Entries by ndb14

သီလဝါဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၍ တောင်သူအချို့ ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းမြေ အကွက် ၁၂/၁၃ ကို ရဲအင်အားသုံးပြီး အကောင်အထည်ဖော်ရာကနေ ဒေသခံတောင်သူနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာကြာင့် ဒေသခံတောင်သူအချို့ ရာဘာကျည် ထိမှန်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဒီဗွီဘီကိုပြောပါတယ်။ မြေယာသိမ်းဆည်းမှု စိစစ်ဆဲကာလမှာ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင်ကာ ဒေသခံတောင်သူတွေကို တားဆီးဖို့ ရဲအင်အား ၂၃၆ ဦးက လုံခြုံယူ စောင့်ကြပ်ခဲ့တာပါ။ ညနေပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က တောင်သူတွေကို ရာဘာကျည်ဆန်နဲ့ ပစ်ခဲ့လို့ တောင်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို ဆိုပါတယ်။ ဒေါ်အေးမြမြမျိုးက “ဗိုလ်ချုပ်အောင်စိုးကို လှမ်းဆက်တယ်။ ကျမတို့ကို ညှိနှိုင်းပေးဖို့ စီစဉ်ပေးပါ။ ကူညီပေးပါ။ ဝန်ကြီးချုပ်ကိုလည်း သွားပြောတယ်။ အဲဒီကြားထဲကနေ အခုက […]

လွန်းညစံပြကျေးရွာက ဒေသခံလယ်သမားများ တရားစွဲခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာက ဒေသခံလယ်သမားတွေကို ခရိုင်ကျေးလက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက တရားစွဲဆိုထားပါတယ်။ ပြည်သူသွားလာရာလမ်းပေါ် ခရီးသွားမှုနဲ့ ပစ္စည်းသယ်ဆောင်မှုအတွက် မသွားလာအောင် ပြုလုပ်မှုနဲ့ ခရိုင်ကျေးလက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်မင်းဦးက တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့ရာ အိန္ဒုနယ်မြေရဲစခန်းက (ပ)၆၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၃၁ နဲ့ ဒေသခံလယ်သမားတွေကို အမှုဖွင့်လှစ်ခဲ့တာလို့ ရဲအုပ် မင်းအောင်ထွန်းက ပြောပါတယ်။ ဒေသခံလယ်သမားတွေဘက်ကတော့ လယ်ယာသုံးလမ်းကို တရုတ်ကုမ္ပဏီပိုင် ကျောက်သယ်ယာဉ်ကြီးတွေ ဖြတ်သန်း သွားလာနိုင်ဖို့ လမ်းမြေသား မြှင့်တင်ဆောင်ရွက်ထားတဲ့အတွက် စိုက်ပျိုးရာသီအမီ လယ်ယာသုံးစက်တွေ အသုံးပြု သွားလာနိုင်အောင် ဒေသခံလယ်သမားတွေ စုပေါင်းပြီး ပြန်လည်ပြုပြင်ခဲ့တဲ့အတွက် အမှုဖွင့် တရားစွဲဆိုခံခဲ့ရတာလို့ ပြောပါတယ်။ လွန်းညစံပြကျေးရွာကလယ်သမား ဦးစောငြိမ်းဖြူက “နိုင်ငံတော်ဘတ်ဂျက် ကုန်ကျစရိတ်နဲ့ လုပ်ထားတဲ့လမ်း မဟုတ်ဘူး။ ကျနော်တို့ လယ်ယာသုံးလမ်းကို လယ်သမားတွေ […]

,

တနိုင်းဒေသ ပိတ်မိနေသူများ လုံခြုံမှုရှိသောနေရာသို့ လွတ်မြောက်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများက နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ တောင်းဆို

ထွန်းလင်းအောင် (မြစ်ကြီးနား) တနိုင်းဒေသ ပိတ်မိနေသူများ လုံခြုံမှုရှိသောနေရာသို့ လွတ်မြောက်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိနိုင်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ဧပြီ ၂၇ ရက်တွင် တောင်းဆိုစာပေးပို့ခဲ့ပြီး ယင်းတောင်းဆိုစာပေးပို့မှုအား အရပ်ဘက် အဖွဲ့အစည်း ၂၅၀ ကျော်က ထောက်ခံခဲ့သည်။ ယင်းတောင်းဆိုစာတွင် ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်ကတည်းက တနိုင်းမြို့နယ်၊ အောင်လောဒ်ကျေးရွာမှ ဒေသခံ ၂၀ဝ၀ ကျော်နှင့် ဖားကန့်မြို့နယ်၊ ကာမိုင်းဒေသ မန်ဝိုင်း(လိုင်နောင်းခူး) ဒေသခံ ၁၈၀ ကျော်သည် ယနေ့အချိန်အထိ စစ်ပွဲကြားတွင် ပိတ်မိနေဆဲဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ငါးနှစ်အောက်ကလေးငယ်များ၊ ဒဏ်ရာရရှိသူများ ပါဝင်နေပြီး ၁၅ ရက်အတွင်း မည်သည့်အကူအညီမျှ မရရှိကြောင်း ဖော်ပြပါရှိသည်။ တပ်မတော်က ဧပြီ ၁၈ ရက်တွင် […]

