သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ချက်

ရက်စွဲ။ ။ နိုဝင်ဘာလ ၂ ရက်၊ ၂၀၁၈ ခုနှစ်
၂၀၁၈ ခုနှစ်တွင် ကျရောက်သော သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ (International Day to End Impunity for Crimes against Journalists) တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင်ရှိသော သတင်းသမားများဘက်မှ ရပ်တည်ကြောင်း ဖေါ်ပြအပ်ပါသည်။ ၂၀၁၈ ခုနှစ်သည် မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ နှစ်တစ်နှစ်ဖြစ်သည့်ပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နယ်ပယ်သည်လည်း ပို၍ ကျဉ်းမြောင်းလာသည့်နှစ်ဖြစ်သည်။ သတင်းသမားများ၏ ပုံမှန် ရရှိသင့်သော သတင်းရယူ ရေးသား ဖော်ပြခဲ့ခြင်းအတွက် လက်ရှိကာလတွင် မြန်မာနိုင်ငံတွင်း သတင်းသမား ၂၂ ဦးသည် တရားရင်ဆိုင်နေကြရပြီး ထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်သော အခြေအနေကို ရင်ဆိုင်နေကြရသည်။
ယနေ့မြန်မာနိုင်ငံတွင် ခေတ်နှင့်မလျော်ညီတော့သော ဖိနှိပ်ထားသည့် ဥပဒေများကို လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်၊ ရေးသားခွင့်နှင့် သတင်းတင်ပြခွင့်တို့ကို ကန့်သတ်ရန် ဆက်လက် အသုံးပြုလျှက်ရှိသည်။

• ရိုက်တာသတင်းဌာန၏ သတင်းထောက် နှစ်ဦးဖြစ်သော ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့သည် တရားမဝင် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟု စွပ်စွဲခြင်းခံခဲ့ရကာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ကိုးလကြာ ထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက် ထောင်ဒဏ် ခုနှစ်နှစ် ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။

• ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ) သည် အခြေခံကျသော လွပ်လပ်ခွင့်များကို ဖြတ်တောက်လျှက်ရှိသည်။ သတင်းသမားများ၏ ပုံမှန်အတိုင်း သတင်းရယူ ရေးသားတင်ပြခြင်း သဘောသဘာဝသည် ပုဒ်မ ၆၆(ဃ) ကို ချိုးဖောက်သကဲ့သို့ဖြစ်နေပြီး သတင်းသမားအများစုသည် ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခြင်းခံနေကြရသည်။ လက်ရှိကာလတွင် သတင်းသမား ၁၆ ဦးသည် ထိုပုဒ်မဖြင့် ဖိနှိပ်ခြင်းကို ခံနေကြရသည်။

• ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား ဝေဖန်ထောက်ပြသည့် ဆောင်းပါးကိုရေးသား ဖော်ပြခဲ့ခြင်းအတွက် တိုင်းအစိုးရအဖွဲ့ကို အကြည်ညိုပျက်စေသည်ဟုဆိုကာ အီလဲဗင်းသတင်းဌာနမှ အယ်ဒီတာချုပ်၊ တာဝန်ခံ အယ်ဒီတာနှင့် အကြီးတန်းသတင်းထောက်တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည်။

• ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ထားဝယ်မြို့နယ်တရားရုံးမှ ထားဝယ်အခြေစိုက် တနင်္သာရီအပတ်စဉ်ဂျာနယ်ကို မဲဆွယ်အပြုံး အမည်ရ သရော်စာဖော်ပြခဲ့မှုနှင့် ပတ်သက်၍ သတင်းမီဒီယာပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် တနင်္သာရီဂျာနယ်အား တနင်္သာရီတိုင်း အစိုးရအဖွဲ့မှ တရားစွဲဆိုထားခြင်းအား ချေဖျက်ပေးရန် လျှောက်ထားမှုကို လည်း နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပလပ်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ အမှာစကားသည် မတရားဖမ်းဆီး၊ ထိန်းသိမ်းမှုများကို အဆုံးသတ်ရန် သာမက သေစေနိုင်လောက်ခြင်းမရှိသော်လည်း ဆိုးဝါးစွာ တိုက်ခိုက်မှုများကိုပါ ကိုင်တွယ်ဆောင်ရွက်ရန်ဖြစ်သည်။ ထိုးနှက်တိုက်ခိုက်မှုများကို ပြစ်ဒဏ်ပေးခြင်းမရှိသောကြောင့် လူမှုနယ်ပယ်အတွင်း သတင်းသမားများကို ခြိမ်းခြောက် ခြင်းနှင့် အနှောင့်အယှက်ပြုခြင်းများသည် ကျယ်ပြန့်လာခဲ့သည်။ ကသိကအောက်ဖြစ်စေသော အမှန်တရားနှင့် ၎င်းတို့ နှစ်သက်ခြင်းမရှိသော ထင်မြင်ချက်များကို အစိုးရမှ ရေးသားစေလိုခြင်းမရှိပါဟု ကမ္ဘာ့ကုလသမဂ္ဂမှလည်း ဖော်ပြ ထားသည်။

