့် ယင်းဧရိယာကို ဗုံးကျဲခဲ့သည်။ ထို့နောက် တနိုင်း မြို့နယ်၊ အောင်လော့ဒ် ရွာနှင့် အနီးဝန်းကျင်မှ အရပ်သား ၂၀ဝ၀ ခန့်သည် တောထဲသို့စတင် ထွက်ပြေးခဲ့ရသည်။ လက်နက်ကြီးများကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး အသက် အရွယ်ကြီးရင့်သော လယ်သမားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်း ဧရိယာကို တပ်ရင်း ၈၆၊ ၂၃၈၊ ၃၁၈ နှင့် ၁၀၁ မှ ရာနှင့်ချီသော စစ်သားများက သိမ်းပိုက်လိုက်သော အခါ စစ်ရှောင်ဒုက္ခသည်များသည် တောနက်အတွင်းမှ ဘေးကင်းရာသို့ ထွက်ခွာရန် ကြိုးပမ်းခဲ့ကြသည်။ တလကျော် တိမ်းရှောင်နေပြီးနောက်တွင် စစ်ရှောင်ဒုက္ခသည်အုပ်စု အတော်များများကို ကယ်ထုတ်နိုင်ခဲ့သော် လည်း သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်းများပါသော ဒုက္ခသည်အယောက် ၁၃၀ ခန့်မှာ တောထဲ တွင် ပိတ်မိနေဆဲဖြစ်သည်။
အင်ဂျန်းယန် မြို့နယ်အတွင်းတွင် မြန်မာ့တပ်မတော် ခြေမြန်တပ်မ ၃၃ နှင့် ၈၈ မှ ရာနှင့်ချီသော စစ်ကူများ ဧပြီ ၂၄ ရက်နေ့တွင် ရောက်ရှိလာပြီးနောက် ဧပြီ ၂၆ ရက်နေ့တွင် တိုက်ခိုက်မှုများ စတင်ခဲ့သည်။ စစ်ဘေးရှောင် ဒုက္ခသည် ၆၀ဝ ခန့်ကို ဧပြီ ၂၇ ရက်နေ့တွင် တောင်ပိုင်းမှ မြစ်ကြီးနားသို့ ထွက်ပြေးခြင်းကို တားဆီးခံခဲ့ကြရသည်။ သူတို့ကို အင်ဂျန်းယန်ရှိ ဘုရားကျောင်းတွင် အတင်းအဓမ္မ ခိုလှုံနေစေခဲ့သည်။ မေလ ၁၄ ရက်နေ့တွင် လူထု ခေါင်းဆောင်များသည် ယင်းဒုက္ခသည်များ ဘေးကင်းလုံခြုံရာသို့ ထွက်ခွာနိုင်ရေး အတွက် မြန်မာ့ တပ်မတော်နှင့် ဆွေးနွေးနေရဆဲဖြစ်သည်။
ကချင် အမျိုးသမီး အစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) သည် မြန်မာ့တပ်မတော်အား တိုင်းရင်းသား ဒေသအားလုံးရှိ သူတို့၏ ထိုးစစ်များကို ရပ်ဆိုင်းရန်နှင့် အရပ်သားများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ရပ်ဆိုင်းခြင်းဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြုပြင်ပြောင်းလဲမှုများဆီသို့ လှမ်းချီသော အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာစေရန် တိုက်တွန်းသည်။
မြန်မာနိုင်ငံ၏ စစ်ဖြစ်ရာ ဒေသများရှိ အရပ်သားများကို ကာကွယ်ရန် နိုင်ငံတကာ ဖိအားကို အရေးပေါ် လိုအပ်လျက်ရှိသည်။ ထို့ကြောင့် ကချင် အမျိုးသမီး အစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) သည် နိုင်ငံခြား အစိုးရများအား အောက်ပါတို့ကို တောင်းဆိုလိုက်သည်။
1. မြန်မာ့ တပ်မတော်၏ ထိုးစစ်များနှင့် တိုင်းရင်းသား ပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇ ဝတ်မှုများကို လူသိထင်ရှား ရှုတ်ချကြရန်
2. မြန်မာ့တပ်မတော်က ၎င်း၏ ထိုးစစ်များနှင့် တိုင်းရင်းသား ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ရပ်ဆိုင်းသည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရံပုံငွေများကို ဆိုင်းငံ့ ထားရန်
3. မြန်မာ့တပ်မတော်နှင့် စစ်ဘက်ဆိုင်ရာ အချင်းချင်း ပြုလုပ်နေသာ မည်သည့်ထိတွေ့ ဆက်ဆံမှုကို မဆို ရပ်ဆိုင်းရန်၊
4. မြန်မာအစိုးရက သူတို့၏ စစ်တပ်ကို သူတို့ကျူးလွန်သော စစ်ရာဇဝတ်များနှင့် ပတ်သက်၍ တာဝန်ခံမှု ရှိလာစေရန် လုပ်ဆောင်ပြီး တိုင်းရင်းသား ပြည်သူများအပေါ် စစ်ရေး အရထိုးစစ်များအားလုံးကို အဆုံးသတ်စေသည်အထိ မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှု များကို ဆိုင်းငံ့ထားရန်
5. ပဋိပက္ခဖြစ်သောတိုင်းရင်းသားဒေသများရှိ စစ်ပြေးဒုက္ခသည်များ လူထုများထံ ထိရောက်စွာ ကူညီနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်သော လူသားချင်းစာနာမှု အကူအညီများပေးရန်
သတင်းအချက်အလက်ပိုမိုသိရှိလိုပါကဆက်သွယ်ရန်
Moon Nay Li (+66 855 233 791)
San Htoi (+95 942 3076 625)
Kwat.office@gmail.com
www.kachinwomen.com