ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းမြေ အကွက် ၁၂/၁၃ ကို ရဲအင်အားသုံးပြီး အကောင်အထည်ဖော်ရာကနေ ဒေသခံတောင်သူနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာကြာင့် ဒေသခံတောင်သူအချို့ ရာဘာကျည် ထိမှန်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဒီဗွီဘီကိုပြောပါတယ်။

မြေယာသိမ်းဆည်းမှု စိစစ်ဆဲကာလမှာ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင်ကာ ဒေသခံတောင်သူတွေကို တားဆီးဖို့ ရဲအင်အား ၂၃၆ ဦးက လုံခြုံယူ စောင့်ကြပ်ခဲ့တာပါ။

ညနေပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က တောင်သူတွေကို ရာဘာကျည်ဆန်နဲ့ ပစ်ခဲ့လို့ တောင်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို ဆိုပါတယ်။

ဒေါ်အေးမြမြမျိုးက “ဗိုလ်ချုပ်အောင်စိုးကို လှမ်းဆက်တယ်။ ကျမတို့ကို ညှိနှိုင်းပေးဖို့ စီစဉ်ပေးပါ။ ကူညီပေးပါ။ ဝန်ကြီးချုပ်ကိုလည်း သွားပြောတယ်။ အဲဒီကြားထဲကနေ အခုက အကြမ်းဖက်တယ်။ အခုအစ်မလည်း သံလျင်ဆေးရုံရောက်နေတယ်။ မောင်လေး ၃ ယောက်ထိတယ်လို့ ကြားတယ်။ အခုက သံလျင်ဆေးရုံမှာတော့ ၂ ယောက် ရောက်နေတယ်။ တယောက်ကတော့ အချုပ်ကားထဲပဲ ပါသွားသလား။ အဲဒီမြေထဲမှာ ပုန်းနေသလားမသိဘူး။ အမလည်း ဒေသခံတွေနဲ့ ပါတီဥက္ကဋ္ဌကို လှမ်းပြီးတော့ အထဲမှာ ပိတ်မိနေတဲ့သူရှိမရှိ ကူညီပေးဖို့အတွက် လှမ်းအကူအညီတောင်းထားတယ်” လို့ ပြောပါတယ်။

မေလ ၁၂ ရက်နေ့ ည ၉ နာရီအချိန်အထိ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအချို့ ရှိနေကြပြီး လာမယ့်ရက်တွေလည်း ပဋိပက္ခဆက်ဖြစ်ပွားနိုင်သေးတယ်လို့ ဆိုပါတယ်။

အခုလို ရဲအင်အားသုံးပြီး အကြမ်းဖက်ပစ်ခတ်တာဟာ လယ်ယာမြေနဲ့အခြားမြေများ စိစစ်ရေး ကော်မတီကို ဂရုမစိုက်ရာရောက်ပြီး ဒီမိုကရေစီစနစ်နဲ့ မအပ်စပ်ဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေအရ ကျောက်တန်းရဲစခန်းမှာ အဖမ်းခံရတဲ့ တောင်သူ ၂ နဲ့ ဒဏ်ရာရရှိထားတဲ့ IC နောက်ဆုံးနှစ်ကျောင်းသားတဦး ရှိနေတယ်လို့လည်း ဒေါ်အေးမြမြမျိုးက သူ့ရဲ့လူမှုကွန်ရက်မှာ ထပ်မံရေးသားထားပါတယ်။

အဲဒီမြေကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတာဖြစ်ပြီး လယ်ယာမြေနဲ့အခြားမြေများ စိစစ်ရေးကော်မတီက စိစစ်နေဆဲဖြစ်ပါတယ်။

Photo ဒေါ်အေးမြမြမျိုး

 

ရိုက်ကူး – ကျော်ဇောဝင်း ၊ ကျော်လွင်ဦး/RFA

RFA News

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာက ဒေသခံလယ်သမားတွေကို ခရိုင်ကျေးလက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက တရားစွဲဆိုထားပါတယ်။

