အာဏာရှင်လက်အောက် ကျား-မတန်းတူညီမျှမှုရရှိရေး အခြေအနေဆိုးဝါးလာ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် Gender Equality လို့ ခေါ်တဲ့ ကျား-မတန်းတူညီမျှမှုရရေး ကြိုးပမ်းချက်တွေ နောက်ပြန်ရောက်သွားစေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ဇူလိုင်လ ၂ ရက် မနေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ လိင်တူချစ်သူ LGBT တွေဟာ စစ်ကောင်စီတပ်ရဲ့ ခွဲခြားဆက်ဆံတာ၊ အကြမ်းဖက်တိုက်ခိုက်တာ၊ အမြတ်ထုတ်တာ စတဲ့ မတရားမှုမျိုးစုံ ကျူးလွန်ခံနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျား-မအခြေပြု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရဲ့ခြိမ်းခြောက်မှုက သူတို့နောက်ကို အရိပ်မည်းလို လိုက်ပါနေတယ်လို့လည်း မစ္စတာ တွမ်အင်ဒရူးက ပြောပါတယ်။ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ဒေသတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်ကောင်စီတပ်သားတွေက ရက်ရက်စက်စက်နဲ့ လူမဆန်စွာ အမြဲကျူးလွန်လေ့ရှိတဲ့အကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒါ့အပြင် စစ်တပ်က […]