ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စာရင်းကိုင်အရာရှိ အလုပ်လျှောက်လွှာခေါ်ယူခြင်း
အကြောင်းအရာ။ ။ အလုပ်လျှောက်လွှာခေါ်ယူခြင်း
အထက်ပါ အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)မှ စာရင်းကိုင်အရာရှိ (Accountant) လျှောက် လွှာခေါ်ယူခြင်း။ Read more
တပ်အရာရှိများ၏ကုမ္ပဏီအကျိုးစီးပွားများ ပြည်တွင်းစစ်ကို ပိုမိုတောက်လောင်စေဟုဝေဖန်
‘‘ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ အခြားစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ရမှာ ဖြစ်ပြီး အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။ အခုတော့ အဲဒီ့အစား ဒီမိုကရေစီနည်းကျ ကြီးကြပ်မှုတွေ မရှိဘဲနဲ့ သူတို့ရဲ့ ပြည်သူ့ဝန်ထမ်းရာထူးတွေကတဆင့် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်တွေ ရရှိခံစားနေကြတယ်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ကာကွယ်ရေးဘတ်ဂျက်နှင့် တပ်မတော် ပစ္စည်းဝယ်ယူထောက်ပံ့ရေးတို့အတွက် တာဝန်ရှိ တပ်မတော်အရာရှိများသည် တပ်ပိုင်စီးပွားရေးလုပ်ငန်းခွဲများ၏ ဦးဆောင်အခန်းကဏ္ဍများတွင် ပါဝင်ပတ်သက်နေခြင်းသည် ဆိုးရွားသော အကျိုးစီးပွားပဋိပက္ခ ဖြစ်ပြီး ပြည်တွင်းစစ် ရှည်ကြာစေရန် ၎င်းတို့အတွက် “ဘဏ္ဍာရေးဆိုင်ရာမက်လုံး” ဖြစ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဝေဖန်လိုက်သည်။
“ဒီအကျင့်ပျက်ခြစားမှုနဲ့ အကျိုးစီးပွားပဋိပက္ခဟာ စနစ်ကျစီမံထားတာ ဖြစ်ပါတယ်” ဟု အဆိုပါ ရန်ကုန်အခြေစိုက် Justice For Myanmar လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar Now ကို ပြောသည်။
ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေမှုသည် တပ်မတော်၏ လုပ်ပိုင်ခွင့်အာဏာများ ဆက်လက်တည်မြဲနေစေရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ရှေ့မဆက်နိုင်ရန် အကြောင်းပြချက်တစ်ခု ဖြစ်နေကာ တပ်မတော်ခေါင်းဆောင်များကိုလည်း အကျိုးအမြတ်များ ဆက်လက်ရရှိနေစေသည်ဟု Justice For Myanmar ၏ ဇွန် ၁၇ ထုတ်ပြန်ချက်က ဆိုသည်။
ဗိုလ်ချုပ်ခင်မောင်သန်းသည် ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူနေသည့်အပြင် အများနှင့်သက်ဆိုင်သောကုမ္ပဏီနှင့် ပုဂ္ဂလိကကုမ္ပဏီ အနည်းဆုံး ၁၉ ခု တွင်လည်း ဒါရိုက်တာရာထူးတွင် ရှိနေသည်ဟု ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာတစ်စောင်အရ သိရသည်။
ဗိုလ်ချုပ်ခင်မောင်သန်း ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများတွင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ ကယားပြည်နယ် သတ္ထုထုတ်လုပ်ရေးကုမ္ပဏီလီမိတက်၊ မြဝတီဘဏ်၊ လန်းပြီ ပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီနှင့် Myanmar Land and Development တို့ ပါဝင်သည်။ ယင်းတို့အားလုံးမှာ ဗိုလ်ချုပ်ခင်မောင်သန်းက မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လက်အောက်ရှိ စီးပွားရေးလက်ခွဲများ ဖြစ်သည်။
မြန်မာ့စီးပွားရေးဦးပိုင်၏ အစုရှယ်ယာများကို တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့အစည်းများရှိ တာဝန်ထမ်းဆောင်ဆဲနှင့် စစ်မှုထမ်းဟောင်းများက ပိုင်ဆိုင်ထားကြသည်။
