Entries by ndb14

မြန်မာ။ ။ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ မြန်မာ့တပ်မတော်၏ ကြီးမားဆိုးရွားသော ချိုးဖောက်မှု အမြောက်အမြားကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်းက အပြီးသတ်အစီရင်ခံစာအပြည့်အစုံ မှတဆင့် ထုတ်ပြန်။

ဂျီနီဗာမြို့၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်။ ။ မြန်မာနိုင်ငံရှိ ပြည်နယ် (၃)ခုအား (၁၅)လ တာကြာအောင် စုံစမ်းစစ်ဆေးပြီး သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်းက ၎င်းတို့အဖွဲ့၏ စာမျက်နှာ (၄၄၀)ကျော်ရှည်သော မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံမှတဆင့် တွေ့ရှိချက်များကို အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ အပါအဝင်၊ မြန်မာနိုင်ငံ အစိုးရသို့လည်း ၎င်းအစီရင်ခံစာက အကြံပြုချက်များ ဒါဇင်ကျော်ကို တင်ပြခဲ့သည်။ မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ ထိပ်သီး စစ်တပ်အရာရှိများအား ဂျန်နိုဆိုက် (ခေါ် ) မျိုးနွယ်စုတစ်စုအား မျိုးဖြုတ်ခြင်း၊ လူသားတမျိုးနွယ်လုံး အပေါ် သက်ရောက်သည့် ရာဇဝတ်မှုများ နှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရန် […]

နိုင်ငံအဝှန်း လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ND-Burma ၏ ၆ လတကြိမ်ထုတ်ဝေသည့် အစီရင်ခံစာ

ND-Burma မှ ၆လတကြိမ် ထုတ်ဝေသည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ စစ်တပ်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်ထန်လာနေမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ကို မှတ်တမ်းတင်နိုင်သည်ကို တွေ့ရသည် ။ ကချင်ပြည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲချခြင်း၊ ရွာသားများပိုင်ဆိုင်သည့် ပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခြင်း နှင့် တိုက်ပွဲများ အကြားမှ ထွက်ပြေးသည့် ရွာသားများအား လူသားဒိုင်းကာများ၊ မိုင်းရှင်းကရိယာများအဖြစ်ပါအသုံးပြုခြင်း အပါအဝင် စစ်တပ်က စစ်ပွဲအတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြသည်။

နိုင်ငံအဝှန်း လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ND-Burma ၏ ၆ လတကြိမ်ထုတ်ဝေသည့် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

နိုင်ငံအဝှန်း လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ND-Burma ၏ ၆ လတကြိမ်ထုတ်ဝေသည့် အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ရက်စွဲ။ စက်တင်ဘာ ၁၁ ရက်၊၂၀၁၈ ခုနှစ် သတင်းထုတ်ပြန်ချက် ND-Burma မှ ၆လတကြိမ် ထုတ်ဝေသည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ စစ်တပ်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်ထန်လာနေမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ကို မှတ်တမ်းတင်နိုင်သည်ကို တွေ့ရသည် ။ ကချင်ပြည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲချခြင်း၊ ရွာသားများပိုင်ဆိုင်သည့် ပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခြင်း နှင့် တိုက်ပွဲများ အကြားမှ ထွက်ပြေးသည့် ရွာသားများအား လူသားဒိုင်းကာများ၊ မိုင်းရှင်းကရိယာများအဖြစ်ပါအသုံးပြုခြင်း အပါအဝင် စစ်တပ်က စစ်ပွဲအတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ […]

ရိုက်တာသတင်းထောက်များဖြစ်ကြသော ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့အား ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် အမေရိကန်သံရုံး၏ ကြေညာချက်

