ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကျောက်တော်မြို့နယ်တွင် ဈေးရောင်းသူတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး
တပ်မတော်စစ်ကြောင်းက ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း တိတိကျကျ မမြင်ရသည့်အတွက် သုံးသပ်ရန်ခက်ခဲကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဈေးရောင်းသူတစ်ဦး သြဂုတ် ၃၁ ညနေပိုင်းတွင် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။
ကျောက်တော်မြို့တောင်ဘက် နှစ်မိုင်ခန့်ဝေးသည့် ကျောက်ဂူစုကျေးရွာတွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် ဦးစိန်သာအောင်သည် ဘေးရွာဖြစ်သည့် အလယ်ကျွန်းကျေးရွာမှ ဖုန်းဆက်ဈေးဝယ်သောကြောင့် သွားပို့ပြီး အပြန်လမ်းတွင် သေနတ်ပစ်ခံရခြင်းဖြစ်သည်။
သေနတ်ဒဏ်ရာကြောင့် နေအိမ်ပြန်ရောက်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးခဲ့ကြောင်း ညီဖြစ်သူက Myanmar Now ကိုပြောသည်။
“ဖြစ်တာက သူက အရက်ဆိုင်ဖွင့်ပြီး ရောင်းစားတယ်။ တစ်ယောက်က ဖုန်းနဲ့ အရက်မှာတယ်ထင်တယ်။ အရက်ပို့ပြီးပြန်လာတဲ့အချိန်မှာ ပစ်ခံတာ။ အလယ်ကျွန်းရွာအရောက် သွားပို့တာလည်း မဟုတ်ဘူး။ ကိုယ့်ရွာမှာပါ။ အိမ်နဲ့လည်းသိပ်မဝေးဘူး အနီးလေးပါ” ဟု ဦးစိန်သာအောင်၏ ညီဖြစ်သူ ဦးကျော်လှက ပြောသည်။
ဦးစိန်သာအောင်သည် ဘယ်ဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာ နှစ်ချက်၊ ဝမ်းဗိုက်တွင်တစ်ချက် စုစုပေါင်း သေနတ်ဒဏ်ရာသုံးချက် ရရှိခဲ့သည်။
သေနတ်ဒဏ်ရာရရှိသော်လည်း မြို့ပေါ်ဆေးရုံကို မပို့ရဲသောကြောင့် သွေးထွက်လွန်ကာ သေဆုံးသွားရခြင်းဖြစ်သည်ဟု ဆိုသည်။
“ပစ်ခံရလို့ ဘယ်ဘက်လက်မှာ နှစ်ချက်၊ ဝမ်းမှာတစ်ချက် ထိသွားတယ်။ ဝမ်းက ဒဏ်ရာကို ညာဘက်လက်နဲ့ဖိပြီး အိမ်ကိုပြေးလာတာ။ အိမ်ကိုအရောက်မှာ ဝမ်းက တင်းလာတယ်ဆိုပြီး ဖိထားတဲ့လက်ကို တစ်ချက်ခွာလိုက်ရင် သွေးတွေ တအားထွက်တယ်။ အဲဒီဒဏ်ရာနဲ့ အိမ်မှာ နှစ်နာရီကျော်လောက်ခံခဲ့တယ်။ ည ကိုးနာရီမထိုးခင် မိနစ်ပိုင်းအလိုက ဆုံးသွားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
တပ်မတော်စစ်ကြောင်းက ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း တိတိကျကျ မမြင်ရသည့်အတွက် မပြောဆိုနိုင်ကြောင်း ကျောက်တော်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ထွန်းစိန်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
လက်ရှိတွင် သေဆုံးသူကို သင်္ဂြိုဟ်နိုင်ရေးဆောင်ရွက်နေကြောင်း ကျောက်ဂူစုကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ်အတွင်းရှိ မျောက်တောင်၊ ရွှေပြည်၊ သာစည်၊ ကျောက်ဂူစု ကျေးရွာများတွင် တပ်မတော်စစ်ကြောင်းက ဝင်ရောက်စစ်ဆေးမှုများရှိနေ၍ ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး တိမ်းရှောင်နေကြရကာ ရွာအတွင်းကျန်နေသူများကို တပ်မတော်က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးအား ယမန်နေ့က တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး ဆန်အိတ်များပါ သိမ်းဆည်းကာ ယူဆောင်သွားသည်ဟု မိသားစုဝင်များက ပြောသည်။
တပ်မတော်ဘက်ကမူ ရက္ခိုင့်တပ်တော်အတွက် ရိက္ခာသိုလှောင်ထားသည့် ဆန်အိတ် ၈၀ ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
Myanmar Now
မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ AAPPB နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်
မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ AAPPB နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်
မြန်မာနိုင်ငံတဝန်း ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစောင်ကို AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။
AAPP နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ သုတေသနပြု ထုတ်ပြန်လိုက်ပြီး စာမျက်နှာ ၁၅၁ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြီး သုံးသပ်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့်လည်း နိုင်ငံတွင်း တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီလို ပဋိပက္ခတွေအတွင်း နေထိုင်နေကြတဲ့သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ခံနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို နိုင်ငံတဝန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ သိရှိပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အစိုးရ၊ လွှတ်တော်အနေနဲ့ လူ့အခွင့်အရေးကို အခြေခံတဲ့ ကတိကဝတ်တွေ၊ မူဝါဒတွေ၊ အစီအမံတွေနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်လာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေယာသိမ်းဆည်းမှု၊ တက်ကြွလှုပ်ရှားသူတွေအပေါ် ပြစ်ဒဏ်ချမှတ်မှုတွေလည်း ရှိနေတဲ့အပြင် ဥပဒေတွေကလည်း ခေတ်နဲ့မညီဘဲ တရားမျှတမှု ကင်းမဲ့နေတယ်လို့ အဲဒီအစီရင်ခံစာမှာ ပြောထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် ထိခိုက်နစ်နာမှုတွေကို ပြန်လည်ကုစား အလျော်ပေးတာတွေ၊ တောင်းပန်တာတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေလည်း မရှိတာကြောင့် ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ ဥပဒေတရပ်ကို လွှတ်တော်အနေနဲ့ ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ဒီအစီရင်ခံစာမှာ တိုက်တွန်း ဖော်ပြထားပါတယ်။
VOA News
၂၀၂၀ ခုနှစ်၊ ဧပြီလမှ ဇူလိုင်အထိ ရခိုင်ပြည်တွင်း COVID-19 ဆိုင်ရာ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များ
၁. ဖြန့်ဝေရသည့် ရည်ရွယ်ချက်
————————
အရေးပေါ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံကိန်းများချမှတ်ရာတွင် မူဝါဒရေးဆွဲသူများ အနေဖြင့် အနေဖြင့် ကိုးကားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်တွင်း COVID-19 ကပ်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC) မှ ၂၀၂၀ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ထုတ်ဝေခဲ့သော တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြန်လည်ကောက်နှုတ်၍ (၂၀.၀၈.၂၀) ရက်နေ့တွင် ပြန်လည် ဖြန့်ဝေသည်။
၂. COVID-19 ဆိုင်ရာ တွေ့ရှိချက်များ
————————————-
၂.၁. ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း COVID-19 ဆိုင်ရာ တွေ့ရှိချက်များ
(၁) ရခိုင်ပြည်အတွင်းရှိ စစ်ဘေးဒုက္ခသည် စခန်းတချို့တွင် ရေရှားပါးမှု ပြဿနာကြောင့် Covid–19 ရောဂါအား ကာကွယ် နိုင်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်။
(၂) ရခိုင်ပြည်ရှိ အကူအညီလိုအပ်နေသည့် ထိခိုက်နစ်နာသူများနှင့်နေရပ်စွန့်ခွာသူများအား COVID-19 ရောဂါ ကာကွယ်တားဆီးရေး အတွက် ကုလသမဂ္ဂကမှ အမေရိကန်ဒေါ်လာ (၂.၂) သန်းကျော် အသုံးပြု ပေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။
(၃) COVID-19 ရောဂါဖြစ်ပွါးနေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်ရောက်လာသည့်နေရပ် စွန့်ခွါသူ များအား လက်ခံနေသည်ကို မောင်တောဒေသခံများမှ စိုးရိမ်နေသောကြောင့် လက်ခံရေး စခန်းများ ယာယီပိတ်ထားပေးရန် တောင်းဆိုနေကြသည်။
(၄) တခြားတိုင်းနှင့် ပြည်နယ်မှ စစ်တွေမြို့သို့ ဝင်ရောက်လာသူများအား (၂၅.၀၄.၂၀) ရက်နေ့ မှစ၍ စစ်တွေမြို့တွင် (၂၁) ရက်ကြာ Quarantine ဝင်ရန် ပြည်နယ် အစိုးရမှညွှန်ကြားပြီး မလိုက် နာပါက သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) မှသိရသည်။
၂.၂. ၂၀၂၀ ခုနှစ်၊ မေလအတွင်း COVID-19 ဆိုင်ရာ တွေ့ရှိချက်များ
(၁) ULA/AA အား COVID-19 ကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားရင်ကြား စေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) က ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့ (PCG) မှတဆင့် ဖိတ်ခေါ်ခဲ့သော်လည်း မြန်မာအစိုးရစစ်တပ်မှ ထိုးစစ်ဆင်နေသည့် အတွက် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲရှိကြောင်း သက်ဆိုင်ရာအဖွဲ့မှ ပြောသည်။