ခြိမ်းခြောက်မှုနှင့် အနှောင့်အယှက်ပြုမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကို ပိုမိုဆိုးရွားစေပါသည်။ အမှန်တရား၊ အကျင့်ပျက်ခြစားမှုနှင့် ချိုးဖောက်မှုများကို ဖော်ထုတ်နိုင်ရန် မျက်မှောက်ကာလတွင် မီဒီယာ လွတ်လပ်ခွင့်သည် မရှိမဖြစ်လိုအပ်ပါသည်။ မီဒီယာများအပေါ် ထိုးနှက်တိုက်ခိုက်မှုများ၊ ဖမ်းဆီးမှုများနှင့် ခြိမ်းခြောက်မှုများသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် မရှိတော့ပါ။ အစိုးရအနေဖြင့် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံနေကြရသော သတင်းသမားများကို လွှတ်ပေးခြင်းအားဖြင့်လည်းကောင်း၊ သတင်းမီဒီယာလောကကို ခြိမ်းခြောက်လျှက်ရှိသော ဥပဒေများကို ရုတ်သိမ်းခြင်းအားဖြင့်လည်းကောင်း၊ သတင်းသမားများကို ကြောက်ရွံ့စေရန် ဖန်တီးနေမှုများကို မပြုလုပ်ရန်အတွက်သော်လည်းကောင်း အမြန်ဆုံးလုပ်ဆောင်ခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ကို ဖော်ဆောင်ပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ အစိုးရအား အလေးအနက် တိုက်တွန်း အကြုံပြုအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဆက်သွယ်မေးမြန်းရန်

တိတ်နိုင် အတွင်းရေးမှူး + ၉၅(ဝ) ၉၄၂၈ ဝ၂၃ ၈၂၈

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(ဝ) ၄၂၈ ၁၁၇ ၃၄၈

တောင်တန်း၊ ပြည်မ အတူတကွလွတ်လပ်ရေးယူရန် ကြိုးပမ်းသည့် ၁၉၄၇ ခုနှစ် ပင်လုံညီလာ ခံအပြီး ၁၉ ၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံလွတ်ရေးရရှိခဲ့သည်။ ကချင်၊ ရှမ်းနှင့် ချင်းခေါင်းဆောင်များနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုမြန်နိုင်ငံအတွင်း တိုင်းရင်းသားများအကြား တန်းတူညီမျှမှုရရှိန် ပင်လုံသဘောတူညီချက်ဖြင့် ကတိပြုခဲ့ကြသည်။
ပင်လုံသဘောတူညီချက် သဘောတူညီချက်၊ တိုင်းရင်းသားများ ကိုယ်ပိုုင်ပြဌာန်း ခွင့်နှင့် တန်းတူညီမျှမှုတို့ကို တောင်းဆိုနေသော်လည်း များမကြာမီမှာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်များအကြား လက်နက်ကိုုင်တိုက်ပွဲများ စတင်ခဲ့သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ TJ Advance သင်တန်းသားသင်တန်းသူ ၁၉ ဦးတို့ အေအေပီပီ ရုံးတည်ရှိရာ အမှတ် (၇၅) ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်။ သို့လာရောက်လည်ပတ်ခဲ့ကြပြီး Memory of The Past ပြခန်းသို့လေ့လာခဲ့ကြပါသည်။ ပြခန်းအတွင်းအေအေပီပီမှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။ AAPPB

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ရက် နံနက်တွင် ဥပက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ သစ်အကြောင်း ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့ဝင်များက ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးတွင် ရှင်းလင်းပြောကြားကြသည်။