ပြည်သူသွားလာရာလမ်းပေါ် ခရီးသွားမှုနဲ့ ပစ္စည်းသယ်ဆောင်မှုအတွက် မသွားလာအောင် ပြုလုပ်မှုနဲ့ ခရိုင်ကျေးလက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်မင်းဦးက တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့ရာ အိန္ဒုနယ်မြေရဲစခန်းက (ပ)၆၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၃၁ နဲ့ ဒေသခံလယ်သမားတွေကို အမှုဖွင့်လှစ်ခဲ့တာလို့ ရဲအုပ် မင်းအောင်ထွန်းက ပြောပါတယ်။
ဒေသခံလယ်သမားတွေဘက်ကတော့ လယ်ယာသုံးလမ်းကို တရုတ်ကုမ္ပဏီပိုင် ကျောက်သယ်ယာဉ်ကြီးတွေ ဖြတ်သန်း သွားလာနိုင်ဖို့ လမ်းမြေသား မြှင့်တင်ဆောင်ရွက်ထားတဲ့အတွက် စိုက်ပျိုးရာသီအမီ လယ်ယာသုံးစက်တွေ အသုံးပြု သွားလာနိုင်အောင် ဒေသခံလယ်သမားတွေ စုပေါင်းပြီး ပြန်လည်ပြုပြင်ခဲ့တဲ့အတွက် အမှုဖွင့် တရားစွဲဆိုခံခဲ့ရတာလို့ ပြောပါတယ်။

လွန်းညစံပြကျေးရွာကလယ်သမား ဦးစောငြိမ်းဖြူက “နိုင်ငံတော်ဘတ်ဂျက် ကုန်ကျစရိတ်နဲ့ လုပ်ထားတဲ့လမ်း မဟုတ်ဘူး။ ကျနော်တို့ လယ်ယာသုံးလမ်းကို လယ်သမားတွေ အသုံးပြုနိုင်အောင် ပြန်လုပ်ထားတဲ့လမ်းကို ဘာဖြစ်လို့ ဥပဒေနဲ့ ပြန်ပြီးတော့ အရေးယူခံရတာလဲ။ ကျနော်တို့ နစ်နာထားတဲ့ဟာတွေ အစိုးရကမကူညီပဲနဲ့ CRBC ကုမ္ပဏီကို သူတို့က ပံ့ပိုးပေးတဲ့သဘောမျိုး ဖြစ်နေတယ်”လို့ ပြောပါတယ်။

ဘားအံမြို့၊ ၈၈ ကရင်မျိုးဆက် ကျောင်းသားများ လူမှုဖွံ့ဖြိုးရေး၊ ဗဟိုအလုပ်အမှုဆောင်၊ ဥက္ကဋ္ဌ ဦးစောမောင်ကြီးက “ကုမ္ပဏီကနေပြီး အားကိုးပြီးတော့ ဖိအားပေးပြီး အဓိက ဒေသ အာဏာပိုင်တွေက လယ်သမားကို တရားစွဲတာပေါ့။ ဒေသအာဏာပိုင်တွေ တရားစွဲရခြင်းက ကျနော်တို့ရဲ့ကိုယ်စားမပြုဘူးဆိုတာ ပေါ်လွင်ထင်ရှားစေတာပါ။ လူတစုစာအတွက် ခရိုနီတွေ၊ ဒါမှမဟုတ်ရင် ဒေသအာဏာပိုင်တွေ အကျိုးရှိမယ့် လူတွေအတွက်ပဲ အကာအကွယ်ပေးနေတာ။ ကျနော်တို့ တိုင်းရင်းသားတွေအတွက် အကာအကွယ်မပေးဘူးလို့ ကျနော်တို့က လက်ခံထားပါတယ်” လို့ ပြောပါတယ်။

အမှုဖွင့်တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို သွားရောက်တွေ့ဆုံမေးမြန်းရာမှာ တွေ့ဆုံခွင့်မရခဲ့လို့ ဖုန်းနဲ့ပြန်လည်ဆက်သွယ်ရာမှာ အမှုဖွင့်တရားစွဲတာ ပြည်နယ်မှူးက ခိုင်းလို့ ဆောင်ရွက်ခဲ့ရတာဖြစ်ပြီး အသေးစိတ်သိချင်ရင် ပြည်နယ်မှူးထံ သွားရောက်မေးမြန်းပါလို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်မင်းဦးက ပြောပါတယ်။

