(ရန်ကုန်) — ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ခုကြား စစ်ရေး တင်းမာမှု ဆက်ဖြစ်နေသောကြောင့် မန်စံနှင့် မိုင်းမုကျေးရွာအုပ်စုတို့မှ စစ်ဘေးရှောင်များက နေရပ်ပြန်ရန် စိုးရိမ်နေကြဆဲဖြစ်သည်။

ပန်ကွတ်ကျေးရွာအနီးတွင် တအန်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား သြဂုတ် ၅ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း ထိုဒေသတွင် နှစ်ဘက် စစ်အင်အား ဖြည့်တင်းထားကြသည်ဟု ဒေသခံတို့က ပြောသည်။

ဒေသတွင်း ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၈ဝဝ ဝန်းကျင်ခန့် ခိုလှုံနေကြကြောင်း၊ ၎င်းတို့ထဲတွင် ကျောင်းသူကျောင်းသား ၂ဝဝ ခန့် ပါဝင်ကြောင်း ဒေသခံကျောင်းဆရာတစ်ဦးကပြောသည်။

“ကလေးတွေကျောင်းတက်ရမယ့် အချိ်န်လေ။ ဒီလိုအချိန်ဖြစ်တော့ ကလေးတွေလည်း ပညာကောင်းကောင်း မသင်ကြရဘူး” ဟု ကျောင်းဆရာက ပြောသည်။

သီးနှံစိုက်ပျိုးချိန်ဖြစ်သော်လည်း လုပ်ငန်းများကိုလည်း ပစ်ထားရကြောင်း၊ ရေရှည်တွင် စားရေးသောက်ရေး ခက်ခဲမည်ကို စိုးရိမ်ကြောင်း မန်စံကျေးရွာရောက် စစ်ရှောင်တစ်ဦးဖြစ်သူ အိုက်လျန်းက ပြောသည်။

“ပြောင်းတွေ ပေါင်းရှင်းရမှာလည်း မရှင်းနိုင်သေးဘူး။ သူတို့က ဒီလိုဖြစ်နေတော့ ကျွန်တော်တို့ ဘာလုပ်စားရမလဲ” ဟု ပန်ဟတ်ကျေးရွာသား အိုက်လျန်းက ပြောသည်။

TNLA စွပ်စွဲချက်

ပြီးခဲ့သည့်လအတွင်း တိုက်ပွဲ ၅ ကြိမ်မှ ၇ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း နှစ်ဘက် ထုတ်ပြန်ချက်များအရ သိရသည်။

တိုက်ပွဲများဖြစ်ပွားရခြင်းမှာ RCSS/SSA တပ်ဖွဲ့များက ၂ဝ၁၅ ခုနှစ် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နယ်မြေ ကျူးကျော် ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း TNLA က စွပ်စွဲသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးတွင် မန်စံကျေးရွာအုပ်စု ပန်ကွတ်၊ ပန်ဆော့ကျေးရွာနှင့် ပန်လုံကျေးရွာအုပ်စု ပန်ဟတ်၊ မန်ဆာ၊နမ့်ဆီလင်း၊နောင်ငင်း၊ နားဟုတ်စသည့်ကျေးရွာများရှိနေကြောင်း၊ အဆိုပါကျေးရွာများအနီးသို့ တပ်မတော်၊ SSPP/SSA ဟု ထင်ရှားသည့် ရှမ်းပြည်တပ်မတော်တို့လည်း ရောက်နေကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်ထံမှ သိရသည်။

“အဖွဲ့တွေက သုံးလေးဖွဲ့လောက်ရှိနေတော့ ဘယ်လိုဖြစ်လာမယ် ဆိုတာ ပြောလို့ မရသေးဘူး၊ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ပဲ ပြောလို့ရမယ် ” ဟု ဗိ်ုလ်မှူးတာအိုက်ကျော်က ပြောသည်။

RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းဦးက လတ်တလောအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ် ရှင်းပြရန် အဆင်သင့် မဖြစ်သေးဟု ပြောသည်။

Myanmar Now

ရှမ်းပြည်နယ်၊ ကျိုင်းခမ်းဒေသမှာရှိတဲ့ အလုပ်သမား ၁၂ ယောက်ကို ရှမ်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခုဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA ) ကနေ ဖမ်းခေါ် ထားတဲ့ အတွက် ဒီလူ တွေ ကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း လိုက်ပါတယ်။

ကျိုင်းခမ်းဒေသမှာရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီလေးခုက အမျိုးသား ဝန်ထမ်း၁၂ယောက်ကို SSA တပ်မဟာခွဲတခုဖြစ်တဲ့ တပ်ခွဲ ၁၉၈ ကနေ ဖမ်းခေါ်ထားတယ်ဆိုပြီး မိသားစုဝင်တွေက အမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို တိုင်တန်းလာခဲ့တာဖြစ်ပါတယ်။

အဖမ်းခံရတဲ့ လူငယ် ၁၂ဦးထဲက အမျိုးသား ၆ဦးဟာ၂၀၁ဝခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့ကတည်းက ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

နောက်ထပ် ၆ဦးကတော့ ၂၀၁၁ ဇန်နဝါရီ ၆ရက်နေ့မှာ ဖမ်းခံရတဲ့လူတွေကို ကျပ် သိန်း ၂၀ဝနဲ့ သွားရွေးစဉ်မှာ ထပ်မံ ဖမ်းဆီးထားခဲ့တာဖြစ်တယ်လို့ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ဖေဖော်ဝါရီ လမှာ ဖမ်းခံ ရတဲ့ လူတွေရဲ့ မိသားစုဝင်တွေ က ကော်မရှင် ကို တိုင်ကြား လာခဲ့ပြီး ဧပြီလ မှာ ရှမ်းပြည်နယ် အစိုးရ ကို အကြောင်းကြား ခဲ့တယ်လို့ ကော်မရှင်အဖွဲ့အတွင်းရေးမှုးဖြစ်တဲ့ ဦးယုလွင်အောင် က ပြော ပါတယ်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှာလည်း ထပ်မံ တိုင်ကြား လာခဲ့ပြီး ရှမ်းပြည်နယ် အစိုးရ ကို ထပ်မံ အကြောင်းကြား ခဲ့ပေမယ့် အခုချိန်အထိ အခြေအနေ မထူး ခြားဘူးလို့လည်း သူက ဆိုပါတယ်။