တနိုင်းဒေသ စစ်ရေးပဋိပက္ခကြား ပိတ်မိပြည်သူများ လုံခြုံမှုရှိသောနေရာသို့ လွတ်မြောက်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီထောက်ပံမှုများကိုရရှိရန် အရေးပေါ်တိုက်တွန်းတင်ပြတောင်းဆိုခြင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်အဖြစ် ဆွစ်သံအမတ်ကြီးကို ခန့်အပ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ဆွစ်ဇာလန်သံ အမတ်ကြီး မစ္စခရစ္စတင်း ရွှာနာဘာဂီနာကို ခန့်အပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်က ဧပြီ ၂၆ ရက်မှာ ကြေညာပါတယ်။မစ္စဘာဂီနာဟာ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၁၅ ခုနှစ်ကနေ လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀ဝ၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၀ ပြည့်နှစ် ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပဋိပက္ခအတွင်း နှစ်ဖက်အကြား ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပြီး ဆွစ်ဇာလန်-ထိုင်းကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။မစ္စဘာဂီနာဟာ ဇူးရစ်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့ပြီး ဆွစ်ဇာလန် နိ်ုင်ငံခြားရေးဌာနမှာ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေဌာန အကြီးအကဲတာဝန်အပြင် တခြားအဆင့်မြင့်တာဝန်တွေ ယူခဲ့သူဖြစ်ပြီး သံတမန်လောကမှာ နှစ်ပေါင်း ၂၅ နှစ်လောက် အတွေ့အကြုံရှိသူ […]

,

ND-Burma မှ ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ အကြမ်းဖက်ချိုး ဖောက်မှုများအတွက် တရားမ ျှတမှုရရှိရန်ကြိုးပမ်းမှုများကို စစ်တပ်မှ ဆက်လက် တားဆီး ဟန့်တားနေ သည်။

ND-Burma မှ ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ အကြမ်းဖက်ချိုး ဖောက်မှုများအတွက် တရားမ ျှတမှုရရှိရန်ကြိုးပမ်းမှုများကို စစ်တပ်မှ ဆက်လက် တားဆီး ဟန့်တားနေ သည်။

AAPP-B အခက်အခဲတွေကြားက ၁၈ နှစ်ကြာ နိုင်ကျဉ်းတွေကို ကူညီခဲ့

မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ AAPP-B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ကို နိုင်ငံရေး အခက်အခဲတွေကြားက ထိုင်း-မြန်မာ နယ်စပ်မှာ စတင် တည်ထောင်ခဲ့တယ်လို့ အဖွဲ့စတင်တည်ထောင်ခြင်း ၁၈ နှစ်ပြည့် အခမ်းအနားမှာ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

AAPP ၁၈နှစ်ပြည့်အခမ်းအနားနှင့် “MEMORY OF THE PAST”ဓာတ်ပုံပြပွဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တည်ထောင်ခြင်း ၁၈နှစ်ပြည့်အခမ်းအနားနှင့် ” MEMORY OF THE PAST ” ဟု အမည်ပေးထားသည့် အကျဉ်းထောင် နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများ၏ဘဝကို ထင်ဟပ်စေသည့် ဓာတ်ပုံပြပွဲကို ယနေ့ (မတ် ၂၃ ရက်) တွင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ AAPP ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-ဇာလီမြင့်ဦး 7Day News

,

UPR mid term report ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆီကို တင်ပြ

Burma/Myanmar UPR Forum က ပြင်ဆင်ထားတဲ့ UPR mid term report ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆီကို တင်ပြခဲ့ပါတယ်… မြန်မာအစိုးရက လုပ်ဆောင်ဖို့ ကတိပြုထားတဲ့အချက်တွေကို အခြေခံပြီး သုံးသပ်ချက်တွေ အကြံပေးချက်တွေကို ပြင်ဆင်ထားတာဖြစ်ပါတယ်…   Photo -Equality Myanmar

လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲ မှတ်တမ်းအပိုင်း (၁)

ပဲခူးတိုင်းဒေသကြီး အခြေခံပညာအထက်တန်းကျောင်းများတွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှကျင်းပပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁) ရက်မှ အောက်တိုဘာလ ၂၀ ရက်ထိ ကျောင်းပေါင်း ၇၅ ကျေင်းတွင်ကျင်းပခဲ့ပါသည်။