Entries by ndb14

၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်အရေးနှင့် ပတ်သက်သည့် သတင်းသုံးသပ်ချက်

၃။       တွေ့ရှိချက်များ ************** ၃.၁. နိုင်ငံရေးဆိုင်ရာ တွေ့ရှိချက်များ ———————————– (၁)      ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရေး – ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်ရှိ ဒေသတချို့အား ချန်လှပ်၍ မြန်မာတစ်နိုင်ငံ လုံးရှိ မြို့နယ်ပေါင်း (၃၃၀) ၌ ကျင်းပမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ ၂၀၂၀ တွင် လွတ်လပ်ပြီး   တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေ ရန် အတွက် နိုင်ငံရေးပါတီ (၃၀) မှ အချက် (၁၂) ချက်အား   ဆွေးနွေးရန် တွေ့ဆုံခွင့် အတွက် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော်သမ္မတရုံး နှင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ တောင်းခံစာ […]

,

ရှမ်းမြောက်တွင် အရပ်သားသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား

ကျောက်မဲမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လေးဦး၏ စုံစမ်းစစ်ဆေးမှုများအရ တပ်မတော်စစ်ကြောင်းက အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကျေးရွာသား တစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးရန် ကျောက်မဲမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင် ၁ တွင် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပို့ထားသည်။ ပြီးခဲ့သည့် ဇွန် ၂၇ နှင့် ၂၈ ရက်များတွင် ကျောက်မဲမြို့နယ် ၊ ဟဲကွီကျေးရွာအုပ်စုအတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဇွန် ၂၈ က ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး အခြားရွာသားများ ထွက်ပြေးနေချိန် ရွာထဲတွင် ပုန်းအောင်းကျန်ရှိနေသည့် အသက် ၆၀ အရွယ် ဦးလုံးဆုကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က Myanmar […]

,

ဂူတာပြင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရာရှိကြီးတစ်ဦး အပါအဝင် ၃ ဦးကို စစ်တရားရုံးက ပြစ်ဒဏ်ချ

ဂူတာပြင်ဖြစ်စဉ်ကို စစ်တရားရုံးနဲ့ စစ်ဆေးရာမှာ အရာရှိကြီးတစ်ဦးအပါအဝင် ၃ ဦးကို သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ချက်တွေကို အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဇွန် ၃၀ ရက်မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်မှာ အရာရှိကြီးတစ်ဦး၊ အရာရှိတစ်ဦးနဲ့ အခြားအဆင့် စစ်သည်တစ်ဦးတို့ကို သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်တာတွေ အတည်ပြုထားပြီဖြစ်တယ်လို့ ပါရှိပါတယ်။ ဒီဖြစ်စဉ်ကို စစ်တရားရုံးကနေ သက်သေစုံလင်စွာနဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး၂၀၂၀ ဧပြီ ၃၀ ရက်မှာ စစ်ဆေးပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုထုတ်ပြန်ချက်မှာ ပြစ်ဒဏ်တွေဘယ်လောက်ချမှတ်တယ်ဆိုတာနဲ့ အရေးယူခံရတဲ့ အရာရှိအပါအဝင် ၃ ဦးဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာတော့ မပါရှိသေးပါဘူး။ စစ်ဆေးစီရင်မှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင်ရဲ့ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်သွားမယ်လို့တော့ ထုတ်ပြန်ချက်မှာထည့်သွင်းထားပါတယ်။ ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာမှာ လူသေအလောင်းအများအပြားတွေ့ရှိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး […]

ရခိုင်နဲ့ ချင်း စစ်ဆင်ရေးတွေရပ်ဖို့ ကုလမဟာမင်းကြီးတောင်းဆို

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲပြီး စစ်ဆင်ရေးတွေကိုလည်းရပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က တပ်မတော်ကို တောင်းဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံ တခြားဒေသတွေမှာ အပစ်အခတ်ရပ်စဲထားသလိုပဲ ရခိုင်နဲ့ချင်းပြည်နယ် တွေမှာလည်း အလားတူ အပစ်အခတ်ရပ်စဲပြီး နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကိုရပ်ဆိုင်းဖို့ တပ်မတော်ကို ကျမ တောင်းဆိုပါတယ်။” လို့ ဒီကနေ့ ဂျီနီဗာမှာလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၄ ကြိမ်မြောက် အစည်းအဝေးအတွင်း မဟာမင်းကြီး Michelle Bachelet က ပြောသွားတာပါ။ တကမ္ဘာလုံးမှာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုထားတာကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့လည်း မစ္စ Bachelet က ပန်ကြားသွားပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေ အရင်က နေထိုင်သွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ်တွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့လမှာ တပ်မတော်က […]

အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့

အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့ ၂၀၂၀ခုနှစ်၊ ဇွန်လ၊ ၂၆ရက်နေ့ တရားမျှတမှုရရှိရေး၊   ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရ ဓလေ့အား ရပ်တန့်ပေး ယနေ့  ၂၀၂၀ ခုနှစ် ဇွန်လ ၂၆ရက် ကျရောက်သော  အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့ကို  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO) နှင့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (AJAR)တို့မှ ပူးပေါင်းပြီး ညှဉ်းပန်းနှိပ်စက်မှုများကို အဆုံးသတ်ရန်နှင့် အသက်ရှင်လွတ်မြောက်လာသူများအတွက် အားလုံးအတွက် လွှမ်းခြုံနိုင်သော ပြန်လည်အစားထိုးကုစားခြင်းလုပ်ငန်းစဉ်များနှင့် တရားမျှတမှု လုပ်ငန်းစဉ်များ ဖေါ်ဆောင်ရန် သက်ဆိုင်သူအားလုံးအား တိုက်တွန်းလိုက်ပါသည်။ ယခုအခါ Corona Virus, Covid-19 ကမ္ဘာ့ကပ်ရောဂါ ဆိုက်ရောက်မှုကြောင့် အခမ်းအနားများ၊ လှုပ်ရှားမှုများ  ပြုလုပ်ရန် အခက်အခဲများစွာရှိသဖြင့် မြန်မာနိုင်ငံတွင် […]

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ချ

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ဒီကနေ့ပဲ တခဲနက် အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) က ကမကထလုပ် တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၈ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်မှု မရှိဘူးဆိုပြီး ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံခြင်းအပေါ် ဆုံးဖြတ်ချက် ချမှတ်မှုကို ကန့်ကွက်ကြောင်းနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အပြုသဘောဆောင်ဖို့ ဘက်လိုက်မှုကင်းဖို့တွေ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ EU ရဲ့ ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး […]

အချက်အလက် စီမံခန့်ခွဲရေးမှူး မန်နေဂျာ အလုပ်လျှောက်လွှာ ခေါ်ယူခြင်း

အလုပ်လျှောက်လွှာ ခေါ်ယူခြင်း သို့/ အဖွဲ့ဝင် အဖွဲ့အစည်း ခေါင်းဆောင်များ အကြောင်းအရာ။ ။ အလုပ်လျှောက်လွှာ ခေါ်ယူခြင်း

ဘဏ္ဍာရေးအရာရှိ အလုပ်လျှောက်လွှာခေါ်ယူခြင်း

အကြောင်းအရာ။ ။ အလုပ်လျှောက်လွှာခေါ်ယူခြင်း အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ ဘဏ္ဍာရေးအရာရှိ (Finance Officer) လျှောက် လွှာခေါ်ယူခြင်း။