Entries by ndb14

လိင်ပြောင်းထားသူများအပေါ် တပ်မတော်က အဓမ္မမှု ကျူးလွန်ဟု ကုလသမဂ္ဂ စွပ်စွဲ

မြန်မာတပ်မတော်အနေနဲ့ အမျိုးသားတွေ၊ ယောကျာ်းလေးတွေနဲ့ လိင်ပြောင်းထားသူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာ မစ်ရှင် အဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့  စုံစမ်းစစ်ရေးမစ်ရှင်အဖွဲ့က ဩဂုတ် ၂၂ ရက်က ကုလသမဂ္ဂရုံးမှာ အစီရင်ခံစာထုတ်ပြန် သတင်းစာရှင်းလင်းပွဲကျင်းပပြီး စွပ်စွဲလိုက်တာပါ။ တပ်မတော်သားတွေဟာ အဓမ္မပြုကျင့်မှု၊ အုပ်စုလိုက်မုဒိမ်းကျင့်မှုနဲ့ တခြားအကြမ်းဖက်မှု တွေအပြင် အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ မိန်းကလေးငယ်တွေ၊ ယောကျ်ားလေးတွေနဲ့ လိင်ပြောင်းထားသူတဲ့သူကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ စနစ်တကျ ပုံမှန်လိုလို ကျူးလွန်ပြီး   နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာ မှာ စွပ်စွဲထားပါတယ်။ လိင်ပြောင်းထားသူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ခု ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ […]

မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ ဂျာကာတာမှာ သတင်းစာရှင်းမည်

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ထုတ်မယ့် မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေ အကြောင်း အစီရင်ခံစာ အပါအဝင် မြန်မာ့ အရေး အခုနောက်ဆုံး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။ ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman က ဦးဆောင်မှာ ဖြစ်ပြီး အဖွဲ့ဝင် ဖြစ်တဲ့ Christopher Sidoti လည်း ပါဝင်မှာပါ။ ဂျာကာတာ စံတော်ချိန် နေ့ခင်း ၁၂ နာရီ မြန်မာစံတော်ချိန် နေ့ခင်း ၁၁ နာရီခွဲမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ […]

ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၆၂ ဦး သေဆုံး၊ ၁၅၆ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦးရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြပါတယ်။ အဲဒီစာရင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထိ ကောက်ယူထားတာဖြစ်ပါတယ်။ အဲဒီထဲမှာ မိုင်းနဲ့ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးဖြစ်ပြီး စစ်ကြောရေးတွေ၊ နှစ်ဖက်တိုက်ပွဲအတွင်း တခြားဖြစ်စဉ်တွေနဲ့ သေဆုံး၊ ဒဏ်ရာရတာတွေ အကုန်လုံးပါဝင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီစာရင်းတွေဟာ မီဒီယာတွေ၊ တခြားအဖွဲ့အစည်းတွေတင်ပြချက်ကို ကောက်ယူထား တာမျိုး မဟုတ်ဘဲ REC ရဲ့ မြေပြင်ကွင်းဆင်း အဖွဲ့တွေရဲ့ ကောက်ယူထားချက်တွေကိုသာ အတည်ပြုကောက်ယူထားတာလို့ ဆိုပါတယ်။ […]

ယုံကြည်မှုတည်ဆောက်ခြင်းကို ထိပါးလာခြင်း : တပ်မတော်မှ အပစ်အခတ် ရပ်စဲရေး ကြေငြာထား သည့် ဒေသများရှိ လူ့အခွင့်အရေးအခြေအနေ

ယုံကြည်မှုတည်ဆောက်ခြင်းကို ထိပါးလာခြင်း : တပ်မတော်မှ အပစ်အခတ် ရပ်စဲရေး ကြေငြာထား သည့် ဒေသများရှိ လူ့အခွင့်အရေးအခြေအနေ (၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ) ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက် သတင်းထုတ်ပြန်ချက် ကချင်နှင့် ရှမ်းပြည်နယ်များတွင် လက်နက်ကိုင် တိုက်ပွဲများပြင်းထန်နေစဉ်မှာပင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန် ပိုင်းတွင် မြန်မာ့ တပ်မတော်က မြန်မာပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် လေးလတာ တဖက်သတ်အ ပစ်အခတ်ရပ်စဲကြောင်း ကြေငြာခဲ့သည်။ မြန်မာ့တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကြေငြာချက်ကို တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့များ (EAOs) က သတိဖြင့် ကြိုဆိုခဲ့ကြပြီး အပြုသဘောဆောင်သည့် ပြုမူဟန်အဖြစ် လည်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး စောင့်ကြည့်လေ့လာသူများကလည်း ကြိုဆိုခဲ့ကြသည်။ ယခုလို အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းခဲ့သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် […]

ယုံကြည်မှုလျော့ပါးခြင်း : တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကြေငြာထားသည့် ဒေသများရှိ လူ့အခွင့်အရေးအခြေအနေ (၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ)

