လွိုင်ကော်တွင် ဗိုလ်ချုပ်ရုပ်တု ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ပဋိပက္ခဖြစ်၊ ဆန္ဒပြလူငယ်အချို့ ဒဏ်ရာရ
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ မနက်ပိုင်းက ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အနည်းဆုံး လူငယ် ၅ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်တဲ့အနေနဲ့ ကယားပြည်နယ်က ထောင်နဲ့ချီတဲ့ လူထုတွေဟာ ဒီကနေ့ ဗိုလ်ချုပ်ကြေးရုပ်ရှိရာ ကန္တာဟေဝန် ပန်းခြံမှာ ချီတက်ဆန္ဒပြနေကြတာပါ။ စစ်ကြောင်းတွေနဲ့ ချီတက်ဆန္ဒပြရာလမ်းမှာ တာဝန်ရှိသူတွေက ပန်းခြံအဝင်လမ်းကို ပိတ်ပြီး ဝင်ခွင့် မပေးထားပေမယ့် အတားအဆီးတချို့ကို ချိုးဖျက်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။ ဒီလိုဝင်ရောက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ပိုက်နဲ့ဖျန်းပက်လူစုခွဲ ရာဘာကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ လက်ရှိ ပန်းခြံထဲရောက်ရှိနေတဲ့ ကရင်နီလူငယ် ကိုဒီးဒီ(ခ) စစ်မုန်းက ပြောပါတယ်။ “သူတို့က ဗီနိုင်းကပ်ထားတာပေါ့။ နှစ်ဆင့် မကျော်ရဆိုပြီးတော့ လမ်းမှာ သံဆူးကြိုးတွေ ချထားတယ်။ […]