ဗိုလ်ချုပ်ခင်မောင်သန်းသည် ဦးပိုင်၏ မန်နေဂျင်းဒါရိုက်တာအနေဖြင့် ကုမ္ပဏီနှင့် အစုရှယ်ယာရှင်များ၏ အကျိုးအမြတ်အတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး၏ အကြီးအကဲတစ်ဦးအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာငွေများ အသုံးပြုကာ ဝန်ကြီးဌာနအတွက် စစ်လက်နက်များအပါအဝင် ပစ္စည်းများဝယ်ယူရေး တာဝန်ယူရသည်။
တပ်ပိုင် စီးပွားရေးလုပ်ငန်း နောက်တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ ဥက္ကဋ္ဌလည်းဖြစ် မြန်မာ့စီးပွားရေးဦးပိုင်၏ နာယကအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သော ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် တပ်မတော်၏ ဘတ်ဂျက်နှင့် စစ်လက်နက်ပစ္စည်းများအပါအဝင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ၏ တာဝန်ခံဖြစ်သော စစ်ထောက်ချုပ်လည်း ဖြစ်သည်။
ဗိုလ်ချုပ်ထွန်းအောင် (စစ်ဦးစီးအရာရှိချုပ်- လေ)၊ ဗိုလ်ချုပ်မိုးအောင် (စစ်ဦးစီးအရာရှိချုပ် – ရေ) နှင့် ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ အမှတ် ၆ ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မိုးမြင့်ထွန်းတို့သည်လည်း မြန်မာ့စီးပွားရေးဦးပိုင်၏ ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်ကြသည်။
တပ်မတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ်သော်လွင်သည်လည်း MEC ၏ ဒါရိုက်တာတစ်ဦးဖြစ်သကဲ့သို့ MEC ၏ အကျိုးတူဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော ဆက်သွယ်ရေးအော်ပရေတာ MyTel တွင်လည်း ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်နေသည်။
ထိုကဲ့သို့သော သမိုင်းကြောင်းနှင့်ချီကာ အမြစ်တွယ်နေသည့် တပ်မတော်အရာရှိများ၏ အကျိုးစီးပွားပဋိပက္ခများကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
Myanmar Now
ICC အရာရှိတချို့အပေါ် သမ္မတ Trump ပိတ်ပင် အရေးယူမှုတွေ ချမှတ်
ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက အမေရိကန်စစ်တပ် တပ်သားတွေနဲ့ ထောက်လှမ်းရေးတွေရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်စဉ် အမှားကျူးလွန်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့အတွက် ICC အရာရှိတွေကို သမ္မတဒေါ်နယ်ထရမ့်က ခရီးသွားနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ပိတ်ပင်အရေးယူမှုတွေ ကြာသပတေးနေ့မှာ ချမှတ်လိုက်ပါတယ်။
ICC ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသာလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အတွက် ကြုံရလေ့မရှိတဲ့ ထူးခြားတဲ့ ခြိမ်းခြောက်မှု တခု လို့ သမ္မတထရမ့်က ခေါ်ဆိုပြီး အရေးပေါ်အခြေနေအဖြစ် ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံတွင်းကို ICC အရာရှိတွေ ဝင်ရောက်ခွင့် ပိတ်ပင်တဲ့အပြင် သူတို့ကို အမေရိကန်နိုင်ငံတွင်း ငွေကြေးနဲ့ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအတွက်ပါ တားမြစ်လိုက်တာပါ။ ဒါပေမယ့် ICC အရာရှိ ဘယ်နှစ်ယောက်ကို အရေးယူတယ်၊ ဘယ်သူ့ကို အရေးယူတယ် ဆိုတာကိုတော့ ထုတ်မပြောပါဘူး။