အဖမ်း ခံထားရသူတွေ ပြန်လည်လွတ်မြောက်လာဖို့ အရေး ပြည်နယ် အစိုးရ အဖွဲ့ အနေနဲ့ တောင်ကြီးမြို့မှာ ရှိတဲ့ RCSS/SSA ဆက်ဆံရေးရုံးကို ဒီနှစ် ၅လပိုင်းမတိုင်ခင်ကတည်းက ဆက်သွယ်အကြောင်းကြားခဲ့ ပေမယ့်လည်း အကြောင်းထူး လာတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။

RCSSဓာတ်ပုံ မူပိုင်RCSS
Image captionရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ

အဖမ်းခံရသူတွေအရေးကို ရှမ်းပြည်အစိုးရအဖွဲ့ကနေတဆင့် ဆက်သွယ် ဆောင်ရွက်ခဲ့ပေမယ့်လည်း အကြောင်းမထူးတဲ့အတွက် ကော်မရှင် အနေနဲ့ အခုလို တရားဝင်ထုတ်ဖော်ပြောဆိုပြီး တိုက်တွန်း ရတာဖြစ်တယ်လို့လည်း ဦးယုလွင်အောင် က ဆိုပါတယ်။

အဖမ်းခံထားရသူတွေပြန်လည်လွတ်မြောက်ဖို့အတွက် SSA အဖွဲ့ ကို မေတ္တာရပ်ခံ တဲ့ ကိစ္စ ကိုပဲ လုပ်နိုင်မှာ ဖြစ်တယ်လို့ ကော်မရှင် ဘက် က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တခုအနေနဲ့ အခုလို လုပ်ဆောင်တာဟာ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ထိခိုက်စေတဲ့အပြင် အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးကို ထိခိုက်စေတယ်လို့ လူ့အခွင့်အရေးကော်မရှင်က ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ SSA တောင်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဒုတိယ ဗိုလ်မှုးကြီး စိုင်းမိဏ်းနဲ့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးတို့ကို နောက်ဆုံးအချိန်ထိ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။

BBC Burmese News

မွန်ပြည်နယ်၊ပေါင် မြို့နယ် အထကခွဲ(မင်းတန်း)တွင် အ​ခြေခံလူ့အခွင့်​့အ​ရေး​ဟော​ပြောပွဲအား AAPP မှကြီးမှူးကျဘင်​းပခဲ့ပါသည်။ ဟောပြောပွဲ တ ွင်
ကိုဝဏ္ဏနွယ် မှ AAPP အဖွဲ့သားများနှင့်​့မိတ်​ဆက်​​ပေးပြီး ​ဟော​ပြောပွဲပြုလုပ်​ရခြင်​းရည်​ရွယ်​ချက်​များကိုရှင်းပြပေးပါသည်။ ဆက်လက်ပြီး AAPP ၏လူ့အခွင့်အရေးသင်တန်းနည်းပြ မဇွန်ပန်း မှ လူ့အခွင့်​့အ​ရေးအ​ကြောင်​းများ၊ UDHR အချက် ၃၀ နှင်​့ တာဝန်​ယူမှု၊တာဝန်​ခံမှု အ​ကြောင်​းများကို​ ​ဟော​ပြောရှင်​းလင်​း​ဆွေး​နွေး​ပေးခဲ့ပါသည်​။ ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို မေးခွန်းများမေးမြန်းခဲ့ပြီး ဟော​ပြောပွဲကို ​​အထက_ခွဲ(မင်းတန်း)မှကျောင်းသား/ကျောင်​းသူ စုစုပေါင်း (၂၇၀) ​​ဦးခန့် နှင်​့ ဆရာ /ဆရာမမျ ား တက်​ရောက်​နား​ထောင်​ကြပါသည်။ ဟောပြောပွဲတွင် AAPP မှ နည်းပြ မဇွန်ပန်း ၊ကိုခင်မောင်ဝင်း၊ကိုထွေးမော် နှင့်အတူ ကိုဖြိုးဆွေမောင် ၊ကိုအောင်သက်ထွန်း ၊ ပေါင်မြို့နယ်မှကိုမြင့်မြတ် တို့မှပါဝင်​အားဖြည်​့ကူညီ​ပေးခဲ့ကြပါသည်​။
​ဟော​ပြောပွဲကို ၉.၈၂၀၁၈ နံနက် (၉:ဝ၀) နာရီ မှ (၁၂:ဝ၀) နာရီ ထိကျင်​းပပြုလုပ်​ခဲ့ပါသည်။ဆွေးနွေးပွဲ
တွင် AAPP မှ UDHR နှင့် CRC လကမ်းစာစောင်များ၊ ပိုစတာများဝေငှ ပေးခဲ့ပါသည်။

