ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဥပက္ခာမပြုကောင်းသောဘဝများ သတင်းထုတ်ပြန်ချက်
သတင်းထုတ်ပြန်ချက်
ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၆ ရက်
လူ့အခွင့်အရေးချိုးဖောက်ခံရသူများမှ အစိုးရဆောင်ရွက်ပေးသည့် ပြန်လည်ကုစားပေးလျော်မှုကို လိုလားကြပြီး ၎င်းတို့နစ်နာခံစားခဲ့ရမှုများအတွက် တရားမျှတမှုကို ရှာဖွေရန် ထိုက်တန်သည်ဟု လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ)နှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများစုဖွဲ့ထားသည့် ပြန်လည်ကုစားပေးလျော်မှုအလုပ် အဖွဲ့မှ ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ Read more
ဥပက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ
၁၉၇၀ – ၂၀၁၇ ခုနှစ်အကြား လူ့အခွ
င့်အရေးချိုးဖောက်မှုများအတွက် နစ်နာခံစားရ သူများမှ တရားမျှတမှုအတွက် ၎င်းတို့၏လိုအင်ဆန္ဒများကို အကျဉ်းချုပ် ဖေါ်ပြထား သည်။
Read more
လူ့အခွင့်အရေးရှေ့နေနဲ့ဝန်းရံသူတို့ကိုထောင်ချတဲ့အပေါ် ဆန္ဒထုတ်ဖော်
အောက်တိုဘာ- ၁၂၊ ၂၀၁၈
တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း ကိုသန်းထိုက်တို့ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်တဲ့အပေါ် မကျေနပ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့ ညနေပိုင်းက မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
သုံးနှစ်ကျော်ကြာ အမှုဖွင့်ခံထားရတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်၊ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီဝင်ဟောင်း ကိုသန်းထိုက်တို့ဟာ ပဲခူးတိုင်း၊ မင်းလှမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တရားရုံး မထီမဲ့မြင် ပြုမှု ဥပဒေပုဒ်မ ၂၂၈ နဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီလို ပြစ်ဒဏ်ချမှတ်မှုဟာ လူ့အခွင့်အရေး ရှေ့နေတစ်ဦး၊ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးတို့ကို မတရားအမှုဆင် ထောင်ချခဲ့တာ ဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုပါ သွယ်ဝိုက်ခြိမ်းခြောက်လိုက်တဲ့အတွက် စုပေါင်းဆန္ဒဖော်ထုတ်ရတာ လို့ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ ဒီမိုကရေစီ ပညာရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေဟာ အကြမ်းဖက် ဖြိုခွဲခံရပြီးတဲ့နောက် တရားရင်ဆိုင်ခဲ့ကြရတာပါ။
ကျောင်းသားတွေတရားရင်ဆိုင်ခံရတဲ့အမှုမှာ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်က ကျောင်းသားတွေဘက်ကနေ ရှေ့နေလိုက်ပေးခဲ့သူ တစ်ဦး ဖြစ်ပြီး တရားရုံးစစ်ဆေးနေစဉ်အတွင်း အမှုစစ်တရားသူကြီးနဲ့ ဒေါ်ခင်ခင်ကျော်အကြား မကျေလည်မှု တစ်ခု ပေါ်ပေါက်ခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်ကာ ဒေါ်ခင်ခင်ကျော်နဲ့ ဝန်းရံသူ ကိုသန်းထိုက်တို့ ဟာ ပုဒ်မ ၂၂၈ နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ
ကုလအထူးကိုယ်စားလှယ်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်အရေးဆွေးနွေး
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြပါတယ်။ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာတော့ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံနိုင်ရေး၊ အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ငန်းတွေ အပါအဝင် ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားတာပါ။
သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီချက်အရ နေရပ်ပြန် ရေး အစီအစဉ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရာမှာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရဲ့ ခရီးစဉ်အစ မနေ့တုန်းကလည်း မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ နေပြည်တော် မှာ တွေ့ဆုံပြီး စုံစမ်းရေးကော်မရှင်ရဲ့ လုပ်ငန်းတွေ၊ အပါအဝင် ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ သလို မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးအတွက် ဆောင်ရွက်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက် ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ရှင်းလင်းရာက ရိုဟင်ဂျာ မူဆလင်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေပြီး၊ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေ နှောင့်နှေးနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေချိန်မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ထပ်မံသွားရောက်ခဲ့တာလည်း ဖြစ်ပါ တယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံ မထားသလို နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အဆင်သင့် ရှိနေကြောင်းလည်း တုံ့ပြန်ပြောဆိုထားပါတယ်။
VOA News
အစီရင်ခံ မိတ်ဆက်ရှင်းလင်းပွဲဖိတ်ကြားလွှာ
နန်းမိုဟွမ်ကို တီအန်အယ်လ်အေက ထောင်ဒဏ် ၃ နှစ်ချမှတ်
တာဝန်ဝတ္တရားဆောင်ရွက်နေချိန် အလိုအလျှောက် အပြင်းအထန်နာကျင်စေမှုနဲ့ နန်းမိုဟွမ်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ နဲ့ PSLF/TNLA ဗဟိုတရားရုံးက အောက်တိုဘာ ၅ ရက်နေ့က ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။
နန်းမိုဟွမ်ဟာ အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန်ထိခိုက်သေဆုံတဲ့အထိ ဝတ္တရားနှောင့်ယှက်ခဲ့မှုရှိကြောင်း အမှုဖွင့်တိုင်ကြားချက်ကြောင့် ဖမ်းဆီးအရေးယူခဲ့တာလို့ တီအန်အယ်လ်အေက ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ၅ ရက်နေ့က ပုဒ်မ ၃၃၃ နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဖြစ်တယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ ကျနော်မသိဘူး။ ”
နန်းမိုဟွမ်ကို မိသားစုဝင်နဲ့အများပြည်သူရှေ့မှာ စီရင်ချက်ချမှတ်မယ်လို့ တီအန်အယ်အေ က ထုတ်ပြန်ထားပေမယ့် အခုလို ထောင်ဒဏ်စီရင်လိုက်တာကို ဘာမှမသိရသေးကြောင်း နန်းမိုဟွမ်ရဲ့ ခင်ပွန်း စိုင်းစောဆွေက ပြောပါတယ်။
“အခုလောလောဆယ်တော့ ကျနော်ဘာမှမသိရသေးဘူး။ အိမ်ကလူတွေနဲ့လည်း အဆက်အသွယ်မရသေးဘူးဖြစ်နေတယ်။ ဒီပန်ဆန်းသွားတဲ့အဖွဲ့တွေ ပြန်လာရင်တော့ သိရမှာပေါ့။ အခုက ကျနော်ဘာမှမသိရသေးဘူး။”
နန်းမိုဟွမ်ကို တီအန်အယ်အေ ထိန်းချုပ်ဒေသမှာပဲ ထိန်းသိမ်းထားတယ်လို့ မိုင်အိုက်ကျော်က ပြောပါတယ်။
တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းက နမ်းခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တဆိုင်ကို ဝင်ရောက် လာပြီး ဆိုင်ရှင်အမျိုးသမီး နန်းမိုဟွမ် (အသက် ၃၇ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
တီအန်အယ်လ်အေက ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ဟာ အပြစ်မရှိတဲ့အတွက် မိသားစုဝင်တွေက ဆန္ဒပြတောင်းဆိုခဲ့ကြသလို နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေက လည်း သူ့ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် နန်းမိုဟွန်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်း စိမ်ကိုထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ပြန်ထန်စွာရှုတ်ချကြောင်း အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
DVB News