ICC ဖွဲ့စည်းတဲ့ Rome စာချုပ်ကို အမေရိကန်ပြည်ထောင်စုက လက်မှတ်ရေးထိုးထားတာ မဟုတ်တဲ့အတွက် အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေး အရာရှိတွေကို ICC စုံစမ်းစစ်ဆေးခွင့် မပေးနိုင်ဘူးလို့ သမ္မတထရမ့်နဲ့ သူ့ရဲ့ထိပ်တန်းအရာရှိတွေက ပြောပါတယ်။
နိုင်ငံတော် ရှေ့နေချုပ် William Barr ကလည်း ICC ကို ရုရှားလို နိုင်ငံတွေက အသုံးချနေတာကြောင့် အမေရိကန်တွေ မမှန်တာလုပ်တယ်လို့ စွပ်စွဲပြီး ICC ရဲ့ စုံစမ်းမှုဟာ ကမ္ဘာ့အလယ် အမေရိကန်ရဲ့ ရပ်တည်ချက်ကို ထိခိုက်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ အတွက် ၂၀၁၇ မှာ ICC က စတင်စုံစမ်း ခဲ့တာ ဖြစ်ပါတယ်။
VOA News
ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ အရပ်သားနှစ်ဦး ပစ်ခတ်ခံရ
ဖမ်းဆီးစစ်ဆေး ပြန်လွှတ်ပေးပြီးနောက် ၃ ရက်အကြာ ဒေါ်စိန်မြဦးသေဆုံးမှု AA နှင့်မသက်ဆိုင်ဟု ထုတ်ပြန်မှု တာဝန်မဲ့ဟု ချင်းအမျိုးသမီးကွန်ရက် ဝေဖန်
ရန်ကုန်၊ ဇွန် ၈
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သိုင်းကျပ်ကျေးရွာက ဒေါ်စိန်မြဦးကို AAက တစ်လကျော်ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးပြီးနောက် ၃ ရက်အကြာ သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး AA က၎င်းတို့နှင့် မသက်ဆိုင်ကြောင်းထုတ်ပြန်ခြင်းသည် တာဝန်မဲ့ရာရောက်ကြောင်း ချင်းအမျိုးသမီးကွန်ရက်မှ အဖွဲ့ဝင် ဒေါ်ခင်ဝင်းရီကပြောဆိုသည်။
AA က ဇွန်လ ၄ ရက်နေ့တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် မင်းပြားမြို့နယ် သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦး အသက် ၅၁ နှစ် မင်းပြားပြည်သူ့ ဆေးရုံတွင် သေဆုံးမှုသည် ၎င်းတို့နှင့်မပတ်သက်ကြောင်း၊ ဧပြီလ ၂၇ ရက်နေ့က ဒေါ်စိန်မြဦး နှင့်အတူ ဦးယောင်ဇာ၊ ဦးမောင်စိန်ဖြူ၊ ဦးစိန်ဝင်းကြိုင် တို့ကို ရာမောင်တံတားထိပ် စခန်းချ တပ်စွဲထားသော မြန်မာ့တပ်မတော်၏ စစ်သင်္ဘောသို့ ရိက္ခာပေးပို့နေသည့်အတွက် ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ခေါ်ယူစစ်ဆေးစဉ် နှိပ်စက်ညှဉ်းပန်းမှု မလုပ်ဆောင်ခဲ့ကြောင်း၊ ဒေါ်စိန်မြဦးသည် နဂိုရှိရင်းစွဲ နှလုံးရောဂါနှင့် စိတ်ကျန်းမာရေး အားနည်းသော ရောဂါအခံပါရှိလာကြောင်း၊ မေလ ၃၁ ရက်နေ့တွင် ဒေါ်စိန်မြဦးနှင့် အမျိုးသား ၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ၊ ဇွန်လ ၃ ရက်နေ့တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံတွင် ဒေါ်စိန်မြဦး သေဆုံးသွားခဲ့ပြီး သေဆုံးမှုသည် AA နှင့် မသက်ဆိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ သူတို့တာဝန်မဲ့တဲ့ ကြေညာချက်ထုတ်ပြန်ခြင်းအပေါ်မှာ ကျွန်မတို့က တုံ့ပြန်တဲ့ အနေနဲ့ ကြေညာချက် ပြန်ထုတ်တာဖြစ်တယ်။ အကယ်၍များ AA ဘက်ကနေလို့ ဒီလိုမျိုး သူတို့နဲ့ မဆိုင်ပါဘူး။ ဒေါ်စိန်မြဦး ကွယ်လွန်ရခြင်း ဒီအကြောင်းအပေါ်မှာ သူတို့နဲ့ လုံးဝမဆိုင်ပါဘူးဆိုတဲ့ ထုတ်ပြန်ချက်မျိုးသာမထွက်လာဘူးဆိုရင် ကျွန်မတို့က ဒီ ကြေညာချက် မျိုးကိုထုတ်ချင်မှထုတ်မယ်” ဟု ၎င်းကပြောဆိုသည်။