အလှည့်ကျဥက္ကဌ အဖြစ် ဗြိတိန်က စတင်တာဝန်ယူတဲ့ သြဂုတ်လမှာ လာမယ့် ၂၈ ရက်နေ့ရောက်ရင် မြန်မာ့အရေးကို တံခါးဖွင့်ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလှည့်ကျဥက္ကဌ အဖြစ် စတင်တာဝန်ယူတဲ့ ဗြိတိန် နိုင်ငံက သံအမတ်ကြီး Karen Pierce ရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေကို ဒေါ်ခင်မျိုးသက်က ကောက်နှုတ်တင်ပြပေးမှာပါ။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွီဒင် အလှည့်ကျဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ချိန်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခု ဗြိတိန် အလှည့်ကျဥက္ကဌ တာဝန်ယူချိန်မှာတော့ သြဂုတ်လ ၂၈ ရက်နေ့မှာ တံခါးဖွင့်ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း အလှည့်ကျ ဥက္ကဌ အဖြစ် သြဂုတ်လ ၁ ရက်နေ့မှာစတင် တာဝန်ယူတဲ့ ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး Karen Pierce က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ပထမဦးဆုံး အနေနဲ့ လုံခြုံရေးကောင်စီက သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တံခါးဖွင့် ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအချိန်ဟာ ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွါးခဲ့တဲ့ တနှစ်ပြည့်လည်း ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီကနေ ဒီနှစ်စောစောပိုင်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်က လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ တစည်းတလုံးတည်း ရှိကြပါတယ်။ ဒါ့ကြောင့်လည်း ဒီအရေးကို လုံခြုံရေး ကောင်စီရဲ့ ဆွေးနွေးပွဲ အစီအစဉ်ရဲ့ ထိပ်ဆုံးမှာ ဦးစားပေးလိုတာ ဖြစ်ပါတယ်။”ရခိုင်ပြည်နယ်မှာ မနှစ်က သြဂုတ်လ ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တဲ့အတွက် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့ နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံခဲ့တာမို့ တနှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးအတွက် ကြိုးပမ်းအ ားထုတ်တဲ့ အနေနဲ့ အခုလို ဆွေးနွေးမှာ ဖြစ်ကြောင်း သံအမတ်ကြီး Pierce ကပြောပါတယ်။”ကျမတို့ အနေနဲ့ သြဂုတ်လမှာ အမှတ်တရ ကျင်းပချင်တာက အတွင်းရေးမှုးချုပ် အနေနဲ့ တင်စားပြောခဲ့တဲ့ လူမျိုးစုလိုက် ဖယ်ရှားရှင်းလင်းမှု ethnic cleansing ဖြစ်ခဲ့တဲ့ တနှစ်ပြည့်ဖြစ်ပါတယ်။ ဒီအမှတ်တရ အချိန်အခါသမယကို အခြေပြုပြီး လက်မှတ်ရေးထိုးထားတဲ့ MoU မှာ ကုလသမဂ္ဂ အထူးသဖြင့် UNHCR နဲ့ UNDP တို့ကို မူအားဖြင့် အကန့်အသတ်မရှိ ဒုက္ခသည်များထံ သွားရောက်ခွင့် ပြုထားတာ ဖြစ်တဲ့အတိုင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ တို့နဲ့ အတူ ကုလသမဂ္ဂက ဒုက္ခသည်တွေ ဘေးကင်း လုံခြုံစွာနဲ့ သိက္ခာရှိရှိ နေရပ်ရင်း ပြန်နိုင်ရေး အတွက် ခိုင်မာတဲ့ အစီစဉ် တရပ် ချမှတ်နိုင်ရေး လည်း ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်ဖို့ ကလည်း ဒုက္ခသည်တွေ အနေနဲ့ နေရပ်ရင်း ပြန်တဲ့ အခါ အသက်မွေး ဝမ်းကျောင်း ဖူလုံမှု ရှိနိုင်ဖို့ လိုပါတယ်။”ဆွေးနွေးပွဲမှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး တာဝန်ခံတာဝန်ယူမှု အတိုင်းတာကို ဒုတိယ ဦးစားပေး အနေနဲ့ ဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

“မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ဒုတိယ အရေးကြီးတဲ့ ကိစ္စက ပစ်မှု ကျူးလွန်သူတွေကို အပစ်ပေး အရေးယူဖို့ ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ကြတဲ့သူတွေ တွေ့ခဲ့ကြားခဲ့ကြရတာတွေကြောင့် သိပ်ကို စိတ်မကောင်း ဖြစ်ကြရပါတယ်။ မြန်မာအစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အဖွဲ့ဝင်တွေရဲ့ အမည်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ခြေလှမ်းကောင်း တရပ်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ကျမတို့ လက်တွဲဆောင်ရွက် နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်က ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို အတိအကျ ကျမတို့ သိလိုပါတယ်။ ကုလသမဂ္ဂရဲ့ mechanism နည်းစံနစ်တွေအရ လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် လူ့အခွင့်အရေး မဟာမင်းကြီးရုံးနဲ့လည်း ညှိနှိုင်း ဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဒါ့အပြင် ရိုဟင်ဂျာတွေ အတွက် နိုင်ငံသား ပေးသင့် မပေးသင့် ကိစ္စရပ်ကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သံအမတ်ကြီး ကပြောပါတယ်။”မြန်မာ့ အရေးနဲ့ ပတ်သက်လို့ နောက်ဆုံး ဆွေးနွေးမယ့် ကိစ္စရပ်ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသား ခံယူပေးဖို့ ဆိုတဲ့ မေးခွန်း ပါပဲ။ ဒါကို လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သိပ်ကိုစိတ်ဝင်စားခဲ့ ပါတယ်။ ဒါ့အပြင် ရခိုင်ကော်မရှင်ရဲ့ အကြံပေးချက်တွေ မှာလည်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေကို ထည့်သွင်းထားပါတယ်။ ဒီအချက်တွေ ကိုလည်း ဆောင်ရွက်ပေးဖို့ လုံခြုံရေးကောင်စီ အနေနဲ့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။

“ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီအနေနဲ့ ICC နိုင်ငံတကာရာဇဝတ်တရားရုံးကို တင်ဖို့ လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ သတင်းထောက်က မေးမြန်းရာမှာတော့ ဗြိတိန်နိုင်ငံက ICC တင်ဖို့ အပြည့်အဝ ထောက်ခံပေမယ့် တရုတ်နဲ့ ရုရှားတို့လို အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကန့်ကွက်မှု ရှိမှာ သေချာတဲ့ အတွက် အခုချိန်မှာ ICC တင်နိုင်ဖို့ အခြေနေ မရှိသေးကြောင်း ဒါပေမယ့် ဒီအချက်ကိုတော့ လက်လွှတ်လို့ မရကြောင်း သံအမတ်ကြီးက ပြောပါတယ်။”ICC နဲ့ မြန်မာကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ICC တင်ရေးကို အခိုင်အမာထောက်ခံပါတယ်။ ဒါပေမယ့် သိတဲ့ အတိုင်းပဲ မြန်မာက Roman Statue ကို လက်မှတ်ရေးထိုး မထားတဲ့ အတွက် ICC တင်နိုင်ဖို့က မလွယ်ပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ချ မှတ်ဖို့ လိုအပ်ပါတယ်။ အချိန်မှာတော့ ICC တင်ဖို့ အခြေနေဟာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီလိုပြောလို့လည်း မကြိုးစား တော့ဘူးလားလို့ မေးစရာ ရှိပါတယ်။ လက်ရှိမှာ ဒီအခြေနေ မရောက်သေးဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် အထောက်အထားတွေ အများရှိ ရှိနေသလို ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ ကောက်ယူ နေတာတွေ လည်း ရှိပါတယ်။ ဒါ့ကြောင့် တနေ့မှာ တာဝန်ခံ တာဝန်ယူမှုနဲ့ ပတ်သက်ပြီးကျူးလွန်သူတွေကို အပစ်ပေးဖို့ လုပ်ရာမှာ အသုံးကျလာမှာ ဖြစ်ပါတယ်။ Geneva လူ့အခွင့်ရေး ကောင်စီမှာ စက်တင်ဘာလ ကျရင် အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ ကြားနာပွဲ ရှိပါတယ်။ ဒီကြားနာပွဲ ပြီးတဲ့နောက်မှာ ဆက်ပြီး လေ့လာ သုံးသပ်ရမှာလည်း ဖြစ်ပါတယ်။

