Entries by ndb14

,

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက်ပိုင်း မည်သည့်အခြေအနေ ရှိပါသလဲ။

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများဟာ စစ်အာဏာရှင်လက်အောက်တွင် တရားလက်လွတ်ဖမ်းဆီးခံရပြီး လူမဆန်စွာညှင်းပန်းနှိပ်စက်ခံရခဲ့သူများ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို တရားဝင် အသိအမှတ်ပြုဖို့ လိုအပ်သလို၊ ၎င်းတို့၏ဂုဏ်သိက္ခာကို မြှင့်တင်ပြီး ပြန်လည်ကုစားပေးလျော်မှုများကို ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ND-Burma, AAPPနှင့် AJAR တို့မှ ပူးပေါင်း စီစဉ် တင်ပြသည်။

ND-Burma မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာ အကြောင်း သတင်းထုန်ပြန်ချက်

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဖွဲ့အစည်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်နေခြင်းနှင့်အတူ ဖြစ်ပွားနေသည်။ ရက်စွဲ – မတ်လ (၂၇) ရက်၊ ၂၀၂၀ ပြည့်နှစ်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် အသေးစိတ် တွေ့ဆုံမေးမြန်းထားမှုများနှင့် အရပ်သားများ၏ ဘဝလုံခြုံမှု အားနည်းကျ ဆင်းနေမှုတို့ကို သုံးသပ်တင်ပြထားသည်။ ယခုအစီရင်ခံသည့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ လူ့အခွင့်အရေးချိုး ဖောက်မှု ၁၀၂ ခုနှင့်အတူ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စိုးရိမ်ဖွယ် အနေ အထားဖြင့် တိုက်ပွဲများ ဖြစ်နေသည်ကို ND-Burma အဖွဲ့ဝင်များက မှတ်တမ်းတင်ထားသည်။ ထို့အတူ မြန်မာနိုင်ငံတဝှန်းတွင် အခြခံ အခွင့်အရေးနှင့် လွတ်လပ်မှုများ သိသိသာသာ ကျဆင်းနေသည်။ လွတ်လပ်၊ တရားမျှတသည့် […]

,

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ (၂၀၁၉ ဇူလိုင်လမှ ဒီဇင်ဘာလထိ)

ND-Burma အဖွဲ့ဝင်များနှင့် ၎င်းတို့၏ လုံခြုံရေးကို ပဓာနမထားပဲ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေ အထောက်အထားများအား ကြိုးပမ်းစုဆောင်းပေးမှု မရှိဘဲနှင့် ယခုအစီရင်ခံစာ ဖြစ်မြောက်လာမည် မဟုတ်ပါ။ ယခုအစီရင်ခံစာပါ ကျူးလွန်ခံရသူများ၏ သတိပေးချက်အရ မြန်မာပြည်ငြိမ်းချမ်းရေးရရှိရန်မှာ ဝေး ကွာနေသေးသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ အပြောင်းအလဲအတွက် မျှော် လင့်ချက်ကို လျော့ပါးစေသူများကို ဆန့်ကျင်၍ အမှန်တရားအတွက် ထုတ်ဖော်ပြောဆိုမှုက လှုံ့ဆော်မှုကို ဖြစ် စေသည်။ အစီရင်ခံစာရယူရန်

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၁၈ “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် […]

