Entries by ndb14

အိုင်စီစီ အပါအဝင် ခုံရုံးများတင်ရန်ကြိုးပမ်းမှု ကုလစင်မြင့်တွင် မြန်မာ အပြင်းအထန် ကန့်ကွက်

အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) အပါအဝင် မြန်မာနိုင်ငံကို ခုံရုံးတွေ တင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းပြောကြားရာမှာ ကန့်ကွက်လိုက်တာပါ။ “မြန်မာနိုင်ငံကို ခုံရုံးများတင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကိုလည်း ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) လည်း အပါအဝင်ဖြစ်ပါတယ်။ အိုင်စီစီနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အိုင်စီစီဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး”လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ စင်မြင့်ထက်ကနေ ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ […]

ရခိုင်နှင့် ချင်းပြည်နယ် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ သိသိသာသာ များပြာလာသည်ကို ND-Burma မှတ်တမ်းများအရ တွေ့ရသည်။

ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းနှင့် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သိသိသာသာ များပြာလာသည်ကို ND-Burma မှတ်တမ်းများအရ တွေ့ရသည်။ သတင်းထုတ်ပြန်ချက် ၂၀၁၉  ခုနှစ် စက်တင်ဘာလ ၁၈ ရက်

,

လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ (၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ)

ND-Burma မှ ယနေ့ထုတ်ပြန်သည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အင်တာနက်စာမျက်နှာ တွင် ရယူ၊ ဖတ်ရှုနိုင်ပါသည်။ အစီရင်ခံစာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ချိုးဖောက်မှုများကို မိမိတို့ အဖွဲ့ဝင်များမှ အသေးစိတ် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ မိမိတို့၏ တွေ့ရှိချက်အရ ၂၀၁၈ ခုနှစ် တနှစ်လုံးနှင့် နှိုင်းယှဉ်လ ျှင် ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၃၆၀ ရာခိုင်နှုန်း များပြားလာသည်ကို မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HTS-NSS) နှင့် လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း (၂၆) ဖွဲ့၏ ပူးတွဲ သဘောထားထုတ်ပြန်ချက်

လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ရှမ်းမြောက် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HTS-NSS) နှင့် လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း (၂၆) ဖွဲ့၏ ပူးတွဲ သဘောထားထုတ်ပြန်ချက်

အရပ်ဖက်အဖွဲ့အစည်း ၃၄၆ ဖွဲ့တို့မှ ပူးတွဲထုတ်ပြန်သော ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲများအခြေအနေနှင့် ပက်သက်သည့် အရေးပေါ်ထုတ်ပြန်ချက်

ပြည်သူကိုတိုက်ခိုက်သည့် လက်နက်ကိုင်အဖွဲ့များအား နိုင်ငံတကာ စစ်ခုံရုံးရောက်အောင်လုပ်မည်

အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို နိုင်ငံတကာစစ်ခုံရုံးကိုရောက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ထုတ်ပြန်ပါတယ်။ လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်တာမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ရုံမက အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေကိုလည်း ထိပါး စော်ကားရာရောက်ပြီး ဒီလုပ်ရပ်ကို လုံးဝ ကန့်ကွက်ရှုတ်ချတယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်အကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေရာမှာ သြဂုတ် ၃၁ ရက်က ကွတ်ခိုင်မြို့နဲ့ မြို့ဝန်းကျင်မှာ တိုက်ခိုက်တာတွေရှိခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မော်ဟစ်ရွာမှာ ရွာသား ၅ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၄ လအရွယ်၊ ၉ […]

မြန်မာစစ်တပ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့ကြောင်း ကုလအစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တာကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ သြဂုတ်လ(၂၂) ရက်နေ့က နယူးယောက်မြို့ ကုလသဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ FFM အဖွဲ့ဝင် Coomaraswamy က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ မြန်မာစစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေကို ခြိမ်းခြောက် အပြစ်ပေးတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာနဲ့ ကျားမ မခွဲခြားပဲ ကျူးလွန်တဲ့ အကြမ်းဖက်မှု အားလုံးကို ရပ်တန့်ဖို့လိုပြီလို့ သီးခြားလွတ်လပ်တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ FFM ရဲ့ အစီရင်ခံစာ အစမှာတောင်းဆို လိုက်တာပါ။ မြန်မာစစ်တပ်ဟာ […]

