Entries by ndb14

အကျဉ်းထောင်တွင်းလူဦးရေလျော့ချနိုင်ရေးအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာ

နိဒါန်း အကျဉ်းထောင်များသည် ထိုနိုင်ငံ၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ အားကောင်းခြင်း၊ အားနည်းခြင်းကိုထင်ဟပ်စေပါသည်၊ ထို့အပြင် အကျဉ်းထောင်များသည် အများပြည်သူ မြင်ကွင်းမှ သီးခြားတည်ရှိနေခြင်းကြောင့်၊ အကျဉ်းသားများ ခံစားနေရသည့်အခွင့်အရေး ချိုးဖောက်ခံနေရမှုများအပေါ် အများပြည်သူ၏ သိရှိ၊ စာနာမှုကိုရရှိစေရန် ခက်ခဲစေပါသည်။

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာမိတ်ဆက်ပွဲ.

အကျဉ်းထောင်တွင်းလူဦးရေလျော့ချနိုင်ရေးအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာမိတ်ဆက်ပွဲအား ရန်ကုန်မြို့ အမှတ် (ဝ၂) ဖိုးစိန်လမ်း တာမွေမြို့နယ်ရှိ Green Hill Hotel တွင် ယနေ့ ၁၃ ဒီဇင်ဘာ ၂၀၁၈ နေ့ နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာမိတ်ဆက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာ အသီးသီးမှသတင်းထောက်များ၊စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်တွင် မီဒီယာများ၊ တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ကိုတိတ်နိုင် (အတွင်းရေးမှူး- အေအေပီပီ)၊ ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသန) ကိုအောင်မျိုးကျော် (ရန်ကုန်ရုံးတာဝန်ခံ) တို့မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

နှစ်(၇၀)ပြည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လတ်တလော ဖမ်းဆီး၊ ထောင်ချ နေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ရက်စွဲ။ ။ ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ် ၁) နိုဝင်ဘာလ ၃၀ ရက်နေ့၊၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး၊ မြောက်ပိုင်း (ABSDF-NB) ဒုတိယ ဥက္ကဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးနှင့် အရပ်သား ယာဉ်မောင်း ဦးသန်းထိုက်အောင် တို့အား မိုးညှင်းမြို့ ရွာသစ်ကုန်း ကျေးရွာရှိ နေအိမ်တအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ည်။ ထို့နောက် မိုးညှင်းမြို့ အခြေစိုက် ခြေလျှင်တပ်ရင်း ခလရ ၁၅၊ ဗိုလ်ကြီး သီဟစိုး မှ မိုးညှင်းမြို့မ ရဲစခန်း စခန်းမှုးထံသို့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ KIA နယ်မြေအတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်နေထိုင်ခဲ့သဖြင့် မတရားသင်း အက်ဥပဒေ ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့ပါသည်။၂) ၂၀၁၈ ခု၊ ဒီဇင်ဘာလ […]

မြန်မာလုံခြုံရေးတာဝန်ရှိသူအချို့ EU အရေးယူမှုတိုးမြင့်မည်

ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်ချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်လို့ ဥရောပကောင်စီက ဆုံးဖြတ်ပြီး တာဝန်ရှိတဲ့ စစ်တပ်ဘက် ထိပ်ပိုင်းအရာရှိကြီးတွေအပေါ် နောက်ထပ်ကန့်သတ်အရေးယူမှုတွေလုပ်မယ်လို့ ဒီကနေ့ကြေညာချက်ထုတ်ခဲ့ပါတယ်။ EU က မြန်မာအပေါ် အရေးယူကန့်သတ်မှုတွေ လုပ်ဖို့ စီစဉ်တာမှာ၊ ကုန်သွယ်မှုဆိုင်ရာ အထူးခံစားခွင့်ပေးတဲ့ GSP အခွင့်အရေးတွေကိုပါ ပြန်ရုပ်မယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် အခု EU ဆုံးဖြတ်ချက်ထဲမှာ ဒီ ကုန်သွယ်ရေးအခွင့်ထူးခံ ပြန်ရုပ်သိမ်းဖို့ကိစ္စ မပါဝင်တာမို့၊ EU နဲ့ ကုန်သွယ်ရေးပိုင်းမှာ မျှော်လင့်ချက်တွေ ပြန်ဖြစ်လာပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။ ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်ချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်လို့ ဥရောပကောင်စီက ဆုံးဖြတ်ပြီး တာဝန်ရှိတဲ့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်က […]

