Entries by ndb14

ဖယ်ကြဉ်မရှိမှ လွတ်မျှတ – မြန်မာနိုင်ငံတောင်ပိုင်းရှိ ကျေးလက်နေပြည်သူများ၊ အခြားနည်းဖြင့်သန်စွမ်းသူများ၊ ပထမဆုံးမဲပေး မည့်လူငယ်နင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလက်အောက်ရှိ ဒေသခံပြည်သူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများ

“ဖယ်ကြဉ်မရှိမှ လွတ်မျှတ – မြန်မာနိုင်ငံတောင်ပိုင်းရှိ ကျေးလက်နေပြည်သူများ၊ အခြားနည်းဖြင့်သန်စွမ်းသူများ၊ ပထမဆုံးမဲပေး မည့်လူငယ်နင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလက်အောက်ရှိ ဒေသခံပြည်သူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများ” အစီရင်ခံစာ မိတ်ဆက်ခြင်း။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း လေးစားရပါသော အဖွဲ့အစည်းအသီးသီးနှင့် မီဒီယာမိတ်ဆွေများရှင့်/ခင်ဗျား လာမည့် ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲမတိုင်မီ တလအလိုဖြစ်သည့် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ‘“ဖယ်ကြဉ်မရှိမှ လွတ်မျှတ’ ဟု အမည်ပေး ထားသည့် အစီရင်ခံစာသစ်တစောင်အား ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာတွင် စီမံကိန်းနယ်မြေဒေသ (၆) ခုအတွင်းရှိ ဝေးလံ ခေါင်သီသည့်ဒေသများမှ ကျေးလက်နေပြည်သူများ၊ အခြားနည်းဖြင့် သန်စွမ်းသူများ၊ ပထမဆုံးမဲပေးကြမည့် လူငယ်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသများမှ တိုင်းရင်းသားပြည်သူလူထုတို့၏ ရွေးကောက်ပွဲတွင် ပါ ဝင်နိုင်မှုဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုအသံများအပေါ်အခြေခံပြီး ရေးသားပြုစုထားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ခြင်းနှင့် လွတ်လပ်မျှတစွာ မဲပေးနိုင်ခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့် အရေးရေချိန်များကို အကဲဖြတ်လေ့ရှိကြရာ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ခွင့် သေချာစေရေးနှင့် ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲ၊ အတားအဆီးများကို လက်တွေ့ကျကျ သိရှိရန်နှင့် လက်တွေ့ကျသည့် ဖြေရှင်းမှုများ၊ တိုက်တွန်းနှိုးဆော်မှုများကို အချိန်မီဆောင်ရွက်ပေးခြင်းဖြင့် ဖယ်ကြဉ်မှုမရှိသည့်၊ အားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲ ဖြစ်လာနိုင်ပေမည်။ ယင်းသို့သော ရည်ရွယ်ချက်များဖြင့် စီမံကိန်းနယ်မြေများဖြစ်သော မွန်ပြည်နယ် ကျိုက် မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် အလုပ်အဖွဲ့အင်အား (၂၀) ဦးတို့ဖြင့် အချက်အလက်ပေါင်း ၁၂၉ ခုအား ၂ လတာကာလအတွင်း မှတ်တမ်းပြု ကောက်ခံခဲ့သည်။ ထို့အပြင် လူဦးရေ (၃၀) ဝန်းကျင် ပါဝင်တက်ရောက်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကိုလည်း (၂) ကြိမ် ပြုလုပ် ခဲ့သည်။ ဒေသခံအကြံပေးပုဂ္ဂိုလ်များ၏ ပါဝင်လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူ (၁၂) ဦးကို အင်တာနက်နှင့်ဖုန်းများမှတဆင့် ဆက် သွယ်မေးမြန်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ ဤအစီရင်ခံစာတွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြီးမှူးကျင်းပမည့် အလွှာစုံပါဝင်ပြီး လွှတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ရန် အဟန့်အတားဖြစ်နေသည့် ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် နိုင်ငံရေးကတိကဝတ်များကို လေ့လာသုံးသပ်ခဲ့ပြီး ရွေးကောက်ပွဲမှ ဖယ်ကြဉ်ခံရ မှုနှုန်းမြင့်မားသည့် အုပ်စုများဖြစ်သော ကျေးလက်နေပြည်သူများ အထူးသဖြင့် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ၊ အခြားနည်း ဖြင့် သန်စွမ်းသူများ၊ ပထမဆုံးမဲပေးမည့်လူငယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသမှ ပြည် တွင်းအိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသူများ (IDPs) ၏ အခက်အခဲစိန်ခေါ်မှုများနှင့် ၎င်းတို့၏ နိုင်ငံရေးပါတီများအ ပေါ် ခွဲခြားကန့်သတ်ပြဌာန်းမှုများအပေါ် စိုးရိမ်ပူပန်မှုများကို မှတ်တမ်းပြုဖော်ပြထားသည်။ အပြင် ရွေးကောက်ပွဲအကြိုကာလအတွင်း ကျေးလက်နေပြည်သူများအနေဖြင့် သတင်းအချက်အလက် လက်လှမ်းမမီခြင်း၊ ရွေး ကောက်ပွဲဆိုင်ရာ ပညာပေးမှုလိုအပ်နေခြင်း၊ မဲစာရင်းမှားယွင်းမှုများနှင့် အချို့ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ကြောင့် မဲရုံသို့ သွားလာရာတွင် အခက်အခဲများ ရှိနေခြင်း ဖြစ်ရပ်များကိုလည်း တင်ပြဆွေးနွေးထားသည်။ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ် (၅) ပတ်သာကျန်ရှိတော့သည့်တိုင် ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်၍ ဒေသခံအာဏာ ပိုင်ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြား တိကျသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ မရှိနေသေးခြင်း၊ လူဦးရေနှင့်မဲစာရင်းဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်မှု အားနည်း နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ မဲရုံများ ဝေးကွာလွန်းနေခြင်းအပြင် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနှင့် ယုံကြည် မှု အားနည်းခြင်းများကိုလည်း မှတ်တမ်းပြုဖော်ပြကာ သက်ဆိုင်ရာ အစုအဖွဲ့များကို အကြံပြုထားပါသည်။ “လွတ်လပ်မျှတ ဆောင်ရွက်ကြ” ဟူသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့် ရွေး ကောက်ပွဲကျင်းပနိုင်ရန်အတွက် ဖယ်ကြဉ်ခံရမှုမရှိဘဲ အားလုံးတန်းတူညီမျှပါဝင်နိုင်သော အခင်းအကျင်းမျိုးရှိရန်၊  သက်ဆိုင်သူ အားလုံးအနေဖြင့် ဖော်ပြပါရှိသော စိုးရိမ်ပူပန်မှုများ၊ အခက်အခဲစိန်ခေါ်မှုများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင် ခြင်းဖြင့် ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်သွားနိုင်စေရန် ဦးတည်ပါသည်။ သို့မှသာ လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၏ အနှစ် သာရကို ဖော်ဆောင်နိုင်မည့်အပြင် စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကိုပါ တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ဤအစီရင်ခံမှ ထပ်လောင်းဆန္ဒပြုတိုက်တွန်းအပ်ပါသည်။ အသေးစိတ်ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် – နိုင်ဗညားအက်ဗန်၊ Coordinator, မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ၀၉ ၉၆၁ ၉၁၉ ၇၅၇၊ ogvon@rehmonnya.org (မြန်မာ/အင်္ဂလိပ်/မွန်) နိုင်အဲမွန်၊ လုပ်ငန်းအစီအစဉ်ဒါရိုက်တာ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း +၆၆ (ဝ) ၈၆ ၁၆၇၉ ၇၄၁၊ auemon@rehmonnya.org,  auemon@gmail.com (မြန်မာ/အင်္ဂလိပ်/မွန်)   [wpdm_package id=’4636′]

