Entries by ndb14

UPR Report Drafting Workshop ကို Burma/Myanmar UPR Forum မှ အဖွဲ့ဝင်များနှင် ့ကျင်းပ

UPR Report Drafting Workshop ကို Burma/Myanmar UPR Forum မှ အဖွဲ့ဝင်များနှင် ့အတူ ရန်ကုန်မြို ့ရှိ Esperado ဟိုတယ်တွင် မတ်လ (၁၅)ရက်နေ ့မှ (၁၇) နေ ့အထိ (၃) ရက်တိုင် ညီမျှခြင်း မြန်မာမှ ဦးဆာင် ကျင်းပခဲ ့ပါသည်။ ၎င်းအစည်းအဝေးတွင် အဖွဲ ့အစည်းများမှ Thematic issues အလိုက် ရေးသားထားသည့် အစီရင်ခံစာများကို မချယ်ရီ (Researcher) မှ ပြန်လည်စီစစ်ပြီး၊ လိုအပ်သည် ့အချက်အလက်များကို ပြန်လည်ထည့်သွင်းရေးသား နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းမှလည်း ရှေ ့ဆက်လုပ်ငန်းစဉ်များ အနေဖြင့် မြန်မာနိုင်ငံအမျိုးသား လူ ့အခွင့်အရေးကော်မရှင်နှင့် တွေ […]

AAPPB: NLD အစိုးရလက်ထက် ဖေဖေါ်ဝါရီလတလအတွင်း အရပ်သား ၃၆ ဦး ဖမ်းဆီးခံရ

စစ်ရေးပဋိပက္ခတင်းမာမှုတွေ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ တစ်လအတွင်းမှာကို အနည်းဆုံး အရပ်သား၃၆ဦး ဖမ်းဆီးခံခဲ့ရသလို နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တရားရင်ဆိုင် ဖမ်းဆီးထိန်းသိမ်းခံနေရသူပေါင်း ၂၄၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ အငြင်းပွားဖွယ်ဥပဒေတွေနဲ့ အမှုဖွင့်တရားစွဲဆိုခံရသူတွေများလာသလို အကျဉ်းထောင်တွေထဲ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းတာနဲ့ အကျဉ်းထောင ်အကျဉ်းသားမမျှတမှုတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေရဲ့ ကျန်းမာရေးက စိုးရိမ်စရာအနေအထားရှိနေတယ်လို့လည်း ဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အချိန်မှာပဲ ကချင်တပ်ဘက်က လီဆူတိုင်းရင်းသား ၂၈ဦးကို ဖမ်းဆီးခဲ့သလို အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နယ်မြေမတည်ငြိမ်မအေးချမ်းနိုင်သေးပဲ လုံခြုံရေးစိုးရိမ်စရာဖြစ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ က အစိုးရရုံး လွှတ်တော်နဲ့ အစိုးရအဖွဲ့ဝင်နေအိမ် ဗုံးပေါက်ကွဲမှုတွေကြောင့်လည်း လုံခြုံရေးတာဝန်ရှိသူတွေဘက်က သံသယရှိသူတွေကို […]

ND-Burma ၏ ၃၃ ကြိမ်မြောက် ကွန်ရက်အစည်းအဝေးကို ပြင်ဦးလွင်တွင် ကျင်းပပြီးစီး

[metaslider id=”3136″] လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မြန်မာနိုင်ငံ (ND-Burma) ၏ ၃၃ ကြိမ်မြောက် ကွန်ရက် အစည်းအဝေးကို ပြင်ဦးလွင်မြို့တွင် မတ်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ND-Burma အဖွဲ့ဝင်များ၊ ဆက်စပ်အဖွဲ့ဝင်များနှင့် ND-Burma သို့ ပူးပေါင်းရန် အဆိုပြုထားသည့်အဖွဲ့များမှ ကိုယ်စားလှယ် ၂၆ ဦးတက်ရောက် ကြပြီး နောက်ထပ် ၂ နှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။ ထို့အပြင် ND-Burma မှ ကူညီပေးနေသည့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် ချိုးဖောက်ခံရသူများအတွက် တရားမ ျှတမှုရှာဖွေနိုင်ရန် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ရန် လည်း ဆွေးနွေးကြသည်။ ND-Burma ထိုင်း-မြန်မာနယ်စပ်တွင် လူ့အခွင့်အရေးမှတ်တမ်းတင်နေသည့် တိုင်းရင်းသား လူငယ်၊ အမျိုးသမီးနှင့် လိင်စိတ်ကွဲပြားမှုအပေါ်အခြေပြုသည့် အဖွဲ့အစည်း […]

၄ကြိမ်မြောက် Reparations Workshop ကို ND-Burma မှ ရန်ကုန်တွင် မတ်လ ၅ ရက်မှ ၇ ရက်အထိ ကျင်းပပြီးစီး

[metaslider id=”3095″] ND-Burma မှ ကြီးမှုးပြီး ၄ ကြိမ်မြောက် Reparations Workshop (ပြန်လည်ပေးလျော် ကုစားမှု) ကို ရန်ကုန်တွင် ၂၀၁၈ ခုနှစ် မတ်လ ၅ရက်မှ ၇ ရက်အထိ အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့သည်။ တက်ရောက်သူ များမှ ပီရူး၊ ချီလီနှင့် တောင်အာဖရိကတို့တွင် ပြုလုပ်ခဲ့ သည့် Reparation လုပ်ငန်းများကို လေ့လာကြပြီး မြန်မာနိုင်ငံအတွက် မည်သည့် Reparation ပုံစံက အကောင်းဆုံးဖြစ်သနည်း ဆိုသည်နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ဆွေးနွေးကြသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းသွားပြီး ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်ရေးအတွက် Reparations လုပ်ငန်းသည် အရေးပါသည်ကို တက် ရောက်သူများမှ ဆွေးနွေးကြသည်။ တက်ရောက်သည့်အဖွဲ့အစည်းများမှာ- ND-Burma ၏ […]

နိုင်ငံတကာအမျိုးသမီးများနေ့အတွက် အေအေပီပီမှထုတ်ပြန်သည့်အစီရင်ခံစာနိုင်ငံရေးလှုပ်ရှားမှုများနှင့်၎င်းတို့ပါဝင်ဆောင်ရွက်ခဲ့မှုများ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ၏ အကျဉ်းကျခံရစဉ်ကတွေ့ကြုံခံစားခဲ့ရမှုများအစီရင်ခံစာအကျဉ်းချုပ်

ကမ္ဘာတစ်ဝန်းတွင် အကျဉ်းချခံထားရမှုနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လျှက်ရှိပြီး ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အကျဉ်းချခံထားရသော အမျိုးသမီးဦးရေသည် ၅၀% အထိ မြင့်တက်ခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ထားဝယ်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက် နိုင်ငံတော်အစိုးရ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်မည့် အစီအစဉ်များအပေါ် သဘောထားကြေငြာချက် ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၂၀ ရက် မြန်မာနိုင်ငံတော်အစိုးရမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်တော့မည်ဟု သိရသဖြင့် ကျွန်ုပ်တို့ အလွန်စိုးရိမ်မိပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စတင်လည်ပတ်ပါက ထားဝယ်ဒေသ ကမ်းရိုးတန်းတစ်လျှောက်ရှိ လူ့အဖွဲ့အစည်းများမှသည် နယ်စပ် တောင်တန်းဒေသများအထိ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ ထားဝယ်မြို့ အပါအဝင် ၄င်းနှင့် ထိစပ်လျှက်ရှိသည့် နယ်ပယ်ဧရိယာများ၊ ထားဝယ်ဒေသမှ အခြားသော ယိုးဒယား အစရှိသည့် တိုင်းတပါးနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သွားရောက် အလုပ် လုပ် ကိုင်လျက် ရှိသည့် ကျွန်ုပ်တို့၏ သွေးသားရင်းချာညီအစ်ကိုမောင်နှမများနှင့်၄င်းတို့၏ မိဘ ဆွေမျိုးညာတကာများ အားလုံးသည် […]

UPR နှစ်လည်အစီရင်ခံစာ ပြင်ဆင်ရေးသားရန်အတွက် အစည်းအဝေး

UPR နှစ်လည်အစီရင်ခံစာ ပြင်ဆင်ရေးသားရန်အတွက် အစည်းအဝေးကို Burma/Myanmar UPR Forum မှ အဖွဲ ့ဝင်များနှင် ့အတူ ဖေဖော်ဝါရီလ (၁၃) ရက်နေ ့မှ (၁၅) ရက်နေ ့အထိ (၃)တာ ရန်ကုန်မြို ့ Orchid ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ ့ပါသည်။ အဖွဲ ့ဝင် စုစုပေါင်း (၃၀) ဦး တက်ရောက်ပြီး UPR နှစ်လည် အစီရင်ခံစာရေးသားရန်အတွက် စုပေါင်းဆွေးနွေးခဲ ့ကြပါသည်။ ၄င်းအစည်းအဝေးတွင် ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ မချယ်ရီဇာဟောင်မှလည်း အခြားသော နိုင်ငံများမှ Midterm အစီရင်ခံစာတင်သွင်းသော ပုံစံများကို ရှင်းလင်း တင်ပြခဲ ့ပါသည်။ အစည်းအဝေးကာလ အတွင်း တက်ရောက်သူများက လူ […]

ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး

ရန်ကုန် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ကချင်ဆရာမလေးများ အသတ်ခံရမှု ၃နှစ်ပြည့်ပြီဖြစ်သော်လည်း အဖြစ်မှန်ကို မဖော်ထုတ်နိုင်သေး တရားလက်လွတ် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်မတပ်မှ မကြာသေးမီက ဝန်ခံ လိုက်ခြင်းသည် ၄င်းတို့ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နောက်ထပ် ဝန်ခံအသိအမှတ်ပြုရန် လမ်းဖွင့်ပေးခြင်း ဖြစ်သင့်သည်။ ကချင်ပြည်နယ်၊ ကောင်းခါးကျေးရွာတွင် ကချင်ဆရာမလေးများ အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရ သည့် ၃ နှစ်မြောက်နေ့တွင် အစိုးရအနေဖြင့် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အစိုးရအား တောင်းဆိုပါသည်။ အစိုးရတပ်မှ တပ်သားများ ပါဝင်ကျူးလွန်သည့် သက်သေအထောက်အထားများရှိသော်လည်း ဤအမှုကို ယခုတိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။ ၂၀၁၅ ခုနှစ် နံနက်စောစောတွင် ကချင်နှစ်ချင်းခရစ်ယာန်အသင်း (KBC) […]

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက်

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA) တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ထုတ်ပြန်ချက် ရက်စွဲ။ ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ အ ပေါင်ဆိုင်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid) မှ တာဝန်ခံ မိုင်းမျိုးအောင်အား မသင်္ကာမှုနှင့် ဖမ်းဆီး ခဲ့သည်ဟု သိရပါသည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သေနတ် ဖြင့်ပစ်ခတ်သည်ဟု သတင်းရသည့် အမျိုးသားသုံးဦးအား မူဆယ်မြို့မရဲစခန်း၌ […]