Entries by ndb14

,

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုသည်မှာ

အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်မှုကာလများနှင့် ပဋိပက္ခများအတွင်း အကြီးအကျယ်လူ့အခွင့်အရေး ချိုးဖောက်မှု အမိုက်မှောင်အတွင်း ကျရောက်နေပြီး အမှန်တရားမှာလည်း ဖုံးကွယ်ခြင်းနှင့် ကြိုး ကိုင် ခြယ်လှယ်ခြင်းခံရသည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းပြီးနောက်လည်း ပြစ်မှုကျူးလွန် သူများသည် အမြစ်တွယ်နေသည့် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်မှုများကို အကာအ ကွယ်ယူကြသည်။ များသောအားဖြင့် အပြစ်ကျူးလွန်သူများသည် အာဏာကို အကြီးအကျယ် ချုပ်ကိုင်ထားကြပြီး ၄င်းတို့ထိန်းချုပ်ခဲ့သည့်ကာလ အဖြစ်အပျက်များကို လိမ်လည်၍ တင်းကြပ်စွာ ထိန်းချုပ်ထားကြသည်။ ပြည်သူလူထုအခွင့်အရေးမြှင့်တင်ရန်နှင့် အကာအကွယ်ပေးရမည့် အဖွဲ့အ စည်း အသင်းအပင်းများသည်လည်း အင်အားချိနည့်ခြင်း သို့မဟုတ် ပြိုကွဲပျက်စီးသွားတတ်ကြ သည်။ လွတ်လပ်ပြီး တာဝန်ခံမှုရှိသည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်မည်ဆိုပါက မည်သို့ဖြစ် ပျက်ခဲ့သည်ဆိုသည့် အမှန်တရားကို စုံစမ်းဖော်ထုတ် ဝေငှခြင်း၊ ပြစ်မှုကျူးလွန်သူများအား ခုံရုံးတင် ခြင်း၊ နစ်နာခဲ့ရသူများအား ကူညီခြင်း၊ ဂုဏ်ပြုပေးခြင်း၊ […]

သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ချက်

သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ချက် ရက်စွဲ။ ။ နိုဝင်ဘာလ ၂ ရက်၊ ၂၀၁၈ ခုနှစ် ၂၀၁၈ ခုနှစ်တွင် ကျရောက်သော သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ (International Day to End Impunity for Crimes against Journalists) တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင်ရှိသော သတင်းသမားများဘက်မှ ရပ်တည်ကြောင်း ဖေါ်ပြအပ်ပါသည်။ ၂၀၁၈ ခုနှစ်သည် မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ နှစ်တစ်နှစ်ဖြစ်သည့်ပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နယ်ပယ်သည်လည်း ပို၍ ကျဉ်းမြောင်းလာသည့်နှစ်ဖြစ်သည်။ သတင်းသမားများ၏ […]

,

အသွင်ကူးပြောင်းရေးကာလတရားမျှဆိုင်မှုဆိုင်ရာ အချက်အလက်များ

တောင်တန်း၊ ပြည်မ အတူတကွလွတ်လပ်ရေးယူရန် ကြိုးပမ်းသည့် ၁၉၄၇ ခုနှစ် ပင်လုံညီလာ ခံအပြီး ၁၉ ၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံလွတ်ရေးရရှိခဲ့သည်။ ကချင်၊ ရှမ်းနှင့် ချင်းခေါင်းဆောင်များနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုမြန်နိုင်ငံအတွင်း တိုင်းရင်းသားများအကြား တန်းတူညီမျှမှုရရှိန် ပင်လုံသဘောတူညီချက်ဖြင့် ကတိပြုခဲ့ကြသည်။ ပင်လုံသဘောတူညီချက် သဘောတူညီချက်၊ တိုင်းရင်းသားများ ကိုယ်ပိုုင်ပြဌာန်း ခွင့်နှင့် တန်းတူညီမျှမှုတို့ကို တောင်းဆိုနေသော်လည်း များမကြာမီမှာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်များအကြား လက်နက်ကိုုင်တိုက်ပွဲများ စတင်ခဲ့သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ ပြုလုပ်သည့် အသွင်ကူးပြောင်းရေးကာလ တရားမ ျှတမှုသင်တန်းသူ/သားများ Memory of the Past သို့သွားရောက်လေ့လာ

