Entries by ndb14

ICOE အစီရင်ခံစာပါ တပ်မတော်သားတွေ ပြစ်မှု စစ်ဆေးဖို့ သမ္မတရုံး ပြော

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ရဲ့ အစီရင်ခံစာ အတိုင်း တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို စစ်ဆေးပြီး တရားစွဲဆို သွားဖို့အတွက် အစီရင်ခံစာ အပြည့်အစုံကို နိုင်ငံတော်သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ ထားကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ICOE ရဲ့ အစီရင်ခံစာကို ဝေဖန်မှုတွေရှိပါတယ်။ တပ်မတော်သားတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့မင်းကြီးရွာ (တူလာတိုလီ)နဲ့ ချွတ်ပြင်ကျေးရွာတွေက သတ်ဖြတ်မှုတွေနဲ့ ရာဇဝတ်မှုတွေအပြင် နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ မွတ်ဆလင်ကျေးရွာတွေက နေအိမ် မီးလောင်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် တပ်မတော်စစ် ဥပဒေချုပ်ရုံးအနေနဲ့ စုံစမ်းစစ်ဆေး တရားစွဲဆိုတာတွေ တိုးချဲ့လုပ်နိုင်အောင် ICOE အစီရင်ခံစာ အပြည့်အစုံကို […]

AA နဲ့ပတ်သက်မှုရှိသည်ဟုစွပ်စွဲခြင်းခံနေရသူရဲ့ ဇနီးသည်အား တပ်မတော်က ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ရာမှ ဒဏ်ရာပြင်းတဲ့အတွက် ဆေးရုံတက်ခဲ့ရ

(အမ်းမြို့ – ၁၄၊ ၀၁၊ ၂၀၂၀) AA နဲ့ပတ်သက်မှုရှိသည်ဟုစွပ်စွဲခြင်းခံနေရသူရဲ့ ဇနီးသည်အား ရခိုင်ပြည်နယ် အမ်းမြို့တွင်အခြေစိုက်လျှက် ရှိသော အနောက်ပိုင်းတိုင်းစစ်ဌာလက်အောက်ခံတပ်က ဖမ်းဆီးချုပ်နှောင်ကာ ပြင်းထန်စွာ အမျိုးမျိုးညှင်းပန်း နှိပ်စက်ရာမှ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံတက်ခဲ့ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။ အမ်းမြို့မှ (၁၆)မိုင်လောက်ကွာဝေးတဲ့ ခမောင်းတောကျေးရွာသား အသက်(၅၁)နှစ်အရွယ် ဦးတင်ထွန်းကို တပ်မတော်က AA အဖွဲ့နဲ့ပတ်သက်နေသည်ဟုစွပ်စွဲကာ သူခရီးလွန်နေတဲ့အချိန် ၀၄၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် ၎င်းနေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် ဇနီးဖြစ်သူ အသက်(၄၄)နှစ်အရွယ် ဒေါ်မလှနှင့် သားဖြစ်သူ အသက်(၂၁)နှစ်အရွယ် မောင်ကျော်တို့ကို ဖမ်းဆီးပြီး ရွာ၏စာသင်ကျောင်းခန်းထဲတွင် ချုပ်နှောင်ထားခဲ့ကြကာ နည်းပေါင်းစုံဖြင့် ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေါ်မလှရဲ့ ပြောပြချက်ကို ကိုးကားပြီး အဆိုပါဒေသခံကပြောဆိုပါသည်။ “စစ်တပ်တွေက အမ်းမြို့ကဖြစ်တယ် ခလရ(၃၇၁)လာ […]

