Entries by ndb14

ကျောက်တော်မြို့နယ်တွင် ဈေးရောင်းသူတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

တပ်မတော်စစ်ကြောင်းက ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း တိတိကျကျ မမြင်ရသည့်အတွက် သုံးသပ်ရန်ခက်ခဲကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဈေးရောင်းသူတစ်ဦး သြဂုတ် ၃၁ ညနေပိုင်းတွင် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။ ကျောက်တော်မြို့တောင်ဘက် နှစ်မိုင်ခန့်ဝေးသည့် ကျောက်ဂူစုကျေးရွာတွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် ဦးစိန်သာအောင်သည် ဘေးရွာဖြစ်သည့် အလယ်ကျွန်းကျေးရွာမှ ဖုန်းဆက်ဈေးဝယ်သောကြောင့် သွားပို့ပြီး အပြန်လမ်းတွင် သေနတ်ပစ်ခံရခြင်းဖြစ်သည်။ သေနတ်ဒဏ်ရာကြောင့် နေအိမ်ပြန်ရောက်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးခဲ့ကြောင်း ညီဖြစ်သူက Myanmar Now ကိုပြောသည်။ “ဖြစ်တာက သူက အရက်ဆိုင်ဖွင့်ပြီး ရောင်းစားတယ်။ တစ်ယောက်က ဖုန်းနဲ့ အရက်မှာတယ်ထင်တယ်။ အရက်ပို့ပြီးပြန်လာတဲ့အချိန်မှာ ပစ်ခံတာ။ အလယ်ကျွန်းရွာအရောက် သွားပို့တာလည်း မဟုတ်ဘူး။ ကိုယ့်ရွာမှာပါ။ […]

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ AAPPB နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ AAPPB နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန် မြန်မာနိုင်ငံတဝန်း ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစောင်ကို AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ AAPP နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ သုတေသနပြု ထုတ်ပြန်လိုက်ပြီး စာမျက်နှာ ၁၅၁ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြီး သုံးသပ်ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့်လည်း နိုင်ငံတွင်း တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီလို ပဋိပက္ခတွေအတွင်း နေထိုင်နေကြတဲ့သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ခံနေရဆဲ […]

၂၀၂၀ ခုနှစ်၊ ဧပြီလမှ ဇူလိုင်အထိ ရခိုင်ပြည်တွင်း COVID-19 ဆိုင်ရာ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များ

၁. ဖြန့်ဝေရသည့် ရည်ရွယ်ချက်————————အရေးပေါ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံကိန်းများချမှတ်ရာတွင် မူဝါဒရေးဆွဲသူများ အနေဖြင့် အနေဖြင့် ကိုးကားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်တွင်း COVID-19 ကပ်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC) မှ ၂၀၂၀ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ထုတ်ဝေခဲ့သော တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြန်လည်ကောက်နှုတ်၍ (၂၀.၀၈.၂၀) ရက်နေ့တွင် ပြန်လည် ဖြန့်ဝေသည်။၂. COVID-19 ဆိုင်ရာ တွေ့ရှိချက်များ————————————-၂.၁. ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း COVID-19 ဆိုင်ရာ တွေ့ရှိချက်များ(၁) ရခိုင်ပြည်အတွင်းရှိ စစ်ဘေးဒုက္ခသည် စခန်းတချို့တွင် ရေရှားပါးမှု ပြဿနာကြောင့် Covid–19 ရောဂါအား ကာကွယ် နိုင်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်။(၂) […]

တရားမျှတမှုစာစောင် (ဇူလိုင်၊ ၂၀၂၀ ပြည့်နှစ်)

တရားမျှတမှုစာစောင် (ဇူလိုင်) ယခုလတွင်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘာတူစာချုပ်(NCA) ကိုမသိကျိုးကျွန်ပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ သည်လည်း တိုးတက်ပြောင်းလဲမှုမရှိသည် ကိုတွေ့ရှိရသည်။ ရှမ်းပြည်မြောက် ဘက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ စစ်ရေးလုပ်ရှားမှုတိုးချဲ့လာခြင်းကြောင့် ပဋိပက္ခများ တိုးလာလျက်ရှိပြီး အရပ် သား ပြည်သူများ၏ အခွင့်အရေးမှာလည်း လျစ်လျှူရှုခံနေရဆဲဖြစ်သည်။ ရခိုင်နှင့်ချင်းပြည်နယ်များတွင် ပဋိပက္ခများဆက်လက် ဖြစ်ပွားနေသည်ကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခကြောင့် အခြေခံလိုအပ်ချက်များမရရှိသည့် နေရပ်စွန့်ခွါ ထွက်ပြေးသူများ၏ အရေအတွက်မှာလည်း လျော့နည်းလာမည့် အရိပ်လက္ခဏာ မတွေ့ရဘဲ တိုးလာလျက်ရှိသည်။ COVID-19ကူးစက်ရောဂါကာလအတွင်း လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီပေးရေးများကို တားဆီး ပိတ်ပင်ခြင်းများသည် ပြည်သူများကို ပို၍ဆိုး၀ါးကြပ်တည်းသောအခြေအနေကို     ဖန်တီးစေ ခဲ့သည်။ အစိုးရ၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုထိန်းသိမ်း ရန်အားနည်းလာသည်ကို  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ(UPR)သို့ အခွင့်အရေးလုပ်ရှားသည့်အဖွဲ့အစည်း များဖြစ်သော ND-Burma အပါအ၀င် ALTSEAN […]

