ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ရှမ်းတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှု ရွာသားတွေ သေဆုံးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြားဖြစ်တဲ့ တိုက်ပွဲအတွင်း ဒေသခံ ရွာသားတချို့ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေဟာ လားရှိုးဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေပါတယ်။ ပြီးခဲ့တဲ့ ရက် ပိုင်းမှာ အစိုးရတပ်က ဖမ်းသွားတဲ့ စစ်ပြေးဒုက္ခသည် ငါးဦး ပြန်လွတ်လာပေမယ့် ဆက်ပြီး အဖမ်းခံ ထားရသူတွေ ရှိနေဆဲပါ။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စယ်ခန်ကျေးရွာအုပ်စု နားလော့ကျေးရွာအတွင်း တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား တိုက်ပွဲ ကြောင့် နားလော့ရွာသားတွေ သေဆုံးဒဏ်ရာရခဲ့ တယ်လို့ စယ်ခန်ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ဗွီအိုအေကိုအခုလို ပြော ပါတယ်။
“မနက်တုန်းကတော့ ဝင်လာတိုက်တာကတော့ RCSS လို့ပြောတာပဲ။ ရှမ်းစစ်သား (SSPP) ရွာထဲမှာ ရှိနေတော့ သူကရွာထဲဝင်တိုက်တယ်ဗျ။ သေဆုံးမှုကျတော့ရှိတာ ရွာကလူကတော့ သေသွားတာ (၃) ယောက်။ ဒဏ်ရာ ရတာ (၄) ယောက်ပေါ့။ အားလုံး (၇) ယောက်ပေါ့ဗျာ။ ဒဏ်ရာရတဲ့သူတွေ ဆေးရုံရာက်နေပြီ။”
ဒီတိုက်ပွဲနဲ့ပတ်သက်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဦး ကလည်း ဗွီအိုအေကို အခုလို ပြောပါတယ်။
“(၅) နာရီခွဲလောက်မှာဖြစ်တယ်။ မိနစ် (၂၀) ကြာတယ်လို့ပြောတယ်။ SSPP နဲ့ဖြစ်တာလို့။ ပြည်သူတွေ ထိတယ်လို့တော့ ပြောတယ်။ အရပ်သား (၃) ယောက်ဒဏ်ရာရတယ်။ နှစ်ဦး သေတယ်လို့သိရတယ်ဗျ။”
လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုဖြစ်စဉ်အပေါ် ရှုတ်ချကြောင်း သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ပြောပါတယ်။
“ဘယ်လက်နက်ကိုင်မဆိုပေါ့နော်- ပြည်သူလူထုကိုထိခိုက်လာရင် ရှုတ်ချတယ်။ လက်နက်ကိုင် အချင်းချင်းဖြစ်ချင် ရင်လည်း ရွာထဲပေးမတက်နဲ့။ သီးသီးသန့်သန့် ဖြစ်ချင်သလိုဖြစ်လို့ရတယ်။ ပြည်သူလူထုကိုလာထိရင်တော့ ကျမအနေနဲ့ ကန့်ကွက်ရှုတ်ချတယ်ပေါ့နော်။”
ဒါ့အပြင် ဒေသအတွင်းစစ်ရေးပဋိပက္ခကြောင့် ဒေသခံရွာသားတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖမ်းဆီးတာတွေလည်း ဆက်ရှိနေဆဲပါ။
ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက မြန်မာ့တပ်မတော်ကနေဖမ်းဆီးသွားတဲ့ ကွတ်ခိုင်မြို့နယ် ပန်ကူစစ်ရှောင်စခန်းက မီး ဖွားပြီးစ အမျိုးသမီးနဲ့ ရက်သားကလေးငယ်အပါအဝင် လူ ၅ ဦးကို ဒေသခံစစ်တပ်က စစ်ဆေးမေးမြန်းပြီး ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ ဦးသိန်းအောင်ကပြောပါတယ်။
“မနေ့ညကပြန်လွတ်လာပြီ။ (၉) နာရီပတ်ဝန်းကျင်လောက်မှအိမ်ကိုရောက်တယ်။ သူတို့အားလုံးလွတ်ခဲ့ပြီ။ သူတို့ ရဲ့ယောကျာ်းအကြောင်းတွေပေါ့။ TNLA ကိစ္စတွေပေါ့။ အဲဒါတွေပြန်မေးမြန်းကြတာပေါ့။ နှိပ်စက်တာတော့ မနှိပ် စက်ပါဘူးတဲ့။ ရိုးရိုးသားသားလေးပဲ ခေါ်သွားတယ်တဲ့။ ဟိုမှာရောက်တော့လည်း သူတို့က ကောင်းကောင်းမွန်မွန် လေး ပြုစုခဲ့ပါတယ်တဲ့။”
အဲဒီနေ့တုန်းကပဲ တအာင်းပလောင် TNLA တပ်ဖွဲ့ကနေ ကွတ်ခိုင်ဗျူဟာရုံးက တပ်မတော်အရာရှိတဦးကို လက်နက်နဲ့တကွ ဖမ်းဆီးခဲ့တာနဲ့ ဆက်စပ်ပြီး မန်ပန်ရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတဦးကို မသင်္ကာမှုနဲ့ ဆက်လက် ဖမ်းဆီးစစ်ဆေးနေဆဲလို့ ဦးသိန်းအောင်ကပြောပါတယ်။
“လွတ်တော့မလွတ်သေးဘူး။ ရုံးမှာရှိသေးတယ်လို့ ပြောတယ်။ အကိုကအုပ်ချုပ်ရေးမှူးလေ။ သူတို့ မောင်နှမနှစ် ယောက် အဲဒီနှစ်ယောက်ကတော့မလွတ်သေးဘူး။ ကောင်မလေးကြောင့်လည်း TNLA က စစ်တပ်အဖွဲ့ကို ဖမ်းသွားတာပဲလို့ ပြောကြတာပဲ။ သူတို့ကနေ စွပ်စွဲတာပဲ။”
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေး တင်းမာနေ ဆဲ ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာလည်း နယ်မြေအငြင်းပွါးမှုပြဿနာကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ အရင်ကထက် ပိုများလာပါတယ်။
ဒီစစ်ရေးပဋိပက္ခတွေကြားမှာ ညပ်နေတဲ့ ဒေသခံတွေမှာတော့ တိုက်ပွဲတွေကနေလွတ်အောင် အိုးအိမ်စွန်ခွါ ထွက် ပြေးရတာ၊ သေဆုံး ဒဏ်ရာရတာနဲ့ စားဝတ်နေရေး လုပ်ငန်းကိုင်ငန်းတွေ ထိခိုက်နေကြရပါတယ်။
VOA News
သီပေါတွင် ရှမ်းတပ် ၂ ဖွဲ့ တိုက်ပွဲဖြစ်၊ ၄ တန်းကျောင်းသား ၁ ဦးအပါအဝင် ၃ ဦးသေဆုံး
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နဲ့ ၂၅ မိုင်ခန့်အကွာ စယ်ခန်ကျေးရွာအုပ်စု နားလော့ရွာမှာ ဒီကနေ့မနက် ၅ နာရီလောက်က ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် ၄ တန်းကျောင်းသား ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရွာနားမှာ သေနတ်သံတွေ ကြားရတာကြောင့် ရွာသားတွေဟာ အထိတ်တလန့် ထွက်ပြေးစဉ် ထိမှန်ဒဏ်ရာရခဲ့ကြတာလို့ နားလော့ရွာသူ နန်းခမ်းလောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမက နေမကောင်းလို့ နားမခေါ်ရွာကို ရောက်နေတာ။ ဒီမနက်အစောကြီး မောင်လေး ဖုန်းဆက်ပြောတယ်။ ရွာမှာတိုက်ပွဲဖြစ်ပြီး လူ ၃ ယောက်သေတယ်၊ ၂ ယောက်ဒဏ်ရာ ရတယ်တဲ့။ သူတို့က ထော်လာဂျီကားနဲ့ ထွက်ပြေးမလို့လုပ်တုန်း လက်နက်ကျည်ကျလာတယ်။ ရှမ်းတပ် အချင်းချင်း ပစ်တယ်လို့ ပြောတယ်။ သေသွားတဲ့ ၃ ယောက်မှာ ၂ ယောက်က ပွဲချင်းပြီး၊ နောက်တယောက်က စယ်ခန်က ဆေးဆရာဆီ ခေါ်သွားရင်း စယ်ခန်ရွာရောက်မှ ဆုံးသွားတာ။”
သေဆုံးသူ ရွာသား ၃ ဦးမှာ စိုင်းဆန်ကူ (၃၀ နှစ်)၊ စိုင်းလှိုင်းဟန် (၁၃နှစ်၊ စတုတ္ထ တန်းကျောင်းသား)၊ စိုင်းနောင့် (၂၅ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရသူမှာ ဆရာမ နန်းမွန်း (၂၂ နှစ်) နဲ့ စိုင်းအောင်မိုင်း ၂၄ နှစ်တို့ ဖြစ်တယ်လို့ ရွာသူကပြောပါတယ်။ ဒဏ်ရာရသူတွေကို ဘယ်ဆေးရုံခေါ်သွားတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဦးက “ကနေ့မနက် ၅ နာရီကျော်လောက်က ကျနော်တို့ တပ်ဖွဲ့နဲ့ sspp တပ်တို့ နားလော့ရွာမှာ တိုက်ပွဲဖြစ်တယ်။ ကြာချိန်ကတော့ မိနစ် ၂၀ လောက်ပဲ။ ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး၊ ကျနော်တို့ဘဘက်ကတော့ ဘယ်တော့မှ အရင်စပြီး မပစ်ဘူး။ အရင်လကလည်း ကျနော်တို့ တပ်ဖွဲ့တွေ ရှိတဲ့ဘက်ကို လာပစ်တာခံရလို့ ပြန်ပစ်ရတယ်။ ဒီမနက် ရွာသား ၃ ယောက်သေဆုံး၊ ၂ ယောက်ဒဏ်ရာရတယ်လို့လည်း သိရတယ်။ အသေးစိပ်အခြေနေတွေ မေးနေတုန်းပါခင်ဗျ။”
ဒွိုင်တိုင်းလျန်းအခြေစိုက် RCSS/SSA ရှမ်းတပ်ဟာ အစိုးရနဲ့ အန်စီအေ (တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်) ကို လက်မှတ်ရေးထိုးထားပြီး ဝမ်ဟိုင်းအခြေစိုက် SSPP/SSA ကတော့ အန်စီအေစာချုပ်ကို လက်မှတ်မထိုးရသေးဘဲ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တာကြောင့် အားလုံးပါဝင် လက်မှတ်ထိုးရေးမူအတိုင်း သွားနေပါတယ်။
RCSS/SSA တပ်ဖွဲ့ဝင်တွေဟာ အန်စီအေလက်မှတ်ထိုးပြီးတဲ့နောက် မြောက်ပိုင်းဘက်ကို ဝင်ရောက်လှုပ်ရှားတာကြောင့် တိုက်ပွဲဖြစ်ရတာလို့ SSPP/SSA ဘက်က စွပ်စွဲထားပြီး RCSS/SSA ကတော့ သူတို့ဟာ အရင်ကတည်းက မြောက်ပိုင်းမှာရှိနေသလို ရှမ်းပြည်တပ်မတော်အနေနဲ့ ရှမ်းပြည်ရဲ့ ဘယ်ဒေသမဆို သွားခွင့်ရှိရမယ်လို့ ပြောဆိုပါတယ်။
အိမ်ခြေပေါင်း ၇၀ လောက်ရှိတဲ့ နားလော့ရွာမှာ ပြီးခဲ့တဲ့လကလည်း တိုက်ပွဲဖြစ်လို့ နားအုံရွာဘက်ကို ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးပြီး ဒီတခေါက်မှာလည်း ထွက်ပြေးတိမ်းရှောင်ကြရဦးမှာ သေချာကြောင်း၊ ဒီအချိန်ဟာ ပြောင်းဆွတ်ချိန်၊ ကောက်ရိတ်ချိန်ဖြစ်တဲ့အတွက် စစ်ပြေးရှောင်နေရလို့ သီးနှံတွေ အချိန်လွန်သွားမှာကို စိုးရိမ်နေကြတယ်လို့ နားလော့ရွာသူ နန်းခမ်းလောင်က ပြောပါတယ်။
ဓာတ်ပုံ – Num Tai Parn Mai
DVB News
အေအေပီပီမှ အောက်တိုဘာလအတွက်လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်
တစ်လအတွင်းသုံးသပ်ချက်