ပလက်ဝ၊ မင်းပြားမြို့နယ်တိုက်ပွဲကြောင့် အရပ်သားနှစ်ဦး သေဆုံး၊ ကိုးဦး ဒဏ်ရာရ

တိုက်ပွဲဆက်တိုက်ပြင်းထန်နေတဲ့ ပလက်ဝမြို့နယ်က ပွီဝုန်းရွာကို မနေ့တုန်းက မတ်လ ၉ ရက်နေ့မှာ ရွာထဲကို လက်နက်ကြီးကျလို့ အရပ်သား နှစ်ယောက် သေဆုံးပြီးတော့၊ လေးယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မနက်မှာ ပြောပါတယ်။ တောင်ယာကို မှီခိုအားထားလုပ်ကိုင်တဲ့ ပွီဝုန်းရွာဟာ အိမ်ခြေ ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။ နေအိမ် ၁၅ လုံးနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ ပွီဝုန်းရွာခံက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ပွီဝုန်းဒေသတစ်ဝိုက် တိုက်ပွဲပြင်းထန်နေတာ အခုဆိုရင် ရက်ပေါင်း ၂၀ ကျော်လာပါပြီ။ တစ်နေ့တည်းမှာပဲ မင်းပြားမြို့နယ်က ဖားပြိုရွာထဲကို လက်နက်ကြီးကျလို့ အရပ်သား ငါးယောက်ဒဏ်ရာရတယ်လို့ ဖားပြိုရွာခံတစ်ယောက်က RFA ကို ပြောပါတယ်။ လက်နက်ကြီးကြောင့် […]

AA ကို ဒုတိယအစိုးရလို့တောင် ထင်ခဲ့တာ နောက်တော့ ရွာအားလုံး ထွက်ပြေးရတာပဲ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၈၊ ၂၀၂၀ ၂၀၁၅ ခုနှစ်ကတည်းက ဘင်္ဂလားနယ်စပ်နဲ့ အိန္ဒိယနယ်စပ်မှာ မြန်မာတပ်မတော်နဲ့ AA စစ်တပ် နှစ်ဘက်တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်ပေါ်က ချင်း၊ ရခိုင်ရွာတွေဟာ ပျက်ဆီးသွားခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့ မီးဇာကျေးရွာထဲကို စစ်ရှောင်ဒုက္ခသည် ထောင်နှင့်ချီ ထွက်ပြေးလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဒုက္ခသည်တချို့ မီးဇာရွာကနေ တခြားရွာတွေကို ပြောင်းရွှေ့သွားကြပါတယ်။ အခုလက်ရှိ မီးဇာရွာမှာ စစ်ရှောင်ဒုက္ခသည်ပေါင်း ၅၀၀ ကျော် ရှိနေပါတယ်။ အင်တာဗျူး – နန်းလွင်နှင်းပွင့်၊ ငြိမ်းဇော် ရိုက်ကူး/တည်းဖြတ် – ငြိမ်းဇော်

ရွာနားလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အမျိုးသမီးငယ်တဦး ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးဝါးကုသနေ

အမ်းမြို့ – ၀၅၊ ၀၃၊ ၂၀၂၀) ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးနားမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာ အမျိုးသမီးငယ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရတဲ့အတွက် အမ်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိကြောင်း ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါ သည်။၀၂၊ ၀၃၊ ၂၀၂၀ရက်နေ့ ညနေ(၅)နာရီအချိန်လောက်တွင် အမ်းမြိ့မြို့နယ် ကစုကိုင်းကျေးရွာအုပ်စု ဂျိတ်ချောင်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ် မစိုးစိုးရီသည် အိမ်ထဲထမင်းဟင်းချက်ပြုပ်နေစဉ် ရွာအနား လက်နက်ကြီးကျည် ကျနောက်ပေါက်ကွဲတဲ့အတွက် ယခုလို ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုသူကဆက်ဆိုသည်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် မစိုးစိုးရီဟာ ညာဖက်ဝမ်းဗိုက်မှာ ထိခိုက်ဒဏ်ရာ ရပြီး အစာအိမ်ကိုလည်းထိမှန်တဲ့အတွက် အရေးပေါ်လူနာအဖြစ် ချက်ချင်းခွဲစိပ်ကုသနေရကြောင်းနှင့် ယခုအခါ အမ်းမြို့ ပြည်သူဆေးရုံမှာ ဆေးဝါးကုသမှုဆက်လက်ခံယူနေလျှက်ရှိကြောင်း သိရပါသည်။ “လက်နက်ကြီးက ဘယ်သူဖက်ကပစ်တာလဲဆိုတာတော့ တိတိကျကျပြောလို့မရဘူး၊ သူတို့ရွာရဲ့ အနားအနားတဝှက်မှာ စစ်တပ်စခန်းလည်းမရှိဘူးပေါ့ […]

