Entries by ndb14

ဆိုင်အကူလုပ်သား အသက် ၁၃ နှစ်အရွယ်ကလေးအား မီးရှို့ခဲ့သည့် ဆိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ အသက် ၁၃ နှစ်အရွယ် ဆိုင်အကူလုပ်သား ကလေးငယ်အား ဆီလောင်းမီးရှို့ခဲတဲ့ဆိုင်ပိုင်ရှင်ဒေါ်ချိုချိုစန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။ “ဆိုင်က အလုပ်သမားကလေးကို နှိပ်စက်မှုနဲ့ ဆိုင်ရှင် ဒေါ်ချိုချိုစန်းကို မနေ့က ညပိုင်းမှာ ဖမ်းဆီး လိုက်ပါပြီ။ ရဲလုပ်ငန်းစဉ်အတိုင်း လိုအပ်တဲ့ သက်သေစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာပါ၊ လောလောဆယ်တော့ လပွတ္တာမြို့မရဲစခန်းမှာ သူ့ကို စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်”လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကိုပြောပါတယ်။ အသက် ၁၃ နှစ်အရွယ် ဆိုင်အကူကလေးငယ်အား ဆီလောင်းမီးရှို့ခဲ့တဲ့ ဒေါ်ချိုချိုစန်းဆိုသူကို ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးရဲ့ တရားလိုပြုလုပ်တိုင်တန်းမှုနဲ့ လပွတ္တာမြို့မရဲစခန်းမှာ ရာဇသတ်ကြီး […]

ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့ (RWG) မှ ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ၂ ရက်ကြာကျင်းပ

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့ (RWG) မှ ကြီးမှူးပြီး ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၁ နှင့် ၂၂ ရက်တို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ လူ့အခွင့်အရေးရှေ့နေ မိုဟာမက် ဂျမာလူ ဂျေ ဂီဒူကော့စ် (Mohammad Jamalul J. Giducos) မှ ဖိလစ် ပိုင်နိုင်ငံ အာဏာရှင် သမ္မတဟောင်း မားကို့စ် လက် ထက် (Ferdinand Marcos) ချမှတ်ခဲ့သည့် စစ်အုပ်ချုပ်ရေးကာလအတွင်း လူ့အခွင့်အရေးချိုး ဖောက်ခံရသူများအတွက် ပြန်လည်ကုစားပေး လျော်မှုဆိုင်ရာ ဥပေဒဖြစ်သည့်  Republic Act 10368 ပေါ်ပေါက်လာစေရန် အရပ်ဖက်အဖွဲ့အစည်းများမှ တိုတ်တွန်း စည်းရုံးခဲ့မှုများ၊ ဥပဒေပါပြ […]

မင်းပြားတွင် တပ်မတော်၏စစ်ဆေးမှုခံရသည့် အရပ်သားမှာ ဒဏ်ရာများရ

နှင်းနွယ် ၊ မျိုးသီရိကျော် | DMG ဖေဖော်ဝါရီ ၁၅၊ မင်းပြား တပ်မတော်က စစ်ဆေးခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက အရပ်သားတစ်ဦးမှာ မျက်နှာများတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံများက ပြောသည်။ ဒဏ်ရာရရှိသူမှာ အသက် (၃၀)နှစ်အရွယ် ကိုဌေးလှိုင်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခု၏ ခေါ်ယူစစ်ဆေးမှုခံရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ “သူက ဖားပြိုရွာနားက ဓာတ်မီးတိုင်စက်ရုံမှာ အလုပ်လုပ်နေတာ။ တိုက်ပွဲဖြစ်သံကြားလို့ သူက ရွာထဲကိုဝင်ပြေးလာတာ။ အဲဒီအချိန်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ပြီးတော့ ရိုက်နှက်စစ်ဆေးတာ” ဟု ၎င်း ကဆိုသည်။ ထို့ကြောင့် ၎င်းမှာ မျက်နှာအပြင် ဦးခေါင်း၊ခြေ၊လက်များတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ဆေးကုသရန်လိုအပ်နေသော်လည်း တပ်မတော်က […]

မူလတန်းကျောင်းအတွင်း လက်နက်ကြီး ကျရောက်မှု တပ်မတော်နှင့် AA အပြန်အလှန် စွပ်စွဲ

ဖေဖော်ဝါရီ ၁၄ ။                  ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခမီးချောင်းကျေးရွာ (အမက) မူလွန် စာသင်ကျောင်း အတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့တို့ မိမိတို့ မပစ်ကြောင်း ငြင်းကာ အပြန်အလှန် စွပ်စွဲ ပြစ်တင်နေကြသည်။ ဘူးသီးတောင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၃ ရက်က တပ်မတော်နှင့် ရခိုင့်တပ်(AA)တို့ တိုက်ပွဲ ဖြစ်ပွားစဉ် AA အဖွဲ့သည် ခမီးချောင်းကျေးရွာ၏ အနောက်ဘက်သို့ ဝင်သွားစဉ် တပ်မတော်က လိုက်လံ နယ်မြေ ရှင်းလင်းရာ တပ်မတော်ဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ရာမှာ စာသင်ကျောင်းအတွင်းသို့ ကျရောက်သွားခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ […]