(၂) ရခိုင်ပြည်မှ မလေးရှားသို့ ခရီးသွားရာဇဝင်ရှိခဲ့သည့် သံတွဲမှ အမျိုးသား (၁) ဦးနှင့် တောင်ကုတ်မှ အမျိုးသား (၁) ဦတို့တွင် ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသော်လည်း ပလက်ဝအပါအဝင် မြို့နယ် (၈) မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထား၍ သတင်းအချက် အလက်များ မရရှိနိုင်ပေ။
(၃) COVID-19 ကာလအတွင်း ရခိုင်ပြည်၌ အင်တာနက် ဖြတ်တောက်မှုနှင့် မလေးရှားမှ ပြန် လာသူများအား ရန်ကုန်တွင် Quarantine မပြုလုပ်ဘဲ ရခိုင်သို့ တိုက်ရိုက်ကားဖြင့် ပို့ခဲ့သည့် အတွက် ရခိုင်ကျောင်းသား အဖွဲ့အစည်း (၂) ခုမှ ကန့်ကွက်ချက် ထုတ်ပြန်ခဲ့သည်။
(၄) ရန်ကုန်၊ ပုသိမ်နှင့် ပဲခူးတိုင်းမှ ရခိုင်ပြည်၊ သံတွဲမြို့နယ်သို့ (၂၁) ရက် Quarantine စောင့်ကြည့်မခံဘဲ ခရီးသွားမှတ်တမ်းများအား လိမ်လည်ဝင်ရောက် နေကြသည်။
(၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ မူဆလင် ဒုက္ခသည်စခန်းများထဲတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၀) ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
(၆) ရခိုင်ပြည်၊ စစ်တွေမြို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် နှာခေါင်းစည်းများအား အင်တာနက် ဖြတ်တောက်ထား မှုကြောင့် မသိရှိဘဲ ရောင်းချမှုရှိနေသည်။
(၇) COVID-19 ကာကွယ်ရေး ပစ္စည်းများအား ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) မှ တောင်ပိုင်းမြို့နယ်များတွင် လှူဒါန်းပြီးဖြစ်သော်လည်း မြောက်ပိုင်းရှိ ပေါက်တော၊ မြေပုံနှင့် ရသေ့တောင်မြို့နယ်များသို့ တိုက်ပွဲကြောင့် သွားလာရ ခက်ခဲ နေသည်။
(၈) စာသင်ကျောင်းများ၌ Quarantine ဝင်နေသူများအား (၁၅.၀၆.၂၀) ရက်နေ့ နောက်ဆုံး ထား၍ ရွေ့ပြောင်းပေးရန် ပြည်နယ်အစိုးရမှ ညွှန်ကြားထားသည်။
၂.၃. ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း COVID-19 ဆိုင်ရာ တွေ့ရှိချက်များ
(၁) (၁၉.၀၆.၂၀) ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးတွေ့လူနာ (၂၃) ဦးတွင် ရခိုင်ပြည်မှ (၇) ဦး ပါဝင်သည်။ သံတွဲမြို့နယ်တွင် မလေးရှားမှ ပြန်လာသူ ဦးမြင့်အောင်အား ဒုတိယအကြိမ် ဆေးစစ်ရာ ပိုးတွေ့ရှိခဲ့ရသည်။ ယခုအချိန်ထိ ရခိုင်ပြည်သို့ တရုတ်နိုင်ငံမှ ပြန်လာသူ (၃၅ဝဝ) ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁ဝဝဝ) ကျော်ရှိကြောင်း ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးမှ ပြောသည်။
(၂) မောင်တောမြို့နယ်နှင့်ကပ်ရပ်တည်ရှိသည့် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင် (၁) ခု တွင် COVID-19 ဗိုင်းရပ်စ်ကြောင့် (၂ဝ) ဦးသေဆုံးကာ (၈၉ဝ) ဦးကူးစက်ခံရပြီးနောက် ကော့စ် ဘဇားခရိုင်အား ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ပထမဆုံးCOVID-19 ဗိုင်းရပ်စ်အနီရောင် (Red Zone) အဖြစ်သတ်မှတ် ကြေညာထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အူခီးယာ မူဆလင် ဒုက္ခသည် စခန်း တွင် ကရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၉) ဦး၊ Cox’s Bazar ဒုက္ခသည် စခန်းတွင် (၄၆) ဦး ရှိပြီး ထို (၄၆) ဦးထဲမှ (၅) ဦး သေဆုံးသည့်အတွက် ဆိုးရွားသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
(၃) မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော နေရပ်စွန့်ခွါ မိသားစုဝင် (၅) ဦးအား လှဖိုးခေါင်ယာယီ စခန်း၌ Quanratine ထားရှိပြီး ဓာတ်ခွဲနမူနာ ဆေးစစ်ရန် ပို့ထားသည်။
(၄) ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ခိုးဝင်လာသူ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး၊ ဘူးသီးတောင်မြို့နယ်သို့ ခိုးဝင်လာသူ အမျိုးသား (၁) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ခရီးသွား ရာဇဝင်ရှိသည့် ဘူသီးတောင်မြို့နယ်မှ အမျိုးသား (၁) ဦးနှင့် စစ်တွေမြို့၌ နေထိုင်သူ (၁) ဦးတွင် COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိရသည်။
(၅) ဘူးသီးတောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိသည့် COVID-19 လူနာနှင့် အတူတူ ဝင်ရောက်လာသူ (၁၂) ဦးထဲတွင် (၄) ဦး ပျောက် ဆုံးနေပြီး (၈) ဦးအား ရပ်ကွက် (၃)၊ ဗိုလ်ချုပ်လမ်းအတွင်းရှိ ဗလီကြီးတွင် Quarantine ထားရှိသည်။
(၆) မောင်တောမြို့နယ်၊ ဇီးပင်ကြီးတွင် ရေတပ်ရှိပြီး နယ်စပ်တလျှောက်လုံးတွင် နယ်ခြား စောင့်များ ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်မှ မောင်တောသို့ ခိုးဝင်လာသည်ကို သိနေကြောင်း၊ အနောက်တံခါး ခြံစည်းရိုး လုံခြုံမှုရှိအောင် ပြုလုပ်ပေးရန် မောင်တောမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းမှ ပြောသည်။ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်နေကြခြင်းမှာ လာတ်ပေး၊ လာတ်ယူမှုများ ရှိနေသည့်အတွက် ဖြစ်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ထိထိမိမိ မဆောင်ရွက်နိုင်ပါက ကျန်းမာရေး၊ လုံခြုံရေး၊ လူဝင်/ လူထွက် ပြဿနာများ ပိုမိုဆိုးရွာစွာ လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေမှ ပြောသည်။ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ခိုးဝင်နေခြင်း၊ ခိုးသွင်းနေခြင်းကို လေ့လာ သုံးသပ်ရန်လိုအပ်ပြီး ပြည်ထောင်စုအစိုးရတွင် အပြည်အဝတာဝန် ရှိကြောင်းနှင့် အခြေအနေအား ထိန်သိမ်းမှု မလုပ်နိုင်လျှင် ဘူးသီးတောင်၊ မောင်တောဒေသအား သတ်ကွင်းထဲ ပို့သလိုဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းမှ ပြောသည်။ သို့ရာတွင် မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးထွန်းလှစိန်က ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသည့်အချိန်တွင် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များ အား စာရင်းပေးပို့ရာတွင် ငွေကုန်ကြေးကျ မတတ်နိုင်သောကြောင့် ရသည့်နည်းများဖြင့် ဝင်လာကြ ခြင်းဖြစ်ကြောင်း ပြောသည်။
(၇) နယ်စပ်မှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူပေး ရန် မောင်တောဒေသခံ အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁) ဦးတို့မှ ဆန္ဒ ဖော်ထုတ်ခဲ့ပြီး မောင်တောအခြေအနေသည်လည်း COVID-19 ဗိုင်းရပ်ရောဂါ အနီရောင် နယ်မြေဖြစ်နေပြီး ခိုးဝင်လာသူများအား နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲမရ၊ လဝကတွင်လည်း တရားစွဲမရ ကြောင်းနှင့် သဘာဝဘေး အန္တရာယ်ဖြင့်သာ တရားစွဲရကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ မောင်တောမြို့ခံ ဦးစိန်လှဖြူမှပြောသည်။ သို့ရာတွင် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာသူ မောင်တောမြို့နယ်မှ (၁၉) ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ (၁၀) ဦးတို့အား လူဝင်မှု ကြီးကြပ်ရေးဥပဒေ ခိုးဝင်ခိုးထွက် ပုဒ်မ ၁၃(၁) ၊ အားပေးကူညီမှု ပုဒ်မ ၁၃(င) တို့ဖြင့် အရေးယူ ထားကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းမှ ပြောသည်။
(၈) ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် အတွင်းမှ မူဆလင်ဒုက္ခသည်များသည် နယ်စပ် ဝင်ပေါက်များမှ တဆင့် ဘူသီးတောင်နှင့် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည် ဝင်ရောက်မှုများရှိနေခြင်းသည် နယ်စပ်ခြံစည်းရိုး မလုံသည့်အပြင် နယ်ခြားစောင့် တပ်များအား ULA/AA နှင့် ARSA အဖွဲ့များမှ တိုက်ခိုက်မှုများရှိနေခြင်းကြောင့် လုံခြုံရေးအရ သွားမရသည့် အတွက် တားဆီးရန် မတတ်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူးမှ ပြောသည်။
(၉) သို့ရာတွင် မောင်တော၊ ဘူးသီးတောင်မြို့ နယ်များသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်နေသည်များတွင် မှောင်ခိုပွဲစားများရှိပြီး လုံခြုံရေးဘက်မှ တာဝန်ရှိသူများလည်း ပူးပေါင်း ပါဝင်မှုရှိနေကြောင်း၊ ထိုသို့ ဝင်ရောက်လာသူများနှင့် လက်ခံထားသူများကို လဝကဥပဒေဖြင့် မောင်တောနယ်စပ် တလျှောက် ခြံစည်းရိုး ကာထားသော်လည်း သားငါး ရှာစားနေကြသည့် လှေသမားများ ဝင်ထွက် သွားလာနေသည့် ချောင်းမြောင်းများရှိနေသောကြောင့် ၎င်းနေရာများကို ခြံစည်း ရိုးကာ၍ အဆင်မပြေကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောသည်။
