ရခိုင်နဲ့ ချင်း စစ်ဆင်ရေးတွေရပ်ဖို့ ကုလမဟာမင်းကြီးတောင်းဆို
ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲပြီး စစ်ဆင်ရေးတွေကိုလည်းရပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က တပ်မတော်ကို တောင်းဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံ တခြားဒေသတွေမှာ အပစ်အခတ်ရပ်စဲထားသလိုပဲ ရခိုင်နဲ့ချင်းပြည်နယ် တွေမှာလည်း အလားတူ အပစ်အခတ်ရပ်စဲပြီး နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကိုရပ်ဆိုင်းဖို့ တပ်မတော်ကို ကျမ တောင်းဆိုပါတယ်။” လို့ ဒီကနေ့ ဂျီနီဗာမှာလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၄ ကြိမ်မြောက် အစည်းအဝေးအတွင်း မဟာမင်းကြီး Michelle Bachelet က ပြောသွားတာပါ။ တကမ္ဘာလုံးမှာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုထားတာကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့လည်း မစ္စ Bachelet က ပန်ကြားသွားပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေ အရင်က နေထိုင်သွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ်တွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့လမှာ တပ်မတော်က […]