မြန်မာနိုင်ငံလူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ TJ Advance သင်တန်းသားသင်တန်းသူ ၁၉ ဦးတို့ အေအေပီပီ ရုံးတည်ရှိရာ အမှတ် (၇၅) ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်။ သို့လာရောက်လည်ပတ်ခဲ့ကြပြီး Memory of The Past ပြခန်းသို့လေ့လာခဲ့ကြပါသည်။ ပြခန်းအတွင်းအေအေပီပီမှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။ AAPPB

ဥပက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာသစ်အကြောင်း  သံတမန်များအား ရှင်းလင်းပွဲ

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ရက် နံနက်တွင် ဥပက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ သစ်အကြောင်း ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့ဝင်များက ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးတွင် ရှင်းလင်းပြောကြားကြသည်။ ကိုအောင်ခိုင်မင်းမှ အစီရင်ခံစာဖြစ်ပေါ်လာပုံသမိုင်း၊ ကိုဇော်မိုးမှ အချက်အလက်ကောက် ယူမှု နည်းနာ၊ ဆန်းစစ်သုံးသပ်မှုများ၊ လွေးပိုးကမဲခြိုင်းမှ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလေ့ရှိသည့် လူ့အခွင့်အရေးအခြေအနေနှင့် ကိုသွင်လင်းအောင်မှ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး၊ အစီရင်ခံစာပါ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ရှင်းလင်းကြ သည်။ တက်ရောက်လာသူ သံတမန်များမှလည်း အစီရင်ခံစာနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြပြီး အလုပ်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြသည်။ ရှင်းလင်းပွဲသို့ ဥရောပသမဂ္ဂကိုယ်စားလှယ်များ၊ ပိုလန်၊ နော်ဝေ၊ ဂျာမဏီ၊ ပြင်သစ်၊ ဆွစ်ဇာ လန်၊ ဒိန်းမတ်သံရုံးများမှ ကိုယ်စားလှယ်များနှင့် USAID မှ ကိုယ်စားလှယ်တို့ […]

လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသူများအတွက် သက်ဆိုင်ရာအစိုးရမှ ပြန်လည်ကုစားပေးနိုင်ရန် အစီရင်ခံစာထုတ်ပြန်

အောက်တိုဘာ ၁၆ ။ ။ ပြည်တွင်းစစ်ပွဲများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများ၊ လယ်ယာမြေသိမ်းဆည်းမှုများကြောင့် လူနေမှုဘဝများထိ ခိုက်ခဲ့ရပြီး နစ်နာခဲ့သူများကို သက်ဆိုင်ရာအစိုးရမှ ပြန်လည်ကုစားပေးနိုင်ရန် စစ်တမ်းများကောက်ယူကာ အစီ ရင်ခံစာတစ်စောင်ပြုစုခဲ့ကြောင်း ပြန်လည်ကုစားပေးလျော်မှုစီမံအဖွဲ့ဝင် ဦးဟန်ကြီး ကပြောသည်။ “လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့အတွက် သူတို့ဘဝတွေထိခိုက်ခဲ့ရတယ်။ နစ်နာခဲ့ရတယ်ဆိုတော့ အဲဒါအ တွက် အစိုးရအနေနဲ့သူတို့ဘဝတွေအပေါ် ဘယ်လိုမျိုးပြန်လည်ဆောင်ရွက်ပေးစေချင်လည်းဆိုတဲ့ အသံကို ထွက်လာအောင် ကျွန်တော်တို့က ဆောင်ရွက်ပေးတာဖြစ်သလို အဲဒီဟာတွေအတိုင်း အစိုးရက အကောင်အ ထည်ဖော်ဆောင်ရွက်ပေးမယ်ဆိုရင် နစ်နာခဲ့ရသူတွေရဲ့ဘဝပြန်လည်တည်ဆောက်ဖို့အတွက် အများကြီး ကောင်းသွားမယ်” ဟု ဦးဟန်ကြီး ကပြောသည်။ အောက်တိုဘာ ၁၆ရက်က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ KAFE IN TOWN “ဥပက္ခာမပြုကောင်းသော ဘဝများ” အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ယင်းအစီရင်ခံစာသည် ၁၉၇၀ ခုနှစ်မှ ၂၀၁၇ခုနှစ်အကြား […]

ဥပက္ခာမပြုကောင်းသော ဘဝများ အစီရင်ခံစာ မိတ်ဆက်ပွဲတွင် EU သံအမတ်ကြီး Mr. Kristian Schmidt ပြောကြား သည့်မိန့်ခွန်း