စုပြုံမြှုပ်နှံထားတဲ့ နေရာ ၅ ခု ရခိုင်မြောက်ပိုင်းမှာတွေ့

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နောက်ထပ်နေရာ ၅ ခုကို အတည်ပြုနိုင်ကြောင်း AP သတင်းဌာနရဲ့ ဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့တွေကို အဲဒီဒေသကို သွားခွင့်ပြုဖို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric ကပြောကြားခဲ့ပါတယ်။ “ဒီသတင်းက အစုလိုက်အပြုံလိုက် မြှုပ်နှံထားပုံရတယ်လို့ ပြောတဲ့အတွက် အတော့်ကို စိတ်အနှောက်အယှက်ဖြစ်စရာပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက သိပ်စိတ်ပူ ပါတယ်။ ဒီလို ဖြစ်နေတဲ့ သတင်းမျိုး ရခိုင်ပြည်နယ်မှာ တွေ့ရတာကြောင့် ဒါဟာ ရခိုင်ပြည်နယ်ထဲကို ကုလသမဂ္ဂ သွားခွင့် ရဖို့ လိုနေပြီဆိုတာကို ပြလိုက်တာ […]

သားအမိနှစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှု ခံယူနေရ

ဇန်နဝါရီလ ၃၀ ရက် ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု ကွမ်စလန်းရွာနေ သားအမိဖြစ်သူ ဒေါ်နွယ်နှင့် လွေးရှီလာဝ် တို့ မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သဖြင့် လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။ မိုင်းစထိသော ဒေါ်နွယ်ပြောပြချက်အရ “ ကျမတို့ သားအမိက ရွာနားမှာရှိတဲ့ လက်ဖက်ခြံထဲမှာ နေကြတယ် သုံးဖို့ ထင်းကောက်နေ့တဲ့အချိန်မှာပဲ မိုင်းပေါက်ကွဲတာ သမီးကဒဏ်ရာ ပိုပြင်းတယ် ဘုန်းဘုန်းတို့ ချက်ချင်းမရောက်လာရင် သမီးလေးအသက်တောင် ဆုံးနိုင်တယ်”ဟု ပြောသည်။ အသက်(၄၉)နှစ်ရှိ ဒေါ်နွယ်သည် ညာဘက် ခြေတစ်လုံးနှင့်ပေါင်တွင် ဒဏ်ရာရရှိပြီး အသက် (၁၃)နှစ်ရှိ လွေးရှီလာဝ်မှာ ညာဘက် ခြေချင်းဝတ်နှင့် ညာဘက်နံရိုးတွင် ဒဏ်ရာပြင်းထန်သဖြင့် လားရှိုးဆေးရုံတွင် ခွဲစိတ်ကုသမှုနေသည်။ မိုင်းထိသော […]

တအာင်းဒေသအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းကြောင့် ထိခိုက်မှုများလာသည့်အပေါ် သဘောထားထုတ်ပြန်ချက်