၂.၄. ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း COVID-19 ဆိုင်ရာ တွေ့ရှိချက်များ
(၁) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် COVID-19 ရောဂါရောက်ရှိနေပြီး မိုးသည်း ထန်ကာ ရေကြီးရေလျှံဖြစ်နေ သောကြောင့် အခြေအနေ ပိုးဆိုးလာနိုင်ပြီး စခန်းနေထိုင် သူများ စိုးရိမ်နေကြသော်လည်း ယခုအချိန်ထိ ရောဂါ ထပ်မံ ကူးစက်မှု သတင်းအချက် အလက်များ အား မရနိုင်ကြောင်း သိရသည်။ (၂၈.၀၇.၂၀) ရက်နေ့ထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိ သူ (၂၂၉၁၈၅) ဦးရှိပြီး ပြန်လည် သက်သာကောင်းမွန်လာသူ (၁၂၇၄၁၄) ဦးနှင့် သေဆုံးသူ (၃ဝဝဝ) ဦး ရှိသွားပြီဖြစ်သည်။
(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် လူနာအမှတ်စဉ် (၃၂၅) နှင့် လူနာအမှတ်စဉ် (၃၂၆) တို့၌ ကရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိရကြောင်း (၁၀.၀၇.၂၀) ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
(၃) မောင်တောမြို့နယ်တွင် ဘင်္ဂလာဒေ့ရှ်မှပြန်ဝင်လာသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားတဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း (၂၅.၀၇.၂၀) ရက်နေ့တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
(၄) ရခိုင်ပြည်သို့ ပြည်တွင်းမှပြန်လာသူများကို Quarantine မထားတော့ကြောင်း သိရသည်။
(၅) (၁၃.၀၇.၂၀) ရက်နေ့တွင် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် လူနာအမှတ် (၂၉၂) အမျိုးသားအား ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။
(၆) (၁၄.၀၇.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝ တိုက်နယ်ဆေးရုံ၌ ကွာရန်တင်း ဝင်နေသည့် ရောင်စုံကျေးရွာသား COVID-19 စောင့်ကြည့်လူနာ (၁) ဦးသေဆုံး သွား သည်။
(၇) ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH) မှ ပံ့ပိုးမှုဖြင့် မာန်အောင်မြို့နယ်ရှိ စာသင်ကျောင်း (၁၃) ကျောင်း အတွက် COVID-19 ရောဂါ ကာကွယ်ရေး ပစ္စည်းများအား မာန်အောင်မြို့နယ်လုံးဆိုင်ရာ လူငယ်များအစည်းအရုံးမှ လှူဒါန်းရန် ပြင်ဆင်နေကြောင်းသိရသည်။
(၈) COVID-19 ရောဂါပိုး စစ်ဆေးသည့်စက်ပေးဝေရေးအတွက် မြန်မာတနိုင်ငံလုံးမှ ဦးစားပေး မြို့နယ် (၁ဝ) ခုတွင် စစ်တွေမြို့ဆေးရုံကြီးအား ထည့်ခဲ့ခြင်းကြောင့် (၂) လအတွင်း စက်ရောက်ရှိ မည်ဖြစ်ပြီး ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
(၉) (၁၆.၀၇.၂၀) ရက်နေ့တွင် လူနာအမှတ် (၃၃၉) နှင့် ထိတွေ့ခဲ့သဖြင့် ကျောက်တော် မြို့နယ် ကျန်းမာရေးဌာနမှ ကွာရင်တင်းဝင်ခိုင်းထားရာမှ ပေါက်တောမြို့နယ်၊ အနောက်ရဲ (မူဆလင်) ကျေးရွာမှ မာမူဆုယော်ဆိုသူ ပျောက်ဆုံးနေသည်။
(၁၀) (၂၈.၀၇.၂၀) ရက်နေ့တွင် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ စစ်တွေမြို့နယ်ရှိ ကျေးရွာအချို့နှင့် အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတိုက်ရှိ မသန်စွမ်းသူများအပြင် ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် အခြေခံ စားသောက်ကုန်းများ၊ COVID-19 ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့သည်။
(၁၁) (၀၂.၀၇.၂၀) နှင့် (၀၃.၀၇.၂၀) ရက်နေ့များတွင် ဘင်္ဂလားဒေရှ်နိုင်ငံမှ မောင်တောခရိုင် အတွင်းသို့ ခိုးဝင်လာသူ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၅) ဦးတို့အား လူဝင်မှု ကြီးကြပ်ရေး ဥဒေပုဒ်မ ၁၃(၁) ဖြင့် မောင်တောမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၆) လ ချမှတ်လိုက်ပြီး အသက်မပြည့်သည့် ကလေးငယ် (၂) နှင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့ထံသို့ အပ်နှံ လိုက်ပြီး UEHRD အစီအစဉ်စာရင်းတွင် ပါဝင်သူ (၂) ဦးအား လွှတ်ပေး လိုက်သည်။
(၁၂) (၀၂.၀၇.၂၀) ရက်နေ့တွင် COVID-19 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးအား လုံခြုံရေး တိုးမြှင့်ထားပြီး တဘက်နိုင်ငံကိုလည်း တရားမဝင် ဝင်ရောက်လာပါက ဖမ်းဆီးမည်ဟု အကြောင်း ကြားထားသောကြောင့် ခိုးဝင်လာသူများ မရှိတော့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိရသူများ လည်း ထပ်မတွေ့ရတော့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ ပြောသည်။
၃. COVID-19 ဆိုင်ရာ သုံးသပ်ချက်များ
———————————-
၃.၁. ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း COVID-19 ဆိုင်ရာ သုံးသပ်ချက်များ
(၁) COVID-19 ရောဂါဖြစ်ပွါးနေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂလီများအား အစိုးရမှ လက်ခံနေသည်ကို မောင်တောမြို့နယ် ဒေသခံများမှ စိုးရိမ်နေကြပြီး ဆိုင်းငံ့ထားရန် တောင်းဆိုရသည့်အဆင့်ထိတိုင် အစိုးရ၏ ဒေသခံရခိုင်လူထု အပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွင် အကဲဆပ်မှုနှင့် အလေးဂရုထားမှုတို့ လျော့ပါးနေပြီး၊ ဒေသခံများ၏ လုံခြုံ စိတ်ချရမှုထက် ဘင်္ဂလီများအရေးကြောင့် နိုင်ငံတကာဖိအားကို တုန့်ပြန်ရန် ပိုမိုဦးစားပေးနေ ကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရသည်။
၃.၂. ၂၀၂၀ ခုနှစ်၊ မေလအတွင်း COVID-19 ဆိုင်ရာ သုံးသပ်ချက်များ
(၁) ရခိုင်ပြည်မြောက်ပိုင်းတွင် အင်တာနက်ဖြတ်တောက်ထား၍ COVID-19 ဆိုင်ရာ သတင်းအချက်အလက်များ မရရှိခြင်း၊ တိုက်ပွဲများကြောင့် သွားလာရန်ခက်ခဲ၍ COVID-19 ပစ္စည်းများအား ရခိုင်ပြည်အနှံ့ လှည့်လည် လှူဒါန်းရန်ခက်ခဲခြင်း၊ ပြည်ပမှ အစုလိုက် အပြုံလိုက် ပြန်လာသူများအား စနစ်တကျ Quarantine မပြုလုပ်ခြင်း၊ စာသင်ကျောင်း များ၌ Quaranine ဝင်နေသူများအား အစိုးရမှ စနစ်တကျ နေရာချထားပေးရန် မစီစဉ်ဘဲ (၁၅.၀၆.၂၀) ရက်နေ့ နောက်ဆုံးထား၍ ရွေ့ပြောင်းခိုင်းခြင်း၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် စခန်းများမှ ပြန်လည် ဝင်ရောက် လာသူများထံမှ ရောဂါပြန့်ပွါးနိုင်ခြင်း၊ ဆေးရုံဆေးခန်း များ၌ ခေတ်မီ ကာကွယ် ကုသရေး ပစ္စည်းကိရိယာများ မပြည့်စုံခြင်းတို့ကြောင့် ရခိုင်ပြည် တွင် COVID-19 ပြန့်ပွါးလာပါက ထိန်းချုပ်ရန် ခက်ခဲနိုင်သည်။
၃.၃. ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း COVID-19 ဆိုင်ရာ သုံးသပ်ချက်များ
(၁) ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ပထမဆုံးကိုရိုနာဗိုင်းရပ်စ် အနီရောင်နယ်မြေ (Red Zone) အဖြစ် သတ်မှတ် ကြေညာထားသည့် ကော့စ်ဘဇားခရိုင်မှ မောင်တောခရိုင်သို့ ခိုးဝင်လာသည့် ဒုက္ခသည် များ စဉ်ဆက်မပြတ်ရှိနေပြီး ယခုအချိန်ထိ ရခိုင်ပြည်သို့ တရုတ် နိုင်ငံမှ ပြန်လာသူ (၃၅ဝဝ) ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁ဝဝဝ) ကျော်ရှိသဖြင့် ခိုးဝင်လာသူများအား ပိတ်ပင်တားဆီး ခြင်း၊ တရားဝင်ပြန်လာသူများအား စနစ်တကျ Quarantine ပြုလုပ်၍ စစ်ဆေးခြင်းအစရှိသည့် ကိစ္စများအား ထိရောက်စွာ မပြုလုပ်နိုင်ပါက ရောဂါပြန့်ပွါးလာလျှင် ထိန်းချုပ်ရန် အခက်အခဲရှိ လာနိုင်သည်။
၃.၄. ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း COVID-19 ဆိုင်ရာ သုံးသပ်ချက်များ
(၁) မောင်တောနှင့် မြစ်တဖက်ကမ်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်စခန်းများတွင် ရေလွှမ်း မိုးမှုကြောင့် မောင်တောခရိုင်အတွင်းသို့ ခိုးဝင်မှုများ တိုးပွါးလာနိုင်ပြီး ၎င်းတို့နှင့်အတူ COVID-19 ရောဂါ ပြန့်ပွါးမှုလည်း ကျယ်ပြန့်လာနိုင်သည်။ အပေါက်ဝ တိုက်နယ်ဆေးရုံ၌ QUARANTINE ဝင်နေသည့် COVID-19 စောင့်ကြည့်လူနာ (၁) ဦးသေဆုံးသွားသည့် ကိစ္စမှာ ရောဂါပိုးကြောင့် ဟုတ်-မဟုတ် သင်္ကာမကင်း ဖွယ်ဖြစ်ပြီး၊ ရခိုင်ပြည်သို့ ပြည်တွင်းမှ ပြန်လာသူများကို Quarantine မထားတော့ခြင်း၊ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများနှင့် စောင့်ကြည့်လူနာများ မကြာခဏ ပျောက် ဆုံးနေခြင်းတို့ကြောင့် ရခိုင်ပြည်တွင်း COVID-19 အန္တရာယ်မှာလည်း စိုးရိမ် ဖွယ်ရာပင်ဖြစ်သည်။