တရားမျှတမှု စာစောင် (စက်တင်ဘာလ ၂၀၂၀)

ယခုလအစပိုင်းတွင် ညီနောင် မဟာမိတ်များ အဖွဲ့များဖြစ်သော ကိုကန့်( MNTJP/MNDAA), တအာင်း (PSLF/TNLA), နှင့်ရခိုင့် တပ်မတော် (AA) မှ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲရေးကို နို၀င်ဘာ ၉ ရက် ၂၀၂၀ ခုနှစ်အထိ တိုးမြှင့်လိုက် ကြောင်း ကြေငြာခဲ့သည်။  ယခင် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေငြာချက်အရ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက မိမိကိုယ်ကိုခုခံသောအနေဖြင့် တုံ့ပြန်ကာကွယ်သွားမည် ဖြစ်သည်။ သို့သော်ငြားလည်း လက်တွေ့ကျသော အပစ်ခတ်ရပ်စဲရေး နှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော COVID-19 အားစုပေါင်း ရင်ဆိုင်ကျော် ဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် ညှိနိုင်းဆွေးနွေး နိုင်ကြောင်းကိုလည်း ပြောဆိုထားသည်။ မြန်မာ့တပ်မတော်မှ လည်းတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အောက်တိုဘာလကုန်ထိ တိုးမြှင့်ရန် ကြေငြာခဲ့သည်။ ယခင်ကဲ့သို့ပင် တိုက်ပွဲများဖြစ်ပွားနေသော ရခိုင့်တပ်မတော် (AA) ကိုချန်လှပ် ထားခဲ့သည်။ […]

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်သည့် ၂၀၂၀ ဇန်နဝါရီမှ ဇွန်လအထိ လူ့အခွင့်အ ရေးအခြေအနေ အစီရင်ခံစာ

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်သည့် ၂၀၂၀ ဇန်နဝါရီမှ ဇွန်လအထိ လူ့အခွင့်အ ရေးအခြေအနေ အစီရင်ခံစာ စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်သော်လည်း အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုများ သတင်းထုတ်ပြန်ချက် ရက်စွဲ။  စက်တင်ဘာလ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တိုက်ပွဲများ ဖြစ်ပွားနေစဥ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြောင်းလဲဘဲ တိုးပွားလာနေကြောင်း ND-Burma မှ ထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာတွင် ဖော်ထုတ်ထားသည်။ အစီ ရင်ခံသည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ရခိုင်၊ ချင်း၊ မွန်၊ ကရင်၊ ကချင်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အဖြစ်အပျက် ၄၀၁ ခုမှတ်တမ်းတင်နိုင်ခဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှု ၄၄၆ ခုရှိသည်။ တိုက်ပွဲများမှာ ချင်း၊ […]

,

မြန်မာနိုင်ငံ လူ့အခွင့်အရေးအပေါ် သုံးသပ်ချက် (၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ)

လုံခြုံရေးအန္တရယ် ရှိသည့်တိုင် အမှန်တရားကို ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုပေးခဲ့သူ များနှင့် ND-Burma ကွန်ရက်အဖွဲ့ဝင် အဖွဲ့အစည်းများမှ စွန့်စွန့်စားစား အချက်အလက်ကောက် ယူပေးခဲ့သော ကွင်းဆင်း သတင်းကောက်ယူသူအားလုံးအား ကျေးဇူးတင်ရှိပါ သည်။ ND-Burma အဖွဲ့ဝင်များနှင့် ၎င်းတို့၏လုံခြုံရေးကို ပဓာနမထားပဲ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားများအား ကြိုးပမ်းစုဆောင်းပေးမှု မရှိဘဲနှင့် ယခုအစီရင်ခံစာ ဖြစ်မြောက်လာမည် မဟုတ်ပါ။ ယခုအစီရင်ခံစာပါ ကျူးလွန်ခံရသူများ၏ သတိပေးချက်အရ မြန်မာပြည်ငြိမ်းချမ်းရေးရရှိရန်မှာ ဝေးကွာနေသေးသည်။ သို့ သော် လည်း ၎င်းတို့အနေဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ အပြောင်းအလဲအတွက် မျှော်လင့်ချက်အားယုတ်လျော့စေသူများကို ဆန့်ကျင်၍ အမှန်တရားအတွက် ထုတ်ဖော်ပြောဆိုမှုက လှုံ့ ဆော်မှုကို ဖြစ်စေသည်။ အစီရင်ခံစာဖြစ်မြောက်ရေးအတွက် အရေးကြီးသည့် အကူအညီများပေးခဲ့သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား အထူးပင် ကျေးဇူးတင်ပါသည်။  