လူ့အခွင့် အရေး ပြည့်ဝတဲ့ နိုင်ငံတခုကို တည်ဆောက်ကြမယ်လို့ ယုံကြည်ပါတယ်

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အနေအထားကို ကြည့်မယ်ဆိုရင် အားရ ကျေနပ်ဖွယ် အနေအထား တရပ်မှာ ရှိမနေသေး တာကို တွေ့ရပါတယ်။ နိုင်ငံတွင်း အချို့နေရာတွေမှာ ငြိမ်းချမ်းရေး မရရှိသေးတာ၊ စီးပွားရေး ဖွံ့ဖြိုးမှု မရှိသေးတာနဲ့ ဥပဒေ စိုးမိုးမှု ယုတ်လျော့နေတာတွေ စတဲ့ အကြောင်းအရင်းတွေကြောင့် ထိခိုက် နစ်နာမှုတွေ ရှိနေပါ တယ်။ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ အချိန်မှာတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး ဆုံးရှုံးနေသူများ အတွက် ကာကွယ်ပေးမှု မြှင့်တင်ပေးရန် ရည်ရွယ် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် ကော်မရှင်ရဲ့ ဆောင် ရွက်ချက်တွေဟာ အခွင့်အရေး ဆုံးရှုံးသူ အများစုကို မလွှမ်းခြုံနိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်ကို […]

မြန်မာပြည်တွင်း လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်လာဟု သမ္မတပြော

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေဟာ ပိုမိုတိုးတက်လာတာကို တွေ့မြင်နိုင်ပြီ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ်(၇ဝ) ပြည့်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ မြန်မာသမ္မတက ပြောကြားခဲ့တာပါ။ “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေရာမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့အသီးသီးတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ ပိုမိုတိုးတက်လာတာကို တွေ့မြင်နိုင်ပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်တွေကို ကာကွယ်လေးစားလိုက်နာ ကျင့်သုံးကြစေဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ သမ္မတ ဦးဝင်းမြင့်က ကတိပေး ပြောပါတယ်။ နိုင်ငံသားတွေရဲ့ […]

ကချင်ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများကိုထောင်ဒဏ် ခြောက်လ နှင့် ဒဏ်ငွေ ချမှတ်

ယနေ့တွင် တရားရုံးမှ ချမှတ်လိုက်သည့် ကချင်ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုလွမ်းဇောင်း ၊ ကိုဇော်ဂျတ် နှင့် ဒေါ်နန်ပူ တို့ကို ရာဇသတ်ကြီး ပုဒ်မ (၅၀ဝ) ဖြင့် မြန်မာစစ်တပ်ကို အသရေဖျက်မှုဖြင့် ထောင်ဒဏ် ခြောက်လ နှင့် ဒဏ်ငွေ မြန်မာငွေ ငါးသိန်းချမှတ်လိုက်သည့်သတင်းသည် မြန်မာနိုင်ငံတွင်း အရပ်ဖက် လူ့အဖွဲ့အစည်းအတွက် စိုးရိ်မ်ဖွယ်ရာ သတင်းတစ်ရပ်ပင်ဖြစ်ပါသည် ။ ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်မှု ပဋိပက္ခများတွင် ပိတ်မိနေသည့် ပြည်သူများအတွက် ဆန္ဒထုတ်ဖော်မှုများကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ပါ ။ ဥရောပသမဂ္ဂသည် တရားရုံး၏ ဆုံးဖြတ်ချက်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပြီး သက်ဆိုင်ရာ အာဏာပိုင်များကို ပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ရန်နှင့် တက်ကြွလှုပ်ရှားသူများအတွက် ယင်းတို့၏ လူ့အခွင့်အရေးများကို ဥပဒေအရ အရေးယူမည်ကို စိုးရိမ်စေခြင်းမရှိစေဘဲ ဆန္ဒထုတ်ဖော်ခွင့် ၊ […]