“ တစ်လကျော်ကြာ ထိန်းသိမ်းထားတဲ့အရာမျိုး ပြီးတော့ အညိုအမဲတွေစွဲတဲ့ အရာမျိုးက သူတို့နဲ့ လုံးဝမဆိုင်ပါဘူးဆိုတဲ့အရာမျိုး ၊AAကဖမ်းပြီးတော့မှ လုံးဝမိသားစုနဲ့တောင်မတွေ့ရဘူး။ နောက်မှမိသားစုတွေသိရတယ်။ မိသားစုတွေ ရောက်လာတဲ့အချိန်မှာ မိသားစုတွေကို ကြောက်တယ်။ နဂိုစိတ်တွေ လုံးဝမရှိတော့ဘူး။ လူတွေကိုကြောက်တယ်။ ဘာမှမသိတော့ဘူး။ ဘာမှ မပြောနိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးဆိုတော့ ဘယ်လောက်အထိ သူအကြမ်းဖက်ခံရပြီလဲ။ AAကမဖမ်းရင် ဒီလိုတွေ ဒေါ်စိန်မြဦးဖြစ်စရာ ဘာအကြောင်းမှမရှိဘူး” ဟု ဒေါ်ခင်ဝင်းရီကပြောဆိုသည်။
ချင်းအမျိုးသမီးကွန်ရက်က AA၏ ထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဇွန်လ ၆ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
“ ကျွန်မတို့မှာ လူမျိုးရေးမုန်းတီးမှုမရှိပါဘူး။ ဘယ်လူမျိုးမဆို ကျွန်မတို့ ချင်းအနေနဲ့ ဘယ်လူမျိုး ဘယ်လူမျိုးဖြစ်နေလို့ပါ ဆိုတဲ့ဟာမျိုး လူမျိုးရေး မုန်းတီးမှုမရှိဘူး။ လူမျိုးရေးမုန်းတီးမှုကြောင့် ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်တာမဟုတ်ဘူး။ သူတို့ဖက်က တာဝန်မဲ့လွန်းတဲ့အတွက်ကြောင့် ကျွန်မတို့က ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်တာဖြစ်တဲ့အတွက်ကြောင့် ကျန်တဲ့တိုင်းရင်းသား ညီအမတွေ အမျိုးသမီးတွေက ဒါမျိုးတွေ ထပ်ကြုံမယ်ဆိုရင်လည်း ကျွန်မတို့ကတော့ အမြဲတမ်းပူးပေါင်းပါဝင်ပေးမှာဖြစ်တယ်ဆိုတာ ပြောချင်တယ်။ အထူးသဖြင့် ရခိုင်လူမျိုးတွေကို မုန်းတီးလို့ လုပ်တာမဟုတ်ဘူး။ နောက်ပြီးတော့ AAကို နိုင်ငံတကာက အထင်မှားအမြင်မှားဖြစ်လာဖို့အတွက် AAကို ကျွန်မတို့က လုပ်ဇာတ်ထွင်ပြီးတော့ ဒီလိုမျိုးလုပ်တာမဟုတ်ဘူး။ သူတို့ရဲ့ ထုတ်ပြန်ချက်အပေါ်မှာ ပြန်တုံ့ပြန်တာဖြစ်တယ်” ဟု ဒေါ်ခင်ဝင်းရီက ဆက်လက်ပြောဆိုသည်။
ချင်းအမျိုးသမီးကွန်ရက်၏ ထုတ်ပြန်ချက်တွင် AA က ဒေါ်စိန်မြဦးကို ဧပြီလ ၂၇ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ၁ လကျော်ကြာ ထိန်းသိမ်းထားခဲ့ကြောင်း၊ ဒေါ်စိန်မြဦး ပြန်လည် လွတ်မြောက်လာချိန်တွင် မူလသာမန်စိတ်နေစိတ်ထား ပျောက်သွားသည့်အပြင် အသက်ရှုလမ်းကြောင်းများ ပုံမမှန်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ခြောက်ခြားခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်နေခဲ့ကြောင်း၊ လက်ကောက်ဝတ်နှစ်ဖက်စလုံးနှင့် နောက်ကျောဘက်တွင် အညိုအမည်းများ စွဲနေကာ ခြေထောက်နှစ်ဖက်စလုံးတွင်လည်း ဒဏ်ရာများရှိနေခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြောင်း၊ AA ၏ ထုတ်ပြန်ချက်ကို ရှုတ်ချကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ နောက်နောက်တွင် မပြုလုပ်ရန်နှင့် တိုက်ပွဲများအတွင်း အမျိုးသမီးများနှင့်ပတ်သက်၍ တပ်ဖွဲ့များက ကျင့်သုံးရန် ထုတ်ပြန်ထားသည့် UN Security Resolution 135 ပါ အချက်ကို လိုက်နာကျင့်သုံးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။
ခေတ်သစ်မီဒီယာ
တပ်နဲ့ AA တိုက်ပွဲတွေအတွင်း အရပ်သား ၂၅၀ ကျော် သေဆုံး