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကျောင်းသားများအား ဖမ်းဆီး တရားစွဲဆိုနေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကျောင်းသားများအား ဖမ်းဆီး တရားစွဲဆိုနေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက် ရက်စွဲ။  ။ စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရက္ခိုင်ပြည်နယ်အတွင်း 4G အင်တာနက် ပြန်လည်တပ်ဆင်ပေးရေး၊ ပြည်နယ်အစိုးရအား အယုံအကြည်မရှိ ကြွေးကြော်သံများအပါအဝင် တပ်မတော်မှကျူးလွန်ခဲ့သော လူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်သက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့တွင် သွားရောက် ဆန့်ကျင်၊ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ကျောင်းသား (၃) ဦးအား စစ်တွေမြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်း၊စု၊စီဥပဒေများဖြင့် တရားစွဲခဲ့ကြောင်း သိရှိရသည်။ အလားတူ တောင်းဆိုမှုများကို ရှမ်းပြည်နယ်၊ သီပေါမြို့၊ လားရှိုးမြို့နှင့် ကယားပြည်နယ်တို့တွင်လည်း  ကျောင်းသားသမဂ္ဂများက […]

မြန်မာစစ်သားဟောင်း ၂ ဦးရဲ့ ဝန်ခံချက်

မြန်မာစစ်သားဟောင်း ၂ ယောက်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ကောက်နုတ် ရေးသားချက်တွေကို ဗွီအိုအေက ပြန်လည် တင်ပြပေးထားတာ ဖြစ်ပါတယ်။ သူတို့ကိုကြည့်ရတာ သိပ်ပြီးစိတ်လှုပ်ရှားမှု မရှိသလိုပါပဲ၊ သူတို့အဖြေတွေက ဇာတ်တိုက်ထားတာဖြစ်နိုင်ပေမယ့် အတော့်ကိုပြင်းထန်ပါတယ်။ မြန်မာ စစ်တပ်က စစ်သားဟောင်း တပ်ပြေး ၂ ယောက်က သူတို့ဟာ အစုပြုံလိုက်သတ်ဖြတ်မှု ရွာတွေကို ရွာလုံးကျွတ်မီးရှို့မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေမှာ အထက်အရာရှိတွေရဲ့ အမိန့်အရ ပါဝင်ခဲ့ တယ်လို့ ဗွီဒီယိုမှတ်တမ်း ဖြောင့်ချက်ထဲမှာပြောထားပါတယ်။ တပ်သားဟောင်းမျိုးဝင်းထွန်းက ရိုဟင်ဂျာမူဆလင် ၃၅ ယောက်ကို သူတို့တပ်ရင်းကလူတွေ သတ်ပြီး တကျင်းတည်း မမြှုပ်ခင်မှာ ဗိုလ်မှူးကြီးတယောက်က “ မြင်တာကြားတာ အကုန်ပစ်“ လို့အမိန့်ပေးကြောင်း ဗွီဒီယို တခုမှာပြောထားပါတယ်။ အခြားတပ်ရင်းတခုက တပ်ပြေးဖြစ်တဲ့ တပ်သားဇော်နိုင်ထွန်းက ဒု-ဗိုလ်မှူးကြီးတယောက်ရဲ့ […]

,

IMM အဖွဲ့အကြီးအကဲနဲ့ RFA ဆက်သွယ်မေးမြန်းချက် IIMM အဖွဲ့အကြီးအကဲနဲ့ RFA ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကစုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အခုလမှာပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်သွင်းတော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ဒီ IIMM အဖွဲ့ကို အသိအမှတ်မပြုကြောင်း ပြောဆိုထားပြီး IIMM အဖွဲ့ကိုလည်း မြန်မာနိုင်ငံကိုဝင်ခွင့်မပြုထားပါဘူး။ ဒါနဲ့ပတ်သက်လို့ IIMM အဖွဲ့အကြီးအကဲ Nicholas Koumjian (နီကိုလပ်စ် ကုမ်ဂျန်) ကို RFA ၀ိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ RFA News