“တံခါးဖွင့် ဆွေးနွေးပွဲအပြီးမှာ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ကြေညာချက် ဒါမှမဟုတ် ဆုံးဖြတ်ချက် လိုမျိုး တိကျတဲ့ ရလဒ် ထွက်ပေါ်လာဖို့ ရှိမရှိ သတင်းထောက်က မေးမြန်းရာမှာတော့ သံအမတ်ကြီးက-“ဒီဆွေးနွေးပွဲဟာ တံခါးဖွင့်ဆွေးနွေးပွဲဖြစ်ပြီး ပါဝင်ဆွေးနွေးမှုတွေက အများကြီး ရှိကြမှာပါ။ ဒါ့ကြောင့် ဒီဆွေးနွေးပွဲ အပြီးမှာ တိကျတဲ့ ရလဒ် ထွက်ပေါ်ဖို့က လိုအပ်ချင်မှ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို အခုအချိန်မှာတော့ ကြိုပြီး ပြောလို့ မရပါဘူး။ အဲဒီအချိန် ကျမှသာ လေ့လာ စဉ်းစားကြဖို့ ရှိပါတယ်။”ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကိုယ်တိုင်တက်ရောက်ပြီး အစီရင်ခံဖို့ ဖိတ်ကြားထားသလို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးအသစ် Jeremy Hunt လည်း တက်ရောက်ဖို့ ရှိပါတယ်။ပြီးခဲ့တဲ့လ တံခါးပိတ်ဆွေးနွေးပွဲမှာ မြန်မာသံအမတ်ကြီးရော ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးပါ တက်ရောက် ခွင့်မရ ခဲ့ပေမယ့် အခု ဆွေးနွေးပွဲမှာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းရော ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးပါ တက်ရောက်မှာ ဖြစ်ပါတယ်။

VOA News

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ တင်နိုင်မည်လား သို့မဟုတ် မြန်မာနိုင်ငံတွင် အမျိုးသားရေး လှိုင်းထန်နေသောကြောင့် လူအများ ရွေးချယ်သည့် သမ္မတ ဖြစ်လာမည်လား ဆိုသည့် မေးခွန်း မေးစရာ ရှိနေသည်။

အပြင်းအထန် ဝေဖန်ခံနေရသော်လည်း နိုင်ငံရေးအရ အင်အားကြီးမားလှသည့် တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် အနာဂတ်နှင့် ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။ တဖက်တွင်မူ ဗိုလ်ချုပ်မှူးကြီးသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စနစ်တကျ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ယုံကြည်နေကြသည်။

လွန်ခဲ့သောနှစ် သြဂုတ်လက စတင်ခဲ့သော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်စလင် ၈၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးကြရသည်။ ထို ဒုက္ခသည်များသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်မတော်က ကျူးလွန်သည့် ကြောက်မက်ဖွယ်ရာ အဓမ္မပြုကျင့်မှုများ၊ သတ်ဖြတ်မှုများနှင့် မီးရှို့မှု ဇာတ်လမ်းများကိုလည်း ၎င်းတို့နှင့်အတူ သယ်ဆောင်ခဲ့ကြသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင်ကြေညာခြင်း မရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံရေး ရည်မှန်းချက် ရှိသည်ဟု နိုင်ငံရေးလေ့လာသူများက အခြားတဖက်တွင် ယူဆနေသည်။

လူ့အခွင့်အရေး ချိုးဖောက်သော စစ်အုပ်ချုပ်ရေးနှင့် စစ်တပ် ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးကာလ ဆယ်စုနှစ်များကို အဆုံးသတ်လိုက်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ရွေးကောက်ခံ အစိုးရ ဖွဲ့စည်းချိန်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ စွမ်းဆောင်ရည် ညံ့ဖျင်းလှသောကြောင့် မြန်မာပြည်သူများသည် အခြားခေါင်းဆောင် အပြောင်းအလဲကို စတင် ရှာဖွေနေကောင်း ရှာဖွေနေနိုင်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက လူမျိုးစု သုတ်သင်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုဟု မြင်နေသော်လည်း ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများအပေါ် တပ်မတော်၏ စစ်ဆင်ရေးများကို မြန်မာနိုင်ငံမှ လူများစုက မကြိုဆိုကြသည်တော့ မဟုတ်ပေ။ ထိုသူများက ရခိုင်ပြည်နယ်မှ မွတ်စလင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ခိုးဝင်လာသူများ ဖြစ်သည်ဟု မြင်ကြသည်။ ထို့ကြောင့် နိုင်ငံတကာ ဖိအားက ပြည်တွင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံရိပ်အပေါ် လူကြိုက်များမှုကို ပိုမိုထောက်ကူပေးနေပုံရသည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု စွပ်စွဲချက်ဖြင့် ICC သို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲမှတဆင့် သမ္မတဖြစ်လာခြင်း စသည့်ဖြစ်ရပ် နှစ်ခုစလုံးသည် မဖြစ်နိုင်ဟု ဆိုရန် ခက်ခဲသည်။ သို့သော် ရိုဟင်ဂျာ အခြေအနေနှင့် ပတ်သတ်ပြီး တာဝန်ရှိမှု တစုံတခုအတွက် နိုင်ငံတကာ ဖိအားမှာ ကြီးထွားလာနေသည်။

တပ်မတော်၏ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများအပေါ် စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားအရာရှိ ၁၂ ဦးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် စွဲဆိုရန် ခိုင်လုံပြီး ယုံကြည်နိုင်ဖွယ်ရှိသော အထောက်အထားများ စုဆောင်းထားသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇွန်လ ၂၇ ရက်နေ့ အစီရင်ခံစာ တစောင်တွင် ပြောခဲ့သည်။