ကိုအောင်ခိုင်မင်းမှ အစီရင်ခံစာဖြစ်ပေါ်လာပုံသမိုင်း၊ ကိုဇော်မိုးမှ အချက်အလက်ကောက် ယူမှု နည်းနာ၊ ဆန်းစစ်သုံးသပ်မှုများ၊ လွေးပိုးကမဲခြိုင်းမှ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလေ့ရှိသည့် လူ့အခွင့်အရေးအခြေအနေနှင့် ကိုသွင်လင်းအောင်မှ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး၊ အစီရင်ခံစာပါ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ရှင်းလင်းကြ သည်။

တက်ရောက်လာသူ သံတမန်များမှလည်း အစီရင်ခံစာနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြပြီး အလုပ်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြသည်။

ရှင်းလင်းပွဲသို့ ဥရောပသမဂ္ဂကိုယ်စားလှယ်များ၊ ပိုလန်၊ နော်ဝေ၊ ဂျာမဏီ၊ ပြင်သစ်၊ ဆွစ်ဇာ လန်၊ ဒိန်းမတ်သံရုံးများမှ ကိုယ်စားလှယ်များနှင့် USAID မှ ကိုယ်စားလှယ်တို့ တက်ရောက် ကြသည်။

အောက်တိုဘာ ၁၆ ။ ။ ပြည်တွင်းစစ်ပွဲများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများ၊ လယ်ယာမြေသိမ်းဆည်းမှုများကြောင့် လူနေမှုဘဝများထိ ခိုက်ခဲ့ရပြီး နစ်နာခဲ့သူများကို သက်ဆိုင်ရာအစိုးရမှ ပြန်လည်ကုစားပေးနိုင်ရန် စစ်တမ်းများကောက်ယူကာ အစီ ရင်ခံစာတစ်စောင်ပြုစုခဲ့ကြောင်း ပြန်လည်ကုစားပေးလျော်မှုစီမံအဖွဲ့ဝင် ဦးဟန်ကြီး ကပြောသည်။

“လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့အတွက် သူတို့ဘဝတွေထိခိုက်ခဲ့ရတယ်။ နစ်နာခဲ့ရတယ်ဆိုတော့ အဲဒါအ တွက် အစိုးရအနေနဲ့သူတို့ဘဝတွေအပေါ် ဘယ်လိုမျိုးပြန်လည်ဆောင်ရွက်ပေးစေချင်လည်းဆိုတဲ့ အသံကို ထွက်လာအောင် ကျွန်တော်တို့က ဆောင်ရွက်ပေးတာဖြစ်သလို အဲဒီဟာတွေအတိုင်း အစိုးရက အကောင်အ ထည်ဖော်ဆောင်ရွက်ပေးမယ်ဆိုရင် နစ်နာခဲ့ရသူတွေရဲ့ဘဝပြန်လည်တည်ဆောက်ဖို့အတွက် အများကြီး ကောင်းသွားမယ်” ဟု ဦးဟန်ကြီး ကပြောသည်။

အောက်တိုဘာ ၁၆ရက်က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ KAFE IN TOWN “ဥပက္ခာမပြုကောင်းသော ဘဝများ” အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

ယင်းအစီရင်ခံစာသည် ၁၉၇၀ ခုနှစ်မှ ၂၀၁၇ခုနှစ်အကြား ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ခုမှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နစ်နာခံစားခဲ့ရသူ ၁၇၀ ကို တွေ့ဆုံမေးမြန်းမှုများအား အခြေခံ၍ အစီရင်ခံစာပြုစု ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ခန့်ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ဒဏ်ခံစားခဲ့ရသူများ၊ နိုင်ငံရေးအကျဉ်း သားဟောင်းများနှင့် မြေယာသိမ်းဆည်းခံရသူများကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

၁၉၈၈ခုနှစ်တွင် ကျောင်းသားများဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ရာတွင် ဖိနှိပ်ခြေမှုန်းခံခဲ့ရသူများ၊ ၁၉၉၁ခုနှစ်က ဧရာဝတီတိုင်း ဘိုကလေးတွင်ပြုလုပ်သည့် စစ်ဆင်ရေး၊ ကချင်နှင့်ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ် ပွဲများကို ကြုံတွေ့ခံစားရသူ အများစုကို မေးမြန်းမှုများပြုလုပ်ခဲခြင်းဖြစ်ကြောင်း သိရသည်။