,

မြန်မာစစ်သားနှစ်ဦး အိုင်စီစီမှာ သက်သေထွက်ဆိုဖွယ်ရှိတယ်လို့ Fortify Rights ပြော

မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာကြတယ်ဆိုတဲ့ တပ်သား နှစ်ယောက် နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့မှာ ရောက်နေကြပြီး တပ်မတော်က ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အကြောင်း အိုင်စီစီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးမှာ ထွက်ဆိုနိုင်ဖွယ်ရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ Fortifiy Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီ မြန်မာစစ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ICC ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့ကို ရောက်ရှိနေကြတာဖြစ်တယ်လို့လည်းအဲဒီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ICC ရုံးက ပြောခွင့်ရသူ ဖဒီ အယ်လ် အက်ဘ်ဒါလာကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် သူက တရားရုံး စစ်ဆေးဆဲဖြစ်တဲ့အမှုနဲ့ပတ်သက်လို့ သူ့အနေနဲ့ တစ်စုံတစ်ရာမပြောနိုင်ကြောင်းနဲ့ မြန်မာစစ်သားတွေ ရောက်ရှိနေတာနဲ့ပတ်သက်လို့လည်း […]

တရားမျှတမှုစာစောင် (သြဂုတ်လ)

တရားမျှတမှုစာစောင် (သြဂုတ်လ) ယခုလအတွင်းတွင် အစိုးရသည် စတုတ္ထအကြိမ်မြောက် ပင်လုံညီလာခံ (UPC)ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအား ဦးဆောင်နေသည့်ကြားတွင် ပြုလုပ်ကျင်းပခဲ့သည်။ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲကို ဆန့်ကျင်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများသည်လည်း မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆက်လက်ဖြစ်ပွား လျှက်ရှိသည်။ အစိုးရမှ 2G အင်တာနက်ကို ပြန်လည်ဖွင့်ပေးလိုက် သော်လည်း ရခိုင်ပြည်နယ်ရှိ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသော မြို့နယ် ၇ မြို့နယ် တွင်နေထိုင်သော ပြည်သူများသည်အင်တာနက် ဖြတ်တောက်မှု အကျိုးဆက်ဒဏ်ကို ခံနေရဆဲဖြစ်သည်။ COVID-19 ရောဂါဖြစ်ပွားခြင်း သည်လည်း ပြည်သူတို့၏လုံခြုံရေးကို ထိခိုက်စေခဲ့သည်။ ကရင်ပြည်နယ်တွင်လည်း တပ်မတော် သားနှစ်ဦး ပစ်သတ်ခဲ့ သော ကရင်အမျိုးသမီးနော်မုနော် အတွက်တာ၀န်ခံမှုရှိစေရန် နှင့် တရားမျှတမှုအတွက်  ကရင်အရပ်ဘက် အဖွဲ့အစည်း များသည်တောင်းဆိုမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ […]

မတရားဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခံရသည့် ရွာသား ၃ ဦး အတွက် မြန်မာနိုင်ငံအရပ်ဖက်အဖွဲ့အစည်းများမှ အမှန်တရား ပေါ်ပေါက်ရန်နှင့် တရားမျှတမှု ရရှိရန်တောင်းဆိုခြင်း

ရက်စွဲ။ ။ စက်တင်ဘာ၊ ၁ ရက်၊ ၂၀၂၀ ခုနှစ် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တွင် နေထိုင်သော ရွာသား ၃ ဦးသည် မေလ ၂၉ ရက် ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ (၉၉)၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၃ လ ကြာ သတင်းအစအန ပျောက်ဆုံးပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့တွင် ရွာသူ ရွာသားအချို့မှ အလောင်းကို စတင်တွေ့ရှိပြီး သက်ဆိုင်ရာ မူဆယ်မြို့ ရဲစခန်းသို့ အသိပေး အကြောင်းကြားပြီး တူးဖော်ကြည့်ခဲ့ရာ ပျောက်ဆုံး နေသည့် ရွာသားများ၏ အလောင်း ဖြစ်ကြောင်း သိရသည်။ ၎င်းရွာသား ၃ ဦးအနက် နှစ်ဦး (မိုင်းညီလိတ်နှင့်မိုင်းညီထော်န်း) သည် မူဆယ်မြို့နယ် နမ့်ကတ်အုပ်စု မန်ကန်ကျေးရွာနှင့် […]