Entries by ndb14

ရခိုင်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်ရှိလာကြောင်း UNOCHA ပြော

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် (၁၆၆,၀၀၀) ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့ မတ်လအထိ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းငါးသောင်း ခုနစ်ထောင်ခန့် ရှိရာကနေ တစ်လခန့်အတွင်း နောက်ထပ်ဒုက္ခသည် တစ်သောင်းနီးပါး တိုးလာတာပါ။ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ ရခိုင်ပြည်နယ်ထဲမှာ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပြီး ပူပြင်းတဲ့ရာသီမှာ နေစရာနေရာ အခက်အခဲရှိနေတယ်လို့ RFA ကို ပြောပါတယ်။ “တချို့ရွာတွေမှာ နေစရာနေရာမရှိလို့ ကားလမ်းဘေးတွေ၊ ရထားလမ်းဘေးတွေ၊ တောင်ကြားတွေမှာ တဲထိုးပြီးနေရတယ်။ တော်တော်လေး စိတ်ဆင်းရဲဖို့ ကောင်းပါတယ်” ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဧပြီလ(၂၂)ရက်မှ (၃၀) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၂)ရက်မှ (၃၀)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဧပြီ (၂၂)ရက်နေ့မှ (၃၀)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် စစ်အာဏာရှင်တပ်သား များက ပြည်သူများကို စစ်မှုထမ်း အပတ်စဉ်(၂) အတွက် အတင်းအကြပ် ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံ ခြင်း များ ပြုလုပ်လျှက်ရှိသည်။ စစ်အာဏာရှင် တပ်သားများက မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် […]

မြဝတီစစ်ဘေးဒုက္ခသည်တွေ သောင်ရင်းမြစ်ဘေးမှာ ရွက်ဖျင်တဲနဲ့ နေထိုင်နေရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဧပြီ ၂၁ ရက်မှာ ပစ်ခတ်သံတွေ ငြိမ်သက်နေတာကြောင့် စစ်ဘေးဒုက္ခသည် ပြည်သူအချို့ဟာ နေရပ်ကို ပြန်နေကြပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် မနေရဲတော့ဘဲ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ရပြီး အခြေအနေတွေ ငြိမ်သက်နေတာကြောင့် မြဝတီကို ပြန်ကူးလာတာလို့ မြဝတီရောက်နေတဲ့ ရန်ကုန်ဒေသခံတစ်ဦးက ဆိုပါတယ်။ “ဒီနေ့က မနက်ပိုင်း နည်းနည်းပစ်တယ်။ ဒီဘက်မှာ KNU တပ်သားတွေလို့တော့ ထင်တာပဲ။ ကျွန်တော်တို့က သေချာမသွားရဲတော့ မကြည့်ဘူး။ အဲဒီတပ်သားတွေ ရှိတဲ့အချိန်တော့ ပစ်တယ်။ ပြီးတော့ ဆယ်နာရီလောက်ကျတော့ သူတို့လည်း မရှိတော့ဘူး။ ဟိုဘက်ကလည်း အခုအချိန်ထိတော့ လေယာဉ်နဲ့ လာမပစ်သေးဘူး။ မနေ့က နေ့လည် ၃ နာရီနဲ့ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဧပြီလ(၁၅)ရက်မှ (၂၁) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဧပြီ (၁၅)ရက်နေ့မှ (၂၁)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့သည်။ ကရင်ပြည်နယ်တွင် စစ်အာဏာရှင်တပ်က ဓာတုအဆိပ်ဗုံး အသုံးပြုခြင်းများ ရှိခဲ့သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်တွင် စစ်အာဏာရှင်တပ်သားများနှင့် ရဲများ ဝင်ရောက်ပစ်ခတ်မှုကြောင့် နိုင်ငံရေး အကျဉ်းသား (၂)ဦး အပါအဝင် (၄)ဦး သေဆုံးခဲ့သည်။ စစ်အာဏာရှင်တပ်က ပဲခူးတိုင်းဒေသကြီး ပေါင်းတည် မြို့မှ စစ်မှုမထမ်း လိုသော လူငယ်ကို အမှုဖွင့်ခြင်း၊ မိခင်ကို ဓားစာခံ […]

လူမျိုးရေးပဋိပက္ခ ဖန်တီးနေတာကို သတိထားဖို့ NUG ပြော

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ လက်နက်ကိုင်ခိုင်းပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။‌ လူထုအကြား လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်လာအောင် ရည်ရွယ်ချက်နဲ့ ရက္ခိုင့်တပ်တော် (AA) ကို ရိုဟင်ဂျာလူမျိုးစုတွေက ကန့်ကွက်ဆန္ဒပြပွဲတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့လည်း ပြောထားပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့တိုင်းရင်းသားလူထုတွေအနေနဲ့ သတိရှိရှိနဲ့ လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။ “အဓိကကတော့ နှစ်ဖက်လူထုက ဒီနေရာမှာအရေးကြီးဆုံးပဲ။ စစ်ကောင်စီကတော့ နိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူလူထုတွေကို နည်းမျိုးစုံနဲ့အသုံးချဖို့ ကြိုးစားနေတယ်။ ရခိုင်ပြည်နယ်မှာတော့အဆိုးရွားဆုံးပေါ့လေ။ နှစ်ဖက်မှာ နဂိုကတည်းက လူမျိုးရေး ဘာသာရေးအသွင်သဏ္ဌာန်ဆောင်တဲ့ အရာတွေကိုအရင်တုန်းက သူတို့ လုပ်ဆောင်နိုင်ခဲ့တာရှိတော့ ဒါကိုအရင်းခံပြီး ပိုမိုလှုပ်ရှားတဲ့သဘောပေ့ါ။” ရခိုင်ပြည်နယ်အတွင်း […]