“မေးမြန်တဲ့အခါမှာ အများဆုံးဖြေကြားတာကတော့ ဒီအဖြစ်အပျက်တွေကို အလားတူပြန်လည် မဖြစ်အောင် အာမခံပေးနိုင်တဲ့ တစ်စုံတစ်ရာမူဝါဒတွေထွက်ဖို့ သဘောထားဆန္ဒပေးကြတယ်။ နောက်ထပ်တစ်ခါမခံစားချင် တော့ဘူး။ နောက်ထပ်တစ်ခါ ဒီဟာတွေကိုမဖြစ်စေချင်တော့ဘူးဆိုတဲ့ သဘောထားဆန္ဒက အများဆုံးတွေ့ရ တယ်” ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန် ကပြောသည်။

လူအခွင့်ရေးချိုးဖောက်ခံရသူများက အစိုးရဆောင်ရွက်ပေးသည့် ပြန်လည်ကုစားပေးလျော်မှုကို လိုလာကြပြီး နစ်နာခဲ့မှုများအတွက် တရားမျှတမှုကို ရှာဖွေပေးရန်ထိုက်တန်သည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)နှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများစုဖွဲ့ထားသည့် ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့မှ ယခု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima News

လူကြီးမင်းများ၊ မိတ်ဆွေများ ကြိုဆိုပါတယ် မင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်။ ဥပေက္ခာမပြုကောင်းသော ဘဝများ အစီရင်ခံစာထုတ်ပြန်ပွဲအတွက် အဖွင့်အမှာစကားပြောဖို့ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ND Burma အဖွဲ့အစည်းတင်မက ပါဝင်တဲ့လူပုဂ္ဂိုလ်တွေကိုလဲ ကျေးဇူးတင်ပါတယ်။ ဒီလိုအခါသမယမှာ ပါဝင်ခွင့်ရတာ ကျနော့်အတွက်သာမက အီးယူအတွက်ပါ ဂုဏ်ယူစရာပဲဖြစ်ပါတယ်။

ဒီအစီရင်ခံစာမှာပါတဲ့ အရေးပါတဲ့အလုပ်တွေအတွက် ဂုဏ်ပြုကြောင်းလဲ ပြောကြားလိုပါတယ်။

ဒီအစီရင်ခံစာအတွက်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတဲ့သူတွေထဲက တချို့ကိုလဲ တွေ့ဆုံသိကျွမ်းခွင့်ရခဲ့တာ ဝမ်းမြောက်စရာ ဖြစ်တဲ့ပြင် မိတ်ဆွေတို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအတွက် သံဓိဌာန်ချ နှစ်မြှုပ်လုပ်ကိုင်မှုတွေအတွက်လည်း လေးစားမိပါတယ်။

ဒီအစီရင်ခံစာအတွက် လုပ်ကိုင်ခဲ့ကြသူ အဖွဲ့အစည်း လူပုဂ္ဂိုလ်များအားလုံးကိုလဲ ဂုဏ်ပြုကြောင်းနဲ့ အစီရင်ခံစာအတွက် ရဲရဲ ဝံ့ဝံ့ ဖွင့်ဟဖော်ထုတ်ခဲ့ကြတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရင်ဆိုင်ခံစားခဲ့ရသူတွေကိုလည်း ဂုဏ်ပြုစကားပြောလိုပါတယ်။

ဥပေက္ခာမပြုကောင်းသောဘဝများ လို့အမည်ပေးထားတဲ့ အစီရင်ခံစာဟာ တစ်ကယ်အရေးပါတဲ့ အခါသမယမှာ အချိန်ကိုက် ထွက်လာတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စခဲ့တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ မြန်မာတစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ အပြောင်းအလဲကို ဆောင်ကြဉ်းပေးလာတာလဲ ဖြစ်ပါတယ်

ကျနော်တို့အနေနဲ့ ခြေတလှမ်းဆုတ်ပြီး မြင်ကွင်းကိုမြင်အောင်ကြည့်မယ်ဆိုရင် မြန်မာပြည်မှာ လူ့အခွင့်အရေးကိစ္စအပါအဝင် ကိစ္စရပ် အများအပြားဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။

ဒီလိုတိုးတက်မှုက အပြောင်းအလဲဆိုတာ ဖြစ်နိုင်တယ်ဆိုတာကို အားပေးမြှင့်တင်တာမျိုးဖြစ်သင့်ပြီးတော့ အခုလို သမယမှာ လူတိုင်းအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ် မြှင့်တင်တာကို သံဓိဌာန်ချ အရှိန်မြှင့်လုပ်ဆောင်သင့်ပါတယ်။