ရခိုင်ပြည် လွတ်လပ်ရေး ရရင် တောင်ယာတွေ မလုပ်ခိုင်းတော့ဘူးတဲ့

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော်ပြီ ဖြစ်သည်။ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် စစ်ရှိန် ပိုမြင့်လာခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ပလက်ဝဒေသတွင်း ကုန်းလမ်း၊ ရေလမ်းကြောင်းများ ပြတ်တောက်ကာ စားနပ်ရိက္ခာများပင် အခက်အခဲ ဖြစ်လာကြသည်။ ပလက်ဝမြို့နယ်တွင်းရှိ ရခိုင်နှင့် ခူမီးမျိုးနွယ်စုများ နေထိုင်ကြရာ ရွာများတွင် ရာချီသည့် AA စစ်သားများ လက်နက် များဖြင့် ဝင်ထွက်သွားလာနေကြသဖြင့် အရပ်သားများအကြား ကြောက်ရွံ့စိတ်များ ရှိနေကြသည်ကိုလည်း တွေ့ရ သည်။ AA စစ်သားများ ဝင်ထွက်သွားလာရာ ကျေးရွာများနှင့် အရပ်သားများနှင့် ပြေလည်သည့် ရွာများ ရှိသလို ဆက်ဆံရေး မပြေလည်သည့် ရွာများရှိသည့်အပြင် ခြိမ်းခြောက်ခြင်း၊ […]

,

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို တပ်မတော် ဝင်ရောက်စစ်ဆေး

တပ်မတော်က ရခိုင်မြောက်ပိုင်းတွင် မြို့ပေါ်စစ်ရှောင်စခန်းများကို ပထမဆုံးအကြိမ် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် မြို့အဝင်အထွက်လမ်းမများကို တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်စစ်ဆေးနေသည်ဟု ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။ ယနေ့မနက် ၉ နာရီခန့်က အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းက ရသေ့တောင်မြို့ပေါ် ဓညဝတီဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းတစ်ခုနှင့် ပြိန်းတော စစ်ရှောင်စခန်းတို့ကို ဝင်ရောက်စစ်ဆေးနေသည်ဟု ၎င်းက ဆိုသည်။ “လတ်တလောတော့ စစ်ရှောင်စခန်းတွေကို ဝင်စစ်နေတယ်။ မြို့ထဲမှာလည်း နည်းနည်းပါးပါး စစ်နေတာရှိတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြာရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ […]

ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို မော်ဒိုက်က ICJ တွင် ကြားဖြတ်တရားစွဲဦးမည်

သဟိတ်ဂ်၊ ဖေဖော်ဝါရီ ၂၆ ICJ သို့ ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို တရားစွဲဆိုခြင်း ကြားဖြတ်ကြေညာချက်တစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီးအဗ္ဗဒူလာရှာဟစ်က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် ကြေညာလိုက်သည်။ မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးက ၄၃ ကြိမ်မြောက် UNHRC အစည်းအဝေး ဂျီနီဗာတွင် ကျင်းပစဉ် ကြေညာခဲ့ခြင်း ဖြစ်သည်။ ICJ တွင် တရားရင်ဆိုင်သွားမည့် မော်ဒိုက်နိုင်ငံဘက်မှ ရှေ့နေမှာ မင်းသားကြီးဂျော့ကလူနီ၏ ဇနီး လူ့အခွင့်အရေးရှေ့နေ အေမယ်ကလူနီဖြစ်ကြောင်းလည်း မော်ဒိုက်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။ “ရိုဟင်ဂျာပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူများအား အပြစ်ဒဏ်ခံရစေဖို့ ပြီးခဲ့တဲ့နှစ် မက္ကာမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ OIC က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့အညီ လတ်တလောဆောင်ရွက်ချက်များကို မော်ဒိုက်က ထောက်ပံ့ပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ရှာဟစ်က […]