အောက်တိုဘာလအတွင်းတွင် စုစုပေါင်း ၁၇ ဦး တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၁၇ ဦးအနက် ချင်းတိုင်းရင်းသား နှစ်ဦး သည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ ရှစ်ဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀၊ သတင်းသမား သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နှင့် ရခိုင်လူငယ် သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ နှင့် NLD ပါတီ(ဗဟို)၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးသည် နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ အောက်တိုဘာလတွင်း စုစုပေါင်း ၃၁ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ၃၁ ဦးအနက် ကချင်တိုင်းရင်းသား ၂၁ ဦးကို တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁) ဖြင့် ချင်းတိုင်းရင်းသား နှစ်ဦး၊ ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တက်ကြွလှုပ်ရှားသူ နှစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် သတင်းသမား သုံးဦးနှင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ရခိုင်လူငယ် သုံးဦးတို့ကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလတွင်း ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသူ ရှစ်ဦးရှိသည့်အနက်မှ အရပ်သားနှစ်ဦးသည် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ တို့ဖြင့် အသီးသီး ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လယ်သမား ငါးဦးနှင့် ကလေးစစ်သားဟောင်း တစ်ဦးတို့ကိုမှု ၎င်းတို့အား စွဲဆိုထားသော စွဲချက်များကို ရုတ်သိမ်းပေးခဲ့သည်။ အောက်တိုဘာလတွင်း ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တက်ကြွ လှုပ်ရှားသူ နှစ်ဦးနှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် သတင်းသမား သုံးဦးတို့သည် အာမခံဖြင့် လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်း နှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။
အောက်တိုဘာလသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို ထပ်မံ၍ ဖိနှိပ်ထားသော လတစ်လ ဖြစ်ခဲ့သည်။ အီလဲဗင်းသတင်းဌာနမှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် အကြီးတန်း သတင်းထောက် ကိုဖြိုးဝေ တို့သည် ရန်ကုန်တိုင်းအစိုးရကို အကြည်ညိုပျက်အောင်ပြုသည်ဟု စွပ်စွဲခြင်းခံရကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဝေဖန်ထောက်ပြမှုများနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို သတင်းရေးသားတင်ပြနိုင်ခြင်းမရှိလျှင် သတင်းမီဒီယာလောကအတွက် ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေသည်သာမက ပြည်သူများ၏ ယုံကြည်မှုကိုလည်း ရရှိစေမည်မဟုတ်ပါ။ ရွေးကောက်ခံ အစိုးရ၏ တရားစွဲဆိုမှုသည် ဒီမိုကရေစီ ကူးပြောင်းရေးကို ဦးတည်နေသော မြန်မာနိုင်ငံတွင် လက်ခံနိုင်ဖွယ်မရှိသော အခြင်းအရာတစ်ခုဖြစ်သည်။ နိုင်ငံတော်သမ္မတမှ ထိုအမှုကို သတင်းမီဒီယာ ကောင်စီမှတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် မီဒီယာဥပဒေနှင့်သာ အရေးယူရန် ရန်ကုန်တိုင်း အစိုးရကို ညွှန်ကြား ထားသည်ကို ကြိုဆိုပါသည်။ သို့သော်လည်း ထိုသတင်းသမား သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဆက်လက် တရားစွဲဆို ခံထားရဆဲဖြစ်သည်။
အောက်တိုဘာလတွင်း သတင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာများကို ထပ်မံဖိနှိပ်ထားမှုသည် တနင်္သာရီဂျာနယ် စွဲချက်တင်ခံရမှုဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ထားဝယ်မြို့နယ်တရားရုံးမှ ထားဝယ်အခြေစိုက် တနင်္သာရီ အပတ်စဉ်ဂျာနယ်ကို မဲဆွယ်အပြုံး အမည်ရ သရော်စာဖော်ပြခဲ့မှုနှင့် ပတ်သက်၍ သတင်းမီဒီယာပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် သြဂုတ်လ ၁၄ ရက်နေ့တွင် တနင်္သာရီဂျာနယ်မှ ၎င်းတို့အား တရားစွဲဆို ထားခြင်းအား ချေဖျက်ပေးရန် လျှောက်ထားချက်ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပလပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် သရော်စာသည် တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး ဒုညွှန်ကြားရေးမှူးမှ ထားဝယ်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သရော်စာ၏ သဘောသဘာဝနှင့် ဖွဲ့စည်းမှုကို နားလည်သဘောပေါက်အောင် ကြိုးပမ်းမှုမရှိဘဲ အသရေဖျက်ခြင်းဟူသောခေါင်းစဉ်ဖြင့် တရားစွဲဆိုခြင်းသည် သတင်းမီဒီယာလောကအတွက် စိုးရိမ်ဖွယ်ရာ အနေအထားတစ်ရပ်ဖြစ်သည်။
သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ (International Day to End Impunity for Crimes against Journalists) ကျရောက်တော့မည့်တိုင် မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့် နောက်ပြန်ဆုတ်နေခြင်းသည် စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ အီလဲဗင်းသတင်းဌာနမှ သတင်းသမားသုံးဦး တရားစွဲဆိုခံရခြင်းနှင့် တနင်္သာရီဂျာနယ်စွဲချက်တင်ခံရခြင်း သည် မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်ကို ပို၍ဆိုးရွားသွားစေသည်ကို ပြသနေသည်။ ထို့ကြောင့် အစိုးရမှ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော သတင်းသမားများကို အမြန်ဆုံးလွှတ်ပေးခြင်းဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို လေးစားလိုက်နာသည်ကို ထုတ်ဖော်ပြသပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ အစိုးရအား တိုက်တွန်းပါသည်။
သတင်းလွတ်လပ်ခွင့် နောက်ပြန်ဆုတ်လျက်ရှိနေချိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း အမျိုးမျိုးသော အသရေဖျက်မှု စွဲချက်များဖြင့် ထိုးနှက်လျှက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေသည် လွပ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိုးနှက်ရန်နှင့် ဖိနှိပ်ရန်အတွက် ထပ်မံ၍ အသုံးပြုလာသော ဥပဒေတစ်ခုဖြစ်လာခဲ့သည်။ အောက်တိုဘာလ ၂၃ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းမှ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို မင်းဘူးမြို့မရဲစခန်းတွင် နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ၊ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည်။ ဦးတင်အောင်ထွန်းအပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို NLD ပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဒေါက်တာမျိုးညွန့်မှ မီဒီယာများကို ပြောကြားခဲ့ရာတွင် ပါဝင်သည့် အချက်များကြောင့် ၎င်း၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့၍ မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်အောင်ထွန်းမှ ပြောကြားခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ အား လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဝေဖန်ရေးသားခြင်းအတွက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တရားရုံးမှ စစ်တွေ မြို့ဖိမြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ် ခြောက်လ၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ဥပဒေ ပုဒ်မ ၅၀၆ ဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီး၊ ၎င်းပြစ်ဒဏ်များကို တပေါင်းတည်းကျခံရန် အမိန့်ချမှတ်ခဲ့သည်။
နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၈(စ)တွင် နိုင်ငံသားတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားသည်၊ ထိုဥပဒေ၏ ပုဒ်မ ၁၀ တွင် မည်သူမဆို ပုဒ်မ ၈ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။ ထိုဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် ဒေါက်တာမျိုးညွှန့်၊ ဦးအောင်သန်းဝေအပါအဝင် နိုင်ငံသား ငါးဦးသည် ထိုဥပဒေဖြင့် ဖိနှိပ်ခြင်းကိုခံထားရသည်။ ထို့ကြောင့် ဖိနှိပ်ထားသော ဥပဒေသဖွယ်ဖြစ်နေသော ထိုဥပဒေကို အစိုးရမှ ပြန်လည်သုံးသပ်ခြင်းအားဖြင့် နိုင်ငံသား များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးပါရန် အကြုံပြု တိုက်တွန်းပါသည်။