ဒီအစီရင်ခံစာမှာပါတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေသာမက အခြားအခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကပါ ဖော်ပြနေတာကတော့ ဒီလိုချိုးဖောက်မှုတွေကို ဥပေက္ခာ ပြုလို့မရ မပြုသင့်ဖူးဆိုတာပါပဲ။ ဘယ်လောက်ပဲ နာကျင်ရပါစေ အတိတ်ကိုမျက်ကွယ်ပြုတယ်ဆိုတာက ဒီလိုချိုးဖောက်မှုတွေ ထပ်ဖြစ်နိုင်ခြေကို ခွင့်ပြုနေသလိုပါပဲ။

အဲဒါကြောင့် နိုင်ငံတည်ဆောက်ရေးမှာ အသွင်ကူ

းပြောင်းမှုဆိုင်ရာ တရားမျှတမှုက ဘယ်လောက်အရေးပါတယ်ဆိုတာကို ဥရောပအပါအဝင် ကမ္ဘာတစ်ဝှမ်းက အတွေ့အကြုံတွေက ကျနော်တို့ကို သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။

အတိတ်ကာလက ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရပါမယ်။ ဒါနဲ့ပတ်သက်ပြီး ရင်ထဲထိတဲ့ အကြောင်းရင်းလဲ ရှိပါတယ်။ တစ်ကယ်တမ်းပြောရမယ်ဆိုရင် အစီရင်ခံစာထဲမှာ သူတို့ခံစားရသလို တခြားသူတွေ အနာဂတ်မှာ မခံစားရစေချင်စိတ်နဲ့ ဖော်ပြထားတဲ့ ချိုးဖောက်ခံကာယကံရှင်တွေရဲ့ နှိမ့်ချရိုးရှင်းစွာ ပြောတဲ့စကားတွေက ကျနော့်ရင်ကို ကိုင်လှုပ်ပါတယ်။

ချိုးဖောက်ခံကာယကံရှင်တစ်ယောက်က “အမုန်းတရား၊ လက်စားချေလိုစိတ် တစ်ခုမှမရှိပါဘူး။ တခြားသူတွေကိုသာ ဒီလို ညှဉ်းပန်းနှိပ်စက်မှုမျိုး မကြုံရစေချင်တာပါပဲ” လို့ ဆိုပါတယ်။

ရန်ငြိုးမသို လက်တုန့်ပြန်ဖို့ မရည်ရွယ်ပဲ အနာဂတ်မျိုးဆက်တွေအတွက် သာယာအေးချမ်းမှု ကိုပဲဦးတည်တဲ့အတွက် ဒါက လေးစားစရာစိတ်ထားပါ။ ဒီအတွက်သုတေသနကလဲ ရှင်းပါတယ်။ တစ်ကယ်လို့သာ နိုင်ငံတွေက အတိတ်ကာလကို မမေ့ပျောက်နိုင်ပဲ ရန်မီးတွေတောက်နေရင် အကြမ်းဖက်မှုစက်ဝန်းကလဲ ဆက်လည်နေဖို့များပါတယ်။

ဘာဆက်လုပ်မလဲဆိုတာကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအရ လုပ်နိုင်တဲ့ အလုပ်တွေဖြစ်တဲ့ တရားရုံးတွေတည်ထောင်တာ၊ အမှန်တရားကော်မရှင်တွေ၊ ပြန်လည်ကုစားပေးတာ၊ ပြန်အလျော်ပေးတာ၊ ပြန်လည်ပျိုးထောင်ပေးတာ၊ သင်္ကေတကိုယ်စားပြု စိတ်ကျေနပ်မှုပေးတာ၊ နောက်ထပ်မဖြစ်ဖို့ အာမခံတာနဲ့ အဆောက်အအုံပိုင်း ဥပဒေပိုင်း ပြုပြင်ပြောင်းလဲရေး လုပ်တာတွေကို ဖော်ပြထားပြီးဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံအတွက် အကောင်းဆုံးနည်းလမ်းကတော့ ပြည်သူလူထုကို ဆွေးနွေးရွေးချယ်ခွင့်ပေးဖို့ပဲဖြစ်တယ်။
ဒီလုပ်ငန်းစဉ်ဟာ အများပါဝင်မှုရှိတဲ့၊ တိုင်ပင်ဆွေးနွေးမှုနဲ့ ထိတွေ့မှုတဲ့၊ ချိုးဖောက်ခံကာယကံရှင်တွေကိုနဲ့ လူ့အခွင့်အရေးကို ဗဟိုပြုတဲ့ လိင်ကွဲပြားမှုကို ထည့်သွင်းစဉ်းစားတဲ့ လုပ်ငန်းစဉ်ဖြစ်သင့်တယ်လို့ ယုံကြည်ပါတယ်။