(၂) တဘက်နိုင်ငံမှ ခိုးဝင်လာသူများ မရှိတော့ကြောင်း မောင်တောခရိုင် အုပ်ချုပ် ရေးမှူးမှ ပြောဆိုထားသော်လည်း ယခင်လက ဒေသခံပြည်သူလူထုနှင့် အမတ်များက အစိုးရတာဝန်ရှိသူ မျုား၏ လာဘ်စားခြစားမှုကြောင့် ခိုးဝင်မှုများ ရှိနေသည် ဟူ၍လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက တိုက်ပွဲကြောင့် နယ်စပ်တလျှောက်လုံးတွင် လုံခြုံရေး ဆောင်ရွက်ရန် အခက် အခဲရှိသည်ဟူ၍ လည်းကောင်း၊ သမ္မတရုံးမှ ဒေသခံများ လုပ်ကိုင်စားသောက် ရေးအတွက် ဝင်ထွက်နေရသည့် နေရာများအား ပိတ်ဆို့ရန် မဖြစ်နိုင်ဟူ၍ လည်းကောင်း ပြောဆိုချက်များရှိ နေရာ တဘက်နိုင်ငံမှ ခိုးဝင်သူများ အလွယ်တကူ ပပျောက်သွားပြီဆိုသည့် ဖြေရှင်းချက်မှာ လက်ခံရန် ခက်ခဲပေသည်။
(၃) အစိုးရမှ စစ်တွေဆေးရုံကြီးသို့ ပေးပို့မည့်ကိစ္စမှအပ COVID-19 ရောဂါကာကွယ်ရေး ပစ္စည်း များအား ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) နှင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှသာ လှူဒါန်းခဲ့သည်ကိုတွေ့ရသဖြင့် လိုအပ်ချက် အများ အပြားရှိနေလိမ့်မည်ဟု ခန့်မှန်းရသည်။
၄. COVID-19 ဆိုင်ရာ အကြံပြုချက်များ
——————————
၄.၁. ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း COVID-19 ဆိုင်ရာ အကြံပြုချက်များ
၄.၂. ၂၀၂၀ ခုနှစ်၊ မေလအတွင်း COVID-19 ဆိုင်ရာ အကြံပြုချက်များ
(၁) COVID-19 ကပ်ရောဂါ ဆိုက်ကပ်နေသည့်အချိန်တွင် နှစ်ဖက်တပ်ဖွဲ့များ အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွါးကို ထောက်ထားငဲ့ညှာသောအားဖြင့် ယာယီဖြစ်စေ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲ၍ သက်ဆိုင်ရာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ကာကွယ် ကုသရေး လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးသင့်သည်။ NLD အစိုးရ/ ပါတီအနေဖြင့်လည်း ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးကိစ္စများကို စီမံချက်ရှိရှိဖြင့် စနစ်တကျ ဆောင်ရွက်ပေးသင့်သည်။
၄.၃. ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း COVID-19 ဆိုင်ရာ အကြံပြုချက်များ
(၁) ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသည့် ဒုက္ခသည်များတွင် COVID-19 ပါဝင်လာနိုင်ခြေများ သဖြင့် ၎င်းတို့သည် လူဝင်/လူထွက် ပြဿနာလောက်သာ မဟုတ်ဘဲ အမျိုးသားလုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကူးစက်ရောဂါ ပြဿနာကိုပါ ပေါ်ပေါက်နိုင်စေသည်ကို ရခိုင်တမျိုးသား လုံး သတိထား၍ ထိရောက်စွာ ကြိုတင်ကာကွယ်ရန် အစီအစဉ်များ ချမှတ်ထားသင့်သည်။
၄.၄. ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း COVID-19 ဆိုင်ရာ အကြံပြုချက်များ
(၁) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်စခန်းများတွင် COVID-19 ရောဂါ ပြန့်ပွါးနေပြီး ရေလွှမ်းမိုး မှုကြောင့် မောင်တောခရိုင်အတွင်းသို့ ခိုးဝင်မှုများ တိုးပွါးလာနိုင်ကာ ခိုးဝင်စောင့်ကြည့် လူနာများ မှာလည်း မကြာခဏပျောက်ဆုံးနေခြင်းကြောင့် ရခိုင်ပြည်တွင်း COVID-19 ပြန့်ပွါးမှုကို အထူး သတိထား၍ စောင့်ကြည့်သင့်ပေသည်။
(၂) တဘက်နိုင်ငံမှ မောင်တောခရိုင်သို့ ခိုးဝင်လာသူများသည် အလွယ်တကူ ပပျောက်သွား ရန်မှာ မဖြစ်နိုင်ဘဲ ၎င်းတို့နှင့်အတူ COVID-19 ရောဂါ ပြန့်ပွါးနိုင်ခြေလည်းများသဖြင့် လူဝင်မှု ကြီး ကြပ်ရေး ကို အထူးတင်းကြပ် ထားသင့်သည်။
PDF Link:
https://docdro.id/8zvFGHS
https://bit.ly/3aJzchn
တရားမျှတမှုစာစောင် (ဇူလိုင်၊ ၂၀၂၀ ပြည့်နှစ်)
တရားမျှတမှုစာစောင် (ဇူလိုင်)
ယခုလတွင်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘာတူစာချုပ်(NCA) ကိုမသိကျိုးကျွန်ပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ သည်လည်း တိုးတက်ပြောင်းလဲမှုမရှိသည် ကိုတွေ့ရှိရသည်။ ရှမ်းပြည်မြောက် ဘက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ စစ်ရေးလုပ်ရှားမှုတိုးချဲ့လာခြင်းကြောင့် ပဋိပက္ခများ တိုးလာလျက်ရှိပြီး အရပ် သား ပြည်သူများ၏ အခွင့်အရေးမှာလည်း လျစ်လျှူရှုခံနေရဆဲဖြစ်သည်။ ရခိုင်နှင့်ချင်းပြည်နယ်များတွင် ပဋိပက္ခများဆက်လက် ဖြစ်ပွားနေသည်ကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခကြောင့် အခြေခံလိုအပ်ချက်များမရရှိသည့် နေရပ်စွန့်ခွါ ထွက်ပြေးသူများ၏ အရေအတွက်မှာလည်း လျော့နည်းလာမည့် အရိပ်လက္ခဏာ မတွေ့ရဘဲ တိုးလာလျက်ရှိသည်။ COVID-19ကူးစက်ရောဂါကာလအတွင်း လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီပေးရေးများကို တားဆီး ပိတ်ပင်ခြင်းများသည် ပြည်သူများကို ပို၍ဆိုး၀ါးကြပ်တည်းသောအခြေအနေကို ဖန်တီးစေ ခဲ့သည်။
အစိုးရ၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုထိန်းသိမ်း ရန်အားနည်းလာသည်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ(UPR)သို့ အခွင့်အရေးလုပ်ရှားသည့်အဖွဲ့အစည်း များဖြစ်သော ND-Burma အပါအ၀င် ALTSEAN Burma, AASYC အသံစသည့် အဖွဲ့အစည်း တော်တော်များများသည် အမုန်းစကားနှင့် ဒီမိုကရေစီအားနည်းလာခြင်းနှင့်အရပ်ဖက်လူမှုအသိုင်းအ၀ိုင်း ၏အခန်းကဏ္ဍ ဒုက္ခသည်နှင့်ပြည်တွင်း ရွေ့ပြောင်း ဒုက္ခသည်များစသည့် အစီရင်ခံစာများကို တင်သည်ကို ကြည့်ခြင်း အားဖြင့်သိရှိနိုင်သည်။ အစီရင်ခံစာများသည် ယခင် အစိုးရကာလအတွင်း ပေးထားသည့်ကတိက၀တ်များကို ပြန်လည်ထောက်ပြသည့် အသံများဖြင့်ပဲ့တင် ထပ်နေသည်။ မြန်မာအစိုးရမှလူ့အခွင့်အရေးကာကွယ်မြင့်တင်သူများနှင့် လူနည်းစုဘာသာရေး အဖွဲ့များ၏အခွင့်အရေးများကို ကာကွယ်သော၊ ပြုပြင်ပြောင်းလဲရန်လိုအပ်သော ဥပေဒများအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ခဲ့ရသည်။ အရပ်သားပြည်သူများသည် မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း နှင့် အိုးအိမ်စွန့်ခွါထွက်ပြေးခြင်း စသည့် အန္တရာယ်ရှိသော လူ့အခွင့်အရေးချိုး ဖောက်မှတ်တမ်းများကိုလည်း လေ့လာတွေ့ရှိခဲ့သည်။ ALTSEAN-Burma ၏ အဆိုအရ ၂၀၂၀နှစ်၀က် အတွင်းတွင်ပင် တိုက်ပွဲ သို့မဟုတ် အရပ်သား ပြည်သူများကို တိုက်ခိုက်မှု ၆၀၈ကြိမ် ဖြစ်ပွားခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် တိုက်ပွဲများသည် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ခုတွင်ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခြင်း၊ အတင်းအကြပ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အတင်းအကြပ် ရွေ့ပြောင်း စေမှုတို့ ပါ၀င်သည်။ အပစ်ခတ်ရပ်စဲရေးနှင့် စေ့စပ်ညှိနှိုင်းမှုများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မြန်မာ့တပ်မတော်မှ ကြိုးစားအားထုတ်မှုမရှိလျှင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပြီး လျစ်လျှူရှုခံ အလှမ်း၀ေး နေဦး မည်ဖြစ်သည်။
ရခိုင်ပြည်နယ်
ယခုနှစ်အစတွင်ပင် မြန်မာ့စစ်တပ်၏လက်ချက်ဖြင့် အရပ်သားပြည်သူများသေဆုံးမှုသည် အနည်းဆုံး ၂၉ မှု ဖြစ်ပွားခဲ့ ပြီး အများစုမှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည်။ အရပ်သားပြည်သူအများစုမှာ သက်သေမခိုင်လုံဘဲ ရခိုင်တပ်မတော် (AA)နှင့် အဆက်သွယ်ရှိသည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်းများကိုခံရသည်။ ရသေ့တောင် ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ဇူလိုင်လအစောပိုင်းကာလက မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် (AA) တို့ အကြားတိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။
မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေးကြေငြာပြီးသည့်နောက် အရပ်သားပြည်သူများသည် အိုးအိမ်စွန့်ခွါထွက် ပြေးရ ၊ ၂ ဇူလိုင် ၂၀၂၀
မြန်မာ့တပ်မတော်မှ ရခိုင်တပ်မတော်(AA)အား ထိုးစစ်ဆင်ရန်ပြင်ဆင်မှုများကြောင့် ရသေ့တောင်မြို့နယ်ရှိ အရပ်သား ပြည်သူ ၁၀၀၀၀ကျော် သည်မိမိတို့၏ အိုးအိမ်များကိုစွန့်ခွါ ထွက်ပြေးကြရသည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျ တို့မှသံတမန်များသည် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများကို ပစ်တင်ရှုတ်ချခဲ့သည်။