တအာင်းဒေသအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းကြောင့် ထိခိုက်မှုများလာသည့်အပေါ် သဘောထားထုတ်ပြန်ချက်   ရက်စွဲ။     ။ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် (၁) ၂၀၁၆ ခုနှစ်မှ စပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်  ရှမ်းပြည်နယ်မြောက် ပိုင်း၊ ဒေသအတွင်းတွင် မြေမြုပ်မိုင်းများနှင့် လက်နက်ကြီးများ တွင်ကျယ်စွာ အသုံးပြုနေကြပြီး၊ အပြစ်မဲ့ပြည်သူ များအား နေ့စဉ်နှင့်အမျှ ထိခိုက်နစ်နာမှု၊ အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေကြရသည်။ ထို့ကြောင့် မည်သည့် လက် နက်ကိုင်အဖွဲ့အစည်းမဆို မြေမြုပ်မိုင်းအသုံးပြုမှုအပေါ် မိမိတို့ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့မှ ကန့် ကွက်ရှုံ့ချသည်။ (၂)  ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့  နံနက် (၁၀)နာရီ ဝန်းကျင်တွင် မိုင်းငေါ့မြို့နယ်ခွဲ ကွမ်းစလန်း ကျေးရွာ အနီးရှိ သားအမိနှစ်ယောက်သည် လက်ဖက်ခြံတွင် ညအိပ်ဖြင့် အလုပ်လုပ်ပြီး ထင်းသွားကောက်ရာတွင် မိုင်းနင်း မိခဲ့ကာ(၂)ဦးစလုံး ဒဏ်ရာရရှိခဲ့သည်။ အမေဖြစ်သူ ဒေါ်ယာနွမ်သည် ညာဘက်ခြေထောက်နှင့် ပေါင်တွင် ဒဏ်ရာ ရရှိခဲ့ပြီး၊ သမီးဖြစ်သူ လွေးဆိုင်လောဝ် သည် နံရိုးနှင့် ခြေထောက်နှစ်ဖက်လုံး တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ (၃)  ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ညနေ (၄)နာရီအချိန်တွင် ထင်းခုတ်ပြီး ပြန်လာသော ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာရှိ ရွာသား (၃)ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြန်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုမိုင်းနင်းမိသည့် ရွာသား (၃)ဦးသည် မိုင်းမင်းနိုင်မှာ ညာခြေသလုံး၊ ဝဲပါး၊ လက်နှစ်ချောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး၊ မိုင်းကျော်ရွှင်မှာ ပေါင်၊ ခြေသလုံး၊ လက်တွင် ဒဏ်ရာရရှိကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး မိုင်းအလေး သည် ဝမ်း ဗိုက်တစ်ဝိုက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသောကြောင့် မန္တလေးဆေးရုံတွင် ဆေးကုသ ခံယူနေရသည်။ (၄) ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသအတွင်းရှိ မြို့နယ်များ အထူးသဖြင့် နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့ နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းကြောင့် လက်တလော ထိခိုက်ဒဏ်ရာ၊ နစ်နာမှု နှင့် အသက် ဆုံးရံှူးမှုများ မြှင့်မားလာသည်ကို တွေ့ရသည်။ မိမိအဖွဲ့၏ စစ်တမ်းအရ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလထိ (၂)လအတွင်း ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန် လက်နက်ပစ္စည်းကြောင့် သေဆုံးသူ စုစုပေါင်း (၄) ဦး နှင့် အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း (၁၈)ဦး ရှိခဲ့ပါသည်။ ထို့ပြင် ၂၀၁၆ခုနှစ် မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလထိ ထိခိုက်ဒဏ်ရာရရှိသော တအာင်းအပြစ်မဲ့ ပြည်သူများစုစုပေါင်း (၁၄၀)ဦး ရှိပြီး၊ သေဆုံးသူပေါင်း (၁၈)ဦး ရှိခဲ့သည့်အတွက်ကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးနေရသည့်အပြင် ကိုယ်လက်အင်္ဂါများလည်း ဆုံးရှုံးနေရသည်။ (၅) သို့ဖြစ်ပါ၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို လူသားချင်းစာနာထောက်ထားမှုကို အလေးအနက်ထား ကာ စစ်ပွဲနှင့် စပ်ဆိုင်သော အပြည်ပြည်ဆိုင်ရာ စာချုပ်များတွင် ပါရှိသည့် စစ်ကျင့်ဝတ်များ လေးစားလိုက်နာပြီး အပြစ်မဲ့မိဘပြည်သူတို့၏ အသက်၊ အိုးအိမ်များကို ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် လူထုလုပ်ကိုင် စားသောက် သည့်နေရာ၊ လူအများသွားလာသည့်နေရာများတွင် လက်နက်ကြီးပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများ မပြုလုပ်ကြ ရန် နှင့်  ထောင်ထားသည့်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ၊ အသက်ဆုံးရံှူးသွားသည့် ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် သဘောထားထုတ်ပြန် တောင်းဆိုအပ်ပါသည်။ ဆက်သွယ်ရန်                                                                 ၀၉ – ၂၅၇၇၂၆၇၁၃                                         တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ ၀၉ – ၄၄၂၈၈၈၁၀၀                                                   ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ရက်နေ့