အဲဒီလိုမျိုးနည်းလမ်း လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာပြီဆိုရင် ဥရောပသမဂ္ဂအနေနဲ့ အထောက်အကူပြုဖို့အဆင်သင့်ပါ ဒါပေမယ့် မြန်မာ ပြည်သူလူထုကိုယ်တိုင် စိစစ်ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

နောက်ဆုံးမှတ်ချက်အနေနဲ့ ကျနော်ပြောလိုတာကတော့ တိုင်းပြည်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားပေးပြီး အတိတ် ကာလက ရန်သူတွေအနေနဲ့ အနာဂတ်ကို အတူတကွရင်ဆိုင်နိုင်မဲ့ လမ်းကြောင်း သစ်တစ်ခုရွေးချယ်တဲ့အခါ တခါတလေမှာ နိုင်ငံရေးခေါင်းဆောင်တွေအတွက် သာမန်မဟုတ်တဲ့ သတ္တိနဲ့ လူသားဆန်မှုရှိရပါတယ်။

ဥရောပသမိုင်းတစ်လျှောက်မှာ အဲဒီလို သတ္တိမျိုးရှိခဲ့ရတဲ့ သမယတွေ အများကြီးရှိပါတယ်။ တစ်ကယ်တမ်းပြောရယင် ဥရောပ သမဂ္ဂကိုယ်တိုင်က အတိတ်ကာလက အမှားတွေနဲ့ အနာဂတ်တစ်ခုအတူတည်ဆောက်ဖို့ လိုအပ်ချက်ကို ရဲရဲဝံ့ဝံ့ အသိအအမှတ်ပြုခြင်းနဲ့ ထွင်းဖောက်မြင်ခြင်းတို့ရဲ့ အသီးအပွင့်ပဲဖြစ်ပါတယ်။

ဥရောပပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးပါတဲ့လုပ်ဆောင်မှုတစ်ခုကို မြင်ယောင်စေမယ့် မြင်ကွင်းတစ်ခုကို ပြောပြပါရစေ။

မြင်ယောင်ကြည့်ပါ။ ၁၉၇၀ ခုနှစ်မှာ အနောက်ဂျာမနီ အဓိပတိ Willy Brandt ပိုလန်နိုင်ငံ ဝါဆောမြို့ကို အလည်လာပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ဝါဆောမှာဂျုးတွေကိုစုထားတဲ့ရပ်ကွက် အုံကြွမှုဖြစ်တဲ့အခါမှာ အသတ်ခံရတဲ့ ဂျူးတွေအတွက် အမှတ်တရ ကျောက်တိုင်ရှေ့လဲရောက်ရော သူရုတ်တရက် ဒူးထောက်လိုက်ပြီး သူ့နိုင်ငံဂျာမနီက ကျူးလွန်ခဲ့တဲ့ ဂျူးမျိုးဖြုတ်ပွဲ အတွင်း အသတ်ခံရတဲ့သန်းနဲ့ချီတဲ့ ဂျူးတွေအတွက် အမှတ်တရဂုဏ်ပြုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုက ဂျာမနီနဲ့ ဂျုးတွေအကြား၊ အရှေ့အနောက်ကြား၊ အတိတ်နဲ့ အနာဂတ်မျိုးဆက်တွေကြားရှိတဲ့ ဒဏ်ရာတွေကိုကုစားတဲ့လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာထုတ်ပြန်ခြင်းကတစ်ဆင့် ခင်ဗျားတို့ဟာ ဖွင့်ဟဖော်ထုတ်ခွင့်မရှိတဲ့သူတွေ အသံမဲ့သူတွေအတွက် ဖော်ထုတ် ပြောဆိုပေးတာသာမက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်ရှိနေစေဖို့ လုပ်ဆောင်ရာမှာ အရေးပါတဲ့ ပါဝင် လုပ်ဆောင်မှုလဲဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။