မြေမြှုပ်မိုင်းကြောင့်အမျိုးသားတစ်ဦး ဒဏ်ရာရ ၊ ၁၁ ဇူလိုင် ၂၀၂၀
မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရသည့်အရပ်သားကြောင့် မြန်မာပြည်အနောက်ဖက်တွင် နေထိုင်သောပြည်သူများ မှာ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် စိုးရိမ်နေကြရသည်။ အချိန်မှီဆေး၀ါးကုသခွင့် မရရှိခြင်းကြောင့် ဒဏ်ရာရ အမျိုးသားသည် သွေးထွက်လွန်သေဆုံးသွားခဲ့သည်။ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့်သေဆုံးမှုတို့သည် ရခိုင် ပြည်နယ်တွင် မကြာခဏတွေ့ကြုံနေရသည့်အရာဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်(AA) အကြားတိုက်ပွဲ များကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည်။
ရခိုင်အမျိုးသမီးက မြန်မာ့တပ်မတော်သား၏ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရဟု စစ်တွေရဲစခန်းတွင်အမှုဖွင့်၊ ၁၃ ဇူလိုင် ၂၀၂၀
ရသေ့တောင်မြို့နယ်မှအမျိုးသမီးတစ်ဦးသည် တပ်မတော်သားသုံးဦး၏ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု စစ်တွေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ ဖြစ်စဥ်နှင့်ပတ်သက်ပြီးပြောကြားရာတွင် ပြုကျင့်ခံရသူ အမျိုးသမီးမှ ကျွန်မအမှန်တရားကို ဖော်ထုတ်ချင်၍ ရဲစခန်မှာအမှန်တရားကို ပွင့်ပွင့်လင်းလင်းပြောပြီး အမှုဖွင့်ခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်း (၁၀၀) ကျော်မှ အဆိုပါ အဓမ္မမှု နှင့်ပတ်သက်၍ သဘောထား ထုတ်ပြန် ချက် ကိုထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် တရားမျှတမှုရရှိရန်အတွက် လွတ်လပ်သည့်ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး အမှုမှန်ကိုဖော်ထုတ်၍ ကျူးလွန်သူများအား အမြန်ဆုံးအရေးယူပေးရန် တောင်းဆိုထား ပါသည်။
ရသေ့တောင်တွင် ရခိုင်အမျိုးသမီးနှစ်ဦးမှ သေနတ်ပစ်ခံရ၍ သေဆုံး ၊၁၄ ဇူလိုင် ၂၀၂၀
ရသေ့တောင်ဒေသရှိ အသက် ၃၇ နှင့် ၄၈ နှစ်အရွယ်ရှိရခိုင် အမျိုးသမီးနှစ်ဦးသည် မြန်မာ့တပ်မတော်က ကျေးရွာ တွင်းရှိ အိမ် ၄ အိမ်ကိုပစ်ခတ်မှုကြောင့် ပုန်းခိုနေစဥ်တွင် ပိတ်မိနေခဲ့ပြီး ဒဏ်ရာရခဲ့သည်။
ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး၍ သုံးဦး ဒဏ်ရာရ၊ ၁၄ ဇူလိုင် ၂၀၂၀
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော် နှင့် ရခိုင့်တပ်မတော် (AA) တို့နှစ်ဖက်ပစ်ခတ်မှုကြောင့် အသက် ၇၀ အရွယ်သက်ကြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးသုံးဦးဒဏ်ရာရရှိခဲ့သည်။ ရွာသားများ၏ ပြောဆိုချက်အရ တိုက်ပွဲသည် ၂နာရီခန့် ကြာမြင့်ခဲ့သည်။ မြေပြင်ပေါ်ရှိအရပ်ဖက်အဖွဲ့အစည်းများ ၏ပြောဆိုချက်အရ ၂၀၁၈ ကတည်း က စတင်သော မြန်မာ့ တပ်မတော် နှင့် ရခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲများကြောင့် လူပေါင်း၂၅၀ ခန့်သေဆုံးပြီး ၆၀၀ ကျော်ဒဏ်ရာရခဲ့သည်။
တိုက်ပွဲကြောင့်နှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ ၊ ၁၆ ဇူလိုင် ၂၀၂၀
ရခိုင်တပ်မတော်နှင့် တိုက်ပွဲဖြစ်နေစဥ်အတွင်း မြန်မာ့တပ်မတော်သည် ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် နှစ်ဦး သေဆုံးပြီး ၅ နှစ်အောက်ကလေးနှစ်ယောက် အပါအ၀င် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံရသောအမျိုးသားနှစ်ဦးအတွက်မိသားစုမှ ဥပဒေနှင့်အညီဆောင်ရွက်တောင်းဆို၊ ၁၆ ဇူလိုင် ၂၀၂၀
ကျောက်ဖြူမြို့နယ်တွင် မြန်မာ့တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသော အရပ်သားနှစ်ဦးအား ပြန်လည်လွတ်ပေးရန် မိသားစု၀င်များမှ တောင်းဆိုခဲ့ကြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသောသူများသည် မြန်မာ့တပ်မတော်၏ ညှဥ်ပမ်းနှိပ်စက်ခြင်း ကိုခံကြရသည်။
ဖမ်းဆီးထိန်းသိမ်းခံရစဥ် သေဆုံးမှုအပေါ်မိသားစု၀င်များမှမေးခွန်းထုတ်၊ ၁၇ ဇူလိုင် ၂၀၂၀
ရခိုင်ရွာသားတစ်ဦးသည် မြန်မာ့တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခံရစဥ်တွင် ကြိုးဆွဲချသေဆုံးခဲ့သည်ဟု စစ်တပ်မှ ပြောဆိုချက်ကို ဖမ်းဆီးခံရသူ၏ ဦးခေါင်း၊ လည်ပင်းနှင့် လက်၀ဲဘက်လက်တွင် တွေ့ရှိရသော သေနတ်ဒဏ်ရာများ ကြောင့် ကြိုးဆွဲချသေဆုံးသည်မှာ မဖြစ်နိုင်ဘဲ တပ်မတော်၏ ဖုံးကွယ်မှုသာဖြစ်ပြီး အသတ်ခံရသည်ဟု မိသားစုမှ ထင်မြင်ယူဆသည်။
ထွက်ပြေးလွတ်မြောက်လာသောအမျိုးသမီးတစ်ဦး နောက်ကျောတွင်သေနတ်ပစ်ခံရ ၊ ၂၂ ဇူလိုင် ၂၀၂၀
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးလားသော ကလေး လေးယောက်၏ မိခင် သည် နောက်ကျောတွင်ပစ်ခတ်ခံခဲ့ရသည်။ ထိုအမျိုးသမီးသည် အသက်ရှင်လွတ်မြောက်ခဲ့ပြီး မြောက်ဦးဆေးရုံတွင် ဆေး၀ါးကုသမှု ခံယူလျှက်ရှိသည်။ မျက်မြင်သက်သေများမှ သေနတ်သံနှင့်ကျဥ်ဆံများသည် နေရာအနှံ့ပျံ၀ဲနေကြောင်း ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်မှ အမျိုးသမီး သုံးဦးကိုဖမ်းဆီး ထိန်းသိမ်းခဲ့၊ ၂၆ ဇူလိုင် ၂၀၂၀
ကျောက်ဖြူမြို့နယ်ရှိ အမျိုးသမီး သုံးဦးသည် ရခိုင့်တပ်မတော် (AA) နှင့်ပတ်သက်ဆက်နွယ်သည်ဟု စွပ်ခဲခံရပြီး မြန်မာ့တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ မြန်မာ့တပ်မတော်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) အရတရားစွဲဆိုခဲ့သော်လည်း ဖမ်းဆီးခံရသူများ၏ အခြေအနေကိုရှင်းရှင်းလင်းလင်း မသိရပါ။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် ရွားသားလေးဦးဒဏ်ရာရ ၊ ၂၈ ဇူလိုင် ၂၀၂၀
အမ်းမြို့နယ်တွင် လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး နှင့် အမျိုးသား သုံးဦးဒဏ်ရာရခဲ့သည်။ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် (AA) မကြာခန ဖြစ်ပွားသောတိုက်ပွဲများနှင့် ပဋိပက္ခ ကြား ပိတ်ကျန်ခဲ့သည့် ရွာသားတို့၏ ဘ၀မှာလုံခြုံမှုမရှိပေ။
ချင်းပြည်နယ်
ပလက်၀ရှိအရပ်သားပြည်သူများ၏အခြေအနေ ၊ ၆ ဇူလိုင် ၂၀၂၀
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ဆက်စပ်အဖွဲ့၀င်ဖြစ်သော ချင်းလူ့အခွင့်အရေးအဖွဲ (CHRO) အဆိုအရ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် အစည်း၀ေးသို့ တက်ရောက် ပြီးသည့်နောက် အရပ်သား ၅၀၀ ကျော်ခန့် ပလက်၀တွင် ပိတ်မိနေခဲ့ကြသည်။ အစည်း၀ေးအတွက် လွတ်လပ်စွာ ခရီးသွားခွင့်ပေးထားသော်လည်း နေရပ်သို့ ပြန်ရန် တားမြစ်ခြိမ်းခြောက်ခံရသည်။
အမ်းမြို့နယ်ရှိ အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်များတွက် ခိုလှုံစရာနေစရာများမရှိ ၊ ၁၇ ဇူ လိုင် ၂၀၂၀
မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်ကြား တိုက်ပွဲများကြောင့် အသစ်ရောက်ရှိလာသော စစ်ဘေးရှောင်များ အတွက် မြို့ပေါ်ရှိ စစ်ဘေးရှောင်စစ်စခန်းများတွင် နေရာမလောက်ငှသောကြောင့် အားကစားရုံတွင် နေထိုင်ခဲ့ကြရသည်။ စစ်ပဋိပက္ခ၏ အကျိုးဆက်ကို အရပ်ဘက်ပြည်သူများမှ ခံစားနေရသည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ စစ်အင်အားတိုးချဲ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရှိ ပြည်သူများမှ မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ အတင်အဓမ္မ လုပ်အားပေးခံရခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် ခံရမည်ကိုစိုးရိမ်ကြသည်။ စစ်တပ်သည် အပစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေသည့်အတွက် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများသည် တရားမျှတမှုမရရှိပေ။ ဤလတစ်လထဲ တွင်ပင် ရှမ်းပြည်တပ်မတော် (RCSS) နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲ အကြိမ် ၂၀ ကျော်ဖြစ်ပွား ခဲ့သည်။
အရပ်သားများ မြန်မာ့တပ်မတော်၏ ရိုက်နက်မှုကိုခံရခြင်း ၊ ၃ ဇူလိုင် ၂၀၂၀
ရှမ်းပြည်တမ်မတော် (RCSS) နှင့်မြန်မာ့တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်းတွင် အသက် ၆၀ အရွယ်ရှိအရပ်သား မှ မြန်မာစစ်သား၏ မတရားရိုက်နှက်မှုကိုခံခဲ့ရသည်။
ဗုံးပေါက်ကွဲမှုကြောင့် လယ်သမားများဒဏ်ရာရ ၊ ၁၁ ဇူလိုင် ၂၀၂၀
