Entries by ndb14

တရားမျှတမှုစာစောင် (ဇူလိုင်၊ ၂၀၂၀ ပြည့်နှစ်)

တရားမျှတမှုစာစောင် (ဇူလိုင်) ယခုလတွင်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘာတူစာချုပ်(NCA) ကိုမသိကျိုးကျွန်ပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ သည်လည်း တိုးတက်ပြောင်းလဲမှုမရှိသည် ကိုတွေ့ရှိရသည်။ ရှမ်းပြည်မြောက် ဘက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ စစ်ရေးလုပ်ရှားမှုတိုးချဲ့လာခြင်းကြောင့် ပဋိပက္ခများ တိုးလာလျက်ရှိပြီး အရပ် သား ပြည်သူများ၏ အခွင့်အရေးမှာလည်း လျစ်လျှူရှုခံနေရဆဲဖြစ်သည်။ ရခိုင်နှင့်ချင်းပြည်နယ်များတွင် ပဋိပက္ခများဆက်လက် ဖြစ်ပွားနေသည်ကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခကြောင့် အခြေခံလိုအပ်ချက်များမရရှိသည့် နေရပ်စွန့်ခွါ ထွက်ပြေးသူများ၏ အရေအတွက်မှာလည်း လျော့နည်းလာမည့် အရိပ်လက္ခဏာ မတွေ့ရဘဲ တိုးလာလျက်ရှိသည်။ COVID-19ကူးစက်ရောဂါကာလအတွင်း လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီပေးရေးများကို တားဆီး ပိတ်ပင်ခြင်းများသည် ပြည်သူများကို ပို၍ဆိုး၀ါးကြပ်တည်းသောအခြေအနေကို     ဖန်တီးစေ ခဲ့သည်။ အစိုးရ၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုထိန်းသိမ်း ရန်အားနည်းလာသည်ကို  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ(UPR)သို့ အခွင့်အရေးလုပ်ရှားသည့်အဖွဲ့အစည်း များဖြစ်သော ND-Burma အပါအ၀င် ALTSEAN […]

မန္တလေးလူငယ်သင်တန်းကျောင်းကို လူ့အခွင့်အရေးကော်မရှင် သွားရောက်စစ်ဆေး

လူငယ်နှစ်ဦးသေဆုံးပြီးနောက် မိခင်ဝန်ကြီးဌာနဖြစ်သည့် လူကယ်ပြန်ဝန်ကြီးဌာနမှ အရာရှိများ ဦးဆောင်သည့် ဌာနတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ဖွဲ့စည်းထားသည်ဟု ဆိုသည် မန္တလေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးပြီး ပြန်လည်ထိန်းသိမ်းခံရသူ လူငယ်ငါးဦးအနက် နှစ်ဦးသေဆုံးခဲ့ပြီးနောက်ပိုင်း သင်တန်းကျောင်းသို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။ လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများက ဖော်ပြမှုကို တွေ့ရှိသဖြင့်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင်နှစ်ဦးသည် မန္တလေးကော်မရှင်ရုံးခွဲတာဝန်ရှိသူအချို့နှင့်အတူ ဩဂုတ် ၇ တွင် လူငယ်သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က Myanmar Now ကို ပြောသည်။ “သူတို့က သွားတာက တကယ်ဘာဖြစ်သွားလဲ အခြေအနေမှန်ကို သိအောင်လုပ်မှာပေါ့။ တိုင်ထားတာတွေ စစ်ဆေးမယ် ဒီအတွက်ပဲ သက်သက်သွားတာဆိုတော့” ဟု ဦးလှမြင့်က ပြောသည်။ မုံရွာမြို့တွင် ၂၀၁၉ ခုနှစ်က လုယက်မှုဖြင့် ဖမ်းဆီးခံရသော […]

ဆုတ်ယုတ်သွားသောအခွင့်အရေးများ

Covid-19 ကူးစက်မြန်ကပ်ရောဂါကူးစက်မူသည် ယခုနှစ်အစတွင် လျှင်မြန်စွာပျံ့နှံ့သွားသည်နှင့်အမျှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဦးဆောင်သည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်က ပြည်သူပြည်သားများ၏ ဘေးကင်းလုံခြုံရေးအ တွက် စိတ်ပူပန်ခြင်းမရှိစေရန် ပြောကြားခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် Covid-19 ကူးစက်မြန်ကပ် ရောဂါ ကူးစက်ခံရသူ နှစ်ဦးကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိ အတည်ပြုသည့်အချိန်မှစ၍ ရောဂါကူးစက်မှု အရေအ တွက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်[1]။ မြန်မာအစိုးရအနေဖြင့် ပြည်သူလူထုအတွက် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနများပါ၀င်သော ကူးစက်ရောဂါ  တားဆီးကာကွယ်ထိန်းချုပ်မှု အစီအစဉ်များနှင့် ကော်မတီ များကို နိုင်ငံတဝှမ်းတွင် အဆင့်ဆင့်ဖွဲ့စည်းကာ တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။

ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဥ်အ တွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း “ဆုတ်ယုတ်သွားသော အခွင့်အရေးများ”

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဥ်အ တွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း “ဆုတ်ယုတ်သွားသော အခွင့်အရေးများ” အမည်ရှိ အစီရင်ခံစာ အကျဥ်းချုပ်ကို ထုတ်ဝေခြင်း။ သတင်းထုတ်ပြန်ချက် ၂၀၂၀ ခုနှစ် သြဂုတ်လ ၇ ရက် တကမ္ဘာလုံးတွင် လူပေါင်း ၁၈ သန်းကျော် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး ကပ်ရောဂါဘေး၏ သက်ရောက်မှုကြောင့် ကမ္ဘာ့နေရာဒေသများတွင် အထိနာမှုများ ရှိပြီး အထိခိုက်အခံရနိုင်ဆုံး လူထုမှာ ကပ်ရောဂါအကြောင်း သတင်းအချက်လက်များ လက်လှမ်းမမီ ဖြစ်ကြရသည်။ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် COVID-19 ကူးစက်ခံရသူ ၂ ဦး မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက် ပဋိပက္ခများဖြစ်ပွားနေသည့် ပြည်နယ်အချို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် […]

မောင်တောတိုက်ပွဲတွင် တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးရမိဟု AA ထုတ်ပြန်

တပ်မတော်ဘက်မှ ၁၆ ဦး ကျဆုံးသည်ဟု AA က ထုတ်ပြန်သော်လည်း ရခိုင်နယ်လုံဝန်ကြီးကမူ လဝကဦးစီးမှူးတစ်ဦး အပါအဝင် တပ်နှင့်ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ခြောက်ဦးသာ ကျဆုံးခဲ့ဟု ပြောသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်တန်းပေါ်၌ ဩဂုတ် ၃ တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲအပြီး တပ်နှင့်ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးရခဲ့ကြောင်း AA က ဩဂုတ် ၄ တွင် ယင်း၏အင်တာနက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ ဘူးသီးတောင်အခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း၂၆၃ မှ ၄၈ နှစ်အရွယ် တပ်ကြပ်ဇော်ဇော်၊ ၃၆ နှစ်အရွယ် တပ်သားရဲနိုင်၊ ၂၇ နှစ်အရွယ် တပ်သားကောင်းထက်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြသည့် ၃၇ နှစ်အရွယ် တပ်ကြပ်သစ်လွင်စိုး၊ ၂၈ နှစ်အရွယ် တပ်ကြပ်ထွန်းကျော်ကျော်နှင့် […]

ရသေ့တောင်မြို့နယ် ချိန်ခါလီရွာ၌ ပျောက်ဆုံးနေသူ၏ ရုပ်အလောင်းတွေ့ရှိ

ဦးထွန်းမောင်စိန် ပျောက်ဆုံးပြီး ၁၈ ရက်အကြာ ၎င်း၏နေအိမ်ဝင်းအတွင်း၌ အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိပြီး ဦးထွန်းမောင်စိန်ဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုသည် ဇူလိုင် ၁၃ တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် ဦးထွန်းမောင်စိန်ဟု ယူဆရသူ၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ၎င်း၏နေအိမ် အိမ်သာကျင်းထဲတွင် တွေ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။ ဦးထွန်းမောင်စိန် ပျောက်ဆုံးနေခဲ့ပြီး ၁၈ ရက်အကြာတွင် ၎င်း၏နေအိမ်ရှိ အိမ်သာကျင်းထဲတွင် ရုပ်အလောင်းတစ်လောင်း ပုပ်ပွလျက်တွေ့ရှိရသဖြင့် ယင်းရုပ်အလောင်းမှာ ဦးထွန်းမောင်စိန်ဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။ “စစ်တပ်က ရွာထဲကိုဝင်လာတဲ့အချိန်မှာ ကျွန်တော့်ယောက္ခမကို ဆိုင်ထဲမှာတွေ့လို့ အိမ်နောက်ဘေးလမ်းဝနားမှာ ပစ်သတ်ခဲ့တာပါ။ အိမ်ရှင်မ ရှေ့မှာ ပစ်သတ်ခဲ့တာ။ အလောင်းကို ကိုယ့်အိမ်ထဲက အိမ်သာတွင်းထဲကနေ […]