လွန်းညကျောက်တောင်ကနေ အာရှလမ်းသစ်စီမံကိန်းအတွက် ချစ်လင်းမြိုင်ကုမ္ပဏီက ကျောက်ထုတ်ယူ လုပ်ကိုင်ခွင့်ရရှိထားပြီး ကျောက်ကျင်းပေါင်း ၁ သိန်း ၃ သောင်းကို ၃ နှစ်အတွင်း ထုတ်ယူသွားမှာဖြစ်ပြီး ထွက်ရှိလာတဲ့ကျောက်တွေကို လယ်ယာသုံးလမ်းကနေ တရုတ်ကုမ္ပဏီ (CRBC) ပိုင် ကျောက်သယ်ယာဉ်ကြီးတွေနဲ့ သယ်ယူနေတာပါ။

လမ်းကို အသုံးပြုနေတဲ့ အချိန်မှာလည်း ပြုပြင်ပေးမှာဖြစ်သလို အသုံးပြုပြီးရင်လည်း ဒေသခံတွေ လိုချင်တဲ့ သဘောအတိုင်းဖြစ်အောင် လုပ်ဆောင်ပေးမယ်လို့ ကျောက်ထုတ် တာဝန်ခံက ပြောဆိုထားပေမယ့် ယနေ့တိုင်း လာရောက် ညှိနှိုင်းတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – ရဲမင်းခေါင်

ထွန်းလင်းအောင် (မြစ်ကြီးနား)

တနိုင်းဒေသ ပိတ်မိနေသူများ လုံခြုံမှုရှိသောနေရာသို့ လွတ်မြောက်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိနိုင်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ဧပြီ ၂၇ ရက်တွင် တောင်းဆိုစာပေးပို့ခဲ့ပြီး ယင်းတောင်းဆိုစာပေးပို့မှုအား အရပ်ဘက် အဖွဲ့အစည်း ၂၅၀ ကျော်က ထောက်ခံခဲ့သည်။
ယင်းတောင်းဆိုစာတွင် ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်ကတည်းက တနိုင်းမြို့နယ်၊ အောင်လောဒ်ကျေးရွာမှ ဒေသခံ ၂၀ဝ၀ ကျော်နှင့် ဖားကန့်မြို့နယ်၊ ကာမိုင်းဒေသ မန်ဝိုင်း(လိုင်နောင်းခူး) ဒေသခံ ၁၈၀ ကျော်သည် ယနေ့အချိန်အထိ စစ်ပွဲကြားတွင် ပိတ်မိနေဆဲဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ငါးနှစ်အောက်ကလေးငယ်များ၊ ဒဏ်ရာရရှိသူများ ပါဝင်နေပြီး ၁၅ ရက်အတွင်း မည်သည့်အကူအညီမျှ မရရှိကြောင်း ဖော်ပြပါရှိသည်။