“မြောက်ဦးလူသတ်ပွဲ” အစီရင်ခံစာ သတင်းထုတ်ပြန်ချက်

နေ့စွဲ – ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်။ ရခိုင်ပြည်၊ မြောက်ဦးမြို့၌ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် (၂၂၃) နှစ်မြောက် ရခိုင့်အချုပ်အခြာ အာဏာ ကျဆုံးသည့်နေ့ ဝမ်းနည်းအောက်မေ့ဖွယ် အထိန်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပပြုလုပ် ခြင်းအား ဒေသအာဏာပိုင်များက ပိတ်ပင်တားမြစ်လိုက်သဖြင့် ဒေသခံပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။ ထိုသို့ တောင်းဆိုမှုကို ဒေသအာဏာပိုင်များမှ အကြမ်းဖက်နှိမ်နင်း ခဲ့သည့်အတွက် ဆန္ဒပြပြည်သူ (၇) ဦးသေဆုံးကာ (၁၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သူ (၁၂) ဦးထဲမှ (၄) ဦးမှာ ဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားပြီး (၈) ဦးမှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။ ဤဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် အမ်းမြို့နယ် မဲဆန္ဒနယ်မှ […]

,

ရခိုင်ငြိမ်းချမ်းရေး အလှမ်းဝေးနေပြီလား

ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် အရပ်သားဒုက္ခသည်တွေ သိန်းဂဏန်းရှိလာပြီး အရပ်သားတွေ ဒဏ်ရာရ သေဆုံးမှုတွေ အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေပါရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်သူတွေအတွက် ငြိမ်းချမ်းရေးအလှမ်းဝေးနေပြီလား. သတင်းထာက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြထားပါတယ်။ VOA News

ရုံးအုပ်ချူပ်ရေးမှူး အလုပ်လျှောက်လွှာခေါ်ယူခြင်း

အလုပ်လျှောက်လွှာခေါ်ယူခြင်း ခေါင်းစဉ် – ရုံးအုပ်ချူပ်ရေးမှူး နေရာ – ရန်ကုန် အလုပ်ချိန် – အချိန်ပြည့် လျှောက်လွာတင်ရန် – ၂၀၂၀၊ ဇန်န၀ါရီလ (၃၀) ရက်နေ့နောက်ဆုံး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ICJ မှာရင်ဆိုင်မယ့်ဆုံးဖြတ်ချက် မှန်ကန်မှုပေါ် အမြင်မတူကြ

ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ရမယ့် အမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ခုခံ ချေပမယ့် ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားဆိုတဲ့အပေါ် သဘောထားအမြင် ကွဲပြားနေပါတယ်။ နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ့် ဆုံးဖြတ်ချက်အပေါ် မတူကွဲပြားတဲ့အမြင်တချို့ကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူများအရေးနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများကိုယ်စား ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာပါ။ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် […]

ICC ရှေ့နေ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ထုတ်ပြန်ကြေညာ

ICC ခေါ် နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကိုအခွင့်အာဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ရှေ့နေ Fatou Bensouda က သူ့ရဲ့ ကြေညာချက်မှာ ဘယ် ရာဇဝတ်မှုခင်း တွေအပေါ်မှာ ဘယ်လို စုံစမ်း စစ်ဆေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြမှာပါ။ ICC တရားရုံး ရှေ့နေ Fatou Bensouda က၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အခြေအနေကို ICC က […]

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော ပြန်လည်ကုစား ပေးလျော်မှုဆိုင်ရာ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာလ ၉ ရက် ————————————- ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အား ယနေ့ မွန်းလွဲ ၁ နာရီ ခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ပြန်လည်ကုစားရေးဆိုင်ရာ အကြံပြု ချက်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ လျော့နည်းသွားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၁၀.၁၂.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်ကော်မတီအစည်းအဝေး၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) အမှုဆောင်ကော်မတီဝင် ဦးအောင်မျိုးကျော်နှင့်အဖွဲ့က ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာမူဝါဒ(မူကြမ်း)နှင့်စပ်လျဉ်း၍ မိတ်ဆက်ခြင်းနှင့် အကြံပြုချက်များတောင်းခံခြင်းကို ဆွေနွေးညှိနှိုင်းခဲ့ကြရာ ကော်မတီဝင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၁၄:၃၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အမျိုးသားလွှတ်တော်