ထိုစဉ်က ဖြစ်ပွားသော အကြမ်းဖက်မှုများသည် လူရမ်းကား စစ်သားများ သို့မဟုတ် တပ်ဖွဲ့များက ကျူးလွန်သော လုပ်ရပ်မဟုတ်ဘဲ အဆင့်မြင့် အကွက်ချ၊ စနစ်တကျ တိုက်ခိုက်မှုများဖြစ်သည်ဟု ထိုအစီရင်ခံစာကဖော်ပြပြီး ထိုအခြေအနေကို ICC သို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။

“လူမျိုးစု သုတ်သင်မှု မတိုင်မီနှင့် သုတ်သင်နေစဉ် အတွင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း တပ်မှူးများသည် စစ်ဆင်ရေး တစိတ်တပိုင်းကို ကြီးကြပ်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တိုက်ရိုက်သွားရောက်ခဲ့သည်” ဟုလည်း အစီရင်ခံစာက ဆိုသည်။

“လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း အဆင့်မြင့် စစ်ဖက်ခေါင်းဆောင်များ သိခဲ့သည် သို့မဟုတ် သိသော်လည်း ထိုရာဇဝတ်မှုများကို တားဆီးရန်၊ ရပ်တန့်ရန် သို့မဟုတ် အပြစ်ပေးရန် ၎င်းတို့ အမိန့်ပေးနိုင်သည့် အခွင့်အာဏာကို မသုံးခဲ့ကြဘဲ နောက်ပိုင်းတွင် အများအပြားကို ဖုံးကွယ်ထားရန်ပင် ကြိုးစားခဲ့ကြသည်” ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

ထိုသို့ စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် ICC က စီရင်ခွင့်ကို ကျင့်သုံးသင့်သည်ဟူသော တရားစွဲရှေ့နေ၏ တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် ICC က မြန်မာနိုင်ငံကို ဇွန်လ ၂၂ ရက်နေ့တွင် အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံသည် ICC ကို ထူထောင်သည့် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်သောကြောင့် ထိုသို့ စီရင်ခွင့်၏ ပြင်ပတွင် ရှိနေပုံရသည်။ ICC တောင်းဆိုမှုကို တရားဝင် တုန့်ပြန်မည် မဟုတ်ကြောင်းလည်း အစိုးရက ကြေညာထားသည်။

ICC မှ တရားစွဲရှေ့နေများအနေဖြင့် လှည့်ပတ်လုပ်ဆောင်နိုင်သော နည်းလမ်းတခုမှာ ချိုးဖောက်ခံရသူများ၏ ကိုယ်စားလှယ်က ICC သို့ တင်သွင်းသော လျှောက်ထားချက်ကို သုံးရန်ဖြစ်သည်။ ထိုလျှောက်ထားချက်တွင် “ရာဇဝတ်မှု အဓိကကျသော ဥပဒေဆိုင်ရာ အစိတ်အပိုင်းဖြစ်သည့် နိုင်ငံတကာ နယ်နိမိတ်ဖြတ်ကျော်ခြင်းသည် ရောမစာချုပ် အဖွဲ့ဝင်ဖြစ်သော နိုင်ငံ၏ ပိုင်နက်အတွင်း ဖြစ်ပွားသည်” ဟု တင်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ် မတ်လတွင် ရောမစာချုပ်ကို အတည်ပြုခဲ့သည်။ အထက်ပါ လျှောက်ထားချက်ကို လက်ခံခဲ့ပါက ICC သည် စီရင်ခွင့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသုံးချနိုင်သည်။

အမှုကို ICC သို့ တင်နိုင်ခဲ့လျှင်ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စွပ်စွဲချက်များကို ဖြေကြားရန် သည်ဟိဂ်မြို့ သို့ ရောက်လာမည်ဟု ယုံကြည်ပါက လက်တွေ့မကျလှပေ။ အပြစ်ရှိကြောင်း မျက်ကွယ်တွင် ဆုံးဖြတ်လျှင်လည်း တခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရိုက်ခတ်မှုမှာ တပ်မတော်အကြီးအကဲသည် အချို့သော ICC အဖွဲ့ဝင် နိုင်ငံများသို့ ခရီးသွားလျှင် အခက်အခဲရှိရုံသာ။

တချိန်တည်းတွင် ICC စီရင်ချက်ဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားထိပ်တန်းအရာရှိများကို ICC သို့ လွှဲပြောင်းခြင်းကြောင့် မြန်မာနိုင်ငံသည် ၂၀၁၁-၂၀၁၂ က တံခါးစတင်ဖွင့်ချိန်မတိုင်မီ အချိန်ကကဲ့သို့ အနောက်တိုင်း၏ အပစ်ပယ်ခံနိုင်ငံ ပြန်ဖြစ်သွားစေနိုင်သည်။

ရိုဟင်ဂျာ စစ်ဆင်ရေးတွင် တခန်းတကဏ္ဍက ပါဝင်ခဲ့သော စစ်အရာရှိ ၇ ဦးတို့ကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။ ၎င်းတို့အနက် ၂ ဦးကို ထိုစဉ်ကပင် အရေးယူခဲ့သော်လည်း ၎င်းတို့နှစ်ဦးသည် သူတို့ ဆန္ဒအတိုင်း လုပ်ခြင်း မဖြစ်နိုင်သောကြောင့် ထိုလုပ်ရပ်သည် ဓားစာခံ ထိုးကျွေးခြင်းသာ ဖြစ်သည်ဟု မြင်ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC တွင် စစ်ဆေးရန် မဖြစ်နိုင်လျှင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်ရန် သူ စဉ်းစားနိုင်ပါသလား။ သူသည် တပ်မတော် အကြီးအကဲအဖြစ် များစွာ ပိုမို အာဏာရှိသောကြောင့် လတ်တလောတွင် ထိုသို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ အငြိမ်းစား အနေဖြင့်ဆိုလျှင် သူသည် သမ္မတ သို့မဟုတ် နိုင်ငံတော်၏ အတိုင်ပင်ခံ ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ရာထူးမှာ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်ကို ကျော်လွှားရန် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ သမိုင်းဝင်ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အတွက် ဖန်တီးခဲ့သည့် ရာထူးဖြစ်သည်။