ကရင်အမျိုးသမီး အသတ်ခံရမှု တရားမျှတမှုရရေး ဒေသခံများ ဆန္ဒထုတ်ဖော်

By ငြိမ်းငြိမ်း 30 July 2020 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသို နှင့်ဒွယ်လိုး မြို့နယ်များမှ ဒေသခံလူထု ၄၆၀၀ ကျော်က ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ဖာပွန်မြို့နှင့် ကမမောင်း မြို့များသို့ ချီတက်ဆန္ဒပြခဲ့ကြပြီး တရားမျှတမှု နှင့် ၎င်းတို့ဒေသတွင် တပ်မတော်က အရပ်သားများအပေါ် သတ်ဖြတ်မှုများ အဆုံးသတ်ရေးကို တောင်းဆိုခဲ့ကြသည်။ ကျေးရွာပေါင်း ၁၁၄ ရွာမှ ဒေသခံ ရွာသူရွာသားပေါင်း ၄၆၅၀ ဦး တို့က ကြွေးကြော်သံများကို ကြွေးကြော်ရင်း ဖာပွန်နှင့် ကမမောင်း မြို့များသို့ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။ ထို ဆန္ဒပြပွဲသည် တပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ကျေးရွာ ၃၅ ရွာမှ ဒေသခံ […]

ကွတ်ခိုင်ဒေသခံ နှစ်ဦး ရိုက်နှက်ခံရမှုကို အရေးယူပေးဖို့ TNLA ကို ကချင်ပါတီ တောင်းဆို

■ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာ ကချင်တိုင်းရင်းသား နှစ်ဦးကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားနှစ်ဦးက ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ဆေးအရေးယူပေးဖို့နဲ့ ဒေသတွင်းမှာ လူမျိုးဘာသာမရွေး စောင့်ရှောက်ပေးဖို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ဒီနေ့တောင်းဆိုလိုက်ပါတယ်။ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဘက်မှာ ကချင်တိုင်းရင်းသားတွေကို ရိုက်နှက်တာ ဒီအမှုအပါအဝင် လေးခုလောက် ရှိပြီး အကျိုးအကြောင်းမမေးဘဲ အကြောင်းမဲ့ ရိုက်နှက်တာမျိုးတွေ ထပ်ဖြစ်မှာလည်း စိုးရိမ်တယ်လို့ KNC ပါတီ ဥက္ကဋ္ဌ ဦးMကောလက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာ နေထိုင်တဲ့ ကချင်မိသားစု ဦးလရှီးလဗျဆိုင်းနဲ့ ဇနီးကို တိုင်းရင်းသားလက်နက်အဖွဲ့ဖြစ်တဲ့ TNLA တပ်သားနှစ်ဦးက အကြောင်းမဲ့ ရက်စက်စွာ ရိုက်နှက်ခဲ့တာကို စိတ်မကောင်းဖြစ်မိတယ်လို့ KNC ပါတီ […]

,

မြန်မာရဲတပ်ဖွဲ့ကို ကူညီမှုရပ်ဆိုင်းဖို့ ဂျပန်အစိုးရကို HRW တိုက်တွန်း

မိုးမြင့်၊ ဝေမာထွန်း■ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့် အစီအစဉ်ကို ဂျပန်အစိုးရဘက်က ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ နယူးယောက် မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်ကာလ အထိ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မော်တော်ယာဉ်နဲ့ ဆက်သွယ်ရေးသုံးပစ္စည်းတွေဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ကိုးသိန်းသုံးသောင်း လှူဒါန်းမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ HRW က တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က မြန်မာရဲတပ်ဖွဲ့ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေသာမက […]

ရှမ်းနီ ကျောင်းသား ၂ ဦးကို KIA တပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုဖြစ်

