တပ်မတော်သားနှစ်ဦး၏ ကရင်အမျိုးသမီးအား ပစ်သတ်မှုအပေါ် ထိရောက်စွာအရေးယူပေးရန် ကရင်အဖွဲ့အစည်းများ တောင်းဆို
အပြစ်ပေးတာက ခဏလောက်ပဲ လွတ်ငြိမ်းချမ်းသာ ပေးလိုက်တာပဲ။ အဲဒါမျိုးတွေရှိတာပေါ့။ အဲဒါကြောင့် ပြောရမယ်ဆိုရင် တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအပေါ်တော့ ယုံကြည်စိတ်ချမှု သိပ်မရှိဘူး မိုးမိုး။ အသက်၄၀ အရွယ် ကရင်အမျိုးသမီး နော်မူနော်အား ပစ်သတ်ခံရမှုအတွက် နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှုပြုလုပ်၍ ကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရန် ကရင့်နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းများက မနေ့က သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြသည်။ ၂၀၂၀ ခုနှစ် ဇူလိုင် ၁၆ရက်တွင် စကခ(၈)လက်အောက်ခံ၊ ခြေလျင်တပ်ရင်း (ခမရ-၄၀၉)မှ တပ်သားနှစ်ဦးသည် ခိုသွီးထာ (လှဂွန်းဂျို) ကျေးရွာအခြေစိုက်စခန်းမှ ထွက်လာသော ဖာပွန်ခရိုင် ဒွယ်လိုမြို့နယ် ပိုလိုးထာရွာသူ နော်မူနော်အား အကြောင်းမဲ့ပစ်သတ်သွားပြီး လက်ဝတ်ရတနာများ ချွတ်ယူသွားခဲ့မှုအပေါ် လုံးဝကန့်ကွက်ရှုတ်ချကြောင်း KNU Concerned Group၊ ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ပစ်သတ်ခံရသူ […]