အာရှ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး ကျွမ်းကျင်သူ အမေရိကန် ပညာရှင် ဇိုလ်တန် ဘာရန်နီက ဇန်နဝါရီလထုတ် ဒီမိုကရေစီ ဂျာနယ်တွင် “မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ခံ အရပ်သားများအား အာဏာကြီးကြီးမားမား လွှဲပြောင်းပေးခြင်း မရှိဘဲ တပ်မတော်က ဆန္ဒရှိမှသာ ထိုသို့သော အာဏာလွှဲပြောင်းပေးမှု ပေါ်ပေါက်လာမည်” ဟု ရေးသားခဲ့သည်။

ထိုသို့ဖြစ်နိုင် မဖြစ်နိုင်ကို ရှင်းလင်းစွာ မသိရပေ။ တပ်မတော်သည် လက်ရှိအချိန်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နေရာ လေးပုံတပုံကို ခန့်အပ်ထားသည်။ ထို ခန့်အပ်ခံရသူများသည် တပ်မတော်၏ ကိုယ်ပိုင်စီရင်ခွင့်ရ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယူဆလျှင် ထ ကန့်ကွက်ကြသည်။

စစ်တပ်က ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် ကိုယ်စားလှယ် လေးပုံသုံးပုံ ထောက်ခံရန် လိုသောကြောင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်မှုများကို ဟန့်တားနိုင်သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်က လိမ်လည် လှည့်ဖြားသော ဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့သည်ဟု လေ့လာသူများက သတ်မှတ်ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် အမျိုးသား အကျပ်အတည်း ကာလများတွင် အစိုးရအာဏာကို သိမ်းယူနိုင်သည်။ ထို့အပြင် တပ်မတော်သည် အရေးပါသော ဝန်ကြီးဌာန ၃ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများကိုလည်း ခန့်အပ်ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့နှင့် ယခင် လူအများ ကြောက်လန့်ရသည့် စစ်ထောက်လှမ်းရေးများ၏ နေရာတွင် အစားထိုး ဝင်ရောက်လာသော သတင်းတပ်ဖွဲ့ကို ထိန်းချုပ်ထားသည်။ ယခင် စစ်ထောက်လှမ်းရေးသည် ထောက်လှမ်းရေးအဖွဲ့ ပုံစံထက် လျှို့ဝှက်ရဲပုံစံ ဖြစ်နေခဲ့သည်။ သတင်းတပ်ဖွဲ့ သြဇာကြီးမားလာခြင်းနှင့်အတူ စစ်ဖက်သည် ပြည်တွင်းလုံခြုံရေး ယန္တရားကို ပိုမို တိုက်ရိုက် ထိန်းချုပ်လာနိုင်သည်။

ထိုနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေး အာဏာများအားလုံးကို တပ်မတော်၏ လက်တွင် ချုပ်ကိုင်ထားသောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတရာထူးရယူရန် သူ၏ စစ်ဖက် ထိပ်တန်းရာထူးကို မည်သည့်အကြောင်းကြောင့် စွန့်လွှတ်လိုရခြင်း အကြောင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သမ္မတရာထူး ဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးအတွက် ဟာလာဟင်းလင်း နီးပါးဖြစ်နေသော နေပြည်တော်တွင် အခြေစိုက်နေရသည့် အာဏာမရှိသော အကြီးအကဲဖြစ်သွားစေနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် လက်တွေ့အားဖြင့် မည်သည့်အာဏာမျှ မရှိသော်လည်း အစိုးရသည် ဦးဆောင်မောင်းနှင်သည့် အနေအထားတွင် ရှိသည်ဟု လေ့လာသူ အများအပြားက ယုံကြည်နေကြပြီး ရိုဟင်ဂျာ အကျပ်အတည်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်နေကြသည်။

ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများအပေါ် တပ်မတော်က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို ထုတ်ဖော်ခြင်းမရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ကောင်း တင်နိုင်သော်လည်း သူ့ကို အချို့သော တက်ကြွလှုပ်ရှားသူများ ပြောသကဲ့သို့ ICC သို့ လွှဲပြီး စစ်ရာဇဝတ်မှု ကြံရာပါဖြစ်သည်ဟု ပြောနိုင်ခြင်း မရှိသလောက်ပင် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် အာဏာအရှိဆုံးသူ ဖြစ်သည်ကို သံသယရှိရန်မလိုဘဲ ကြိုမြင်နိုင်သော အနာဂတ်ကာလတွင်လည်း ထို အနေအထားတွင်ပင် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်း ထားဝယ်တွင် ၁၉၅၆ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၇၂ မှ ၁၉၇၃ ခုနှစ်အထိ တက္ကသိုလ်တွင် ဥပဒေပညာ လေ့လာပြီးနောက် တတိယအကြိမ် ကျောင်းဝင်ခွင့်ရရန် ကြိုးစားကာ ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် တက်ခွင့်ရသည်။

၁၉၇၇ ခုနှစ်တွင် သင်တန်းဆင်းသောအခါ ဒုဗိုလ်ဖြစ်လာပြီး ရာထူး လျှင်မြန်စွာ တက်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အမှတ် ၄၄ ခြေမြန်တပ်မ၏ တပ်မမှူးဖြစ်ပြီး နောက်ပိုင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် တာဝန်ယူခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ရှမ်းပြည်အရှေ့ပိုင်း တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ ရှမ်းတရုတ်လူမျိုးများ၏ ကိုးကန့်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ကို ၂၀၀၉ ခုနှစ်တွင် ထိုးစစ်ဆင်ရာတွင် အထူးစစ်ဆင်ရေးအဖွဲ့ (၂) အဖွဲ့မှူး အဖြစ် ကွပ်ကဲပြီးနောက် ကျော်ကြား သြဇာကြီးမားလာသည်။

၂၀၁၁ ခုနှစ်သို့ရောက်သောအခါ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို အစားထိုးဝင်ရောက်ကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာခဲ့သည်။