စစ်ကြောင်းကြောင့် မုံရွာမြို့နယ်မှာ လူငါးထောင်ခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာသုံးရွာက ဒေသခံ ငါးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်တဲ့ဒေသခံတွေက ဧပြီလ ၁၈ ရက် ဒီနေ့မှာ ပြောပါတယ်။ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ အရာတော်မြို့နယ်ကနေ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျောက္ကာ၊ ထနောင်းဝင်းနဲ့ ရွာတုံရွာတို့က ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာတဲ့ အဲဒီစစ်ကြောင်းဟာ ဧပြီလ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းအချိန်အထိ ထနောင်းဝင်းရွာမှာ ရှိနေသေးတာကြောင့် ဒေသခံတွေ ရွာထဲပြန်မဝင်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထနောင်းဝင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။ “မနေ့ညက ကျောက္ကာရွာမှာ ညအိပ်ပြီး ဒီနေ့မနက် […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဧပြီလ(၈)ရက်မှ (၁၄) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဧပြီလ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဧပြီ (၈)ရက်နေ့မှ (၁၄)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ကယားပြည်နယ် လွိုင်ကော်ထောင်၊ မွန်ပြည်နယ် ကျိုက်မရောထောင်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ထောင် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင် တို့တွင် စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသားများ ကို အာဏာပြ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အနေဖြင့် ဆေးကုသခွင့် လုံလောက်စွာ ရရှိရန် လိုအပ်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်က […]

,

စစ်သုံ့ပန်းတွေရဲ့ သဘောထားအတိုင်း ဆောင်ရွက်မယ်လို့ KNU ပြော

မြဝတီမြို့အနောက်ဘက် ၁၀ မိုင်ကျော်အကွာမှာရှိတဲ့ သင်္ဃန်းညီနောင် တပ်ရင်းဌာနချုပ်ကနေ စစ်သုံ့ပန် ၆၀၀ ကျော်ဟာ ဧပြီလ ၆ ရက်နေ့ နေ့လည်ပိုင်းက ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) နဲ့ ကာကွယ်ရေးတပ်တွေဆီမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။ စစ်ကောင်စီဟာ စစ်သုံ့ပန်းတွေကို မဲဆောက်ကတဆင့် ထိုင်းနိုင်ငံ အကူအညီနဲ့ ပြန်ခေါ်ထုတ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်သုံ့ပန်တွေကို KNU က ပြန်မလွှတ်ဘဲ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းဟာ မှားယွင်းနေကြောင်းနဲ့ ကာယကံရှင်တွေရဲ့ သဘောဆန္ဒမပါဝင်ဘဲ ဘယ်သူ့ကိုမှ စစ်ကောင်စီထံကို ပြန်လည်ပေးပို့မှာ မဟုတ်ဘူးလို့ ကရင်သတင်းမီဒီယာ တခုဖြစ်တဲ့ KIC သတင်းဌာနမှာ ပြန်လည် ဖြေကြားထားပါတယ်။ လက်ရှိအချိန် တော်လှန်ရေးအင်အားစုတွေက မြဝတီမြို့ကို ထိန်းချုပ်ထားနိုင်ပေမယ့်၊ စစ်ကောင်စီက […]

မြန်မာမှာ နိုင်ငံတကာရာဇဝတ်မှု သက်သေအထောက်အထားတွေ တိုးလာနေ

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစတဲ့ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့ သက်သေအထောက်အထားတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီနေ့ပြောဆိုလိုက်ပါတယ်။ ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေး အပြစ်ပေးနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့(IIMM) က ကြိုးပမ်းနေတာဖြစ်ပြီး၊ အဖွဲ့အစည်းအသီးသီးကနေ ပေးပို့လာတဲ့ အချက်အလက်ပေါင်း ၂၈ သန်းနီးပါး ရရှိထားတယ်လို့ ဆိုပါတယ်။ IIMM အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို လာမယ့်လမှာ နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ အာဂျင်တီးနားတရားရုံးအပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေကို ပေးပို့သွားမယ်လို့လည်း ပြောထားပါတယ်။ IIMM အဖွဲ့ခေါင်းဆောင် နီကိုလတ်စ်ခွန်ဂျန်က “ကျူးလွန်သူတွေဟာ သူတို့လုပ်ရပ်အတွက် တာဝန်ယူဖြေရှင်းရလိမ့်မယ်” လို့ ပြောပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ လေကြောင်းသုံးတိုက်ခိုက်မှု၊ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဧပြီလ(၁)ရက်မှ (၇) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဧပြီ (၁)ရက်နေ့မှ (၇)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ အကျဉ်းထောင်တွင် စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီး ဌာနက နိုင်ငံ‌ရေး အကျဉ်းသားများကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား (၁၈)ဦးကို ထောင်စည်းကမ်းဖောက်ဖျက်မှုနဲ့ ထပ်တိုးပြစ်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးအင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၂)ဦး ဆေးကုသခွင့်ရရန် […]