လူကြီးမင်းများ၊ မိတ်ဆွေများ ကြိုဆိုပါတယ် မင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်။ ဥပေက္ခာမပြုကောင်းသော ဘဝများ အစီရင်ခံစာထုတ်ပြန်ပွဲအတွက် အဖွင့်အမှာစကားပြောဖို့ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ND Burma အဖွဲ့အစည်းတင်မက ပါဝင်တဲ့လူပုဂ္ဂိုလ်တွေကိုလဲ ကျေးဇူးတင်ပါတယ်။ ဒီလိုအခါသမယမှာ ပါဝင်ခွင့်ရတာ ကျနော့်အတွက်သာမက အီးယူအတွက်ပါ ဂုဏ်ယူစရာပဲဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာပါတဲ့ အရေးပါတဲ့အလုပ်တွေအတွက် ဂုဏ်ပြုကြောင်းလဲ ပြောကြားလိုပါတယ်။ ဒီအစီရင်ခံစာအတွက်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတဲ့သူတွေထဲက တချို့ကိုလဲ တွေ့ဆုံသိကျွမ်းခွင့်ရခဲ့တာ ဝမ်းမြောက်စရာ ဖြစ်တဲ့ပြင် မိတ်ဆွေတို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအတွက် သံဓိဌာန်ချ နှစ်မြှုပ်လုပ်ကိုင်မှုတွေအတွက်လည်း လေးစားမိပါတယ်။ ဒီအစီရင်ခံစာအတွက် လုပ်ကိုင်ခဲ့ကြသူ အဖွဲ့အစည်း လူပုဂ္ဂိုလ်များအားလုံးကိုလဲ ဂုဏ်ပြုကြောင်းနဲ့ အစီရင်ခံစာအတွက် ရဲရဲ ဝံ့ဝံ့ ဖွင့်ဟဖော်ထုတ်ခဲ့ကြတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရင်ဆိုင်ခံစားခဲ့ရသူတွေကိုလည်း ဂုဏ်ပြုစကားပြောလိုပါတယ်။ ဥပေက္ခာမပြုကောင်းသောဘဝများ လို့အမည်ပေးထားတဲ့ အစီရင်ခံစာဟာ တစ်ကယ်အရေးပါတဲ့ အခါသမယမှာ အချိန်ကိုက် ထွက်လာတာဖြစ်ပါတယ်။ […]

ဥပက္ခာမပြုကောင်းသောဘဝများ သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက် ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၆ ရက် လူ့အခွင့်အရေးချိုးဖောက်ခံရသူများမှ အစိုးရဆောင်ရွက်ပေးသည့် ပြန်လည်ကုစားပေးလျော်မှုကို လိုလားကြပြီး ၎င်းတို့နစ်နာခံစားခဲ့ရမှုများအတွက် တရားမျှတမှုကို ရှာဖွေရန် ထိုက်တန်သည်ဟု လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ)နှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများစုဖွဲ့ထားသည့် ပြန်လည်ကုစားပေးလျော်မှုအလုပ် အဖွဲ့မှ ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

,

ဥပက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ

၁၉၇၀ – ၂၀၁၇ ခုနှစ်အကြား လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နစ်နာခံစားရ သူများမှ တရားမျှတမှုအတွက် ၎င်းတို့၏လိုအင်ဆန္ဒများကို အကျဉ်းချုပ် ဖေါ်ပြထား သည်။

လူ့အခွင့်အရေးရှေ့နေနဲ့ဝန်းရံသူတို့ကိုထောင်ချတဲ့အပေါ် ဆန္ဒထုတ်ဖော်

အောက်တိုဘာ- ၁၂၊ ၂၀၁၈ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း ကိုသန်းထိုက်တို့ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်တဲ့အပေါ် မကျေနပ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့ ညနေပိုင်းက မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ သုံးနှစ်ကျော်ကြာ အမှုဖွင့်ခံထားရတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်၊ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီဝင်ဟောင်း ကိုသန်းထိုက်တို့ဟာ ပဲခူးတိုင်း၊ မင်းလှမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တရားရုံး မထီမဲ့မြင် ပြုမှု ဥပဒေပုဒ်မ ၂၂၈ နဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီလို ပြစ်ဒဏ်ချမှတ်မှုဟာ လူ့အခွင့်အရေး ရှေ့နေတစ်ဦး၊ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးတို့ကို မတရားအမှုဆင် […]