ထို့ပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆက်လက် ကန့်သတ်ထားရန်အတွက် ငြိမ်း၊စု၊စီဥပဒေဖြင့်လည်း တက်ကြွလှုပ်ရှားသူများကို အမှုဖွင့်တရားစွဲဆိုမှုများ ပြုလုပ်နေဆဲဖြစ်သည်။ အောက်တိုဘာလ အတွင်းတွင် မြန်မာ တပ်မတော်အရာရှိများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ အမြန်ဆုံး အရေးယူရန် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းအတွက် ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှ ဗဟိုကော်မတီဝင် ဦးသက်ဇင်နှင့် ကိုကျော်ဇင်လတ်တို့သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လှည့်လည်ခွင့်ဆိုင်ရာဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဖုယွင်စက်ရုံအလုပ်သမားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင် ပြုလုပ်ခဲ့သော ဦးအောင်မြင့်၊ ကိုမြတ်ကျော်၊ ကိုကျော်မျိုးနှင့် ကိုသက်မျိုးအောင်တို့သည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ကို ဖောက်ဖျက်ရာရောက်သည့်အတွက် ကျောက်တံတားမြို့မရဲစခန်း၌ လာရောက်ရှင်းလင်းရန် အကြောင်းကြားစာ ပေးပို့ခြင်းခံထားရသည်သာမက ဗကသ ကျောင်းသား ကိုနှင်းအောင်နှင့် ကိုဝေယံတို့သည် ဖုယွင် အလုပ်သမားသပိတ် အကြမ်းဖက်ခြင်းခံရမှုအပေါ် ရှုတ်ချကြောင်း မျက်နှာဖုံးစွပ်၍ လက်ကမ်းစာစောင်ဝေနေစဉ် အရပ်ဝတ် လူတစ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ လွတ်လပ်သော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ခွင့်ပြုပေးထားသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် ထိုအခွင့်အရေးများကို လေးစားလိုက်နာရန် ပျက်ကွက်လျှက်ရှိသည်ကို အထက်ပါ ဖြစ်ရပ်များမှ ထင်ရှားစွာ ပြသနေသည်။ ထို့ပြင် ငြိမ်း၊စု၊စီဥပဒေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ဖိနှိပ်ထားခြင်းသည် ထိုဥပဒေကို လွဲမှားစွာ အသုံးချနေသကဲ့သို့ ဖြစ်ပေါ်နေသည်။ အောက်တိုဘာလကုန်အထိ ငြိမ်း၊စု၊စီဥပဒေဖြင့် တက်ကြွလှုပ်ရှားသူ နှင့် အရပ်သား စုစုပေါင်း ၈၁ ဦးသည် ထောင်တွင်းနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသည်ကို ကြည့်ခြင်းအားဖြင့် လည်း သိသာစွာ တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ရှေ့ဆက်လှမ်းနိုင်ရန်အတွက် အသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်လျှက်ရှိ ချိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာခြင်းအားဖြင့် ၎င်း၏ လူ့အခွင့်အရေး စံချိန်၊စံညွှန်းများကို ဖော်ဆောင်ပြသပါရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)မှ အစိုးရအား တိုက်တွန်းပါသည်။ ထို့ပြင် ငြိမ်း၊စု၊စီဥပဒေကို ပြန်လည် ပြင်ဆင်ဖြည့်စွက်ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းအားဖြင့်လည်း နိုင်ငံသားများ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးပါရန်လည်း တိုက်တွန်းပါသည်။
အောက်တိုဘာလတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားလျှက်ရှိချိန်တွင် မတရားဖမ်းဆီးမှုများ သည် လည်း တိုင်းရင်းသားဒေသများတွင် ဖြစ်လေ့ရှိသော သဘောသဘာဝသဖွယ် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) အဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံခဲ့ရမှုနှင့် ဆက်နွယ်သည်ဟု စွပ်စွဲခြင်းခံရကာ Arakan Youth Conference (AYC) အဖွဲ့ဝင် နှစ်ဦးဖြစ်သော ဘူးသီးတောင် မြို့နယ်မှ ကိုအောင်ချေ (ခ) အောင်ဇော်လင်းနှင့် ပေါက်တောမြို့နယ်မှ ခိုင်ဘိုဘို (ခ) ခိုင်သော်၊ ရခိုင်အမျိုးသားပါတီ (ANP) မှ ကိုမေယုထွန်း (ခ) ဇော်ဝင်းတို့သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်တရားစွဲဆို ခြင်းကို ခံထားရသည်။ ထိုကဲ့သို့ အဖွဲ့အစည်းများမှ လူငယ်များကို အဓိကထားကာ ဖမ်းဆီးခြင်းသည် တခြားနိုင်ငံရေးလှုပ်ရှားသူများကို စိုးရိမ်မှုတိုးစေပြီး ၎င်းတို့၏ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်မှုအပေါ် ဖိနှိပ်သကဲ့သို့ ဖြစ်စေသည်။ ခိုင်လုံသော သက်သေ အထောက်အထား မရှိဘဲ မတရားစွပ်စွဲကာ ဖမ်းဆီး ထိန်းသိမ်းထားခြင်းသည် နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို လေးစား လိုက်နာမှုမရှိသည်ကို ညွှန်းဆိုပြသနေသည်။ ထို့ပြင် မတရားဖမ်းဆီးထားခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) နှင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် နိုင်ငံသားများ၏ လွတ်လပ်ခွင့် နှင့် လုံခြုံခွင့်ကို အကာအကွယ်ပေးသည်ကို ပြသသောအားဖြင့် မျှတ၍ အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုများကို အမြန်ဆုံးပြုလုပ်၍ ဖမ်းဆီး၊ထိန်းသိမ်းထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ တောင်းဆိုပါ သည်။
မတရားအသင်းနှင့် ဆက်နွယ်ခြင်းအတွက် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းအပြင် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခြင်းများသည် စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့်အပြင် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်ကို တားမြစ်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မတရားဖမ်းဆီးထားချိန်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှုများ ဖြစ်ပွားနိုင်ပြီး ထိုကဲ့သို့ ဖြစ်ပွားခဲ့သော သာဓကများစွာလည်း ရှိခဲ့သည်။ အောက်တိုဘာလတွင်းဖြစ်ပွားခဲ့သော အောက်ပါဖြစ်စဉ်များ မှလည်း မတရား ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်သည်ကို မီးမောင်းထိုးပြ လျှက်ရှိသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဇင်ဇင်ဖိနပ်ဆိုင်ပိုင်ရှင်ထံမှ ဆက်ကြေးငွေငါးသိန်း သွားယူပေးရန် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ရင်း (၁၁) ၏ တိုက်နယ်မှူးအဆင့်ရှိသူမှ စေခိုင်းခြင်း ခံခဲ့ရသော ကိုဇေခေါင်သည် မတရားအသင်းနှင့်ဆက်နွယ်သည်ဟုဆိုကာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခြင်းခံခဲ့ရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာ၌ အခြေခံစစ်သင်တန်းကို လေးလကြာ တက်ရောက်ခဲ့သည့် ချင်းအမျိုးသားနှစ်ဦးဖြစ်သော ဆလိုင်းနိုင်ထွန်းနှင့် ကိုအောင်ရန်လင်းတို့သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တပ်များမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဓမ္မဆရာမ တစ်ဦး အပါဝင် အရပ်သား ၁၅ ဦးကို မြစ်ကြီးနား-ဗန်းမော်လမ်း Nam San Yang (နမ်ဆန်ယန်) ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နမ့်ခုတ်နှင့် အောင်မြင်သာ ကျေးရွာများမှ ရွာသား ၁၀ ဦးကျော်ကို တပ်မတော်မှ ထိန်းသိမ်းခဲ့သည်။ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော ရွာသား ၁၀ ဦးအနက် လေးဦးကို တပ်မတော်မှ ပြန်လွှတ်ပေးခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ မည်သည့်ပုံစံဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းချထားမှုအောက်တွင်ရှိသူ အားလုံးကို ကာကွယ်ရန်အတွက် ဥပဒေသများ၏ အပိုဒ် ၁၀ တွင် ဖမ်းဆီးခြင်းခံထားရသူ မည်သူကိုမဆို ၎င်းအား ဖမ်းဆီးချိန် တွင် မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို အသိပေးရမည်ဖြစ်ပြီး ၎င်းအား မည်သည့်စွဲချက်ဖြင့် တရားစွဲ ဆိုထားသည်ကိုလည်း ချက်ချင်းအသိပေးရမည်ဟု ဖော်ပြထားသည်။ သို့သော်လည်း မတရားဖမ်းဆီးခြင်းခံထားရသူ အများစုမှာမှု မည်သည့်အတွက်ကြောင့် ၎င်းတို့အား ဖမ်းဆီးခြင်း၊ တရားစွဲခြင်းကို သိရှိရခြင်းမရှိပါ။ ထိုအခြင်းအရာမှ ၎င်းတို့၏ အခြေခံအခွင့်အရေးများ ဆုံးရှုံးလျှက်ရှိသည်ကို ပြသနေသည်။ အစိုးရသည် ထိုအခြင်းအရာကို ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းမရှိသရွေ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် နှောင့်နှေးမှုများကို ကြုံတွေ့ နေရဦးမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် တိုင်းရင်းသားများ၏ အခွင့်အရေးကို ဖော်ဆောင်သောအားဖြင့် သော်လည်းကောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားခြင်းကို ပြသခြင်းအားဖြင့်သော်လည်းကောင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများကို အမြန်ဆုံးလွှတ်ပေးပါရန် တိုက်တွန်းပါသည်။