အကျဉ်းချုပ် ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများပြင်းထန်နေစဉ်မှာပင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် မြန်မာ့ တပ်မတော်က မြန်မာပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် လေးလတာ တဖက်သတ်အပစ်အခတ်ရပ်စဲ ကြောင်း ကြေငြာခဲ့သည်။ မြန်မာ့တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကြေငြာချက်ကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ (EAOs) က သတိဖြင့် ကြိုဆိုခဲ့ကြပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်အဖြစ် ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး စောင့်ကြည့်လေ့လာသူများကလည်း ကြိုဆိုခဲ့ကြသည်။  

တပ်မတော်ထိပ်တန်းခေါင်းဆောင် ၄ ဦးနှင့် မိသားစုဝင်များကို အမေရိကန် ဒဏ်ခတ်အရေးယူ

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူနည်းစု ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဥပဒေမဲ့ ရှင်းလင်းဖယ်ရှားမှုများအပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များကြောင့်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာ့တပ်မတော်  ထိပ်တန်းခေါင်းဆောင်လေးဦးနှင့် မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦးနှင့် ဗိုလ်မှူးချုပ်အောင်အောင်တို့ကို ယင်းလုပ်ရပ်များအတွက် တာဝန်ရှိသူအဖြစ် ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းဒဏ်ခတ်အရေးယူမှု အပေါ် တပ်မတော်၏ သဘောထားကို သိရှိနိုင်ရန် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုMyanmar Now ကဆက်သွယ်မေးမြန်းရာတွင် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုကြောင့် တပ်မတော်၏ “ဂုဏ်သိက္ခာပိုင်းဆိုင်ရာ” ထိခိုက်ကြောင်း ပြန်လည်ဖြေကြားသည်။ ပဋိပက္ခများ ဖြစ်ပွားလာသည့်အတွက် တိုင်းရင်းသားများ၏ အသက်အိုးအိမ်နှင့် နယ်မြေဒေသ လုံခြုံရေးအတွက် တပ်မတော်က စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ချိုးဖောက်မှုနှင့် ပတ်သက်သည့်စွပ်စွဲချက်များကိုလည်း လျစ်လျူရှုထားခြင်း မရှိဘဲ တရားဥပဒေနှင့်အညီစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်အခြားနိုင်ငံများက လေးစားစေလိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေသည့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို နားလည်ရန် လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။ ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန၏ ဥပဒေပြဌာန်းမှုများအရ  ချမှတ်လိုက်ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် နိုင်ငံခြားတိုင်းပြည်များရှိ အစိုးရအရာရှိများသည် အဂတိလိုက်စားမှုများနှင့် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ခိုင်မာသည့် သတင်းအချက်အလက်များ ရှိပါက ယင်းပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခွင့် ပိတ်ပင်ရမည်ဟု ဖော်ပြထားသည်။ နိုင်ငံခြားရေးဝန်ကြီးသည် အဆိုပါ ဥပဒေအရ ပိတ်ဆို့အရေးယူခံရမည့်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လူသိရှင်ကြားဖြစ်စေ၊ သီးခြား (သိုသိုသိပ်သိပ်) ဖြစ်စေ ထုတ်ပြန်နိုင်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံခြားရေးဌာနသည် (မြန်မာစစ်တပ်၏) အပြုအမူများ ပြောင်းလဲရန်နှင့် တာဝန်ရှိမှု၊ တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်မည့် မူဝါဒများကို ထောက်ခံအားပေးသည့်အတွက် ယခုပိတ်ဆို့မှုသည် ယင်းရည်မှန်းချက်များ ဖြစ်မြောက်စေရန် တွန်းအားပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုမီယိုက ဆိုသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို မြန်မာနိုင်ငံအစိုးရက အရေးမယူသေးသည့်အတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း၊ မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ဖော်ပြသည့် သတင်းနှင့် အစီရင်ခံစာများလည်း ရှိနေသေးကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ မြန်မာတပ်မတော် ထိပ်သီးခေါင်းဆောင်ပိုင်း၏ တာဝန်ခံမှု မရှိပုံ တုန်လှုပ်ဖွယ် ဥပမာတစ်ခုမှာ အင်းဒင်ရွာလူသတ်မှုဖြစ်စဉ်ကြောင့် အကျဉ်းကျနေသည့် တပ်ဖွဲ့ဝင်များကို လအနည်းငယ်အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ရန်အမိန့်ပေးခဲ့သော်လည်း ယင်းလူသတ်မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့သည့် သတင်းထောက်များမှာမူ ရက်ပေါင်း ၅၀၀ ကျော်အကျဉ်းကျခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော် ထိပ်သီးခေါင်းဆောင်များကို အဆိုပါကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြားပိတ်ဆို့အရေးယူလိုက်သည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လကလည်း ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွင် တာဝန်ရှိသူများဖြစ်သည်ဆိုကာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်မ ၉၉ ၏ တပ်မမှူး ဗိုလ်မှူးချုပ်ခင်လှိုင်၊ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ကိုင်တွယ်ခဲ့သည့် ရဲမှူးချုပ် သူရစန်းလွင်နှင့် ခြေမြန်တပ်မ ၉၉ ၊ တပ်မ ၃၃ တို့ကို အမေရိကန်အစိုးရက ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ထားသည်။ Myanmar Now

သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် တောင်ကြီးမြို့တွင် ဆန္ဒပြ

သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် တောင်ကြီးမြို့တွင် ဇူလိုင် ၆ ရက် (ယနေ့) နံနက်ပိုင်းက လူတစ်ရာကျော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်း ရရှိသည်။ တောင်ကြီးမြို့ရှိ လူငယ်များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ဦးဆောင်၍ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ စုရပ်မှ စတင်ထွက်ရှိကာ မြို့မဈေးမှ တဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျောက် ချီတက်လမ်းလျှောက် လာကြပြီး တောင်ကြီးမြို့ စူဌာမုနိ လောကချမ်းသာ စေတီတော်တွင် စုဝေးကာ ဆုတောင်းခဲ့ကြောင်း သိရသည်။ နေပြည်တော် တွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိန်းမှုကို အမှုမှန်ပေါ်ပေါက်စေရေး နှင့် သက်ငယ်မုဒိမ်းမှုများကို ထိရောက်ပြင်းထန်သော သေဒဏ်ပေးရေး တို့ကို တောင်းဆိုခဲ့ကြောင်း သိရသည်။ Eleven Media Group

မြန်မာတပ်မတော်နဲ့ AA ကျူးလွန်မှု စစ်ရာဇဝတ်မှုဖြစ်နိုင်ကြောင်း Yanghee Lee သုံးသပ်

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်တို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှု မြောက်ကောင်း မြောက်နိုင်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အင်္ဂါနေ့မှာ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ လူ့အခွင့်အရေး တိုးတက်ရေး အတွက် ပြင်ဆင်ရမယ့် အချက်တွေကိုလည်း အကြံပြုတင်ပြသွားပါတယ်။ မြန်မာ့ အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို မြန်မာ သံအမတ်ကြီးကလည်း တုံ့ပြန်သွားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်း ဒီလပိုင်းတွေ အတွင်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ တပ်မတော်တို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို […]

မြန်မာနိုင်ငံတွင် စစ်ဘေးဒုက္ခသည် လေးသိန်းခွဲကျော်ရှိ

မြန်မာနိုင်ငံ၌ လက် နက်ကိုင်ပဋိပက္ခကြောင့် ထွက် ပြေးတိမ်းရှောင်နေရသည့် စစ် ဘေးဒုက္ခသည် ၂၀၁၈နှစ်ကုန်ပိုင်း အထိ လေးသိန်းခွဲကျော်ရှိကြောင်း စစ်ရှောင် ပြည်သူများအရေး ဆောင်ရွက်သောအဖွဲ့ ၁၅ ဖွဲ့ ပူးပေါင်းထုတ်ပြန်သည့် ‘အိမ် မလွမ်းသူ ဘယ်သူရှိမလဲ – မြန် မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ နှင့် ဆက်စပ်နေသော ကာလရှည် ကြာနေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်မှုများ’ အစီရင်ခံစာတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံရှိ ကရင်နှင့်ကရင် နီတိုင်းရင်းသားအများစု နေထိုင် သည့် ဒုက္ခသည်စခန်းများ၌ ဒုက္ခ သည် ကိုးသောင်းခုနစ်ထောင်ခန့်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင်၊တအာင်း နှင့်ရှမ်းစစ်ရှောင်ဒုက္ခသည် တစ် သိန်းခြောက်ထောင်ခန့်၊ မြန်မာ နိုင်ငံအရှေ့တောင်ပိုင်း၌ ကရင် နှင့် မွန်စစ်ရှောင်ဒုက္ခသည် နှစ် သိန်းရှစ်သောင်းခန့်ရှိနေကြောင်း ယမန်နေ့က ထုတ်ပြန်သည့်အစီ […]

စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ရခိုင်လူငယ်များ တောင်းဆို

ဖြိုးသီဟချို/Myanmar Now ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန်၊ အရပ်သားများကို ပစ်မှတ်ထားခြင်းများမပြုလုပ်ရန်၊ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရန် ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဒေသခံ တက်ကြွလှုပ်ရှားသူများက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ အဖြူရောင်စာရွက်ပေါ်တွင် အနီရောင်ဆေးသားဖြင့် ရေးသားထားသည့် “စစ်ကြောရေးကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများအတွက် တရားမျှတမှုကို အလိုရှိသည်” “ ရခိုင်တွေမှာလည်း အသက်နဲ့ပါ ” “ စစ်ပွဲများ ချက်ခြင်း ရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ကြပါ” စသည့် စာတမ်းများ ကိုင်ဆောင်ထားသည့် ရခိုင်လူငယ်များက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။“ဆန္ဒပြတဲ့ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ရခိုင်မှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် သေဆုံးသွားတဲ့သူတွေ အများကြီးရှိတယ်။ဒဏ်ရာရတဲ့သူတွေ အများကြီးှရှိတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေ အများကြီးရှိတယ်။ ရခိုင်မှာရှိတဲ့လူငယ်တွေက […]