ပြီးခဲ့သည့် ရက်သတ္တပတ်က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်တွင် ပေါက်ကွဲ မှုကြောင့် လယ်သမား ခုနှစ်ဦး ဒဏ်ရာရ ခဲ့သည်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်ကြား တင်းမာမှု ဆက်လက်ဖြစ် ပွားနေချိန်တွင် မြန်မာစစ်တပ်၏ အရပ်သားဒေသများတွင် စစ်အင်အားတိုးချဲ့မှုသည် ပြည်သူများအားစိုးရိမ် ကြောက်ရွံ့ မှုများ ပိုတိုးလာစေခဲ့သည်။
မြေမြှုပ်မိုင်းကြောင့်ရွာသားများဒဏ်ရာရ၊ ၁၂ ဇူလိုင် ၂၀၂၀
ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်
၁၂ ဇူလိုင် ၂၀၂၀ တွင် မိုင်ယုလေးရွာ ကွတ်ခိုင်မြို့နယ် မူဆယ်ခရိုင် ရှမ်းပြည်မြောက်ပိုင်းတွင်နေထိုင်သော ဦးအိုက်လမ် သည် မျှစ်များသွားချိုးစဥ် မြေမြှုပ်မိုင်းကြောင့် ပြင်းထန် စွာဒဏ်ရာရခဲ့သည်။ ဒေသခံကျေးရွာသား၏ အဆိုအရ ထိုသို့ မဖြစ်မီက တအာင်းအမျိုးသားတပ်မတော် (TNLA) နှင့် မြန်မာစစ်တပ်ကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း မည်သူမျှ ဦးအိုက်လမ် မျှစ်သွားချိုးသည်ကို မသိခဲ့ပါ။ နမ့်ဖက်ကာမှ လူမှုကူညီရေးအဖွဲ့မှ နမ့်ဖက်ကာ ဆေးရုံသို့ ပို့ဆောင်ပေးပြီးနောက် ဒဏ်ရာပြင်းထန်သောကြောင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဦးအိုက်လမ်သည် (အသက်၃၀နှစ်) ကလေးသုံးယောက်၏ ဖခင်ဖြစ်သည်။ ထိခိုက်ဒဏ်ရာများကြောင့် မိသားစုစား၀တ်နေရေး ကျန်းမာရေး နှင့်ပညာရေးတို့အတွက် ထောက်ပံ့ရန် အခက်အခဲဖြစ်စေသည်။
ရှမ်းလူ့အခွင့်အရေးအဖွဲ့ (SHRF) မှ မြန်မာ့တပ်မတော်၏ ချိုးဖောက်မှုများကိုရှုတ်ချ ၊ ၁၃ ဇူလိုင် ၂၀၂၀
ဇွန်လ ၂၉ ရက်တွင် မြန်မာ့တပ်မတော်မှ ညှဥ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာရ၊ သေဆုံးသွားသော ကျောက်မဲရွာသား များအတွက် တရားမျှတမှုရရှိရန် ဇူလိုင်လ၁၀ ရက်နေ့တွင်ကျောက်မဲ ဒေသခံများကတောင်းဆိုခဲ့သည်။ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားခြင်းကို SHRF အဖွဲ့မှရှုတ်ချပြီး တရားမျှတမှုတောင်းဆိုသည့် ဒေသခံများ အား တရားစွဲဆိုခြင်းကို ရုပ်သိမ်းရန်တောင်းဆိုထားသည်။ ဇွန်လအတွင်း မြန်မာ့တပ်မတော်မှ အင်အား ၈၀၀ ကျော် တပ်စွဲလာမှုကြောင့်အဓမ္မပြောင်းရွေ့ပြောင်းခံရခြင်းနှင့် COVID-19ကူးစက်ရောဂါ ကန့်သတ်ရေးအတွက် စိုးရိမ်မိ ကြောင်းပြောကြား SHRFမှဖော်ပြထားသည်။တိုက်ပွဲအများစုသည် နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာလျှပ်စစ်ဓါတ် အားပေး စက်ရုံတည်ရှိရာတွင်ဖြစ်ပွားသည်မှာအဲ့သြစရာမဟုတ်ကြောင်း SHRF မှလေ့လာဖော် ပြထား သည်။
ကျောက်မီးသွေးတူးဖော် ရေးကုမ္ပဏီ က ရှမ်းပြည်တောင်ပိုင်းရှိ ရွာသားများအား ဖိအားပေး ၊ ၁၄ ဇူလိုင် ၂၀၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်ရှိ ကျေးရွားသားများသည် သဘာ၀ပတ်၀န်းကျင်နှင့် ကျန်းမာရေး ကို ထိခိုက်နိုင်သော ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းကို လက်ခံရန်ဖိအားပေးခံကြရသည်။
သီးနှံရိတ်သိမ်းချိန်ကာလတွင် ရှမ်းပြည်မြောက်ပိုင်းမှ အရပ်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ၊ ၁၇ ဇူလိုင် ၂၀၂၀
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပစ်ခတ်သံများ နေ့စဥ်ဖြစ်ပွားလျှက်ရှိပြီး ရွားသားများသည် ပုံမှန်ဖြစ်ပွားလျက် ရှိသော တိုက်ပွဲသံများကြောင့် နီးစပ်ရာမြို့နယ်များရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးခိုလှုံကြရသည်။ ပစ်ခတ်မှုဖြစ်ပွား သည့် နေရာသည်အစိုးရတပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်း ပြည်တပ်မတော် (RCSS/SSA) လှုပ်ရှားရာ ဒေသဖြစ်ကြောင်း သိရသည်။
RCSS/SSA တပ္သား မှ တအာင်းအမျိုးသမီးငယ်အား မုဒိမ်းပြုကျင့်မှုဖြစ်ပွား ၊ ၁၇ ဇူလိုင်၂၀၂၀
ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်
၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၇ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်း ပြည်တပ်မတော် (RCSS/SSA)မှ တပ်သား စိုင်းအိုက်ဖသည် ရှမ်းပြည်မြောက်ပိုင်း ညောင်ပန်လကျေးရွာ ချောင်းစာကျေးရွာအုပ်စု နမ္မတူမြို့နယ် ကျောက်မဲ ခရိုင်တွင် အမျိုးသမီးငယ်တစ်ဦး ယာခင်းမှအပြန် နေ့လည် ၁၂ ခန့်တွင် မုဒိမ်းပြုကျင့်ခဲ့သည်။ မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီးငယ်လေး၏ ဖခင်မှ ယခုကဲ့သို့မုဒိမ်းပြု ကျင့်ခံရမှုသည် မိမိ၏သမီးသာမက တစ်ခြားသော အမျိုးသမီးများ သည်လည်း မကြာခဏ ရင်ဆိုင်တွေ့ကြုံရသောကြောင့် RCSS/SSA မှ ရွာတွင် အခြေချသော မိမိတို့၏ တပ်သားများ အားသေချာထိန်းသင့်သည်ဟု ပြောကြားခဲ့သည်။ တစ်ချို့အမှုကျူးလွန်သော တပ်သားများမှာ အပစ်ပေးအရေးယူခံ ရသော်လည်း တစ်ချို့မှာ မိမိတို့ချိုးဖောက်ခဲ့သော ပြစ်မှုများအတွက် အပစ်ပေး အရေးယူခံရခြင်းမရှိပါ။ မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီး ယ် ၏ မိခင်မှာလည်း ရွာသို့ မပြန်ရဲပဲ ပြန်ခဲ့ရင်လည်း လုံခြုံမှုမရှိဟု ပြောကြားခဲ့သည်။
၂၀၂၀ ဇူလိုင်လ ၁၃ တွင် တအာင် လူမှုအဖွဲ့အစည်းများနှင့် ရှမ်း/တိုင် လူမှုအဖွဲ့အစည်းတို့မှ အမှုဖြစ်ပွားသော ဒေသတွင် တာ၀န်ရှိသော နမ္မတူမြို့နယ် ရေဦးရွာရှိ RCSS/SSA မှတာ၀န်ခံနှင့် တွေ့ဆုံရန်တောင်းဆိုခဲ့သည်။ RCSS/SSA မှ တွေ့ဆုံရန် မတက်ရောက်ခဲ့သည့်အပြင် လာရောက်တွေ့ဆုံရန် ကြိုးပမ်းခဲ့သည့် လူမှုအဖွဲ့အစည်းများကို ခြိမ်းခြောက်ခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် ဘုန်တော်ကြီးအပါအ၀င်ရွာသားများသေဆုံး ၊ ၁၇ ဇူလိုင် ၂၀၂၀
ရှမ်းပြည်မြောက်ပိုင်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး နှင့်ရွာသား တစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းသန့်ရှင်းရေးလုပ်နေသော ကိုယ်ရင်တစ်ပါးထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မတည်ငြိမ်မှုများ ပျက်ဆီးမှုများဆက်လက်ဖြစ်ပွားနေသည်။ ထိုဒေသတွင်အခြေစိုက်သောတအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အား မိုင်းများကိုဖယ်ရှင်းပေးရန် ဒေသခံများမှတောင်းဆို ခဲ့သည်။
ကွတ်ခိုင်မြို့နယ်ရှိ ပါနင်ကျေးရွားသား မိုင်းနင်းမိမှုကြောင့် သေဆုံး ၊ ၁၉ ဇူလိုင် ၂၀၂၀
ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် ပါနင်ကျေးရွာတွင် ကျွဲရောင်းရန်သွားသော အသက် ၂၉) နှစ် အရွယ် မိုင်းအိုက်ဝေါင်းသည် မန်လွယ်ရွာအနီးတွင် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ မန်လွယ် ကျေးရွာဒေ သခံတစ်ဦးက ပြောပါတယ်။ ကျေးရွာဒေသခံ၏အဆိုအရ မိုင်းအိုက်၀ေါင်းနင်းမိသောမိုင်းသည် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ထောင်ထားသော မိုင်းဖြစ်သည်။ ထိုမိုင်းများအနက်တစ်ခုကို မြန်မာတပ်မတော်မှ နင်းမိပြီးကျန် တစ်ခုကို မိုင်းအိုက် ၀ေါင်းမှ နင်းမိကာကျန်တစ်ခုကို TNLA မှ ပြန်လည်ဖယ်ရှား ခဲ့သည်။ TNLA မှ အရပ်သား ဒေသတွင် မိုင်းထောင်ထားခြင်း နှင့်ပတ်သက်၍သတိပေးရန်ပျက်ကွက်ခဲ့ပြီး ဤအမှုတွင် တာ၀န်ယူမှု တာ၀န်ခံမှုမရှိခဲ့ပေ။ မိုင်းအိုက်၀ေါင်းတွင် သမီးနှစ်ဦးရှိပြီး တစ်ဦးမှာ လေးလသားအရွယ်သာ ရှိသေးသည်။ မိုင်းအိုက်၀ေါင်းတို့ မိသားစုသည် ဆင်းရဲချို့တဲ့သောကြောင့် ကျန်ရစ်သူမိသားစုသည် စား၀တ်နေရေး အခက်အခဲ များနှင့် ရင်ဆိုင်နေရသည်။
ကျောက်မဲမြို့နယ်တွင် စစ်ဆင်ရေးတိုးပွားလာမှုကြောင့် အရပ်သားများကြောက်ရွံ့ထိတ်လန့် ၊ ၂၂ ဇူလိုင် ၂၀၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (RCSS) တပ်များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသောဒေသတွင် မြန်မာ့တပ်မတော်၏ တပ်အင်အားတိုးချဲ့မှုကြောင့် ဒေသခံများသည် စိုးရိမ်မှုများနှင့် ရင်ဆိုင်ရသည်။ တိုက်ပွဲများကြောင့်လယ်သမားများသည် အသက်မွေး၀မ်းကြောင်း အတွက်အခက် အခဲများနှင့်ရင် ဆိုင်ရသည်။
မြန်မာ့တပ်မတော်မှ တောင်သူလယ်သမား ၄၇ ဦးအား စစ်တပ်ပိုင် သိမ်းဆည်းထားသော မြေပေါ်တွင် ပိုင်နက် ကျူးလွန်မှုဖြင့်တရားစွဲဆိုခဲ့ ၂၂ ဇူလှိုင် ၂၀၂၀
ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့တွင် တပ်မတော်မှ တပ်ပိုင်မြေကျူးလွန်မှုဖြင့် ဒေသခံ တောင်သူ ၄၇ ဦးကိုတရားစွဲဆို ခြင်းအား ရှမ်းလူ့အခွင့်အရေးအဖွဲ (SHRF) မှ ပြစ်တင်ရှုတ်ချခဲ့သည်။ တပ်သိမ်းမြေပေါ်တွင် တောင်သူများနေ့စဉ် စိုက်ပျိုးရေးလုပ်နေရာသို့ တပ်မှလာရောက် ဟန့်တားသဖြင့် တောင်သူများအတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရကြောင်းလည်း မြေယာသိမ်းဆည်းခံရသည့် တောင်သူများက ပြောဆိုသည်။