ထို့ပြင် လယ်ယာမြေ သိမ်းဆည်းမှုပြဿနာများ၊ လယ်ယာမြေအငြင်းပွားမှု ပြဿနာများသည် ဆက်လက် ဖြစ်ပွားဆဲ ဖြစ်သည်ကို အောက်တိုဘာလတွင်း ဖြစ်ပွားခဲ့သော လယ်ယာမြေပြဿနာများအနက်မှ ကောက်နှုတ်ဖော်ပြထားချက် တချို့ကို ကြည့်ခြင်းဖြင့် ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။
သိမ်းဆည်းထားသော ယာမြေများ၊ လယ်ယာမြေများပြန်လည်ရရှိရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးနှင့် တန့်ဆည်မြို့နယ်မှ တောင်သူများ၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ ဒေသခံ ၂၀ ကျော်နှင့် မကွေးတိုင်း ဒေသကြီးအတွင်း အကောင်အထည် ဖော်လျက်ရှိသော စီမံကိန်း သုံးခုကြောင့် လယ်ယာမြေဆုံးရှုံးသွား သည့် တောင်သူများ လျော်ကြေးရရှိရန် တောင်သူ ၂၀ဝ ခန့်သည် ၎င်းတို့၏ ဒေသများ၌ အသီးသီး ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာစိုက်ကွင်းအတွင်းရှိ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိမ်းယူထားသည့် လယ်ယာမြေဧက ၆၀ဝ ကျော်ကို ပြန်လည်စွန့်လွှတ်ပေး ရန် အောက်တိုဘာလ ၆ ရက်နေ့တွင် တောင်သူ ၃၀ ခန့်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုခဲ့ သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ငွေတောင်းကျေးရွာအနီးတွင် တပ်မတော်မှ စွန့်လွှတ်ပြီးဖြစ်သည့် လယ်ယာမြေ ၇၅ ဧကကို လေးနှစ်ကြာသည်အထိ လယ်ဝယ် မရရှိသေးသည့်အတွက် အောက်တိုဘာလ ၇ ရက်နေ့တွင် ဒေသခံတောင်သူများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
သိမ်းဆည်းခံလယ်ယာမြေအရေးကို ဖြေရှင်းရာ၌ တောင်သူများ နစ်နာမှုမရှိစေရန်အတွက် အဂတိတရားကင်းစွာဖြင့် အမြန်ဆုံးဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ အောက်တိုဘာလ ၆ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။ သို့သော်လည်း လယ်ယာမြေပြဿနာများသည် တစ်လထက်တစ်လ လျော့နည်းလာခြင်းမရှိသည်ကို လေ့လာတွေ့ရှိရ သည်။ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိခြင်းမရှိခြင်း၊ သိမ်းဆည်းလယ်ယာမြေများကို ပြန်လည်စွန့်လွှတ် ပြီးသော်လည်း တောင်သူများ လက်ဝယ်သို့ ရောက်ရှိခြင်းမရှိခြင်း၊ နစ်နာကြေး အပြည့်အဝမရရှိခြင်းတို့သည် တောင်သူများ ရင်ဆိုင်နေကြရသော အဓိက ပြဿနာများဖြစ်သည်။ ထိုပြဿနာများကြောင့် ၎င်းတို့၏ စားဝတ်နေရေး နှင့် လူမှုဘဝတို့တွင် ထိခိုက်မှုများစွာကို ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ကို လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံဖြစ်သည့်အတွက် ထိုစာချုပ်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် တောင်သူများ ၏ အခွင့်အရေးများကို အကာအကွယ် ပေးသည်ကို ပြသခြင်းအားဖြင့်၊ ထိရောက်သော လယ်ယာမြေဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခြင်းအားဖြင့် တောင်သူများကို ကာကွယ်မှုပေးပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ (အေအေပီပီ)မှ တိုက်တွန်း အကြံပြုပါသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး +၆၆(ဝ) ၈၁၂ ၈၇၈ ၇၅၁
အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(ဝ) ၄၂၈ ၁၁၇ ၃၄၈
အောက်တိုဘာလအတွက်တလအတွင်းသုံးသပ်ချက်ဖတ်ရှုရန် Burmese MiR Template for October
အောက်တိုဘာလအတွင်း သတင်းများစုစည်းမှု ဖတ်ရှုရန် Burmese Chronology Template for October
လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 28 Remaining PP list Updated On Oct 30, 2018 Burmese
အမှုရင်ဆိုင်နေရဆဲ စာရင်းဒေါင်းလော့ရယူရန် 262 facing trial list updated on October 31, 2018 (Updated)
၆၆ (ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated
ဘဝ မကူးသည့်နေ့ မရှိခဲ့သော ဘဝသစ် အကျဉ်းစခန်းများ
By ဆွေဝင်း
၁၉၈၈ မှ ၂ဝ၁ဝ ကာလ စစ်အုပ်ချုပ်ရေး ကာလအတွင်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို အားလုံး အနည်းနှင့် အများဆိုသလို သိရှိကြသည်။
သို့သော် ထိုကာလ၏ အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတခုမှာ ထောင်နှင့်ချီသော အကျဉ်းသားတို့ ရဲဘက်စခန်းများတွင် သေဆုံးမှုဖြစ်သည်။
ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာချို့တဲ့ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အကျဉ်းသားအများအပြား စစ်အုပ်ချုပ်ရေးကာလအတွင်း သေဆုံးခဲ့ကြသည်ဟူသော သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ခိုင်မာသော အထောက်အထားများ ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိပေ။
သို့သော် လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း Myanmar Now က ထိုကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းမှှုများ ပြုလုပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ အငြိမ်းစားနှင့် တာဝန်ယူဆဲ အရာရှိကြီးများ၊ ရွာလူကြီးများ၊ အုပ်ချုပ်ရေးမှူးဟောင်းများ၊ ရဲဘက်စခန်းများမှ လွတ်မြောက်ခဲ့သော အကျဉ်းသားအချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။
ထိုစုံစမ်းမှှုအတွင်း ၎င်းတို့က အကျဉ်းသားသေဆုံးမှုများနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်တချို့ကို ပထမဦးဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အကျဉ်းသား အများအပြား သေဆုံးခဲ့သော အကျဉ်းစခန်းများတွင် မြန်မာပြည်အနောက်ဘက် တောတောင်လျှိုမြှောင် ထူထပ်လှသော စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းရှိ “ဘဝသစ်” အမည်ရ စိုက်ပျိုးရေးအကျဉ်းသား ရဲဘက်စခန်းများမှာ နာမည်ဆိုးဖြင့် အကျော်ကြားဆုံးဖြစ်သည်။
“အကျဉ်းသား နှစ်ယောက်လောက်တော့ နေ့တိုင်းသေတယ်။ သေတိုင်း ကျနော် ကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့ရတယ်။ ဝမ်းလျှောလို့ သေတယ်၊ ဝမ်းကိုက်လို့ သေတယ်၊ ဝမ်းနာလို့ သေတယ်၊ ဒီလိုရောဂါတွေနဲ့ သေကြောင်း အကျဉ်းဦးစီးအာဏာပိုင်တွေအတွက် လက်မှတ်ထိုးပေးခဲ့ရတယ်” ဟု စစ်ကိုင်းတိုင်းကလေးမြို့နယ်ရှိ ရာဇဂြိုဟ် (၁) စိုက်ပျိုးရေးအကျဉ်းစခန်းအနီးရှိ ရာဇဂြိုဟ်ရွာ၏ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစံဗလက Myanmar Now ကို ပြောဆိုသည်။
လူဦးရေတိုးပွားရန် မဟာအကြံ
၁၉၉၁ မေလတွင် စစ်ကိုင်းတိုင်းမုံရွာထောင်မှ အကျဉ်းသား ၃ဝဝ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂၅ ယောက် ပါသည့် သငေ်္ဘာတစင်းသည် မုံရွာမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ခဲ့သည်။
ကလေးဝ ရောက်လျှင် ကားများဖြင့် တမူးမြို့ဖက်သို့ ခရီးဆက်ခဲ့ကြပြီး တမူးမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် စခန်းချခဲ့ကြသည်။
ဝက်ရှုရွာအနီး တည်ရှိသောကြောင့် မူလက ဝက်ရှုစခန်းဟု အမည်တွင်ပြီး နောင်တွင် အုတ်ဖိုကန်ဘောင်စခန်းဟု ခေါ်ဆိုသော ထိုစခန်းသည် အကျဉ်းဦးစီးဌာန၏ ပထမဦးဆုံးသော ကဘော်ချိုင့်ဝှမ်း “ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှုစခန်း” ဖြစ်သည်။
ရဲဘက်အကျဉ်းသားများဖြင့် လည်ပတ်ရသော ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှုစခန်း (သို့မဟုတ်) ဘဝသစ်စခန်း ဆိုသည်မှာ ထိုအချိန်က မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်အာဏာရှင် ဗိုဟ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ပထဝီနိုင်ငံရေး စီမံကိန်းအစိတ်အပိုင်းတခု ဖြစ်သည်။
အိန္ဒိယမြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာပိုင်နယ်မြေများသို့ တဖက်အိမ်နီးခြင်း အိန္ဒိယနိုင်ငံမှ လူများ စိမ့်ဝင်လာခြင်းကို ကြိုတင်ကာကွယ်ရန် လိုအပ်သည်ဟု သူက ယူဆခဲ့သည်။