တပ်မတော်က ဧပြီ ၁၈ ရက်တွင် တနိုင်းမြို့၌ အောင်လောဒ်ကျေးရွာသားများ ပြန်လာရန် ကြေညာခဲ့ပြီးနောက် နယ်ခံရွာသူရွာသားများ မဟုတ်သော ရွှေ့ပြောင်းအလုပ်သမား ၁၈၀ ကျော် အောင်လောဒ်ရွာသို့ ပြန်လာခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့ကို ဧပြီ ၂၂ ရက်တွင် ကြက်ခြေနီအဖွဲ့များက အောင်လောဒ်ကျေးရွာထိ သွားရောက်ကူညီမှုပြုလုပ်ရာ အဆိုပါပြန်လာသူများကို ဆိုင်ကယ်တစ်စီးလျှင် သုံးဦးနှုန်း စီးနင်းစေကာ ကြက်ခြေနီအသင်းများနှင့်အတူ တနိုင်းမြို့သို့ ပြန်လွှတ်ခဲ့ကြောင်း၊ ထိုသို့ပြန်လာရာတွင် တနိုင်းမရောက်မီ ဂျာထူးဇွပ်နေရာတွင် တပ်မတော်မှ ပစ်ခတ်သဖြင့် နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်းဆိုစာတွင် စွပ်စွဲဖော်ပြထားသည်။
ပိတ်မိပြည်သူများ လွတ်မြောက်နိုင်ရန် ဘာသာရေး၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၊ ကချင်လူထုရပ်မိရပ်ဖများက ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကချင်နိုင်ငံရေးပါတီများကလည်း နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း တောင်းဆိုစာအရ သိရသည်။
သို့ရာတွင် ယခုအချိန်အထိ တုံ့ပြန်ဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသည့်အပြင် ပိတ်မိနေသည့်ပြည်သူများ၏ အခြေအနေသည် ဆိုးရွားကာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ တနိုင်းမြို့သို့ ထွက်နိုင်မည့် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများကို စစ်ကြောင်းမှ ပိတ်ဆို့ကာ လွတ်မြောက်ရန် ကြိုးပမ်းသူများကို ခြမ်းခြောက်နေကြောင်းကြား သိရသည်ဟု သမ္မတထံပေးစာတွင် ဖော်ပြထားသည်။
အဆိုပါ သမ္မတထံစာပေးပို့မှုအား ဦးဆောင် ဆောင်ရွက်သူတစ်ဦးဖြစ်သည့် ထွယ်ဂျင်ဒါအဖွဲ့မှ ဒေါ်နန်ပူက “ထုတ်ပြန်ချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာ လူမှုအဖွဲ့အစည်း ၂၅၀ ကျော်က ထုတ်တာပါ။ တနိုင်းအောင်လောဒ်ဘက် လူ ၂၀ဝ၀ ဝန်းကျင်နှင့် ကာမိုင်းဘက်က မန်ဝိုင်း (လိုင်နောင်းခူး) မှာ လူ ၁၈၀ ကျော် ပိတ်မိနေတယ်။ တပ်မတော်က စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရတယ်။ အဓိကတော့ တောထဲမှာ ရောက်နေတဲ့ ပြည်သူတွေ အန္တရာယ်ကင်းတဲ့နေရာကို ရောက်စေချင်တယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ရောက်စေချင်တယ်” ဟု ပြောကြားသည်။
ထိုသို့ စစ်ရှောင်ဒုက္ခသည်များ တောထဲတွင် ပိတ်မိနေသည့်ကိစ္စအား အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ဧပြီ ၃၀ ရက်မှ စတင်ကာ မြစ်ကြီးနားမြို့တွင် ထိုင်သပိတ် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက “ကြက်ခြေနီတွေ အောင်လောဒ်ကို သွားကူတယ်။ ဒေသခံတွေက တောထဲကနေ ထွက်မလာနိုင်ဘူး။ အဓိကတော့ ဒေသခံတွေက စစ်တပ်ဘက်က စစ်လား။ ဆေးလားလုပ်မှာကို စိုးရိမ်တဲ့သဘောရှိတယ်။ ဒီဘက်မှာက ကျွန်တော်တို့လည်း လက်နက်ကိုင်နှစ်ဖွဲ့ကြားမှာ ညှပ်နေတယ်။ တပ်ကလည်း အကြမ်းဖက် ကေအိုင်အေ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိသူများဆိုပြီး ကြေညာတာကိုလည်း ဒေသခံတွေက ဝေဖန်ကြတယ်။ အောင်လောဒ်က တပ်မဟာ (၂) နယ်မြေကို။ ဆိုင်ကယ်နှင့် ပြန်လာသူတွေ သေဆုံးသူရှိတယ်လို့ ကြားရတယ်။ ဒါပေမဲ့ သက်ဆိုင်ရာတွေ အောက်ခြေကို မေးကြည့်တော့ ဘာမှအတည်ပြုလို့ မရဘူး။ ဒေသခံတွေကို တွက်ကြည့်ရရင် စိုးရိမ်နေကြတာဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ပြန်လာခိုင်းပြီး တစ်ခုတစ်ခုက ဖြစ်လာရင်စစ်ဘက်နဲ့ ဆိုင်တာကို ကျွန်တော်တို့က ဘာမှမပြောနိုင်ဘူးလေ” ဟု ပြောကြားသည်။
တပ်မတော်နှင့် ကေအိုင်အေတို့ တနိုင်းဒေသတွင် တရားမဝင် ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ဧပြီလအထိ ဆယ်လနီးပါး ကြာမြင့်ခဲ့ပြီးဖြစ်သည်။
နှစ်ဖက် ပစ်ခတ်မှုများကြားတွင် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ လူပေါင်းတစ်သိန်းခန့် ရွှေ့ပြောင်းရခြင်း၊ ပစ်ခတ်မှုများကြားတွင် ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်း၊ မသင်္ကာသူများ ဖမ်းဆီးခံရခြင်း၊ ကျေးရွာလုံးကျွတ် ထွက်ပြေးလာရခြင်းများ ရှိခဲ့သည်။ တနိုင်းဒေသတွင် ၂၀၁၇ ဇွန်လမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်းသိန်းနှင့်ချီ စစ်၏အကျိုးသက်ရောက်မှုကို ခံရပြီး ဒေသခံများအတွင်း ပြန်လည်ထူထောင်ရေးမှာ ကြီးမားသော စိန်ခေါ်မှု ဖြစ်လာခဲ့ပြီဖြစ်သည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ၄၈၅၆၆ ဦး နေထိုင်ပြီး မြို့ပေါ်တွင် ၃၁၉၉၈ ဦး၊ ကျေးလက်နေပြည်သူ ၁၆၅၆၈ ဦး နေထိုင်ကြောင်း သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၃-က) စာမျက်နှာ ၃၀ တွင် ဖော်ပြထားသည်။
၂၀၁၈ ဧပြီလအတွင်း တိုက်ပွဲများကြောင့် တနိုင်းဒေသ၊ KIA တပ်မဟာ (၂)အခြေစိုက်ရာ အောင်လောဒ်ရွာတွင် ကျေးရွာသား ၂၀ဝ၀ ခန့် တောတောင်ထဲတွင် ရှိနေပြီး၊ နမ္မတီးမြို့မြောက်ဘက်ရှိ KIA ရင်း(၁) အခြေစိုက်ရာ ကဆုန့်နှင့် ဇွတ်မိုင်ကျေးရွာမှ လူပေါင်း ၁၀ဝ၀ ကျော်မှာ နမ္မတီးမြို့ရှိ ဘုရားရှိခိုးကျောင်းများတွင် လာရောက်ခိုလှုံနေရကြောင်း သိရသည်။