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ လူ့အခွင့်အရေး ကောင်စီ ၄၂ ကြိမ်မြောက်အစည်းအဝေး (၉ – ၂၇ ရက်နေ့ စက်တင်ဘာလ ၂၀၁၉ ခုနှစ်) အနှစ်ချုပ်နှင့် အဓိကကျသော အကြံပြုချက်များ ၁။ မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (ဤနေရာမှစ၍ “မစ်ရှင်” ဟု သုံးစွဲသွားမည်။) အနေဖြင့် ၂၀၁၈ ခုနှစ် စက် တင်ဘာလ ၁၇ ရက်နေ့ ကုသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၉ ကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းခဲ့သော အစီရင်ခံစာများ (“၂၀၁၈ အစီရင်ခံစာ” ဟု သုံးစွဲသွားမည်။) ၌ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအကြား […]

ရှမ်းမြောက်တိုက်ပွဲတွေပြင်းထန်ချိန် တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်ဘက်မှာ တရုတ်စစ်ကားတွေလှည့်လည်၊တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ

ရှမ်းမြောက်မှာ တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ သြဂုတ် ၁၅ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရအပြီးနောက် ရှမ်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက်ဟာ သြဂုတ် ၂၀ ရက်နေ့အထိ ကောက်ယူထားတဲ့အချက်အလက်တွေအရ ၄၈၆၂ ဦး ထိရှိလာပြီလို့ တအာင်း အရပ်ဖက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် အဆိုပါထွက်ပြေးတိမ်းရှောင်နေရသူတွေဟာအရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အတွက လက်ရှိအာဏာရအစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွ၊INGOs/NGOs အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေး ကြဖို့နဲ့ ကူညီထောက်ပံ့မှု ပေးနိုင်ဖို့ လမ်းကြောင်းကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်း တွေကနေကူညီ ပေးဖို့ ကိုလည်း ထုတ်ပြန်ချက်မှာထည့်သွင်းတိုက်တွန်းထားပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် မူဆယ် – ကွတ်ခိုင် လမ်းပိုင်းကြားမှာ ပိတ်မိနေသူတွေ ရှိသလို နှစ်ဘက်တပ်တွေဘက်က သွားလာခွင့်တားမြစ်ထားတာကြောင့် ကူညီကယ်ဆယ်ရေးတွေကို မပြုလုပ်နိုင်သေးတဲ့အခြေအနေမှာရှိတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ဘီဘီစီကို ပြောထားပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း လားရှိုး-ကွတ်ခိုင်အကြား၊ ၃၈ […]

ရှမ်းမြောက်တိုက်ပွဲတွေပြင်းထန်ချိန် တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်ဘက်မှာ တရုတ်စစ်ကားတွေလှည့်လည်၊ တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ

ရှမ်းမြောက်မှာ တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ သြဂုတ် ၁၅ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရအပြီးနောက် ရှမ်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက်ဟာ သြဂုတ် ၂၀ ရက်နေ့အထိ ကောက်ယူထားတဲ့အချက်အလက်တွေအရ ၄၈၆၂ ဦး ထိရှိလာပြီလို့ တအာင်း အရပ်ဖက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် အဆိုပါထွက်ပြေးတိမ်းရှောင်နေရသူတွေဟာအရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အတွက လက်ရှိအာဏာရအစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွ၊INGOs/NGOs အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေး ကြဖို့နဲ့ ကူညီထောက်ပံ့မှု ပေးနိုင်ဖို့ လမ်းကြောင်းကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်း တွေကနေကူညီ ပေးဖို့ ကိုလည်း ထုတ်ပြန်ချက်မှာထည့်သွင်းတိုက်တွန်းထားပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် မူဆယ် – ကွတ်ခိုင် လမ်းပိုင်းကြားမှာ ပိတ်မိနေသူတွေ ရှိသလို နှစ်ဘက်တပ်တွေဘက်က သွားလာခွင့်တားမြစ်ထားတာကြောင့် ကူညီကယ်ဆယ်ရေးတွေကို မပြုလုပ်နိုင်သေးတဲ့အခြေအနေမှာရှိတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ဘီဘီစီကို ပြောထားပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း လားရှိုး-ကွတ်ခိုင်အကြား၊ ၃၈ […]