ထိုကဲ့သို့ ကာကွယ်ရန် အိန္ဒိယမြန်မာနယ်စပ် တလျှောက်ရှိဒေသများ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းသည် လူဦးရေနေထိုင်မှု နည်းပါးသည့်အတွက် ထိုဒေသများတွင် လူဦးရေ တိုးပွားစေရန် ရဲဘက်အကျဉ်းသား စိုက်ပျိုးရေးစခန်းများ ဖွင့်လှစ်ရမည်။ အကျဉ်းသားများ လုပ်အားဖြင့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးလယ်ယာမြေများအဖြစ် ဖော်ထုတ်ရမည်။ အကျဉ်းသားများ လွတ်ရက်စေ့လျှင် ဆန္ဒရှိသူများကို လယ်ကွက်များ၊ ကျွဲနွားများပေးပြီး ၎င်းတို့၏ မိသားစုများကိုခေါ်ဆောင်စေကာ ရွာသစ်များတည်ပေးမည်။
ထိုကဲ့သို့ ရွာသစ်များတည်ပေးခြင်းဖြင့် လူဦးရေတိုးပွားစေကာ တဖက်နိုင်ငံများမှ မြန်မာနိုင်ငံတွင်းသို့ လူဦးရေ စိမ့်ဝင်အခြေချခြင်းကို ကာကွယ်စေနိုင်မည်ဟု သူက ဆိုခဲ့ကြောင်း အကျဉ်းဦးစီးဌာန မှတ်တမ်းအချို့တွင် ရေးသားထားသည်။
ပထဝီနိုင်ငံရေးရည်ရွယ်ချက်များအပြင် “အလဟဿ လေလွင့်ဆုံးရှုံးနေသော” အကျဉ်းထောင်များရှိ အကျဉ်းသားလုပ်အားကို နိုင်ငံတော် စီမံကိန်းများအတွက် သုံးစွဲရန်၊ အကျဉ်းဦးစီးဌာနအတွက် နိုင်ငံတော်က ကုန်ကျရသော စရိတ်များကို ပြန်လည်ကာမိစေရန် အကျဉ်းသားများက ကျောက်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေပြန်ရှာရန် ၁၉၉၈ မှ ၂ဝ၁ဝ အတွင်း အာဏာယူခဲ့သော စစ်ဗိုလ်ချုပ်ကြီးများက အမိန့်ပေးစီမံခဲ့ကြောင်း Myanmar Now က ဖတ်ရှု လေ့လာခွင့်ရသည့် အစိုးရ အမိန့်ညွှန်ကြားချက်တချို့တွင် တွေ့ရှိရသည်။
၁၉၉၈ သြဂုတ် ၂၅ နေ့စွဲဖြင့် စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁/၉၈ တွင် ပြည်ထဲရေး ဝန်ကြီးဌာနသည် အကျဉ်းသားများ၏ လုပ်အားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း၊ ဝန်ဆောင် တပ်ရင်း လုပ်ငန်း (အကျဉ်းသားများကို ရှေ့တန်း စစ်ဆင်ရေးနေရာများတွင် လက်နက်ရိက္ခာများ သယ်ခိုင်းခြင်းဖြစ်ပြီး ယခုအချိန်တွင် ဖျက်သိမ်းလိုက်ပြီ) နှင့် ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှှုစခန်းများကို မိမိ၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ရန် ဟူသော စကားရပ် ပါရှိသည့် အမိန့်တရပ် ထုတ်ပြန်ခဲ့သည်။
ထိုစာတွင် ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှု စခန်းဆိုသည်မှာ “ပြစ်ဒဏ်ကျ အကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတို့ကို တိုးတက် ပြောင်းလဲစေပြီး ဘဝသစ်ကို တည်ဆောက်ပေးသော စခန်း” ကို ဆိုလိုသည်ဟု အနက်ဖွင့်ထားသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလွန်ကြည်နူးစရာ ကောင်းလှသော်လည်း ပကတိဖြစ်ရပ်မှာမူ အကျဉ်းသားပေါင်း များစွာ တမလွန်ဘဝသစ်သို့ ကူးပြောင်းခြင်းပင် ဖြစ်လေသည်။
ထိုအမိန့်မထွက်မီပင် စတင်ခဲ့သော ကဘော်စီမံကိန်းအရ တမူးမြို့ရှိ တောရိုင်းနေရာများတွင် သနန်၊ ဗန္ဓုလ၊ ဆရာစံ၊ မြို့သစ်၊ အုတ်ဖိုကန်ဘောင်နှင့် ကလေးမြို့ရှိ ရာဇဂြိုဟ် (၁) ၊ ရာဇဂြိုဟ် (၂) အစရှိသော “ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှုစခန်း” ခေါ် ရဲဘက် အကျဉ်းစခန်းများကို စခန်းတခုလျှင် အကျဉ်းသားပျမ်းမျှ ၃ဝဝ ခန့်ဖြင့် ၁၉၉၁ မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ထိုစခန်းတို့က ထောင်နှင့်ချီသော လယ်ဧကများဖော်ထုတ်ရန်၊ နှစ်စဉ် စပါးတင်းပေါင်းများစွာ အကျဉ်းဦးစီးဌာနသို့ အပ်နှံရန် လျာထားချက်များ ချမှတ်ခဲ့သည်။
သောက်သောက်လဲ သေကြပြီ
ဘဝသစ်စခန်းများအနက် ဗွေဆော်ဦးစခန်းဖြစ်သည့် တမူးမြို့အနီးရှိ အုတ်ဖိုကန်ဘောင်စခန်း ဖြစ်မြောက်စေရန် နောက်တန်းမှ စီမံပေးခဲ့ရသူတစ်ဦးမှာ ထိုအချိန်က မုံရွာထောင်တွင် တာဝန်ကျနေသော အကျဉ်းဦးစီးဌာန အရာရှိ ထောင်မှူး ဦးတင်အောင်ဖြစ်သည်။
ထိုစခန်းနှင့် နောက်တိုးဖွင့်လှစ်သည့် ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများတွင် အကျဉ်းသား အများအပြား နှစ်စဉ် သေဆုံးခဲ့ကြောင်း၊ အကြောင်းရင်းများမှာ ရာသီဥတု အလွန်ပြင်းထန်ခြင်း၊ အကျဉ်းသားများကို ကျွေးမွေးရန် နိုင်ငံတော်က လုံလောက်သော အသုံးစရိတ် မချပေးခြင်း၊ ဆေးဝါးလုံလောက်မှု မရှိခြင်းတို့ဖြစ်ကြောင်း ထောင်မှူးကြီးဘဝမှ အငြိမ်းစားယူပြီး ကလေးမြို့တွင် ရှေ့နေအဖြစ် လုပ်ကိုင်နေသော ဦးတင်အောင်က ပြောဆိုသည်။
“၁၉၉၁ ခုနှစ်လောက်တုန်းက ဆိုရင် အကျဉ်းဦးစီးမှာ ကုလားပဲ ဆိုတာ မရှိဘူး။ တပိဿာ ၆ဝဝ ကျပ် ရတဲ့ပဲနဲ့ ဝယ်ကျွေးတာ။ အသား တပိဿာကို ၄ဝဝ ကျပ် လောက်နဲ့ ရတဲ့အသား ဝယ်ကျွေးဆိုတော့ ဘယ်လိုနည်းနဲ့မှ မကျွေးနိုင်ဘူး။ အပြင်မှာ ၃ဝဝ တန်တာဆို နိုင်ငံတော်က ချပေးတာ ၁ဝဝ လောက်ပဲ ရှိတယ်၊ အဲဒီ အတွက်ကြောင့် အကျဉ်းသားတွေကို လောက်လောက်ငှငှ မကျွေးနိုင်ဘူး။ မကျွေးနိုင်တော့ အကျဉ်းသားတွေက အင်အား ပျက်တယ် ၊ ရာသီဥတုဒဏ်ခံရတယ် ၊ ရေကောင်းကောင်းမရှိဘူး၊ ဆေးဝါးတွေ မလုံ လောက်ဘူး” ဟု သူက ဆိုသည်။
အင်းစိန်၊ အိုးဘို၊ မြင်းခြံ၊ ဗန်းမော်ထောင်တို့ အပါအဝင် နိုင်ငံအနှံ့ ထောင်များရှိ အကျဉ်းသားတို့ကို စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကလေး အကျဉ်းထောင်များသို့ ဦးစွာခေါ်ဆောင်လာပြီး ထိုထောင်များမှ တဆင့် ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများသို့ ပို့ဆောင်ခဲ့သည်။
“စခန်းမှာသေတဲ့လူလည်း သေကြပေါ့။ တချို့အကျဉ်းသားတွေကိုလည်း အခြေအနေ မကောင်းလို့ တို့မုံရွာထောင်ကို ပြန်ပို့လိုက်တယ်။ ပြန်လာတဲ့အကျဉ်းသားတွေ ကြည့်လိုက်တော့လည်း အရိုးနဲ့အရေပဲ ကျန်တယ်၊ တကိုယ်လုံးဝဲတွေချည်းပဲ၊ ရောက်သေပဲ။ ဒီနေ့ရောက်၊ နက်ဖန်သေပဲ” ဟု ဦးတင်အောင်က ဆိုသည်။
၂ဝဝ၁ ခုနှစ်တွင် သူကိုယ်တိုင် သွားရောက် တာဝန်ထမ်းဆောင်ရသည့် တမူးမြို့အနီးရှိ ဆရာစံစခန်းတွင် တနှစ်လျှင်အကျဉ်းသား ၃ဝဝ ခန့်သေဆုံးခဲ့ကြောင်း၊ သေဆုံးအကျဉ်းသားများကြောင့် စခန်းတွင် လူလျော့သွားလျှင် လူအင်အားထပ်မံဖြည့်ရန် မုံရွာထောင်၊ ကလေးထောင်တို့မှ အကျဉ်းသား အင်အား လှမ်းတောင်းခဲ့ရကြောင်း သူက ဆိုသည်။
“၂ဝဝ၁ လောက်မှာကို အဲဒီ ဆရာစံစခန်းမှာ အကျဉ်းသား တနှစ်အတွင်း ၃၅၇ ယောက် သေတယ်။ ငါကိုယ်တိုင် စာရင်းပြုစုပြီး ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) ကို ပေးရတော့ မှတ်မိနေတယ်။ နောက်ပိုင်း ၂ဝဝ၉ လောက်ကျတော့ အသေအပျောက် နည်းလာတယ်။
ဘာကြောင့် မသေတော့ဘူးလဲ ဆိုရင် ကျန်းမာရေး မကောင်းရင် ကလေးထောင်ပဲ ပို့ကြတာ။ စခန်းမှာ မသေတော့ဘူး။ သေချင်သေ ထောင်မှာပဲ သေတော့တယ်။ ထောင်က မနိုင်ရင် ဆေးရုံကြီးလွှဲလိုက်တာပဲ။ အဲဒီအချိန်လောက်တုန်းက ဆိုရင် ဆေးဖိုးဝါးခကလည်း ဟုတ်တိပတ်တိ မရဘူး” ဟု ဦးတင်အောင်က ဆိုသည်။
ကလေးထောင်တွင် ထောင်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား အကျဉ်းဦးစီးဌာန အရာရှိ ဦးခင်မောင်မြင့်က ၂ဝဝ၁ ခုနှစ်အတွင်း ကဘော် ဘဝသစ်စခန်းများမှ ကျမ်းမာရေး မကောင်းသဖြင့် ကလေးထောင်သို့ ရောက်ရှိလာသော အကျဉ်းသား ၆ဝဝ ခန့်အနက် ၅ဝဝ ခန့်မှာ ထောင်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ပြောသည်။
“စခန်းက ပြန်လာတဲ့အကျဉ်းသားတွေက အရိုးကို အရေစွပ်ထားသလိုပဲ။ BMI (ခန္ဓာကိုယ် အလေးချိန်) တအား လျော့ကျနေပြီ ဆိုတော့ သေကြတာပဲ” ဟု သူက ဆိုသည်။
ထိုကာလက ဝေးလံသော ရဲဘက်အကျဉ်းစခန်းများတွင် ဆရာဝန်၊ ဆေးမှူးများ မရှိခဲ့ခြင်း၊ ကဘော်ချိုင့်ဝှမ်းကဲ့သို့ ရေခံမြေခံ မကောင်းသည့် ဒေသတွင် စပါးတင်း မည်မျှထွက်ရမည်ဟု စိုက်ပျိုးရေး စီမံကိန်းများ လျာထားချက် သတ်မှတ်ပြီး ဖိအားပေးစေခိုင်းခဲ့ခြင်း များသည်လည်း အကျဉ်းသားများ သေဆုံးရခြင်း၏ အကြောင်းရင်းများဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ်တွင် အကျဉ်းဦးစီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် အငြိမ်းစားယူခဲ့သော ဦးဇော်ထွန်းက ဆိုသည်။
“ကိုယ်တို့ရတဲ့ လယ်တွေက စနယ်လယ်တွေ၊ ရေနက်ကွင်းတွေ၊ စနယ်လယ်တွေ ဆိုတာက သဲဆပ်ပြာလိုဟာ သဘောပြောရရင်ပေါ့နော်၊ ဘယ်လိုမှ မြေသြဇာ အဆီအနှစ် မရှိတဲ့ဟာတွေ။
ဒါပေမယ့် ဘာပြောထားလဲ ဆိုတော့ စပါးမထွက် လူထွက် တဲ့၊ ထောင်ပိုင် ထွက် ဒါပဲ။ ဖိအားကို ကြောက်လန့်နေအောင် ပေးထားတာပဲ။ ဒါပေမယ့် တကယ်လုပ်သလား ဆိုတော့လည်း အဲလိုလုပ်ခဲ့တာ မဟုတ်ဘူး။ စပါး မဖြစ်တဲ့နေရာ၊ တောထဲကို အကျဉ်းသားတွေ လွှတ်ပြီး ကြိမ်ခုတ်ပြီး ရောင်းတယ်။ စပါး သိပ်မဖြစ်တဲ့ သနန်လိုစခန်းမျိုးမှာ ပဲစိုက်တယ်။ ပဲက ရတဲ့ပိုက်ဆံနဲ့ စပါးပြန်ဝယ်ပြီး ထည့်ထားလိုက်တယ်။ ဝန်ကြီးဌာနအားလုံး အဲဒီအချိန်က ဒီလိုပဲ နှစ်ပေါက်တပေါက်တွေချည်း လုပ်နေကြရတာပဲ” ဟု သူက ဆိုသည်။