ရိုက်တာသတင်းထောက်များဖြစ်ကြသော ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့အား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ယနေ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီလမ်းကြောင်းဆီသို့ အသွင်ကူးပြောင်းရေးကို အားပေးထောက်ခံနေသူအားလုံးအတွက် အလွန်အမင်း စိတ်သောကရောက်စရာဖြစ်ပါသည်။ ဒီမိုကရေစီကို အားပေးထောက်ခံသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများနှင့် ကာလရှည်ကြာစွာ အတူတကွရပ်တည်လာခဲ့ပါသည်။ ဆက်လက်၍လည်း အရပ်သားအုပ်ချုပ်ရေးနှင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်မှု၊ ပြုပြင် ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားနေသူအားလုံးကို အားပေးထောက်ခံနေမည်ဖြစ်ပါသည်။ ယခုအမှု၏ သိသာထင်ရှားသော ချွတ်ယွင်းချက်များက မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာတရားစီရင်ရေးနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ဖွယ်ရာဖြစ်စေပါသည်။ သတင်းထောက်များအား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် ဒီမိုကရေစီနည်းကျ လွတ်လပ်မှုကို ရှေ့တိုးဆောင်ရွက်ရန်ချမှတ်ထားသည့် မြန်မာအစိုးရ၏ရည်မှန်းချက်ကို နှောင့်နှေးကြန့်ကြာစေသည့် အဓိကအချက် ဖြစ်ပါသည်။ ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန်လွတ်ပေးရန်နှင့် သတင်းထောက်များ ၎င်းတို့အလုပ် ၎င်းတို့လုပ်နေကြ သည်ကို တရားစွဲဆိုခြင်းအား ရပ်တန့်ပါရန် မြန်မာအစိုးရကို မိမိတို့ တိုက်တွန်းပါသည်။ […]

မြန်မာစစ်ခေါင်းဆောင်တွေကို ICC တင်ဖို့ ကုလ တောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအရေး စုံစမ်းဖို့ ဖွဲ့ထားတဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာကို ဩဂုတ်လ ၂၇ ရက် တနင်္လာနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။ ရခိုင်မှာ ဖြစ်ပျက် ခဲ့တဲ့ ကိစ္စတွေ အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် က ထိပ်ပိုင်း က တာဝန် ရှိသူ ၆ ဦး ကို လူမျိုးတုံး သတ်ဖြတ်မှု နဲ့ စစ်ဆေး သင့်ကြောင်း နဲ့၊ အခြား ဒေသ တွေက လူသားတွေ အပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့လည်း စစ်ဆေး သင့်တယ် လို့ ဖော်ပြ ထားပါတယ်။ […]

ဥပဒေ ချိုးဖောက်သည်ဆိုကာ နမ့်ခမ်းမြို့နေ အမျိုးသမီးတဦး TNLA ဖမ်းဆီး

By နန်းလွင်နှင်းပွင့် 19 August 2018 ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်တွင် နေထိုင်သည့် နန်းမိုဟွမ် ဆိုသူ အမျိုးသမီး တဦးကို တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး သွားသည်ဟု သတင်းရရှိသည်။ ဖမ်းဆီးခံရသည့် နန်းမိုဟွမ်မှာ ဟိုနောင်ရပ်ကွက်၌ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် ဖွင့်ထားသူ တဦးဖြစ်ပြီး သြဂုတ်လ ၁၇ ရက် ၊ မနက်ပိုင်းက TNLA တပ်ဖွဲ့ဝင်များ ရောက်လာပြီး ဖမ်းဆီး သွားခြင်း ဖြစ်သည်ဟု သိရသည်။ TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ ဖမ်းထားတာ မှန်တယ်။ အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ ဥပဒေစည်းကမ်းကို ဖောက်လို့ ဖမ်းပြီး ထိန်းသိမ်းထားတာ […]

တပ်မတော်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို မြန်မာအစိုးရတာဝန်ရှောင်လွှဲလို့ မရနိုင်ကြောင်း HRW ပြော

■ မြန်မာ့တပ်မတာ်က ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အစိုးရက တာဝန်ရှိတဲ့အခြေအနေကနေ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့ HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။ RFA Burmese