တရားမျှတမှုသို့ ဦးတည်သည့် ဥပဒေဆိုင်ရာ လမ်းကြောင်း ပေါ်ထွက်ခြင်း

By Sean Bain 28 November 2018 မြန်မာနိုင်ငံအတွင်း ကြီးလေးသော လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အလို့ငှာ လွန်ခဲ့သော စက်တင်ဘာလအတွင်း အခြေခံအုတ်မြစ်တခုကို တည်ဆောက်ခဲ့ကြသည်။ အဆိုပါ ဆောင်ရွက်ချက်မှာ တစိတ်တပိုင်း ဖြစ်သော်လည်း အရေးပါလှသည်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် အကျယ်တဝင့် ဖော်ပြချက်များနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြုထားသော စာမျက်နှာ ၄၄၄ မျက်နှာပါ ကုလသမဂ္ဂ အစီရင်ခံစာတစောင်ကို လက်ခံရရှိပြီးသည့်နောက် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကောင်စီ မှနေ၍ နောင်တချိန်တွင် တရားစီရင်မှုများ ဆောင်ရွက်နိုင်စေရေးအတွက် သက်သေစုဆောင်းရေး လုပ်ငန်းစဉ်အဖွဲ့တဖွဲ့ ထူထောင်ရေး အချက်ပါဝင်သော ဆုံးဖြတ်ချက်တရပ်ကို ချမှတ်လိုက်သည်။ အဆိုပါ “လွတ်လပ်သော လုပ်ငန်းစဉ်အဖွဲ့” သည် […]

ရှမ်းတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှု ရွာသားတွေ သေဆုံးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြားဖြစ်တဲ့ တိုက်ပွဲအတွင်း ဒေသခံ ရွာသားတချို့ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေဟာ လားရှိုးဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေပါတယ်။ ပြီးခဲ့တဲ့ ရက် ပိုင်းမှာ အစိုးရတပ်က ဖမ်းသွားတဲ့ စစ်ပြေးဒုက္ခသည် ငါးဦး ပြန်လွတ်လာပေမယ့် ဆက်ပြီး အဖမ်းခံ ထားရသူတွေ ရှိနေဆဲပါ။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စယ်ခန်ကျေးရွာအုပ်စု နားလော့ကျေးရွာအတွင်း တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား တိုက်ပွဲ ကြောင့် နားလော့ရွာသားတွေ သေဆုံးဒဏ်ရာရခဲ့ တယ်လို့ စယ်ခန်ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ဗွီအိုအေကိုအခုလို ပြော ပါတယ်။ “မနက်တုန်းကတော့ […]

သီပေါတွင် ရှမ်းတပ် ၂ ဖွဲ့ တိုက်ပွဲဖြစ်၊ ၄ တန်းကျောင်းသား ၁ ဦးအပါအဝင် ၃ ဦးသေဆုံး

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နဲ့ ၂၅ မိုင်ခန့်အကွာ စယ်ခန်ကျေးရွာအုပ်စု နားလော့ရွာမှာ ဒီကနေ့မနက် ၅ နာရီလောက်က ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် ၄ တန်းကျောင်းသား ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရွာနားမှာ သေနတ်သံတွေ ကြားရတာကြောင့် ရွာသားတွေဟာ အထိတ်တလန့် ထွက်ပြေးစဉ် ထိမှန်ဒဏ်ရာရခဲ့ကြတာလို့ နားလော့ရွာသူ နန်းခမ်းလောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျမက နေမကောင်းလို့ နားမခေါ်ရွာကို ရောက်နေတာ။ ဒီမနက်အစောကြီး မောင်လေး ဖုန်းဆက်ပြောတယ်။ ရွာမှာတိုက်ပွဲဖြစ်ပြီး လူ ၃ ယောက်သေတယ်၊ ၂ ယောက်ဒဏ်ရာ ရတယ်တဲ့။ သူတို့က ထော်လာဂျီကားနဲ့ ထွက်ပြေးမလို့လုပ်တုန်း လက်နက်ကျည်ကျလာတယ်။ ရှမ်းတပ် အချင်းချင်း […]