အကျဉ်းဦးစီးညွှန်ချုပ်ဟောင်း ဖြစ်ပြီး၊ နောင်တချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ဖြစ်လာသည့် ဦးဇော်ဝင်းအား ၂ဝ၁၆ ခုနှစ်က Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက ကဘော်ချိုင့်ဝှမ်း အကျဉ်းဦးစီး စီမံကိန်းအကြောင်း ပြောဆိုခဲ့သည်။
“ကဘော်စခန်းတွေက ခွက်ခွက်လန်အောင် ရှှုံးတယ်။ ရေ၊ မြေ မကောင်းဘူး။ အဲဒီဒေသမှာ ရဲဘက် အကျဉ်းသားတွေကလည်း ဒေသခံမဟုတ်တော့ ဒေသဒဏ်ကို မခံနိုင်ဘူး။ အဲဒီတော့ သောက်သောက်လဲ သေခဲ့တာ အမှန်ပဲ” ဟု သူက ဆိုသည်။
ဖားစိမ်း စားကြတယ်
ကဘော် ဘဝသစ်စခန်းများတွင် အမြောက်အမြား သေဆုံးနေချိန်တွင် ကံမကောင်း အကြောင်းမလှဘဲ ထိုစခန်းတခုသို့ရောက်ရှိခဲ့သော မန္တလေးမြို့မှ အကျဉ်းသားတဦးမှာ ကိုရဲထွန်းဖြစ်သည်။
၁၉၉၉ ခုနှစ် အသက် ၃ဝ အရွယ်တွင် သူသည် လျှပ်စစ်မီတာပုံး အရောင်းအဝယ်လုပ်ရာမှ အစိုးရလျှပ်စစ်ဌာနက သူ့အား ဝတ္တရားနှောက်ယှက်မှုဖြင့် တရားစွဲသဖြင့် ထောင် ၆ လ ကျခဲ့သူဖြစ်သည်။ ထောင်ကျပြီး မကြာမီ မန္တလေးထောင်၊ မုံရွာထောင်တို့မှတဆင့် ကလေးမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသော ရာဇဂြိုဟ် (၂) စခန်းသို့ သူရောက်ရှိသွားသည်။
သူရောက်သွားချိန်သည် ခိုက်ခိုက်တုန်အောင် အေးသော ဒီဇင်ဘာလဖြစ်သည်။ အကျဉ်းသား ၁ဝ ဦးပါသော အစုတစုက တောင်ပေါ်တက်၍ ထောင်စခန်းအတွက် နေ့စဉ် ထင်း တန်နှင့်ချီ ခုတ်ရကြောင်း၊ သတ်မှတ်ချက်အတိုင်း မပြည့်လျှင် ရိုက်နှက်နှိပ်စက်ခံရကြောင်း သူက ဆိုသည်။
“ထင်း ၅ တန်ဆို ၅ တန် ခုတ်ရတယ်၊ စခန်း မီးဖိုဖို့အတွက်။ မရရင်ကျောက်လမ်းပေါ်မှာ ရိုက်ခံရတယ်။ ရောက်ခါစက အချက် ၂ဝ ၊ ၃ဝ လောက် ရိုက်ခံရတယ်။ မဝရေစာ စားရတယ်။ ခု ထမင်းဆိုင်တွေမှာ ကျွေးတဲ့ လိုက်ပွဲသာသာပဲ။ ဘယ်လိုလုပ်ဝမလဲ” ဟု သူက ဆိုသည်။
နှစ်စဉ်အကျဉ်းသား ၂ဝဝ မှ ၃ဝဝ ခန့် ရှိသည့် ကလေးတမူး လမ်းမကြီးအနီးရှိ ထိုစခန်းသည် သစ်မာပင်ကြီးများနှင့် ညို့မှှိုင်းနေသည့် တောင်တန်းများအောက်တွင်တည်ရှိသည်။ စခန်းပတ်ပတ်လည်တွင် အစိမ်းရောင် စိုက်ခင်းများ၊ အဝါရောင်တောက်နေသော ရွှံ့မြေများနှင့်အတိပြီးသည့် လယ်ကွင်းကျယ်ကြီးများ ရှိသည်။
ထိုစခန်းတွင် နေ့စဉ်အကျဉ်းသားများ အစာရေစာမဝခြင်းကြောင့် လည်းကောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့်လည်းကောင်း သေဆုံးနေသည်ကို ကိုရဲထွန်း တွေ့မြင်ခဲ့ရသည်။
ထိုအခြေအနေမှ လွတ်မြောက်လိုပါက မိသားစုနှင့်ဆက်သွယ်ပြီး ထောင်အာဏာပိုင်များကို ပိုက်ဆံပေးကာ စခန်းမှ အလွယ်တကူ လွတ်မြောက်နိုင်ကြောင်း၊ သို့ရာတွင် သူ့အဖို့မူ မိသားစုနှင့် အဆက်အသွယ်မရသဖြင့် ထင်းခုတ်သည့်အလုပ်ကို လုပ်ကိုင်ရကြောင်း သူက ဆိုသည်။
စခန်းသို့ သူရောက်ပြီး မကြာမီ ကလေးမြို့ရှိ စစ်တပ်မှအရာရှိတဦး၏ကား လမ်းတွင်ပျက်နေရာ ထောင်ကစေခိုင်းသဖြင့် သွားရောက်၍ ပြုပြင်ပေးခဲ့ရသည်။ ကားကောင်းသွားသဖြင့် ထိုအရာရှိက ထောင်ပိုင်အား ကိုရဲထွန်းကို ထောင်တွင် ကောင်းမွန်စွာ စောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံပေးခဲ့သည်။ အကျဉ်းစခန်းတွင် အသေအပျောက်များ ဖြစ်ပေါ်နေသည်ကို သိ၍ ထိုစစ်တပ်အရာရှိက သူ့အား နှုတ်ဖြင့် ဆောင်မ ကယ်ဆယ်လိုက်ခြင်းဟု ကိုရဲထွန်း မှတ်ယူလိုက်သည်။
သူသည် ထောင်ဘူးဝတွင် စည်းကမ်းထိန်းဆိုသည့် ရာထူး ရရှိခဲ့သည်။ သူ လွတ်မြောက်သည်အထိ စခန်းတွင် ထိုရာထူးဖြင့် နေခဲ့ရသည်။ ထောင်ဘူးဝတွင် သူလုပ်ရသည့် အလုပ်တခုမှာ သေဆုံး အကျဉ်းသားစာရင်း နေ့စဉ် ပြုစုပေးရခြင်းဖြစ်သည်။
“အနည်းဆုံး လူ ၅ဝ၊ ၆ဝ လောက် သေသွားရင် အင်အားဖြည့်ဖို့ ထောင်တွေကနေပြီး ထပ်တောင်းရတယ်။ အလောင်းတွေကို လမ်းဘေးမှာပဲ မြှုပ်ပစ်တယ်။ ရိုက်နှက်တာကြောင့် ဒဏ်ဖြစ်တာရော၊ ရာသီဥတုဒဏ်ရော။ အစာမဝတာရော။ ဆိုးချက်က အနွေးဓာတ်ကို မရတာ။ ဘယ်လောက်ခြုံခြုံ မရဘူး။ ဒီနေ့လို ဂိသွားပြီဆို၊ နက်ဖန်သေပြီ။ ရုတ်တရက်သေတာက စိတ်ကျတာကောလည်း ပါမယ်။ မသေတဲ့နေ့ဆို ၂ ယောက်၊ ၃ ယောက်ပဲ” ဟု သူက ဆိုသည်။
သတ်မှတ်စပါးတင်းပမာဏ ပြည့်မီရန် ထောင်ပိုင်က အကျဉ်းသားတို့ကို ဆလိုက်မီးကြီးများ ထိုးထားသည့် လယ်ကွက်များတွင် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း၊ စည်းကမ်းထိန်းတာဝန် ယူထားသူ အကျဉ်းသားတို့က အလုပ်ပြီးမြောက်စေရန် အခြားအကျဉ်းသားများကို ရိုက်နှက်၍ ခိုင်းစေခဲ့ကြောင်း သူက ဆိုသည်။
“စပါးစိုက်ရတယ်၊ ပဲစင်းငုံစိုက်ရတယ်။ ရေဝါတွေကို ချိုးရတယ်။ သောက်တာက တောင်ကျရေကို ကျိုသောက်တယ်။ ရေငတ်တော့ အစိမ်းအတိုင်းသောက်ကြတာပဲ။ သေတဲ့သူ အတော်များများက အဲဒီမှာလုပ်တဲ့သူတွေပဲ။ အဲဒီက တာလပေါ့အရွက်ရှည်တွေကို ဟင်းချိုရည်ကျဲ လုပ်ပြီး တိုက်တယ်။ ငါးပိစိမ်းတောင်မှ ဆီးဖြူသီးတလုံးစာလောက်ပဲ ရတယ်။ မသေချင်လို့ ထွက်ပြေးလည်း တောတောင်ထဲမှာ အစာရေစာပြတ်သေတာပဲ။ အနားက ရွာက လူတွေက ထွက်ပြေးပြီး သေနေတဲ့လူတွေ့ရင် ထောင်ကိုလာ သတင်းပို့တယ်” ဟု သူက ဆိုသည်။
ကိုရဲထွန်း အကျဉ်းကျနေသော ရာဇဂြိုဟ် (၂) ဘဝသစ်စခန်းနှင့် မလှမ်းမကမ်းတွင် ရာဇဂြိုဟ်ဟု အမည်ရသော လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးသော ရွာကြီးတရွာရှိသည်။
ထိုရွာ၏ အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၉၉ မှ ၂ဝဝ၃ အထိ လုပ်ကိုင်ခဲ့သူ အသက် ၇ဝ အရွယ် ဦးစံဗလက အကျဉ်းသားများသေဆုံးလျှင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရကြောင်း ပြောဆိုသည်။
“၁၉၉၉ တနှစ်လုံး မသေတဲ့နေ့ တနေ့မှ မရှိဘူး၊ ခြောက်လောင်းထက် မနည်းဘူး။ ဘာကြောင့်သေတယ် ဆိုတာတော့ ဝမ်းလျှောသေတယ်၊ ဖျားနာပြီးသေတယ်၊ ဝမ်းကိုက်သေတယ်။ ဒါတွေနဲ့ အကြောင်းပြတာပါပဲ။ ရိုက်နှက်နှိပ်စက်ပြီးသေတာပဲ များတယ်။ ရှေ့မှာ တန်းစီပြီးတော့မှ ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်းလို့ အကျဉ်းသားက နောက်ကျနေရင် တုတ်အကြီးကြီးနဲ့ ဖောင်းဆို နှစ်ဖက်ပိတ်ရိုက်တာပဲ” ဟု သူက ဆိုသည်။
သူက Myanmar Now သတင်းထောက်များကို မြက်ပင်ရှည်ကြီးများ ဖုံးလွှမ်းနေသော ရွာအနောက်ဘက်သို့ ခေါ်ဆောင်ပြီး အကျဉ်းသားတို့၏ ရုပ်အလောင်းများ မြှုပ်နှံခဲ့သည်ဆိုသည့် နေရာကို လိုက်လံ ပြသခဲ့သည်။
“အဲဒီတုန်းက တာဝန်ကျနေတဲ့ ထောင်ပိုင်ကြီးက ခပ်ကြမ်းကြမ်းဆက်ဆံတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်လို့သေတယ်ဆိုတာ မှန်ကန်ကြောင်း လတ်မှတ်ထိုးထိုးပေးရတာ။ ကျနော်တု့ိရွာမှာ ဒီလောက်ထိတော့မဖြစ်ဘူးလို့ ပြောတော့ သူတို့ကတော့ ထုံးစံအတိုင်းပဲတဲ့။ တနှစ်ကျော်လောက်ရှိမယ်။ တနေ့ကို နှစ်လောင်း၊ သုံးလောင်း၊ အများဆုံး ခြောက်လောင်းထိ ရှိခဲ့တယ်” ဟု သူက ဆိုသည်။
အကျဉ်းစခန်းတွင် အကျဉ်းသားများငတ်နေသည်ကို သိရသဖြင့် တောင်သူအလုပ်ဖြင့် အသက်မွေးကြသော ရွာရှိရွာသားများက စုစည်းပြီး ထမင်းဟင်းချက်ပြုတ်ကာ စခန်းရှိရာ ပို့ဆောင်ခဲ့ရကြောင်း၊ ထွက်ပြေးလာသည့် အကျဉ်းသားများအား ကျွေးမွေး၊ ခရီးစရိတ်ပေးကာ ကူညီခဲ့ရသည်လည်း ရှိကြောင်း ဦးစံဗလက ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။
အစာရေစာ ဝလင်စွာ မစားရဘဲ အလုပ်လုပ်ရသောကြောင့် လယ်ကွင်းအတွင်း တွေ့ရှိသည့် အကောင်ငယ်များကိုပင် အစိမ်း စားသောက်ကြသည်ဟု သူက ပြောဆိုသည်။
“စပါးကွင်းထဲမှာ အလုပ်လုပ်နေရင်း အကျဉ်းသားတချို့က ဖားအစိမ်းမြင်ရင် ဒီအတိုင်း ကောက်စားကြတယ်။ စားတာမြင်ရင်လည်း (အကျဉ်းသားတွေ) ရိုက်ခံရတာပဲ။ ကျနော်တို့ဆို အဲဒီစခန်းဖက်ကို မသွားမိအောင် နေကြရတယ်။ တကယ့်ကို စိတ်ထိခိုက်စရာပဲ” ဟု သူက ဆိုသည်။
စားဝတ်နေရေးနှင့် အခြား အထွေထွေ လိုအပ်မှှုများကြောင့် အကျဉ်းသားတို့ သေဆုံးကြသည်ကို အကျဉ်းဦးစီးအရာရှိဟောင်းများက ထုတ်ဖော်ပြောဆိုသော်လည်း ရိုက်နှက်နှိပ်စက်ခံရမှှုကြောင့် သေသည်ဆိုသောအချက်ကိုမူ အများစုကသဘောမတူကြ။
ထောင်မှူးကြီးဟောင်း ဦးတင်အောင်ကမူ ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသားအချို့သူ့ရှေ့တွင်ပင် သေခဲ့သည်ဟု ဆိုသည်။