Elevel Media

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ဆွစ်ဇာလန်သံ အမတ်ကြီး မစ္စခရစ္စတင်း ရွှာနာဘာဂီနာကို ခန့်အပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်က ဧပြီ ၂၆ ရက်မှာ ကြေညာပါတယ်။မစ္စဘာဂီနာဟာ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၁၅ ခုနှစ်ကနေ လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀ဝ၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၀ ပြည့်နှစ် ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပဋိပက္ခအတွင်း နှစ်ဖက်အကြား ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပြီး ဆွစ်ဇာလန်-ထိုင်းကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။မစ္စဘာဂီနာဟာ ဇူးရစ်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့ပြီး ဆွစ်ဇာလန် နိ်ုင်ငံခြားရေးဌာနမှာ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေဌာန အကြီးအကဲတာဝန်အပြင် တခြားအဆင့်မြင့်တာဝန်တွေ ယူခဲ့သူဖြစ်ပြီး သံတမန်လောကမှာ နှစ်ပေါင်း ၂၅ နှစ်လောက် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။သူ့ရဲ့ခင်ပွန်းဖြစ်သူ ခရစ္စတိုဖာဘာဂီနာဟာလည်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းလက်ထက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ အိန္ဒိယ ဝါရင့်သံတမန် ဗီဂျေနမ်ဘီးယားဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာကတည်းက တာဝန်ပြီးဆုံးသွားတဲ့အတွက် သူ့နေရာမှာ အသစ်ခန့်အပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက အတွင်းရေးမှူးချုပ်ဂူတာရပ်စ်ကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။ဗီဂျေနမ်ဘီယားကတော့ ၂၀၁၀ ကနေ ၂၀၁၆ ခုနှစ်ထိ တာဝန်ယူခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်တဲ့နေရာတွေကို မကြာခဏ သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တက်ရောက်လေ့လာခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်ကူညီ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်လို့ ကုသလမဂ္ဂမှာ ပုံမှန် အစီရင်ခံတင်ပြခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်ခါနီး ရက်ပိုင်းအလိုမှာ ခုလို မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ကို ခန့်အပ်တာဝန်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-Blick

DVB News

ND-Burma မှ ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ အကြမ်းဖက်ချိုး ဖောက်မှုများအတွက် တရားမ ျှတမှုရရှိရန်ကြိုးပမ်းမှုများကို စစ်တပ်မှ ဆက်လက် တားဆီး ဟန့်တားနေ သည်။ Read more