ဆီဆိုင်တောင်သူများမှ အစိုးရ၏ လျော်ကြေးငွေကိုငြင်းဆိုခဲ့၊ ၂၂ ဇူလိုင် ၂၀၀၂
ရှမ်းပြည်တောင်ပိုင်းရှိဒေသခံများသည် အစိုးရမှသိမ်းဆည်းထားသော စိုက်ပျိုးမြေများအတွက် လျော်ကြေးငွေကို လက်မခံဘဲ တပ်သိမ်းမြေများကိုအစားထိုးပြန်ပေးရန်နှင့် သစ်တောဖျက်ပြီး ကုန်းမြေမြင့် ယာမြေဖော်ဆောင်မှုများကို ဆီဆိုင်ဒေသခံ များမှကန့်ကွက်ခဲ့သည်။
SSPP/SSA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ဒေသခံများပြောင်းရွေ့ခဲ့ရ၊ ၂၆ ဇူလိုင် ၂၀၂၀
ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ဒေသခံများသည် မည်သည့်ပစ္စည်းမှမယူဆောင်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ မြန်မာ့တပ်မတော်အားတိုက်ပွဲပေါင်းအကြီမ် ၂၀ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပစ်တင်ပြောဆိုခဲ့၊ ၂၈ ဇူလိုင် ၂၀၂၀
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ) ကိုချိုးဖောက်ပြီး မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား တိုက်ပွဲ ပေါင်းအကြိမ် ၂၀ ဖြစ်ပွားမှုကြောင့် ရှမ်းပြည် မြောက်ပိုင်းတွင်စစ်ဘေးရှောင် ဒုက္ခသည်များ ၁၀၀၀ ခန့် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ကွတ်ခိုင်ဒေသခံ နှစ်ဦး ရိုက်နှက်ခံရမှုကို အရေးယူပေးဖို့ TNLA ကို ကချင်ပါတီ တောင်းဆို၊ ၂၉ ဇူလိုင် ၂၀၂၀
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာ ကချင်တိုင်းရင်းသား နှစ်ဦးကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားနှစ်ဦးက ရိုက်နှက်ခဲ့မှု နှင့် ပတ်သက်ပြီး စစ်ဆေးအရေးယူပေးဖို့ရန် ဒေသတွင်းရှိ ဒေသခံများအားလုံး လူမျိုးဘာသာမရွေး စောင့်ရှောက်ပေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) မှတောင်းဆိုခဲ့သည်။
တအောင်းလွန်မြောက်ရေးတပ်မတော် (TNLA) မှ ချိုးဖောက်မှုနှင့်ပတ်သက်၍ အသိပေးရှင်းလင်းခဲ့
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင် ဂါလိုင်တွင်ဖြစ်ပွားခဲ့သော ကျချင်တိုင်းရင်းသားဒေသခံနှစ်ဦးကို TNLA တပ်သားမှ ရိုက်နှက်ခဲ့မှုကို ၀န်ခံပြီး စည်းကမ်းဖောက်ဖျက် ကျူးလွန်သူနှစ်ဦးကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တအာင်းတပ်မတော် ၏စစ်ဥပေဒအရထိထိရောက်ရောက်အရေးယူ မည်ဟုရှင်းလင်းအသိပေးခဲ့သည်။
မိုင်းတုန်မြို့နယ်တွင် မြန်မာ့တပ်မတော်မှ မုဒိန်းမှုကျူးလွန်ရန်ကြိုးပမ်းခဲ့ | ၃၀ ဇူလိုင် ၂၀၂၀
မြန်မာ့တပ်မတော်မှတပ်သားတစ်ဦးသည် လယ်ခင်းထဲ၌အလုပ်လုပ်နေသာဒေသခံ အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ရန်ကြိုးပမ်းခဲ့သည်။ အမျိုးသမီးမှအော်ဟစ် အကူအညီတောင်းသောကြောင့် တပ်သားသည် အဖမ်းခံရ သော်လည်း လျော်ကြေးနှင့်အကူအညီကို ဒေသခံအမျိုးသမီးက မရရှိခဲ့ပါ။ ကျူးလွန်သူကို အမှန်တကယ်အပြစ်ပေး အရေးယူခြင်းရှိ မရှိကို မသိရဘဲ ပြစ်မှုကျူးလွန်သူများသည် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေသည်မှာလည်း မြန်မာ့ တပ်မတော်၏ အစဥ်အလာတစ်ခုကဲ့သို့ဖြစ်သည်နေသည်ကို လေ့လာတွေ့ခဲ့သည်။
တောင်သူတစ်ဦးသည် မြေမြှပ်မိုင်း မတော်တဆ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့| ၃၁ ဇူလိုင် ၂၀၂၀
ကျောက်မဲမြို့တွင်သက်ကြီးတောင်သူ ဦးချစ်မောင်သည် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ မကြာခဏတိုက်ပွဲဖြစ်နေပြီး ဒေ သခံအရပ်သားများသည် မြေမြှုပ် မိုင်းအန္တရာယ်၏ ခြိမ်းခြောက်မှုကို အမြဲတစေရင်ဆိုင်နေရသည်။
ကချင်ပြည်နယ်
ကချင်ပြည်နယ်တွင်မြေပြိုမှုကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးမှု | ၂ ဇူလိုင် ၂၀၂၀
ကျောက်မြက်ရွှေ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွင်ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် လူပေါင်း၁၇၂ ဦးသေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။ ကချင်ပြည်နယ်မြောက်ပိုင်းတွင် ထွက်ရှိသောကမ္ဘာကျော် ကျောက်စိမ်း သည် ကမ္ဘာပေါ်တွင် တန်ဘိုးအမြင့်ဆုံးဖြစ်ပြီး ထုတ်လုပ်မှုမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာဘီလီယံ ၃၀ ကျော်ခန့် တန်ဘိုးရှိသည်။ မြန့်မာ့တပ်မတော်၊ ထိုဒေသရှိဒေသခံများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများအကြား ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီးအငြင်းပွားပဋိပက္ခဖြစ်ပွားရာနေရာလည်းဖြစ်သည်။
ကချင်အရပ်ဖက်အဖွဲ့အစည်းများသည် ဖာကန့်ကျောက်စီမ်းတူးဖော်ရေးတွင် ၀မ်းနည်းကြေကွဲဖွယ်ကောင်းသော သေဆုံးမှုကိုဖြစ်စေသာ အခြေအနေကိုမေးခွန်းထုတ်ခဲ့ပြီး လိုင်စင်ရ လူသတ်ကွင်းကိုရပ်တန့်ရန်နှင့်သဘာ၀သယံဇာတ ချိုးဖောက်မှုများကိုရပ်တန့် ရန်တောင်းဆိုခဲ့ကြသည်။
ဆယ်ကျော်သက် ရှမ်းနီလူငယ်နှစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှဖမ်းဆီးသတ်ဖြတ်| ၂၄ ဇူလိုင် ၂၀၂၀
ရှမ်းနီ ဆယ်ကျော်သက် ကျောင်းသားနှစ်ဦး ကချင်လွတ်မြောက်ရေးတပ်မတော်၏ (KIA) ဖမ်းဆီးထိန်းသိမ်းခံရစဥ် သတ်ဖြတ်ခံခဲ့ရသည်။ ထိုလုပ်ရပ်အပေါ် KIA ဘက်က ဝန်ခံခဲ့ကာ ကျူးလွန်သူများကို ဖမ်းဆီးအရေးယူ သွားမည် ဖြစ်ပြီး သေဆုံးသူများအတွက် မိသားစုဝင်များထံ လျော်ကြေးငွေ ပေးလျော်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ရှမ်းနီအဖွဲ့စည်းများမှ ရှမ်းနီ နှင့် ကချင် အသိုင်းအ၀ိုင်းကြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းမပြုလုပ်ခြင်းအားဖြင့် လူမျိုးစုပဋိပက္ခ ရှောင်ရှားရန် (KIA) အားတောင်းဆိုခဲ့သည်။
ကရင်ပြည်နယ်
ဖာပွန်ခရိုင်တွင် ယခုနှစ်အတွင်း တပ်မတော် ပစ်ခတ်မှုကြောင့် အရပ်သား ၂ သေ၊ ၅ ဦး ဒဏ်ရာရ
ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် ကရင်ရွာသားနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်။ မြန်မာစစ်တပ်သည် ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေတွင် စစ်ရေးလှုပ်ရှားမှု လုပ်လျက်ရှိပြီး အရပ်သား များကိုမရှောင်ဘဲပစ်ခတ်မှုတွင်တာ၀န်ရှိသည်။
ကရင်အမျိုးသမီးတစ်ဦးသည် မြန်မာ့တပ်မတော်၏ ပတ်ခတ်မှုကြောင့်သေဆုံး ၁၆ ဇူလိုင် ၂၀၂၀
မူတြော်ခရိုင်တွင် မြန်မာ့တပ်မတော်မှ တပ်သားနှစ်ဦးသည် ကရင်အမျိုးသမီး နော်မုနော် အား သေနတ်ဖြင့် အနီးကပ် သုံးချက်ပစ်သတ်ခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့များမှ မြန်မာ့တပ်မတော်အား အရပ်သားဒေသများမှ ချက်ခြင်း ဆုတ်ခွာရန်တောင်းဆိုခဲ့ကြသည်။ ကရင်အမျိုးသမီးအစည်းအရုံး (KWO), ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် (KPSN)၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံးတို့မှ နော်မုနော်သေဆုံးမှုအတွက် တောင်း ဆို မှုများ ပြုလုပ်ခဲ့သည်။ ကရင်ရွာသားများသည်လည်း မြန်မာစစ်တပ်ရှေ့တွင် မိမိတို့ဒေသမှရုပ်သိမ်း ထွက်ခွါ ပေးရန် နှင့် ရွာသားတို့အား ပစ်မှတ်ထား တိုက်ခိုက်မှုများ ကိုရပ်တန့်ရန်တောင်းဆိုခဲ့ကြသည်။ မြန်မာစစ်တပ်မှ စစ်သားနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ထိထိရောက်ရောက်အရေးယူမည်ဟု ပြောကြားခဲ့သည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန မှရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်ခြင်းသည် ရခိုင့်တပ်မတော် (AA)၏ အကြမ်းလုပ်ငန်းများကိုထိန်းချုပ်ရန်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆိုသော်လည်း မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြချက်များ ကိုမူ လျစ်လျှူရှု ခဲ့သည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုး၀ါးလာမှုနှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်
၁၈ ဇူလိုင် ၂၀၂၀တွင် အသံ-လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့မှ အစိုးရသက်တမ်း ၄ နှစ် အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့်ပတ်သက်၍ “အချိန်မှီပြင်ဆင်ခွင့်” သုတေသန အစီရင်ခံစာကို ဖော်ထုတ်တင်ပြခဲ့သည်။ အစီရင်ခံစာအရ လွတ်လပ်စွာပြောဆိုခွင့်နှင့်ပတ်သက်၍ လူပေါင်း ၁၀၅၁ ဦး ဖမ်းဆီးအရေး ယူခံခဲ့ရသည်။