အာဗြောင်ရွာသား ၃ ဦး မိုင်းနင်းမိ၍ ဒဏ်ရာများစွာ ရရှိပြီး ဆေးရုံတက်ရ

ဇန်နဝါရီ ၂၄ ရက် ၂၀၂၀ တအာင်းအမျိုးသမီးအဖွဲ့အစည်း ဇန်နဝါရီလ ၂၃ ရက် ၂၀၂၀ ခုနှစ်တွင် အာဗြောင်ကျေးရွာ၊ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်မဲခရိုင်တွင် နေထိုင်သည့် ရွာသား ၃ ဦး မိုင်းနင်းမိ၍ ဒဏ်ရာကိုယ်စီ ရရှိပြီး ကျောက်မဲနှင့် မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။ ဒဏ်ရာရရှိသူများမှာ မိုင်းအိုက်လင်း (၃၀) နှစ်၊ မိုင်းကျော်ရွှင် (၂၆) နှစ် နှင့် မိုင်းမင်းနိုင် (၂၇) နှစ် တို့ဖြစ်ပြီး တောင်ယာတွင် ထင်းခုတ်ရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် ကျေးရွာနှင့် ၁၀ မိခန့် အကွာအဝေးတွင် မိုင်းထိမိပြီး ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။ ခြေထောက်တွင် ဒဏ်ရာရရှိသူ မိုင်းအိုက်လင်းနှင့် မိုင်းကျော်ရွှင်မှ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှု […]

AA အဖွဲ့က ကျီးလေရွာနေ သားအဖ(၃)ဦးကို ရွာလယ်သစ်ပင်မှာကြိုးတုတ်ချီကြပြီး ဝါးလုံးတွေနဲ့ရိုက်နှက်

  (ပလက်ဝမြို့ – ၂၂၊ ၀၁၊ ၂၀၂၀)ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကျီးလေကျေးရွာနေ သားအဖ(၃)ဦးကို AA အဖွဲ့က ရွာလယ်သစ်ပင်မှာ ကြိုးတုတ်ချီကြကာ ဝါးချောင်းတွေနဲ့ရိုက်နှက်ခဲ့သည်ဟု အမည်မဖော်ပြလိုသူ ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။ ကျီးလေကျေးရွာနေ အသက်(၄၇)နှစ်အရွယ် ဦးမောင်ကြီးနှင့် သမီးတွေဖြစ်ကြတဲ့ အသက်(၂၅)နှစ်အရွယ် မကျောက်စိန်နှင့် အသက်(၂၀)အရွယ် မခင်ကိုး တို့ကို ၀၈၊ ၀၁၊ ၂၀၂၀ရက်နေ့ ညနေပိုင်း ၃-နာရီလောက်တွင် AA အဖွဲ့က ဖမ်းဆီးချုပ်နှောင်ကာ ရွာလယ်သစ်ပင်မှာကြိုးတုတ်ချီပြီး ဝါးလုံးတွေနဲ့ရိုက်နှက်ခဲ့ကြကြောင်း ထိုသူက ဆက်ဆိုသည်။ ဦးအောင်ကြီးကို ပလက်ဝမြို့ရှိ တပ်စခန်းဆီ သတင်းပေးပို့သည်ဟု မဟုတ်မမှန် စွပ်စွဲကာ အခုလို သူတို့သားအဖ(၃)ယောက်ကို AA အဖွဲ့က ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်ရခြင်းဖြစ်ကြောင်း သိရပါသည်။ “ဒီလ(၈)ရက်နေ့မှာ AA တွေက […]

အမျိုးသမီးငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိတဲ့အတွက် ညာဖက်ခြေထောက်ကြိုးပဲ့ကာ ပလက်ဝမြို့ဆေးရုံတွင် ဆေးဝါးကုသမှုဆံယူ

  (ပလက်ဝမြို့ – ၂၂၊ ၀၁၊ ၂၀၂၀) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် င/ရှားကျေးရွာက နောက်ထပ် အမျိုးသမီးငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိတဲ့အတွက် ညာဖက်ခြေသလုံးကျိုးပဲ့ကာ ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိသည်ဟု ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။ ပလက်ဝမြို့မှမြောက်ပိုင်း မိုင်(၂၀)လောက်ကွာဝေးတဲ့ င/ရှားကျေးရွာက အဘ ဦးအောင်ဝင်း၏သမီး အသက်(၂၂) အရွယ်ရှိတဲ့ မခင်းလုံးသည် ၁၇၊ ၀၁၊ ၂၀၂၀ရက်နေ့ မနက်ပိုင်းတွင် တောင်ယာသို့ စပါးထမ်းသွားနေစဉ် မြေမြုပ်မိုင်းနင်းမိတဲ့အတွက် အခုလိုညာဖက်ခြေထောက်ကြိုးပဲ့ခြင်းဖြစ်ပြီး အဲဒီနေ့ညနေ ပိုင်းမှာ တခါတည်းပလက်ဝမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သူကဆက်ဆိုသည်။ အလားတူစွာ ၀၇၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် အမေဖြစ်သူ ဒေါ်ဟွေ့တင်သည် တောထဲသွားရာကနေ မြေမြုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက်နှင့်မျက်နှာတွင် ဒက်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေပြင်းထန်တဲ့အတွက် ပလက်ဝဆေးရုံမှာ မကုသနိုင်ဘဲ […]