တပ်မတော်ခေါင်းဆောင် အနေဖြင့် သူသည် တပ်မတော်အတွင်းမှ ပြိုင်ဖက် ဖြစ်လာနိုင်ဖွယ် ရှိသူများကို အဂတိလိုက်စားမှုဖြင့် ထုတ်ပစ်ခြင်း၊ သူနှင့် အဆင့်မတိမ်းမယိမ်း ရှိသူများကို ရာထူးမတိုးဘဲ ထိုအဆင့်အောက်မှ လူများကို ရာထူးတိုးပေးခြင်းတို့ဖြင့် ကျွမ်းကျင်စွာ ဆုတ်တက်လှုပ်ရှားခဲ့သည်။ ထိုနည်းလမ်းဖြင့် သူ့ကို တိုက်ရိုက်သစ္စာခံသော အရာရှိများကို ဖန်တီးနိုင်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဒေသတွင်း အမြင်ကို အတိအကျ ပြောရန်ခက်သည်။ သူသည် ၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် ညှိနှိုင်းဆွေးနွေးရာတွင် တပ်မတော်ကို ကိုယ်စားပြုပါဝင်သည်။ ထိုစဉ် ၂၀၁၁ နိုဝင်ဘာလက နှစ်နိုင်ငံနယ်စပ်တလျှောက် လုံခြုံရေးကိစ္စများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး အတွက် နှစ်နိုင်ငံကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည်ဟု သတင်းများက ဆိုသည်။ ထိုစဉ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ခဲ့သည်ဟုလည်း ဆိုသည်။

တပ်မတော်အကြီးအကဲ ဖြစ်လာပြီးနောက် သူ၏ ပထမဆုံး ပြည်ပခရီးမှာ တရုတ်နိုင်ငံ၏ အစဉ်အလာ ရန်သူ ဗီယက်နမ်နိုင်ငံသို့ ဖြစ်ကြောင်း မေ့ကြမည် မဟုတ်၊ အထူးသဖြင့် တရုတ်နိုင်ငံက မေ့မည် မဟုတ်ပေ။ မြန်မာနှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ အင်အားကြီးမားလှသော အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရာတွင် တူညီကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိမ်ရှင် ဗီယက်နမ်များနှင့် ဆွေးနွေးစရာ အများအပြားရှိခဲ့သည်ဟု ယူဆလျှင် ကျိုးကြောင်းဆီလျှော်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် နီးစပ်လွန်းပြီး တရုတ်နိုင်ငံက သူ့ကို အလွယ်တကူ ကိုင်တွယ်နိုင်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရာရှိများက ယူဆနေကြောင်း နေပြည်တော်မှ အတွင်းလူများက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြိုတင်ဟောကိန်းထုတ်ရန် စောလွန်းသေးသည်။ အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ်သည် ၎င်း၏ ယခင် လူထုထောက်ခံမှု အထူးသဖြင့် လူမျိုးစုဒေသတွင် အများအပြား ဆုံးရှုံးသွားသည်မှာ သံသယရှိရန် မလိုပေ။ လူမျိုးစုများ၏ ထိခိုက်နစ်နာမှုများကို နားလည်နိုင်စွမ်းမရှိသော ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို နှိမ်သည်ဟု လူမျိုးစုများ ခံစားရသောကြောင့် ဖြစ်သည်။

၂၀၁၅ ခုနှစ်က မြင့်မားသော မျှော်လင့်ချက်များ ထားရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် စိတ်ပျက်နေသော မြို့နေပညာတတ်များနှင့် အတွေ့အကြုံရင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အကြားတွင်လည်း ထောက်ခံမှု လျော့ကျလာနေသည်။

မဲလိမ်သည်ဟု အကြီးအကျယ် ဝေဖန်ခံရသော ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှ ၂၀၁၆ အထိ အာဏာရခဲ့သော စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်မည့် အလားအလာ မရှိသလောက်ဖြစ်သည်ဟု နိုင်ငံရေး သုတေသီများက ယုံကြည်ကြသည်။ ထို့ကြောင့် ကြံ့ခိုင်ရေးပါတီသည် ဒေသအလိုက် လူမျိုးစု ပါတီများနှင့် မဟာမိတ်ဖွဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံနေဆဲဖြစ်သော ပြည်မမှ ပါတီငယ်များကို အားပေးခြင်းတို့ဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ထောက်ခံမှုကို ဖဲ့ယူကြမည်ဖြစ်သည်။

၁၉၆၂ ခုနှစ်ကစတင်ပြီး တိုင်းပြည်ကို အသွင်အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သော တပ်မတော်သည် မြင်နိုင်သော အနာဂတ်တွင် မြန်မာနိုင်ငံ၏ အာဏာ အကြီးမားဆုံးသော မဏ္ဍိုင်အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ ဇူလိုင်လတွင် အသက် ၆၂ နှစ် ပြည့်မည် ဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ထိုရွေးကောက်ပွဲ မတိုင်မီ အငြိမ်းစား ယူနိုင်သကဲ့သို့ မယူဘဲလည်း နေနိုင်သည်။ သို့သော် မြန်မာနိုင်ငံမှ စစ်အာဏာရှင်ကြီးများ၏ သမိုင်းကို ပြန်ကြည့်ပါက သူသည် အချိန်တိုအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားနိုင်ခြေ မရှိပေ။

( Asia Times ပါ Bertil Lintner ၏ Will an alleged war criminal become president of Myanmar? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.

လူ့ အခွင့်အရေး ချိုးဖောက်သူတွေအပြစ်ပေး အရေးယူ မခံရပဲ လွတ်မြောက်နေ တာနဲ့ လွတ်မြောက် နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေကို လေ့လာပြီး အစီရင်ခံစာ တင်သွင်းရတဲ့ မစ္စ ယန်ဟီးလီက စွပ်စွဲ ပြစ်တင် လိုက်ပါတယ်။

ရခိုင်ပြည်နယ် အရေးမှာတင်မက ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ် အရေးတွေမှာပါ လူ့အခွင့်အရေး ချိုးဖောက်သူတွေ ပြစ်ဒဏ်ကနေ လွတ်ကင်းနေတဲ့ အတွက် အပြစ်ရှိသူကို အရေးယူနိုင်တဲ့ ယန္တရားမျိုး မြန်မာနိုင်ငံတွင်း ချက်ခြင်း ဖော်ဆောင်နိုင်ဖို့ အင်မတန် အရေးတကြီး လိုအပ် နေတယ်လို့ မစ္စလီက ဆိုပါတယ်။

ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ ၃၈ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ မစ္စလီ ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေကို ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW တို့လို နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့ ၉ ဖွဲ့ တို့လည်း ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ
Image captionပြန်လာနိုင်မယ့် အခြေအနေမျိုး မြန်မာဘက်က ဖန်တီးမပေးဘူးလို့ စွပ်စွဲနေ