ဆရာစံ စခန်းတွင် သူတာဝန်ထမ်းဆောင်နေချိန်က အကျဉ်းသား ၈ ဦး ထွက်ပြေးသွားကြောင်း၊ ပြန်ဖမ်းမိသည့် ၄ ဦးမှာ ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း သူက ဆိုသည်။
“ဖမ်းခံရပြီး ရိုက်နှက်ထားတဲ့ ဒဏ်ကလည်း များတယ်။ သံခြေကျင်း နှစ်ကွင်းစီကလည်း ခတ်ထားသေးတယ်။ ပြီးတော့ အလုပ်လည်း ခိုင်းတော့ မလုပ်နိုင်ဘူး။ အလုပ်မလုပ်နိုင်တဲ့အခါကြတော့ ထပ်ရိုက်ကြတယ်။ သူတို့က ပြောတယ် ‘ကျနော်တို့ကို သတ်ရင်လည်း သတ်လိုက်ပါတော့၊ ကျနော်တို့ မလုပ်နိုင်တော့ပါဘူး’ ဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဘူး။ အနားပေးပိုင်ခွင့် ရှိတဲ့သူလည်း မဟုတ်ဘူး။ ငါ့တပ်ခွဲလည်း မဟုတ်တော့ ဒီအတိုင်းပဲ မြင်ပဲမြင်နေရတာလေ။ အနားပေးသင့်တယ်။ ဒါပေမယ့် အနားမပေးတော့ ငါလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး၊ ထောင်ပိုင်အပေါ် မူတည်တာပေါ့နော်” ဟု သူက ဆိုသည်။
အနေအထိုင်မှား၍သေခြင်း
၂ဝဝ၉ ခန့်သို့ ရောက်သောအခါ ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများတွင် အကျဉ်းသား သေဆုံးနှှုန်း လျော့ကျလာသည်ဟု ထောင်အငြိမ်းစားအရာရှိများက ဆိုသည်။
အကျဉ်းသားများအတွက် ရိက္ခာရန်ပုံငွေကို အစိုးရက တိုးမြှင့်ချထားပေးခြင်း၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က အကျဉ်းသားတို့၏ လိုအပ်ချက်များကို ဝင်ရောက်ဖြည့်ဆည်းပေးခြင်း၊ ထိုကာလများတွင် အကျဉ်းဦးစီးဌာန အကြီးအကဲတို့ကလည်း ဌာနက ရရှိသည့် ရန်ပုံငွေများဖြင့် အကျဉ်းသားများဝလင်စွာစားသောက်နိုင်ရန် အသေးစိတ် ညွှန်ကြား စီမံခြင်းတို့ကြောင့် သေနှုန်းကျခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
သေဆုံးရန် အလားအလာရှိသော အကျဉ်းသားဆိုလျှင် ထောင် သို့မဟုတ် အစိုးရဆေးရုံများသို့ ပို့ဆောင်လိုက်ခြင်းသည်လည်း စခန်းတွင်းသေဆုံးနှုန်းကို လျော့ပါးအောင် ထိန်းချုပ်သည့် နည်းတခု ဖြစ်လာသည်။
၁၉၇၈ မှ ၂ဝ၁၄ ထိ အကျဉ်းသားလုပ်အားဖြင့် လည်ပတ်သော ကျောက်ထုတ်ရေးစခန်းများ နှင့် စိုက်ပျိုးရေး ရဲဘက်စခန်းများတွင် စုစုပေါင်း အကျဉ်းသား ၄၁၈၇ ဦး သေဆုံးခဲ့ပြီး တနှစ်လျှင်ပျမ်းမျှ ၁၆၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးက ပြည်သူ့လွှတ်တော်၏ ၂ဝ၁၄ ခုနှစ် အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။
ရိုက်နှက်နှိပ်စက်ခံရမှု၊ ဆေးဝါးကုသခွင့်မရမှုနှင့် အစာရေစာမဝမှုတို့ကြောင့် မဟုတ်ဘဲ “စခန်းများသို့ ရောက်ရှိပြီး ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေစွာ မနေထိုင်နိုင်ခြင်း၊ အစားအသောက် အနေအထိုင် လွဲမှားခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း” စသည့်အကြောင်း များကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု သူက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
၁၉၈၈ မှ ယခုအချိန်ထိ ရဲဘက်စခန်း တခုချင်းအလိုက် သေဆုံးခဲ့သော အကျဉ်းသားစာရင်း အသေးစိတ်၊ သေဆုံးအကျဉ်းသားတို့၏ အမည်များ ရရှိရန် Myanmar Now က အကျဉ်းဦးစီးဌာနအား အကြိမ်ကြိမ်စာရေးသားခြင်း၊ ဖုံးဖြင့် ဆက်သွယ်မေးမြန်းခြင်း၊ လူကိုယ်တိုင်သွားရောက် မေးမြန်းခြင်းများ ပြုလုပ်ပြီး တောင်းခံခဲ့သော်လည်း ထိုအချက်အလက်များ ပေးခွင့် မရှိကြောင်းသာ တုံ့ပြန်မှှု ရရှိခဲ့သည်။
ကဘော်စခန်းများနှင့်ပတ်သက်၍ တရားဝင် အချက်အလက်များ မပေးသော်လည်း ထိုကဲ့သို့ သေဆုံးခဲ့ရမှှုများသည် အစစအရာရာ မပြည့်စုံခဲ့မှှုများကြောင့်ဖြစ်ကြောင်း၊ စခန်းစိုက်ခင်းများအတွင်း ထည်ထိုး၊ လယ်ထွန်ရာတွင် လူကိုပါ ကျွဲနွားများ နေရာတွင် အသုံးပြုခဲ့ရကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဝန်ခံသည်။
“ဝန်ထမ်း၊ ရဲဘက်၊ ဆေးဝါး မပြည့်စုံခဲ့ဘူး။ ကလေးမြို့ဆို တိုက်နယ်ဆေးရုံပဲ ရှိခဲ့တာ။ အဲဒီတုန်းကတော့ ခိုင်းထားတဲ့ လျာထားချက်တွေအတိုင်း လုပ်ရတာ။ အခု အဲဒီလိုလျာထားချက် ဆိုတာလည်း မရှိတော့ပါဘူး” ဟု သူက ဆိုသည်။
လူ့အခွင့်ရေးချိုးဖောက်မှုများ
ရာဇဂြိုဟ် (၂) နှင့် အခြားသော ကဘော်ချိုင်းဝှမ်းဘဝသစ်စခန်းများမှ လွတ်မြောက်လာသော အကျဉ်းသားအချို့အား Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အကျဉ်းသားသေဆုံးမှှုများ မရှိသလောက် ဖြစ်သွားပြးဖြစ်သော်လည်း၊ အကျဉ်းသားများသည် ငွေကြေးတတ်နိုင်ပြီး ရာထူး ရရှိထားသည့် အကျဉ်းသားအရာရှိတို့၏ ရိုက်နှက်ခိုင်းစေမှုများကို ခံနေရဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ရာဇဂြိုဟ် (၂) အကျဉ်းစခန်းအနီး လယ်ကွင်းများ၊ မြက်ရိုင်းတောများထဲတွင် တုတ်ကိုင် အကျဉ်းသားအရာရှိများ၊ သေနတ်ကိုင် အကျဉ်းဦးစီးဝန်ထမ်းများ၏ စောင့်ကြည့်မှု အောက်တွင် မွဲညစ်ညစ် အပြာရောင် ထောင်ဝတ်စုံ ဝတ်ဆင်ပြီး ပေါက်တူးကိုင်၊ ဂေါ်ပြားကိုင် အလုပ်လုပ်နေသော အကျဉ်းသားများသည် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်စစ်ဂျပန်တို့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေမင်းတမန်ရထားလမ်း ဖောက်လုပ်ရသော စစ်သုံ့ပန်းများနှင့် ဆင်တူလှသည်။
တနိုင်ငံလုံးတွင် ကျောက်ထုတ်အကျဉ်းစခန်း ၁၈ ခု၊ စိုက်ပျိုးရေးအကျဉ်းစခန်း ၃ဝ ရှိရာ ၎င်းစခန်းများတွင် အကျဉ်းသားများ သောင်းနှင့်ချီ၍ အလုပ်လုပ်နေကြရသည်။ ယခင်ကထက် စားသောက်နေထိုင်ရမှှု အခြေအနေများ တိုးတက်လာသော်လည်း ရိုက်နှက်ခံရမှု၊ ထောင်အရာရှိများက အကျဉ်းသား၏လုပ်အားကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နေ့စား ပုတ်ပြတ်နှုန်းဖြင့် ရောင်းစားခြင်းများလည်း စခန်းအချို့တွင် ဆက်လက် ဖြစ်ပေါ်နေကြောင်း Myanmar Now က ငရဲဘုံအလား အကျဉ်းစခန်းများ အမည်ဖြင့် ၂၀၁၆ တွင် ဆောင်းပါးရေးသားခဲ့သည်။
တည်ဆဲ အကျဉ်းထောင်လက်စွဲဥပဒေ နှင့် မြန်မာနိုင်ငံက တရားဝင်လက်မှတ်ထိုးထားသော နိုင်ငံတကာအလုပ်သမား အက်ဥပဒေများကို ချိုးဖောက်ပြီး အကျဉ်းသားလုပ်အားကို အသုံးပြုကာ စီးပွားဖြစ် လုပ်ငန်းမျိုးစုံကို အကျဉ်းဦးစီးဌာနက ဆက်လက်လုပ်ကိုင်နေခြင်းနှင့် ပတ်သက်ပြီး မေလ အမျိုးသားလွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးခွန်ဝင်းသောင်းက ပြည်ထဲရေးဝန်ကြီးဌာနကို မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် အကျဉ်းသားများအား ခိုင်းစေရာတွင် တရားရုံးက ချမှတ်လိုက်သော တရားမမှု အကျဉ်းသားများကို အလုပ်မဲ့ ထောင်ဒဏ်၊ ရာဇဝတ်အကျဉ်းသားများကို အလုပ်နှင့် ထောင်ဒဏ် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဟူသော သတ်မှတ်ချက်များကို တည်ဆဲ အကျဉ်းထောင်လက်စွဲနှင့် အညီ အကောင်အထည် ဖော်ရမည် ဖြစ်သော်လည်း ထိုအချက်များကို လုံးဝမလိုက်နာဘဲ အကျဉ်းသားတို့ကို ထောင်အာဏာပိုင်များ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များနှင့်သာ ခိုင်းစေနေသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်နိုင်ငံသားကိုမှ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသည့် အပြစ်ပေးမှုမျိုး မလုပ်ရဟု သတ်မှတ်ထားသော်လည်း အသက်အန္တရာယ်ဖြစ်စေသော ကျောက်မိုင်းများတွင် အကျဉ်းသားကို ခိုင်းစေခြင်းကြောင့် အသက်ဆုံးရှုံးမှုများ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုများလည်း ဆက်လက် ဖြစ်ပေါ်နေသည်။
မူးယစ်ဆေး တပြားမိ၍ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ထောင် ၆ နှစ်ကျနေသော အကျဉ်းသား ကိုမျိုးနိုင်သည် ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း ကရင်ပြည်နယ်၊ မာလာဖူး ကျောက်ထုတ်စခန်းတွင် ကျောက်တုံး ပြုတ်ကျမှှုကြောင့် ဦးခေါင်းခွံကြေမွသွားကာ ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် ကုသမှု ခံယူခဲ့ရသည်။
လွန်ခဲ့သည်နှစ် သြဂုတ်လမှာပင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် အင်းဗြောင်ကျောက်ထုတ်စခန်းတွင် အကျဉ်းသားတဦး ကျောက်တုံးပိသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း အရိုးနှင့်အသားများ ကြေမွသွားသည့် ဖြစ်စဉ်ကို တာဝန်ရှိသူထောင်ပိုင်က အထက်အာဏာပိုင်များသို့ အသိမပေးဘဲ ထိမ်ချိန်ထားခဲ့မှု ကြောင့် ထိုကိစ္စအား အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားခဲ့ရသည်။