မန္တလေးလူငယ်သင်တန်းကျောင်းကို လူ့အခွင့်အရေးကော်မရှင် သွားရောက်စစ်ဆေး

လူငယ်နှစ်ဦးသေဆုံးပြီးနောက် မိခင်ဝန်ကြီးဌာနဖြစ်သည့် လူကယ်ပြန်ဝန်ကြီးဌာနမှ အရာရှိများ ဦးဆောင်သည့် ဌာနတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ဖွဲ့စည်းထားသည်ဟု ဆိုသည် မန္တလေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးပြီး ပြန်လည်ထိန်းသိမ်းခံရသူ လူငယ်ငါးဦးအနက် နှစ်ဦးသေဆုံးခဲ့ပြီးနောက်ပိုင်း သင်တန်းကျောင်းသို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။ လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများက ဖော်ပြမှုကို တွေ့ရှိသဖြင့်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင်နှစ်ဦးသည် မန္တလေးကော်မရှင်ရုံးခွဲတာဝန်ရှိသူအချို့နှင့်အတူ ဩဂုတ် ၇ တွင် လူငယ်သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က Myanmar Now ကို ပြောသည်။ “သူတို့က သွားတာက တကယ်ဘာဖြစ်သွားလဲ အခြေအနေမှန်ကို သိအောင်လုပ်မှာပေါ့။ တိုင်ထားတာတွေ စစ်ဆေးမယ် ဒီအတွက်ပဲ သက်သက်သွားတာဆိုတော့” ဟု ဦးလှမြင့်က ပြောသည်။ မုံရွာမြို့တွင် ၂၀၁၉ ခုနှစ်က လုယက်မှုဖြင့် ဖမ်းဆီးခံရသော […]

ဆုတ်ယုတ်သွားသောအခွင့်အရေးများ

Covid-19 ကူးစက်မြန်ကပ်ရောဂါကူးစက်မူသည် ယခုနှစ်အစတွင် လျှင်မြန်စွာပျံ့နှံ့သွားသည်နှင့်အမျှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဦးဆောင်သည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်က ပြည်သူပြည်သားများ၏ ဘေးကင်းလုံခြုံရေးအ တွက် စိတ်ပူပန်ခြင်းမရှိစေရန် ပြောကြားခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် Covid-19 ကူးစက်မြန်ကပ် ရောဂါ ကူးစက်ခံရသူ နှစ်ဦးကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိ အတည်ပြုသည့်အချိန်မှစ၍ ရောဂါကူးစက်မှု အရေအ တွက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်[1]။ မြန်မာအစိုးရအနေဖြင့် ပြည်သူလူထုအတွက် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနများပါ၀င်သော ကူးစက်ရောဂါ  တားဆီးကာကွယ်ထိန်းချုပ်မှု အစီအစဉ်များနှင့် ကော်မတီ များကို နိုင်ငံတဝှမ်းတွင် အဆင့်ဆင့်ဖွဲ့စည်းကာ တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။

ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဥ်အ တွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း “ဆုတ်ယုတ်သွားသော အခွင့်အရေးများ”

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဥ်အ တွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း “ဆုတ်ယုတ်သွားသော အခွင့်အရေးများ” အမည်ရှိ အစီရင်ခံစာ အကျဥ်းချုပ်ကို ထုတ်ဝေခြင်း။ သတင်းထုတ်ပြန်ချက် ၂၀၂၀ ခုနှစ် သြဂုတ်လ ၇ ရက် တကမ္ဘာလုံးတွင် လူပေါင်း ၁၈ သန်းကျော် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး ကပ်ရောဂါဘေး၏ သက်ရောက်မှုကြောင့် ကမ္ဘာ့နေရာဒေသများတွင် အထိနာမှုများ ရှိပြီး အထိခိုက်အခံရနိုင်ဆုံး လူထုမှာ ကပ်ရောဂါအကြောင်း သတင်းအချက်လက်များ လက်လှမ်းမမီ ဖြစ်ကြရသည်။ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် COVID-19 ကူးစက်ခံရသူ ၂ ဦး မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက် ပဋိပက္ခများဖြစ်ပွားနေသည့် ပြည်နယ်အချို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် […]