By ဇင်လင်းထက် 23 July 2020 စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ပါဟုတ်ကြီးရွာမှ ရှမ်းနီလူမျိုး ကျောင်းသား လူငယ် ၂ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ တပ်ဖွဲ့ဝင် ၅ ဦးက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးတဲ့အခါမှာ KIA ရဲ့တာဝန်ထမ်းဆောင်နေရင်းနဲ့ ဖြစ်တာ မဟုတ်ဘူးလို့ ကျနော် တို့ စစ်ဆေးလို့ရပါတယ်။ သဘောကတော့ ဒီလိုလုပ်ဖို့ KIO ကညွှန်ကြားတာလည်း မရှိပါဘူး။ သူတို့အချင်းချင်း သောက်ရင်းစားရင်း ရန်ဖြစ်ကြတယ်ဆိုတဲ့ စစ်ဆေးချက် ကျနော်တို့ရပါတယ်” ဟု ပြောသည်။ ကျူးလွန်သူများကို စစ်ဆေးမေးမြန်းနေဆဲဖြစ်သဖြင့် ဖြစ်စဉ် အတိအကျကို မသိရသေးကြောင်း၊ စစ်ဆေး မေးမြန်းမှုများ ပြီးစီးပါက ကျူးလွန်သူများကို အရေးယူသွားမည်ဖြစ်ပြီး သေဆုံးသွားသူ ၂ ဦး၏ မိဘများကိုလည်း တောင်းပန်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသတ်ခံလိုက်ရသူများမှာ ပါဟုတ်ကြီးရွာမှ အသက် ၁၇ နှစ်အရွယ် နဝမတန်းကျောင်းသား မောင်ဇော်မျိုးဦး နှင့် မုံရွာတက္ကသိုလ်တွင် အင်္ဂလိပ်စာပထမနှစ် အဝေးသင်တက်ရောက်မည့် မောင်သန့်ဇင်အောင်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူများဖြစ်ကြောင်း မောင်သန့်ဇင်အောင်၏ ဖခင် ဦးအိုက်ဆန်းက ဧရာဝတီသို့ ပြောသည်။ ဦးအိုက်ဆန်း က “မနေ့က (ဇူလိုင် ၂၂ ရက်) မှ ကျနော်တို့ ကြားလိုက်ရတယ်ဗျ။ KIA ဘက်က သူတို့ ဘာသာရေး ဆရာက တဆင့် လက်လွန်သွားပြီဆိုတာကို ချိတ်ဆက်ပြီး ကျနော်တို့ကို ပြောတယ်ဗျ” ဟု ပြောသည်။ မောင်သန့်ဇင်အောင်သည် အမေရိကန် သံရုံးတွင် အင်္ဂလိပ်စကားပြော သင်တန်းတက်ရောက်နေသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သင်တန်းများ ပိတ်ထားချိန်တွင် ၎င်း၏ ဇာတိဖြစ်သော ပါဟုတ်ကြီးရွာ နေအိမ်သို့ ပြန်ရောက်နေသူဖြစ်ပြီး ရန်ကုန်သို့ ဇူလိုင် ၇ ရက်တွင် ပြန်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် ဇူလိုင်လ ၆ ရက်၌ KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၆ ရက် အကြာတွင်မှ KIA ဘက်က သားဖြစ်သူ၏ ဖြစ်ရပ်အပေါ် အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဦးအိုက်ဆန်းက ပြောသည်။ ၎င်းက “ကျနော်တို့ ပါဟုတ်ကြီးရွာက ကုန်းပေါ်နဲ့ အောက်ကျင်းဆိုတာ ရှိတယ်ဗျ။ ကျနော်တို့က ကုန်းပေါ်မှာနေတာ။ ခါတိုင်းလည်း အောက်ကျင်းကို ဆင်းဆင်းသွားနေတာ။ အဲဒါ ခါတိုင်းလည်း ဆင်းနေတာဆိုတော့ ကျနော်လည်း ဘာမှ မပြောလိုက်တော့ဘူးလေ။ အဲဒီနေ့က ရန်ကုန်ပြန်သွားရတော့မယ်ဆိုတော့ သူတို့က နှုတ်ဆက်တဲ့ အနေ နဲ့ ပျော်ပွဲစားထွက်ကြတာပေါ့။ အဲဒီလိုအခါမှာ ဖြစ်တာပဲ” ဟု ပြောပြသည်။ ရှမ်းနီနိုင်ငံရေးပါတီများကမူ ပါဟုတ်ကြီးရွာ အနီးရှိ ဆယ်ဇင်းရွာတွင် KIA တပ်ဖွဲ့ဝင် ၅ ဦး စီးလာသည့်ကားကို ကျောင်းသားများ စီးလာသည့် ဆိုင်ကယ်က တိုက်မိရာမှ အချင်းများပြီး ရန်ပွဲဖြစ်ပွားကာ လူငယ် ၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ ဦးအိုက်ဆန်း က “တယောက်နဲ့ တယောက် စကားပြောကြဆိုကြရင်းနဲ့ သူတို့ကလည်း ယူနီဖောင်းနဲ့ မဟုတ်တဲ့ အခါကျတော့ အရပ်သား အချင်းချင်းလိုမျိုးဖြစ်တော့ ကလေးတွေက ထိုးလိုက်ကြိတ်လိုက်တာလိုမျိုး ဖြစ်တယ်ဗျ။ သူတို့ ကလည်း လူများတဲ့အခါမှာ ကျနော်သားကလည်း ၁ ယောက်၊ ၂ ယောက်နဲ့ဆိုတော့ မဖြစ်နိုင်ဘူးလေ။ အဲဒီနေ့ ကပဲ တခါတည်း ပွဲချင်းပြီး ဖြစ်သွားသလားတော့ မသိဘူး” ဟု ဆိုသည်။ KIA ဘက်ကမူ လူသတ်မှု ကျူးလွန်သည့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားပြီး အမှုဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။ အသတ်ခံရသူ မောင်သန့်ဇင်အောင်၏ ဖခင်ဖြစ်သူ ဦးအိုက်ဆန်း ကမူ သားဖြစ်သူ၏ အလောင်းကို ပြန်လိုချင်ကြောင်း ပြောသည်။ “ပထမအချက်က ကျနော့်သားရဲ့ အလောင်းကို ပြန်ရချင်တယ်ဗျ။ ပြီးရင်တော့ ဗုဒ္ဓဘာသာ အနေနဲ့ ကောင်းမှု ကုသိုလ် လုပ်ချင်တာပေါ့။ လက်ရှိကတော့ ကလေးရဲ့ အလောင်းကို မမြင်ရသေးဘူး။ မတွေ့ရသေးတဲ့ အခါ ကျတော့ ဘာသာရေးနဲ့ ပတ်သက်လို့ ဘာမှကို မလုပ်နိုင်တာ” ဟု ဦးအိုက်ဆန်း က ဆိုသည်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ “ကျနော်တို့ မူအားဖြင့်တော့ အလောင်းပြန်ပေးလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့ပိုင်းမှာတော့ ကျနော်လည်း ပြောလို့မရဘူး။ သူတို့ အလောင်းကို ဘယ်လို လုပ်လိုက်တယ် ဆိုတာက ကျနော်လည်း သဲသဲကွဲကွဲမသိဘူး” ဟု ပြောသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှမ်းနီနိုင်ငံရေးပါတီ ၂ ခုဖြစ်သော တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) နှင့် ရှမ်းနီ (တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ (SSP) တို့က KIA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို ဇူလိုင်လ၂၃ ရက်တွင် ကြေညာချက်များ အသီးသီး ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။ TNDP ပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကလည်း KIA တပ်ဖွဲ့ဝင်များသည် ရှမ်းနီလူမျိုးများအား အနိုင်ကျင့် သတ်ဖြတ်မှုများကို ယခုမှ ဆောင်ရွက်ခြင်းမဟုတ်ဘဲ KIA တပ်ဖွဲ့ တည်ထောင်စဉ်ကတည်းကပင် ဆောင်ရွက် နေခြင်း ဖြစ်သည်ဟုဆိုသည်။ ၎င်းက “ဒါမျိုးတွေ ဖြစ်နေရင် ပြဿနာက ပိုကြီးလာနိုင်တယ်လေ။ သူတို့ဘက်ကလည်း တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးကို ရှေးရှုပြီးတော့မှ လုပ်တဲ့သူကို နောင်ကျဉ်အောင် အရေးယူဖို့လိုသလို နောင်ကိုဘယ်တော့မှ မလုပ်ဖို့ကိုလည်း သူတို့အနေနဲ့ ဆင်ခြင်ဖို့လိုပါတယ်” ဟု ပြောသည်။ KIA ဘက်ကမူ ကျောင်းသားလူငယ် ၂ ဦး အသတ်ခံရမှုသည် ကျူးလွန်သူ လူတဦးချင်းနှင့်သာ ဆိုင်သည့် ပြဿနာဖြစ်ပြီး ရှမ်းနီနှင့် ကချင်လူမျိုးများအကြား ဖြစ်သည့် ပြဿနာမဟုတ်ဟု ပြောဆိုထားသည်။ ဧရာဝတီသတင်း