ယခုနှစ်ဆန်းပိုင်းတွင် ထိုအကျဉ်းစခန်းမှာပင် အကျဉ်းသားတဦး ကျောက်တောင်ပေါ်မှပြုတ်ကျ၍ သေဆုံးခဲ့သောကြောင့် စခန်းရှိအကျဉ်းသား ၂ဝဝ ခန့်က စခန်းပိတ်ပြီး သူတို့အားထောင်ပြန်ပို့ရန် အော်ဟစ်တောင်းဆိုခဲ့သည်။
ထိုကဲ့သို့ တောင်းဆိုအော်ဟစ်သည့် အကျဉ်းသားများကို အကျဉ်းဦးစီးဌာနက မည်သို့ ကိုင်တွယ်လိုက်သည်ကိုမူ ရှင်းလင်းစွာ မသိရှိရပေ။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပထမဖြစ်စဉ်တွင် တာဝန်ရှိသော ထောင်ပိုင်ကို အခြားစခန်းတစ်ခုသို့ ပြောင်းရွှေ့စေခဲ့ပြီး၊ ဒုတိယဖြစ်စဉ်အတွက်မူ ထောင်ပိုင်ကို အရေးယူထားခြင်း မရှိကြောင်း ဖြေကြားသည်။
(ဆွေဝင်းသည် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဖြစ်သည်။ ယခု ဆောင်းပါးကို Myanmar Now ဝက်ဘ်ဆိုက်တွင် မူရင်းဖော်ပြခဲ့ပြီး စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။) Irrawaddy
ကချင်စစ်ရှောင် ၂ ဦးကို တပ်မတော်က ဖမ်းဆီး ရိုက်နှက်ခဲ့ဟု ဆို
By နန်းလွင်နှင်းပွင့်
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ယူနီဖောင်း ဝတ်ထားသူများ ကနေသည့် သီချင်းမှတ်တမ်းကို ဖုန်းအတွင်း ထည့်ထားသဖြင့် ကချင် စစ်ဘေးရှောင် ဒုက္ခသည် ၂ ဦးကို တပ်မတော် တပ်ဖွ့ဲဝင်များက ဖမ်းဆီး ရိုက်နှက်ခဲ့သည်ဟု သတင်း ရရှိသည်။
ဖမ်းဆီး ရိုက်နှက်ခံခဲ့ရသူ၂ ဦးမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အမှတ် (၆) ရပ်ကွက် ကချင်နှစ်ခြင်း ခရစ် ယာန် အသင်းတော် (KBC 2) ဝန်းရှိ စစ်ဘေးရှောင် စခန်းတွင် နေထိုင်ကြသည့် အသက် ၄၀ အရွယ် ဦးအင်ခွန်ဇော် တောင် နှင့် အသက် ၂၀ ရှိ မောင်လဖိုင်ဇော်ဝမ်တို့ ဖြစ်သည်ဟု ဆိုသည်။
စစ်ဘေးရှောင် စခန်း တာဝန်ခံ ဒေါ်ဘောက်တောင်က“ဒီနေ့ သူတို့ နှစ်ယောက်လုံး အိပ်ယာထဲကတောင် မထနိုင်ပါဘူး။ သွေးထွက် သံယိုဖြစ်တာတော့ ဇော်တောင်တယောက်ပဲ။ ဆေးရုံသွားဖို့ ကျမတို့ ပြောတာလည်း သူတို့က ဆေးရုံမှာ မနေ ချင်ဘူး။ အဲဒါကြောင့် စခန်းမှာပဲ ဆေးကုနေပါတယ်”ဟု ပြောသည်။
၎င်းတို့ ၂ ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်၏ ဘောလီဘောပြိုင်ပွဲ အတွက် ပါဝင်ရန် ရွေးချယ်ခံထားရသူ ၂ ဦး ဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်က ၎င်းတို့ နေထိုင်သည့် စစ်ဘေးရှောင်စခန်းမှ မန်ပြိန်းကျေးရွာသို့ သွားရာလမ်းတွင် တပ်မ တော် တပ်ဖွဲ့ဝင်များနှင့် တွေ့ကာ စစ်ဆေး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
တနှစ်တကြိမ် ကျင်းပလေ့ရှိသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ ဘောလီဘော ပြိုင်ပွဲတွင် ကျေးရွာတရွာစီ မှ ဘောလီဘော ကျွမ်းကျင်သူ တဦးစီကို အသင်းတော်က ရွေးချယ်ပြီး ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။
ဘောလီဘော ယှဉ်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ဦးဇော်တောင်နှင့် မော်ဇော်ဝမ်တို့မှာ နိုဝင် ဘာလ ၂၆ ရက်က အစမ်းလေ့ကျင့်ရန် မန်ပြိန်းကျေးရွာသို့ သွားခြင်း ဖြစ်သည်။
ဒေါ်ဘောက်တောင်က“ဖမ်းချုပ်ရတာက သူတို့ဖုန်းထဲမှာ ကချင်စစ်တပ် (KIA) ဝတ်စုံနဲ့ အက ကထားတဲ့ အက တပုဒ်ပါ တယ်။ အဲဒီအထဲမှာပါတာ နင်နဲ့တူတယ် ဆိုပြီး စွပ်စွဲတယ်။ ဇော်ဝမ်ကိုလည်း ဟုတ်သလား ထောက်ခံ ခိုင်းတယ်။ ပြီးတော့ မျက်စိကို ပိတ်ပြီး ဇော်တောင်ကို ရိုက်တယ်”ဟု ပြောသည်။
KIA ယူနီဖောင်းဝတ် စစ်သားများ ကနေကြသည့် သီချင်း ရုပ်သံမှတ်တမ်းမှာ ၂၀၁၇ ခုနှစ်ကတည်းက လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ပျံ့နှံ့နေခဲ့ခြင်း ဖြစ်သည်။
KIA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
စစ်ဘေးရှောင် ဒုက္ခသည် နှစ်ဦး ဖမ်းဆီးခံရသည့် သတင်းရသဖြင့် နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်းတွင် စခန်းကော်မတီ ဝင်များက ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို အကူအညီတောင်းကြရာ ညနေ ၅ နာရီတွင် ပြန်လွတ်လာခြင်း ဖြစ်သည်ဟု သိရ သည်။
လက်ရှိတွင် ဦးဇော်တောင်နှင့် မောင်ဇော်ဝမ်တို့ နှစ်ဦးလုံး လမ်းမလျှောက်နိုင်ဘဲ ခြေသလုံး၊ ဦးခေါင်းနှင့် ခန္ဒာကိုယ် များ တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ရှိနေသည်ဟု ဒေါ်ဘောက်တောင် က ပြောသည်။
မောင်ဇော်ဝမ်၏ မိခင်မှာလည်း ၎င်း၏သား ဖမ်းဆီး ရိုက်နှက်ခံရသဖြင့် နောက်တကြိမ် သားဖြစ်သူကို အပြင်လွှတ်ရန် စိုးရိမ်ပြီး မောင်ဇော်ဝမ်၏ ကျန်းမာရေးကိုလည်း စိတ်ပူနေသည်ဟု သိရသည်။
ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရခဲ့ပေ။
နိုဝင်ဘာလ ၂၀ ရက်ကလည်း ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကလေးငယ်များ၊ မီးဖွားထားသည့် မိခင် အပါ အဝင် ရွာသူရွာသား ၉ ဦးကို တပ်မတော်က ဖမ်းဆီးသွားပြီး ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး (TNLA) နှင့် ပတ်သက်မှု ရှိမရှိ မေးမြန်းခဲ့ကာ ထိုထဲမှ ၅ ဦးကို နိုဝင်ဘာလ ၂၂ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
Irrawaddy News
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုသည်မှာ
အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်မှုကာလများနှင့် ပဋိပက္ခများအတွင်း အကြီးအကျယ်လူ့အခွင့်အရေး ချိုးဖောက်မှု အမိုက်မှောင်အတွင်း ကျရောက်နေပြီး အမှန်တရားမှာလည်း ဖုံးကွယ်ခြင်းနှင့် ကြိုး ကိုင် ခြယ်လှယ်ခြင်းခံရသည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းပြီးနောက်လည်း ပြစ်မှုကျူးလွန် သူများသည် အမြစ်တွယ်နေသည့် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်မှုများကို အကာအ ကွယ်ယူကြသည်။ များသောအားဖြင့် အပြစ်ကျူးလွန်သူများသည် အာဏာကို အကြီးအကျယ် ချုပ်ကိုင်ထားကြပြီး ၄င်းတို့ထိန်းချုပ်ခဲ့သည့်ကာလ အဖြစ်အပျက်များကို လိမ်လည်၍ တင်းကြပ်စွာ ထိန်းချုပ်ထားကြသည်။ ပြည်သူလူထုအခွင့်အရေးမြှင့်တင်ရန်နှင့် အကာအကွယ်ပေးရမည့် အဖွဲ့အ စည်း အသင်းအပင်းများသည်လည်း အင်အားချိနည့်ခြင်း သို့မဟုတ် ပြိုကွဲပျက်စီးသွားတတ်ကြ သည်။ လွတ်လပ်ပြီး တာဝန်ခံမှုရှိသည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်မည်ဆိုပါက မည်သို့ဖြစ် ပျက်ခဲ့သည်ဆိုသည့် အမှန်တရားကို စုံစမ်းဖော်ထုတ် ဝေငှခြင်း၊ ပြစ်မှုကျူးလွန်သူများအား ခုံရုံးတင် ခြင်း၊ နစ်နာခဲ့ရသူများအား ကူညီခြင်း၊ ဂုဏ်ပြုပေးခြင်း၊ အကြီးအကျယ် ချိုးဖောက်မှုများ ထပ်မံမဖြစ် ပွားစေရေးအတွက် ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်ကြရသည်။
အသွင်ကူးပြောင်းရေးကာလတရားမ ျှတမှု မူဘောင်သည် အကြီးအကျယ် ချိုးဖောက်ခဲ့သည့် သ မိုင်းကို ကိုင်တွယ်ရာတွင် လုပ်ငန်းများ တိုးတက်စေရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ထိရောက်သည့် မဟာဗျူဟာများ ချမှတ်ရန် ကူညီပံပိုးပေးသည့် ကရိယာဖြစ်သည်။ ယေဘူယျ အားဖြင့် အဓိက အခြေခံသဘောတရား လေးပိုင်းခွဲခြားထားသည်။ အမှန်တရားရှာဖွေခြင်း၊ တာဝန်ရှိသူများအား တရားစွဲခြင်း၊ နစ်နာခဲ့ရသူများ၏ ဂုဏ်သိက္ခာနှင့် ဘဝကို ပြန်လည်တည် ဆောက်နိုင်ရန် ကူညီပေး ခြင်း (ပြန်လည်ပြုစု ပေးလျော်ခြင်း)နှင့် (အတိတ်မှ ဆိုးရွားသည့် ချိုးဖောက်မှုများ) ထပ်မံမဖြစ်ပွားစေရေးအတွက် အာမခံပေးခြင်း (အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး) တို့ဖြစ်သည်။
အဆိုပါ အခြေခံသဘောတရားများမှာ အပြန်အလှန် အမှီပြုနေသည်။ ထို့ကြောင့် ထိရောက်သည့် ကိုင်တွယ်ဖြေရှင်းမှုများတွင် အားလုံးပါဝင်မှုရှိခြင်း၊ မတူကွဲပြားသည့် ရှေ့ပြေးဆောင်ရွက်ချက် များသည် အခြေအနေအကြောင်းအရာနှင့် ဆီလျော်သင့်တော်သည့် အစီအစဉ်များဖြစ်ရန်လိုခြင်း၊ အထိအခိုက်မခံသည့် လိင်ပိုင်းဆိုင်ရာကွဲပြားမှု အပေါ်ချဉ်းကပ်မှုကလည်း ချိုးဖောက်မှုများကြောင့် အမျိုးသားနှင့် အမျိုးသမီးများအပေါ် မတူကွဲပြားစွာ သက်ရောက်မှုကို နားလည်သဘောပေါက်စေ ရန် လိုအပ်ပြီး၊ အားအနည်းဆုံးသူများနှင့် ဖယ်ကြဉ်ခံထားရသူများ ပါဝင်ဆောင်ရွက် နိုင်စေရန် သေခြာစေရမည်။