မစ္စ ယန်ဟီးလီ ပြောသွားတဲ့ အထဲ ရခိုင်ပြည်နယ်ထဲ မြေပြင် အခြေအနေတွေ ဆက်လက် ဆိုးနေဆဲ ဖြစ်လို အခု နှစ်ထဲမှာကို ဘင်္ဂလားဒေ့ရှ်ဘက် ဆက်လက် ထွက်ခွာနေသူတွေ ထောင်နဲ့ချီရှိတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဒုက္ခသည် လွှဲပြောင်းရေး၊ ပြန်လည်လက်ခံရေး သဘောတူမှု လက်မှတ်ထိုးထားပေမယ့် တကယ်တမ်း အကောင်အထည် ပေါ်မလာသေးတာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် မစ္စတာ အမ်ဒါဒူလ် အစ္စလာမ် ချောင်ဒရီကလည်း မြန်မာ အစိုးရအပေါ် ပြင်းထန်တဲ့ စွပ်စွဲ ပြောဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။

လူမျိုးရှင်းလင်းမှု မူဝါဒ မရှိဘူးလို့ ဆို

“မြန်မာ အစိုးရဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောဆန္ဒတွေကို ဆက်လက် မျက်ကွယ်ပြု လျစ်လျူရှုနေတယ်၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းမှု မရှိ ဖြစ်နေတဲ့ အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ဆန်းစစ်ခွင့် အမြန်ဆုံး ပေးဖို့ မြန်မာ အစိုးရကို တောင်းဆိုတယ်” ဆိုပြီး မစ္စတာ ချောင်ဒရီက ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ကျူးလွန်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု အထိ မြောက်နိုင်တယ် ဆိုတဲ့ အချက်လည်း ပေါ်လွင်နှင့်ပြီး ဖြစ်တယ်ဆိုပြီး ဂျီနိုဆိုက် စကားလုံးကို သုံးလို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။

မြန်မာ
Image captionနိုင်ငံတကာကို ဆန်းစစ်ခွင့် အမြန်ဆုံးပေးဖို့ တောင်းဆို

လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီး ဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်နေပါတယ်။

မစ္စလီဟာ လူ့အခွင့်အရေး ကိုယ်စားလှယ် တစ်ယောက်မှာ ရှိသင့်တဲ့ တရားမျှတရေး၊ ဘက်လိုက်မှု ကင်းစင်ရေး ဆိုတဲ့ အခြေခံ အချက်တွေ ရှိမနေဘူး ဆိုပြီး ဦးမြင့်သူက တုံ့ပြန် ခဲ့ပါတယ်။

“မစ္စလီရဲ့ နေရာမှာ တခြားတစ်ယောက်နဲ့ အစားထိုးပေးဖို့ မြန်မာ အစိုးရက တောင်းဆိုထားပြီး ဖြစ်တယ်၊ မြန်မာနိုင်ငံ အရေး မစ္စလီဘက်က ဘယ်လို ဘယ်ပုံတွေ သုံးသပ်သလဲ ဆိုတာကို မြန်မာ အစိုးရဘက်ကလည်း ဂရုတစိုက် စိစစ်ပြီးနောက်မှာ မစ္စလီနဲ့ ပူပေါင်း ဆောင်ရွက်တာတွေ မပြုလုပ်ဖို့ မြန်မာ အစိုးရရဲ့ ရပ်တည်မှု သဘောထားကို ထပ်လောင်း အတည်ပြုတယ်” ဆိုပြီး ဦးမြင့်သူ ပြောခဲ့ပါတယ်။

အစ္စရေး
Image captionအစ္စရေးလည်း သပိတ်မှောက်ထားတဲ့ အစည်းအဝေး

မြန်မာအစိုးရ အနေနဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေးနဲ့ ရခိုင်ပြည်နယ် ရေရှည် ဖွံ့ဖြိုးရေး ကိစ္စတွေမှာ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူ ထားတဲ့ အချက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ရာ နိုင်ငံတကာက ပုဂ္ဂိုလ် တစ်ဦး ထည့်သွင်းပြီး ကော်မရှင် ဖွဲ့မယ် ဆိုတဲ့ အချက်တွေကို ဗြိတိန်နိုင်ငံရဲ့ ကိုယ်စားလှယ် မစ္စ မာရီယမ် ရှီယာမင်က အသိအမှတ် ပြု ပြောဆိုပါတယ်။

ပြစ်မှု ကျူးလွန်သူတွေ လွတ်မြောက်နေတယ် ဆိုတဲ့ မစ္စလီရဲ့ ထောက်ပြမှုကိုလည်း လက်ခံတယ်လို့လည်း မစ္စ ရှီယာမင်က ဆိုရင်းမှာပဲ နိုင်ငံတကာရဲ့ အကူအညီကို ယူပြီး စုံစမ်းမှုတွေ ပြုလုပ်ပါလို့ မြန်မာအစိုးရကို မစ္စ ရှီယာမင် တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ကိစ္စတွေမှာ တာဝန်ရှိသူတွေ ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က အဆင့်မြင့် အရာရှိတွေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထိပ်ပိုင်း ပုဂ္ဂိုလ်တွေ အပေါ် ဥရောပ သမဂ္ဂ အဖွဲ့ အီးယူဘက်က အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ကြောင်း အခု သီတင်းပတ် အစောပိုင်းကပဲ ကြေညာခဲ့ပါတယ်။

မြန်မာ
Image captionနှစ်နိုင်ငံ သဘောတူမှု လက်မှတ်ထိုးထား

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ရေး၊ အပြစ်ရှိသူတွေကို အရေးယူရေး ဆိုတဲ့ အသံတွေဟာ အခု ကျင်းပနေတဲ့ လူ့အခွင့်အရေး ကောင်စီမှာလည်း ဆူညံ နေပါတယ်။

နိုင်ငံတကာက လက်ခံတဲ့ စုံစမ်း ဖော်ထုတ်မှုမျိုးတွေ ပြုလုပ် မလာဘူးဆိုရင် ပိတ်ဆို့တာတွေ၊ အရေးယူမှု ချမှတ်တာတွေ ထပ်တိုးပြီး လုပ်လာနိုင်တယ်လို့ ဂျနီဗာ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို တက်ရောက်နေတဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောပါတယ်။

ဂျနီဗာ အစည်းအဝေးမှာ မြန်မာအရေး ဘာတွေ ဆွေးနွေးကြလဲ

BBC Burmese