၂၂ ဇူလိုင် ၂၀၂၀ အာရှစင်တာ (Asia Centre) မှထုတ်ပြန်သော “အရှေ့တောင်အာရှမှ အမုန်းစကားများ” အစီရင်ခံစာ သစ်အရ နှစ်ကြာရှည် ခွဲခြားဆက်ခံဆံခြင်းနှင့် မြန်မာပြည် မှမွတ်ဆလင်အသိုင်အ၀ိုင်းကိုပစ်မှတ်ထားသော အမုန်းစကား လှုံ့ဆော်မှုများကို လေ့လာတွေ့ရှိခဲ့ပြီး အာဆီယံနိုင်ငံများကို လူမှုရေး၊ လူမျိုးရေး နှင့်ဘာသာရေး သဟဇာတ ဖြစ်စေ မည့်ဥပဒေမျာကို ဖောဆော်ရန် တောင်းဆိုခဲ့သည်။
အင်တာနက်ဖြတ်တောက်မှုကို ဆန္ဒပြသောလူငယ် ခေါင်းဆာင်ဖမ်းဆီးခံရ |၂၆ ဇူလိုင် ၂၀၂၀
ရခိုင်ကျောင်းသားသမဂ္ဂမှ လူငယ်ခေါင်းဆောင်များသည် ချင်းပြည်နယ် ပလက်၀နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် တစ်နှစ်ကျော်အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြမှု ကြောင့် ငြိမ်းချမ်းစွာစုစည်းခွင့်၊ စု၀ေးခွင့်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ အရ ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရသည်။
အဖွဲ့၀င်များ၏ နောက်ဆုံးရသတင်းများ
အဖွဲ့၀င်များ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) အစီရင်ခံစာ
_____________________________________________________________________________________________________________
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burmaအဖွဲ့၀င် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဥ်းသားများအားကိုယ်စားပြု သောအဖွဲ့ဖြစ်သည်။ နစ်နာခဲ့သူများ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစတင်၍ မှတ်တမ်းတင် နေသည့် အဖွဲ့အစည်းဖြစ်သည်။
တင်းပြည့် အဖွဲ့အစည်းများ
၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)
၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)
၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ (KWAT)
၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။တအာင်းကျောင်းသားလူငယ်များ အဖွဲ့ (TSYU)
၆။ထားဝယ် အမျိုးသမီးသမဂ္ဂ (TWU)
၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)
၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး( AASYC)
၉။အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)
ဆက်စပ်အဖွဲ့ဝင်များ
၁။ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၂။ပအိုဝ်းလူငယ်များအစည်းအရုံး (PYO)
၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (EB-FPPN)
၄။ ရှေ့ပြေးအသံ (PV)
မန္တလေးလူငယ်သင်တန်းကျောင်းကို လူ့အခွင့်အရေးကော်မရှင် သွားရောက်စစ်ဆေး
လူငယ်နှစ်ဦးသေဆုံးပြီးနောက် မိခင်ဝန်ကြီးဌာနဖြစ်သည့် လူကယ်ပြန်ဝန်ကြီးဌာနမှ အရာရှိများ ဦးဆောင်သည့် ဌာနတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ဖွဲ့စည်းထားသည်ဟု ဆိုသည်
မန္တလေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးပြီး ပြန်လည်ထိန်းသိမ်းခံရသူ လူငယ်ငါးဦးအနက် နှစ်ဦးသေဆုံးခဲ့ပြီးနောက်ပိုင်း သင်တန်းကျောင်းသို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများက ဖော်ပြမှုကို တွေ့ရှိသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင်နှစ်ဦးသည် မန္တလေးကော်မရှင်ရုံးခွဲတာဝန်ရှိသူအချို့နှင့်အတူ ဩဂုတ် ၇ တွင် လူငယ်သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က Myanmar Now ကို ပြောသည်။
“သူတို့က သွားတာက တကယ်ဘာဖြစ်သွားလဲ အခြေအနေမှန်ကို သိအောင်လုပ်မှာပေါ့။ တိုင်ထားတာတွေ စစ်ဆေးမယ် ဒီအတွက်ပဲ သက်သက်သွားတာဆိုတော့” ဟု ဦးလှမြင့်က ပြောသည်။
မုံရွာမြို့တွင် ၂၀၁၉ ခုနှစ်က လုယက်မှုဖြင့် ဖမ်းဆီးခံရသော လူငယ်ခုနစ်ဦးကို ယခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ရာ အသက်မပြည့်သေးသည့်အတွက် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။
လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ငါးရက်အကြာ ဇူလိုင် ၃၁ တွင် လူငယ်ငါးဦးသည် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးပြီးနောက် ရိုက်နှက်ဒဏ်ရာများဖြင့် လူငယ်တစ်ဦး ယင်းနေ့တွင်ပင် သေဆုံးခဲ့ပြီး နောက်တစ်ရက်တွင် ဒုတိယတစ်ဦး သေဆုံးခဲ့ပြန်သည်။
အဆိုပါလူငယ်နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များကလည်း လူ့အခွင့်အရေးကော်မရှင်သို့ ယနေ့မနက်တွင် တိုင်တန်းထားပြီး မှုခင်းခွဲစိတ်စစ်ဆေးမှု အဖြေရလျှင် သင်တန်းကျောင်းကို အမှုဖွင့်သွားမည်ဟု သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏အစ်ကို ကိုကျော်စွာလင်းက Myanmar Now ကို ပြောသည်။
“ကျွန်တော့ညီ ခုလို မဖြစ်သင့်ဘဲ သေဆုံးရတာ မကျေနပ်ဘူး။ ဆေးစာရရင် အမှုလည်းဖွင့်မယ်။ နောက်ပြီး အဆင့်ဆင့်တိုင်ကြားစာတွေလည်း ပို့မယ်” ဟု ဆက်ပြောသည်။
ယင်းသေဆုံးမှုများအတွက် သင်တန်းကျောင်းတွင် ဌာနတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍လည်း စစ်ဆေးနေကြောင်း သင်တန်းကျောင်းအုပ် ဦးနေအောင်ကျော်က ပြောသည်။
ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူငယ်သင်တန်းကျောင်း၏ မိခင်ဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်မျိုးတို့ ပါဝင်သည်ဟု သိရသည်။
“ကျွန်တော်အပါအဝင် ဝန်ထမ်းတွေရော ကလေးတွေရော အကုန်စစ်ဆေးခံနေရပါတယ်။ ရဲပိုင်းဆိုင်ရာကလည်း မှုခင်းပိုင်းဆိုင်ရာတွေ ဆောင်ရွက်နေပါတယ်” ဟု ဦးနေအောင်ကျော်က Myanmar Now ကို ပြောသည်။
သင်တန်းကျောင်းမှ ထွက်ပြေးသည့် လူငယ်ငါးဦးအနက် လေးဦးဆေးရုံတင်ခဲ့ရပြီး ယင်းလေးဦးအနက် နှစ်ဦးမှာ သေဆုံးခဲ့ကြောင်း၊ ဆေးရုံတင်ခဲ့ရသူ ကျန်နှစ်ဦးနှင့် ကျောင်းရှိတစ်ဦးမှာ ကျန်းမာရေးကောင်းမွန်ကြောင်း ကျောင်းအုပ်ဦးနေအောင်ကျော်က ဆိုသည်။
လူငယ်နှစ်ဦး သေဆုံးရခြင်းအကြောင်းအရင်းကို မှုခင်းခွဲစိပ်မှုအဖြေရမှသာ သိရမည်ဖြစ်ပြီး ကျောင်းအတွင်း ကျောင်းသားအချင်းချင်းထိုးကြိတ်မှုများ ရှိခဲ့သည်ကို ဝန်ခံကြောင်း ၎င်းက ဆိုသည်။
အဆိုပါလူငယ်သင်တန်းကျောင်းသည် မန္တလေးမြို့ ၇၃ လမ်းနှင့် ၁၂ လမ်းထောင့်တွင် တည်ရှိပြီး ကျောင်းတွင် လက်ခံသင်ကြားပေးနေသည့် ကျောင်းသားဦးရေ ၄၉၆ ဦးရှိပြီး ဝန်ထမ်းအင်အား ၂၅ ဦးသာ ရှိသည်။ လူငယ်များ ထွက်ပြေးသည့်နေ့မှာ ရုံးပိတ်ရက်ဖြစ်ပြီး ဝန်ထမ်းအင်အားနည်းပါးချိန် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“တစ်ယောက်က ကျုံးထဲကို ခုန်ချတယ်။ အဲဒီကောင်လေးကိုစိတ်ပူပြီး ခေါ်နေချိန်မှာ သေတဲ့ကောင်လေးက တိရစ္ဆာန်ဥယျာဉ်ရှေ့ ဆိုင်တွေဘက်ပြေးတယ်။ ရေမြောင်းထဲမှာပုန်းတယ်။ မွမ်းပြီး မနေနိုင်မှထွက်လာတာ” ဟု ဦးနေအောင်ကျော်က ပြောသည်။
လက်ရှိတွင် လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ လူငယ်သင်တန်းကျောင်းတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားသည်။
Myanmar Now News
ဆုတ်ယုတ်သွားသောအခွင့်အရေးများ
Covid-19 ကူးစက်မြန်ကပ်ရောဂါကူးစက်မူသည် ယခုနှစ်အစတွင် လျှင်မြန်စွာပျံ့နှံ့သွားသည်နှင့်အမျှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဦးဆောင်သည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်က ပြည်သူပြည်သားများ၏ ဘေးကင်းလုံခြုံရေးအ တွက် စိတ်ပူပန်ခြင်းမရှိစေရန် ပြောကြားခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် Covid-19 ကူးစက်မြန်ကပ် ရောဂါ ကူးစက်ခံရသူ နှစ်ဦးကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိ အတည်ပြုသည့်အချိန်မှစ၍ ရောဂါကူးစက်မှု အရေအ တွက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်[1]။ မြန်မာအစိုးရအနေဖြင့် ပြည်သူလူထုအတွက် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနများပါ၀င်သော ကူးစက်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်မှု အစီအစဉ်များနှင့် ကော်မတီ များကို နိုင်ငံတဝှမ်းတွင် အဆင့်ဆင့်ဖွဲ့စည်းကာ တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။