ကုလလူ့အခွင့်အရေး အကြီးအကဲသစ် အထွေထွေညီလာခံ အတည်ပြု

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ချီလီသမ္မတတာဝန်ကို ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးသူ Michelle Bachelet ကို New York မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ သောကြာနေ့က မဲခွဲ ရွေးချယ်လိုက်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က စလို့ ၄ နှစ်သက်တမ်းတာဝန်ယူရမယ့် Michelle Bachelet ဟာ လူ့အခွင့်အရေးယန္တယား တည်တံ့ခိုင်မြဲအောင် စွမ်းဆောင်နိုင်မယ့်သူဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် António Guterres ကပြောကြား ကြိုဆိုခဲ့ပါတယ်။ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲ သစ်ရဲ့ အကြောင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။ ကုလသမဂ္ဂရဲ့ ၇ ယောက်မြောက် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးအဖြစ် ချီလီသမ္မတဟောင်း Michelle Bachelet ကို သောကြာနေ့က ခန့်အပ်လိုက်ပါတယ်။ […]

နမ္မတူစစ်ရှောင်များ ဘုန်းကြီးကျောင်းတွင် သောင်တင်

(ရန်ကုန်) — ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ခုကြား စစ်ရေး တင်းမာမှု ဆက်ဖြစ်နေသောကြောင့် မန်စံနှင့် မိုင်းမုကျေးရွာအုပ်စုတို့မှ စစ်ဘေးရှောင်များက နေရပ်ပြန်ရန် စိုးရိမ်နေကြဆဲဖြစ်သည်။ ပန်ကွတ်ကျေးရွာအနီးတွင် တအန်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား သြဂုတ် ၅ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း ထိုဒေသတွင် နှစ်ဘက် စစ်အင်အား ဖြည့်တင်းထားကြသည်ဟု ဒေသခံတို့က ပြောသည်။ ဒေသတွင်း ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၈ဝဝ ဝန်းကျင်ခန့် ခိုလှုံနေကြကြောင်း၊ ၎င်းတို့ထဲတွင် ကျောင်းသူကျောင်းသား ၂ဝဝ ခန့် ပါဝင်ကြောင်း ဒေသခံကျောင်းဆရာတစ်ဦးကပြောသည်။ “ကလေးတွေကျောင်းတက်ရမယ့် အချိ်န်လေ။ ဒီလိုအချိန်ဖြစ်တော့ ကလေးတွေလည်း ပညာကောင်းကောင်း မသင်ကြရဘူး” ဟု ကျောင်းဆရာက ပြောသည်။ သီးနှံစိုက်ပျိုးချိန်ဖြစ်သော်လည်း […]

ရှမ်း တပ် က ဖမ်းထားသူတွေကို ပြန်လွှတ်ပေး ဖို့ လူ့အခွင့်အရေး အဖွဲ့ တိုက်တွန်း

ရှမ်းပြည်နယ်၊ ကျိုင်းခမ်းဒေသမှာရှိတဲ့ အလုပ်သမား ၁၂ ယောက်ကို ရှမ်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခုဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA ) ကနေ ဖမ်းခေါ် ထားတဲ့ အတွက် ဒီလူ တွေ ကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း လိုက်ပါတယ်။ ကျိုင်းခမ်းဒေသမှာရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီလေးခုက အမျိုးသား ဝန်ထမ်း၁၂ယောက်ကို SSA တပ်မဟာခွဲတခုဖြစ်တဲ့ တပ်ခွဲ ၁၉၈ ကနေ ဖမ်းခေါ်ထားတယ်ဆိုပြီး မိသားစုဝင်တွေက အမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို တိုင်တန်းလာခဲ့တာဖြစ်ပါတယ်။ အဖမ်းခံရတဲ့ လူငယ် ၁၂ဦးထဲက အမျိုးသား ၆ဦးဟာ၂၀၁ဝခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့ကတည်းက ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်ထပ် ၆ဦးကတော့ […]