မောင်တောတိုက်ပွဲတွင် တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးရမိဟု AA ထုတ်ပြန်

တပ်မတော်ဘက်မှ ၁၆ ဦး ကျဆုံးသည်ဟု AA က ထုတ်ပြန်သော်လည်း ရခိုင်နယ်လုံဝန်ကြီးကမူ လဝကဦးစီးမှူးတစ်ဦး အပါအဝင် တပ်နှင့်ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ခြောက်ဦးသာ ကျဆုံးခဲ့ဟု ပြောသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်တန်းပေါ်၌ ဩဂုတ် ၃ တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲအပြီး တပ်နှင့်ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးရခဲ့ကြောင်း AA က ဩဂုတ် ၄ တွင် ယင်း၏အင်တာနက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ ဘူးသီးတောင်အခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း၂၆၃ မှ ၄၈ နှစ်အရွယ် တပ်ကြပ်ဇော်ဇော်၊ ၃၆ နှစ်အရွယ် တပ်သားရဲနိုင်၊ ၂၇ နှစ်အရွယ် တပ်သားကောင်းထက်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြသည့် ၃၇ နှစ်အရွယ် တပ်ကြပ်သစ်လွင်စိုး၊ ၂၈ နှစ်အရွယ် တပ်ကြပ်ထွန်းကျော်ကျော်နှင့် […]

ရသေ့တောင်မြို့နယ် ချိန်ခါလီရွာ၌ ပျောက်ဆုံးနေသူ၏ ရုပ်အလောင်းတွေ့ရှိ

ဦးထွန်းမောင်စိန် ပျောက်ဆုံးပြီး ၁၈ ရက်အကြာ ၎င်း၏နေအိမ်ဝင်းအတွင်း၌ အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိပြီး ဦးထွန်းမောင်စိန်ဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုသည် ဇူလိုင် ၁၃ တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် ဦးထွန်းမောင်စိန်ဟု ယူဆရသူ၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ၎င်း၏နေအိမ် အိမ်သာကျင်းထဲတွင် တွေ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။ ဦးထွန်းမောင်စိန် ပျောက်ဆုံးနေခဲ့ပြီး ၁၈ ရက်အကြာတွင် ၎င်း၏နေအိမ်ရှိ အိမ်သာကျင်းထဲတွင် ရုပ်အလောင်းတစ်လောင်း ပုပ်ပွလျက်တွေ့ရှိရသဖြင့် ယင်းရုပ်အလောင်းမှာ ဦးထွန်းမောင်စိန်ဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။ “စစ်တပ်က ရွာထဲကိုဝင်လာတဲ့အချိန်မှာ ကျွန်တော့်ယောက္ခမကို ဆိုင်ထဲမှာတွေ့လို့ အိမ်နောက်ဘေးလမ်းဝနားမှာ ပစ်သတ်ခဲ့တာပါ။ အိမ်ရှင်မ ရှေ့မှာ ပစ်သတ်ခဲ့တာ။ အလောင်းကို ကိုယ့်အိမ်ထဲက အိမ်သာတွင်းထဲကနေ […]

ကရင်အမျိုးသမီး အသတ်ခံရမှု တရားမျှတမှုရရေး ဒေသခံများ ဆန္ဒထုတ်ဖော်

By ငြိမ်းငြိမ်း 30 July 2020 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသို နှင့်ဒွယ်လိုး မြို့နယ်များမှ ဒေသခံလူထု ၄၆၀၀ ကျော်က ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ဖာပွန်မြို့နှင့် ကမမောင်း မြို့များသို့ ချီတက်ဆန္ဒပြခဲ့ကြပြီး တရားမျှတမှု နှင့် ၎င်းတို့ဒေသတွင် တပ်မတော်က အရပ်သားများအပေါ် သတ်ဖြတ်မှုများ အဆုံးသတ်ရေးကို တောင်းဆိုခဲ့ကြသည်။ ကျေးရွာပေါင်း ၁၁၄ ရွာမှ ဒေသခံ ရွာသူရွာသားပေါင်း ၄၆၅၀ ဦး တို့က ကြွေးကြော်သံများကို ကြွေးကြော်ရင်း ဖာပွန်နှင့် ကမမောင်း မြို့များသို့ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။ ထို ဆန္ဒပြပွဲသည် တပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ကျေးရွာ ၃၅ ရွာမှ ဒေသခံ […]